Thursday, July 31, 2014

Mr.Asia2014 ပြိုင်ပွဲတွင် မြန်မာစစ်သူကြီး ဝတ်စုံဖြင့် ဝင်ပြိုင်မည့် မော်ဒယ် ခါရာနှင့်တွေ့ဆုံခြင်း

သြဂုတ်လတွင် ဟောင်ကောင်၌ ကျင်းပ ပြုလုပ်မည့် Mr. Asia 2014 ပြိုင်ပွဲ တွင် မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ခါရာသည် ၎င်း၏ခန္ဓာကိုယ် လှပစေရန်နှင့် ကျန်းမာရေး ကောင်းမွန် စေရန်အတွက် အထူး ဂရုစိုက်လျက်ရှိသည်။ ၎င်းသည် Miss Golden Land Myanmar Organization ၏ ပထမဆုံး စေလွှတ် သည့် အမျိုးသား မော်ဒယ်တစ်ဦး ဖြစ်သည့်အပြင် ရှမ်းလူမျိုး တစ်ဦးလည်း ဖြစ်ကာ သီချင်းသီဆိုခြင်း ကိုလည်း ဝါသနာပါသည်ဟု သိရခြင်းကြောင့် မဇ္စျိမက ခါရာကို တွေ့ဆုံမေးမြန်းခဲ့ သည်။



မေး ။ အနုပညာ လောကထဲ စတင် ဝင်ရောက် ခဲ့တာက

ဖြေ ။ The Best Myanmar Cool Guy contest 2012 ကို စပြိုင် ဖြစ်တယ် ။ အဲဒီမှာ ဒုတိယဆု ရခဲ့ရာက အနုပညာ လောကထဲ ရောက်ခဲ့တာပါ။ ၂ဝ၁၃ခုနှစ်က လုပ်ခဲ့တဲ့ Mr.Maxmate ပြိုင်ပွဲမှာ Mr.Maxmate ဆုကို ရရှိခဲ့ပါတယ်။မေး ။ Mr. Asia Myanmar ပြိုင်ပွဲ ဝင်ပြိုင် ဖြစ်တာကိုပြောပါဦး

ဖြေ ။ အစက Mr .International ပြိုင်ပွဲ အတွက် ဖောင်တင်တော့ အဲဒီကနေ ၁၅ယောက်ကို လူတွေ့ စစ်ဆေးဖို့ အတွက် ခေါ်တယ် ။ ပြီးမှ Mr. Asia Myanmar ပြိုင်ပွဲ အတွက် ဆန်ခါတင် ၁၅ဦးထဲ ပါသွားခဲ့တာပါ။

မေး ။ Mr. Asia Myanmar တစ်ယောက် ဖြစ်သွားပြီဆိုတော့ Mr.Asia 2014 ပြိုင်ပွဲ အတွက်ပြင်ဆင် နေတာတွေက

ဖြေ ။ Mister ပွဲ ပြီး အဓိကက ရုပ်ပိုင်းဆိုင်ရာအတွက် Gym ဆော့တယ် ။ ဒိုင်တွေက မေးလာမယ့် မေးခွန်းတွေ အပေါ် ပြန်ပြီး တုန့်ပြန်နိုင်ဖို့ အတွက်လည်း ကြိုတင် ပြင်ဆင်နေပါတယ်။ အစားအသောက် ရှောင်တာ မျိုးတွေလည်း ဂရုစိုက်နေရတယ်။ Organization ကလည်း ကန့်သွင်း ပေးနေပါပြီ။


မေး ။ Miss Golden Land Myanmar Organization နဲ့က စာချုပ်နဲ့ လုပ်ကိုင်မှာလား။

ဖြေ ။ တစ်နှစ် တိတိ စာချုပ်ချုပ်ရမယ် ဆိုတာတော့ ရှိပါတယ်။ ဆုရသည် ဖြစ်စေ ၊ မရသည် ဖြစ်စေ ပြိုင်ပွဲက ပြန်လာပြီး နောက်ပိုင်းမှာ ကြော်ငြာ ရိုက်ကူးမှု ၊ ဇာတ်ကား ရိုက်ကူးမှု ၊ သရုပ်ဆောင်ပိုင်းတွေကို Organization နဲ့ပဲ လုပ်ဆောင် သွားရမှာပါ။

မေး ။ Mr. Asia 2014 ပြိုင်ပွဲ မှာ Talent Show အတွက်ဘယ်လို တင်ဆက်မယ်ဆိုပြီး စိတ်ကူး ထားလဲ။

ဖြေ ။ ရှမ်းလူမျိုး ဆိုတော့ ဘယ်သူမှ မလုပ်သေးတဲ့ ရှမ်းရိုးရာ နဲ့ ပတ်သက်တာကို တင်ဆက်ဖို့ စိတ်ကူး ထားပါတယ်။

မေး ။ ပြိုင်ပွဲ အတွက် နိုင်ငံကိုယ်စားပြု ဝတ်စုံကို စီစဉ် နေပြီလား ။

ဖြေ ။ Organization နဲ့တော့ ဝတ်စုံပိုင်းကို တိုင်ပင် နေတယ် ။ ဟိုးအရင်ခေတ်က စစ်သူကြီး ဝတ်စုံ ၊သံချပ်ကာ ပုံစံမျိုးပေါ့ ။ အဲတာမျိုးနဲ့ ထူးထူးခြားခြား ဝတ်ဆင် ပြသဖို့စီစဉ် ထားပါတယ်။

မေး ။ ရှေ့မှာ ဆုရထားသူတွေ ရှိတော့ ကိုယ့်အလှည့်မှာ ဘယ်လို ကြိုးစားမယ်လို့ စိတ်ကူး ထားလဲ။

ဖြေ ။ ကျွန်တော့် သူငယ်ချင်း မာကို ဆိုလည်း Mr.Global 2014 ပြိုင်ပွဲမှာ ပြိုင်တယ် ဆုရခဲ့တယ်။ ကျွန်တော်လည်း Mr. Asia 2014 ဆု ပိုက်ပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင် တစ်ယောက် အဖြစ် ပြန်လာဖို့ ကြိုးစား သွားမှာပါ။

မေး ။ လှုပ်ရှားထားတဲ့ အနုပညာ တွေက။

ဖြေ ။ အဆိုတော် နီနီခင်ဇော်ရဲ့ မာရီယို အခွေမှာ" အထာမနပ်တဲ့သူ "ဆိုတဲ့ သီချင်းထဲမှာ မနီနီခင်ဇော်နဲ့ အတူ သရုပ်ဆောင် ထားပါတယ်။ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်တဲ့ "ရှေးဟောင်းချစ်သူ" ဇာတ်ကားမှာ နေမင်း ၊ မိုးဟေကို ၊ ဆုမြတ်နိုးဦး တို့နဲ့ ပါဝင် သရုပ်ဆောင် ထားတယ်။ တီဗီ ဇာတ်လမ်းတွဲ ရိုက်ဖို့ လာပြော ထားတာလည်း ရှိပါသေးတယ်။

မေး ။ နောက်ပိုင်းမှာ မော်ဒယ် အနေနဲ့ ရပ်တည်မှာလား ၊ သရုပ်ဆောင် အနေနဲ့ ရပ်တည်မှာလား

ဖြေ ။ မော်ဒယ် အနေနဲ့ ရပ်တည် ဖို့တော့ စဉ်းစား ထားတယ် ။ ဒါပေမယ့် ဇာတ်ကားတွေ လာကမ်းလှမ်းလို့ ကိုယ့်ရဲ့ ဇာတ်ရုပ်နဲ့ ကိုက်ညီမယ် ဆိုရင် လက်ခံ ပြီး ရိုက်ကူးသွားမှာပါ။

Mizzima

0 comments:

Post a Comment