Sunday, July 27, 2014

ဒီချုပ် ၄၃၆ ပြင်ဆင်ရေး ထောက်ခံမဲလက်မှတ် (၁၇)သိန်းကျော်သာ ရရှိသေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ယူကောက်ခံခဲ့သည့် ၄၃၆ ပြင်ဆင်ရေးပြည်သူ့ထောက်ခံဆန္ဒမဲ လက်မှတ်ပေါင်း တစ်ဆယ့်ခုနှစ်သိန်းကျော်ရရှိပြီးဖြစ်သည်ဟု တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဇူလိုင်လ (၂၅)ရက်နေ့အထိ ကောက်ခံရရှိသည့်စာရင်းများအရ သိရှိရသည်။“ ဒီနေ့အထိ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ကောက်ယူထားတဲ့လက်မှတ်ပေါင်း၁၇၀၂၈၅၄ ရရှိပြီး ဖြစ်ပါတယ်၊ ဆန္ဒမဲလက်မှတ် သုံးပုံတစ်ပုံလောက်ပဲ ရောက်ရှိသေးတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောသည်။

ကောက်ယူခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီ တိုင်း၊ စစ်ကိုင်းတိုင်း၊မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်းနှင့် ချင်းပြည်နယ်မှ ဖြစ်ပြီး မြို့နယ်ပေါင်း ၃၃၀ တွင် ၁၀၂မြို့နယ်မှ ဆန္ဒမဲရလာဒ်များဖြစ်သည်ဟု သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ကျောင်သားများ ပူးပေါင်းဆောင်ရွက်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးဆန္ဒထုတ်ဖော်မှုကို မေလ(၂၇)ရက်နေ့မှ ဇူလိုင်လ(၁၉)ရက်နေ့အထိ ကောက်ခံ ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးထောက်ခံဆန္ဒမဲလက်မှတ်အရေအတွက်ကို ဇူလိုင်လ နောက်ဆုံးပတ်အတွင်း၌ စာရင်းထုတ်ပြန်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကမူ ၄၃၆ပြင်ဆင်ရန် ထောက်ခံ ဆန္ဒထုတ်ဖော်ထားသည့် ခန့်မှန်းလက်မှတ်ဦးရေ (၁၀)သန်း ရရှိမည်ဟု မီဒီယာတစ်ခုသို့ ပြောကြား ထားသည်။

ဗိုဟိန်(မြစ်မခ)
myitmakhamediagroup

0 comments:

Post a Comment