Monday, July 28, 2014

ပြည်သူများကို လွတ်လပ်မှုပိုပေးရန် ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် တောင်းဆို



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ၂၀၁၄ခုနှစ် ဇူလိုင်လ ၂၆ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

ကုလသမဂ္ဂလူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms Yanghee Lee က မြန်မာနိုင်ငံ၏ လွန်ခဲ့သည့်နှစ် အနည်းငယ်က ရရှိခဲ့သည့် တိုးတက်မှုရလဒ်များကို ခြိမ်းခြောက်နိုင်သည့် နောက်ကြောင်းပြန်သွားမှုများကို ရှောင်ရှားရန်နှင့် ပြည်သူများကို လွတ်လပ်မှု ပိုမိုပေးရန် မြန်မာအစိုးရအား တိုက်တွန်းလိုက်ကြောင်း သူ၏ ၁၀ ရက် ကြာ လာရောက်ခဲ့ပြီး ဇူလိုင် ၂၈ ရက် နေ့စွဲဖြင့် ဂျနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာရုံးက ထုတ်ပြန်သည်။“အစိုးရအသစ် တက်လာပြီးနောက် ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ လုပ်ဆောင်ခဲ့တာတွေဟာအ သိအမှတ်ပြုပြီး ချီးကျူးထောမနာပြုရမှာ ဖြစ်တယ်။ ဒါပေမဲ့ နောက်ကြောင်းပြန်သွားနိုင်တဲ့ စိုးရိမ်စရာများ ရှိနေပါတယ်။ အဲ့တာတွေကို မတားဆီးနိုင်ဘူးဆိုရင်၊ လူ့အခွင့်အရေးကို ကာကွယ်ပြီး လေးစားတဲ့ တာဝန်ယူ နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အသိုင်းအ၀န်းမှာ ပါဝင်နိုင်ဖို့ မြန်မာနိုင်ငံရဲ့ ကြိုးစားအားထုတ်မှုတွေကို အားပျော့သွားစေတယ်”ဟု အထူးကိုယ်စားလှယ်က ဆိုသည်။

ဇူလိုင်လ ၁၇ မှ ၂၆ အထိလာရောက်ခဲ့သည့် သူ၏ ခရီးစဉ်အတွင်း၊ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည် မြန်မာအစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများနှင့်လည်း တွေ့ဆုံခဲ့ပြီး၊ ရန်ကုန်၊ နေပြည်တော်အပြင်၊ ရခိုင်ပြည်မယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတို့အား သွားရောက်ခဲ့သည်။

သူ၏ မြန်မာနိုင်ငံအစီရင်ခံစာကို လာမည့် အောက်တိုဘာလတွင် ၆၉ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်သွင်းမည်ဖြစ်သည်။


မဇ္ဈိမ

0 comments:

Post a Comment