Monday, July 28, 2014

မြန်မာဝမ်ပေါင်အား မုံရွာဒေသခံကျောင်းသား (၂၀၀) ကျော် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်



မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ပေးအပ်သည့် ပညာသင် ထောက်ပံ့ကြေး လက်ပံတောင်းတောင်ဒေသခံ ကျောင်းသားများအား ပေးအပ်ရာတွင် တန်းတူညီမျှ မရရှိသဖြင့် ယခုလ (၂၇) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ဒေသခံ ကျောင်းသား (၂၀၀) ကျော် ဒုတိယ အကြိမ် ဆန္ဒထုတ်ဖော်ခဲ့သည်။ မြန်မာဝမ်ပေါင်မှ ဒေသခံကျောင်းသား များအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ရာတွင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးဌာန နှင့် မြန်မာဝမ်ပေါင် CSD အဖွဲ့ များမှ စာရင်းဖော်ပြမှု မရှိသည့်အတွက် ဒေသခံကျောင်းသား အများစု ပညာသင်ထောက်ပံ့ကြေးများ မရရှိသည်ကို မကျေနပ်သဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပြီး စီတန်းချိန်ပြည့် သဖြင့် လမ်းတစ်ဝက်လောက်သာ လှည့်လည်ပြီး လှည့်ပြန်ခဲ့ရကြောင်း သိရသည်။ ဒေသခံချင်းအတူတူ အုပ်ချုပ်ရေးမှူးတွေက မျက်နှာလိုက်ပြီး ပညာသင် ထောက်ပံ့ကြေးငွေကို ပေးတယ်။ အားလုံးက ကျောင်းတက်နေတဲ့ သူတွေပဲ။
ဒါကို ဘယ်ရွာမှာပါလို့ ဘယ်ရွာရဲ့အုပ်စု အတွင်းမှာရှိလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စာရင်းကို ပယ်ခဲ့တယ်။ မဖြစ်သင့်ဘူးထင်လို့ အခု လို ဒုတိယအကြိမ် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့တာပါ ဟု ထန်းတောကျေးရွာမှ နည်းပညာ တက္ကသိုလ်ကျောင်းသား ကိုသက်နိုင်ဦးက The Messenger Media သို့ ပြောသည်။

အဆိုပါ လက်ပတောင်းဒေသ ပညာသင် ထောက်ပံ့ကြေးငွေများကို ပေးအပ်မှုတွင် တက္ကသိုလ်ကျောင်းသား တစ်ဦးလျှင် (၁) သိန်းဝန်းကျင် နှင့် တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးလျှင် (၅) သောင်းကျပ် တို့ကို အသီသီးပေးအပ် ခဲ့ပြီး ဒေသခံ ကျောင်းသား အများစုမှာ ပညာသင်ထောက်ပံ့ ကြေး ပေးအပ်ရာတွင် မရရှိခဲ့သည့်အတွက် တန်းတူအခွင့်အရေးရရှိရန် အတွက် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်ပတောင်း ဒေသခံကျောင်းသားများ ပညာသင် ထောက်ပံ့ကြေးအတွက် တန်းတူ အခွင့်အရေးရရှိစေရန် အတွက် (၁) လိမ်တယ် ညာတယ် လူညာကြီးရယ် တစ်ကမ္ဘာလုံးကို ယုံအောင်ဖြီးတတ်တယ်၊ (၂) ပတ်ဝန်းကျင်ကျေးရွာများ တန်းတူအခွင့်အရေး ရရှိရေး၊ (၃) ထန်းတောကျေးရွာ ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေး ရရှိရေး၊ (၄) ပွင့်လင်းမြင်သာမှု ရရှိရေး၊ (၅) တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် ဆားလင်းကြီး မြို့နယ်မှ တာဝန် ရှိသူများအား အလိုမရှိ၊ (၆) ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးအားရာထူးမှ ဖယ်ရှားပေးရေး စသည်တို့ကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြကြောင်းကို သိရ သည်။


messengernewsjournal

0 comments:

Post a Comment