Friday, July 18, 2014

အာဇာနည်နေ့ အကြို အထူး ဆောင်းပါး

အာဇာနည်များ၏ မမေ့အပ်သော သမိုင်းဝင် အမှတ်တရ နေရာများ

(၆၇) နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မြန် မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့မေ့ ပျောက်၍မရ နိုင်သည့် ဗိုလ်ချုပ်အောင်ဆန်း နှင့် နိုင်ငံ့ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသော ဇူလိုင် ၁၉ရက်သို့ ရော က် ရှိတော့ မည်ဖြစ်သည်။ ၁၉၄ရ ခုနှစ်၊ ဇူလိုင် ၁၉ရက်၊ နံနက် ၁ဝနာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ အ တွင်းဝန်များရုံး၌ အစည်းအဝေးပြုလုပ်နေ စဉ်အတွင်း ဗိုလ်ချုပ် အောင်ဆန်း နှင့် အစိုးရ ဝန်ကြီးများအား သမိုင်းဝင်နိုင်ငံတော်လုပ်ကြံ မှုကြီးဖြစ်ပွားခဲ့သည်။
နိုင်ငံတကာတွင် အာဇာနည်ခေါင်းဆောင် များ၏အမှတ်တရပုံရိပ်များကို ပြတိုက်အဖြစ် ခင်းကျင်းပြသခြင်းများရှိသကဲ့ သို့ မြန်မာနိုင်ငံ တွင်လည်း တိုင်းပြည်၏ အစားထိုးမရသည့် ခေါင်းဆောင် ဖြစ် သော ဗိုလ်ချုပ်အောင်ဆန်း ၏ နေအိမ် ကို ပြတိုက်အဖြစ် ပြုလုပ်ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ကို ပြတိုက် အဖြစ် ပြုလုပ်ခဲ့သော်လည်း အခြားသမိုင်း ဝင် နေရာများဖြစ်သည့် ဂျူဗလီဟော၊ ဝန်ကြီး များရုံး၊ အာဇာနည်ဗိမာန်၊ ဆိုရန်တိုဗီလာအ ဆောက်အအုံစသည်တို့အနက် အချို့မှာ ပျောက်ကွယ်၍အချို့မှာ ယနေ့တိုင်ရှိနေဆဲ ဖြစ်သည်။ အာဇာနည်များ၏ သမိုင်းဝင်အ မှတ် တရ အဆောက် အအုံများ ၊ နေရာမှာ မြန် မာနိုင်ငံအတွင်းများစွာရှိခဲ့သည်။ ၎င်းတို့အ နက်ထင်ရှားသောအဆောက်အအုံများ၊ တစ် နည်းအားဖြင့် အမှတ်တမဲ့သာရှိခဲ့သော အမှတ် တရဖြစ် ဖွယ်အဆောက်အအုံများ၊ နေရာများ အကြောင်းကို နှောင်းလူတို့ သိရှိမှတ်သားနိုင် စိမ့်သောငှာ ရှာဖွေစုဆောင်းရေးသားလိုက် ရပါသည်။

ဂျူဗလီဟော သို့မဟုတ် ပျောက်ကွယ်သွားသည့် သမိုင်းဝင်နေရာ

ဂျူဗလီဟော(Jubilee Hall)ကို ရွှေတိဂုံ ဘုရားလမ်း၌ ဝိတိုရိယဘုရင်မကြီး၏ နန်း သက်(၆၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရည်မှန်းပြီး မဟာဝန်ရှင်တော်မင်းကြီး အလက် ဇန္ဒား မက်ကင်ဇီ ဦးစီး၍ ၁၈၉၅ ခုနှစ်၊ ဇန်န ဝါရီလမှ စတင်တည်ဆောက်ခဲ့ကာ ၁၈၉ရ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး တစ်ခေတ် တစ်ချိန်အခါက ရန်ကုန်မြို့၏ အထင်ကရ အဆောက် အအုံကြီး ဖြစ်ခဲ့ သည်။

အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက် ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ရက်၌ ရန်ကုန်တက္ကသိုလ် ၏ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအ နားကိုလည်း ဂျူဗလီဟောတွင် ကျင်းပခဲ့ ကြောင်း သိရသည်။ ယင်းအချိန်က အရှေ့ တိုင်းစာပေပါမောက္ခ ဦးဖေမောင်တင်နှင့် ဒီး ဒုတ်ဦးဘချိုတို့ ပါဝင်ဖျော်ဖြေသော မြို့မ ကျောင်းတည်ဆောက်ရန် ရန်ပုံငွေရှာဖွေ သည့်ပွဲကိုလည်း ဂျူဗလီ ဟောတွင် ကျင်းပခဲ့ ပြီး မြို့မကျောင်းကို တည်ဆောက်နိုင်ခဲ့ကာ မြို့မကျောင်းမှာ ယနေ့တိုင်တည်ရှိနေသည် ကိုတွေ့ရသည်။ ထို့အပြင် ရန်ကုန်မြို့၏ သ မိုင်းဝင်နေရာတစ်ခုဖြစ်သည့် ရန်ကုန် တက္က သိုလ်ဓမ္မာရုံတည်ဆောက်ရန် အစည်းအဝေး ပွဲများပြုလုပ်ခဲ့ပြီး ရန်ပုံငွေရှာဖွေရေးပွဲလမ်း သဘင်များကျင်းပခဲ့သည်။

ယင်းကဲ့သို့ရန်ပုံ ငွေများရှာဖွေနိုင်ခဲ့ခြင်းကြောင့် ရန်ကုန်တက္က သိုလ်တွင် ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဝတ်ပြုအလှူ ဒါနပြုလုပ်နိုင်သည့်ဓမ္မာရုံကို တည် ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် တွေ့မြင် နေရ ဆဲဖြစ်သည်။

ဂျူဗလီဟောတွင် ပွဲလမ်းသဘင်များ ကျင်းပခဲ့ပုံကို ''အဲဒီအချိန်တုန်းက ရန်ကုန် တက္ကသိုလ်မှာ ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းဖို့ ဂျပ်ဆင်ရှိပေမယ့် ဗုဒ္ဓ ဘာသာဝင်တွေ ဝတ်ပြု အလှူဒါနပြုလုပ်နိုင်ဖို့ အတွက် ဓမ္မာရုံမရှိသေးလို့ ဓမ္မာရုံတစ် ခုတည် ဆောက်နိုင်ဖို့အစည်းအဝေးတွေလုပ်ပြီး ရန်ပုံငွေရှာဖွေရေးဖျော်ဖြေပွဲတွေ လုပ်ခဲ့ပါတယ်။ ရေသည်ပြဇာတ်၊ မင်းကုသဇာတ်၊ သုဝဏ္ဏ သာမဇာတ်တွေအပါအဝင် အခြားအစီအ စဉ်တွေကို ဂျပ်ဆင်ကောလိပ်၊ ဆရာဖြစ်သင် ကောလိပ် က ကျောင်းသားတွေ ကပြခဲ့ကြ တာ လိုအပ်တဲ့ရန်ပုံငွေတွေရခဲ့ကြ ပါတယ်'' ဟု ယင်းအချိန်က ဂျပ်ဆင်ကောလိပ်ကျောင်း သားတစ်ဦးဖြစ်သည့် အသက်၉၁နှစ်အရွယ် အဘဦးလူလှက ဆိုသည်။

ဂျူဗလီဟော(Jubilee Hall)ဟူသည့်အ မည်ကို အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပနအခမ်းအနား ကျင်းပသည့်နေရာဟု ကြားဖူးကြမည်ဖြစ်သော်လည်း တည်နေရာ ကို မေးမြန်းလျှင် ယနေ့ခေတ် လူငယ်များအ နေဖြင့်ပြောဆိုနိုင်ခြင်း မရှိ သလောက်ဖြစ်နေ သည်။ ၁၉၈၉ခုနှစ် စစ်အစိုးရလက်ထက် တွင် ဂျူဗလီဟောကိုဖျက်၍ တပ်မတော်စစ် သမိုင်းပြတိုက်အဖြစ် တည်ဆောက် ခဲ့သော ကြောင့် တွေ့မြင်နိုင်ခြင်းမရှိတော့သည့် သမိုင်း ဝင်နေရာတစ်ခုဖြစ်နေသည်ကို ဝမ်းနည်းဖွယ် ရာတွေ့မြင်ရသည်။

အမေ့ပျောက်ခံ ဆိုရန်တိုဗီလာ

ဆိုရန်တိုဗီလာဆိုသည်မှာ အမှတ် ၃၆၀၊ ပြည်လမ်း၊ ရန်ကုန်မြို့၊ ဟံသာဝတီအဝိုင်းအ နီးရှိ စာပေဗိမာန်ခေါ် ဘာသာပြန်စာပေအ သင်း၏ ပုံနှိပ်လုပ်ငန်းများပြုလုပ်ခဲ့သော အ ဆောက် အအုံဖြစ်သည်။ ဆိုရန်တီဗီလာအ ဆောက်အအုံဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ဦးစီး၍ နိုင်ငံပြန်လည်ထူထောင် ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲများ ကျင်းပခဲ့သည့်နေရာဟု ပြည်သူ အများသိရှိသူမရှိ သလောက်ပင် နည်းပါးသည်။

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီး၍ အစိုးရအဖွဲ့ဝင်များ၊ လူထုခေါင်းဆောင်များ ဖြင့် စစ်ကြောင့်ပြာပုံအတိဖြစ်နေသော မြန် မာနိုင်ငံ ပြန်လည်ထူထောင်ရေးအစည်းအဝေး ကြီးကို ၁၉၄ရ ခုနှစ်၊ ဇွန် ၆ရက် ၌ ဆိုရန်တိုဗီ လာအဆောက်အအုံတွင် ကျင်းပခဲ့ကြသည်။ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံကို နှစ် နှစ်တာကာလအတွင်း စီးပွားရေးအခြေအနေ တိုးတက်ကောင်း မွန်ရန်အတွက် မြှင့် တင်ရ မည့်နည်းလမ်းများကို ဆွေးနွေး၍ စီမံကိန်း များချမှတ်ခဲ့သည်။

ယင်းစီမံကိန်းများမှာ (၁)မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေကို တိတိကျကျသိရှိရန် စာရင်းအင်းအချက်အလက်များ တိုင်ပင်ရန်၊ (၂) ထိုအချက်အလက်များကိုမှီ၍ စီးပွားရေး စီမံကိန်း များရေး ဆွဲရန်၊ (၃)စီမံကိန်းများတွင် သုံးစွဲမည့် ဘဏ္ဍာငွေများရှာဖွေရန်၊ (၄)စီမံ ကိန်းဖြစ်မြောက်စေရန် နည်းလမ်းများရှာဖွေ ရန်နှင့် (၅)ထိုသို့သောစီမံကိန်းများကို စုပေါင်း စစ်ဆေး ညှိနှိုင်း၍ အတည်ပြု ဆုံးဖြတ်နိုင်ရေး အတွက် ဆိုင်ရာအဖွဲ့များ ဖွဲ့စည်းကြရန် တို့ ဖြစ်သည်။ ဆိုရန်တိုဗီလာအဆောက်အအုံ တွင် ကျင်းပ၍ ချမှတ်နိုင်ခဲ့သည့် စီမံကိန်း ဖြစ်သောကြောင့် ဆိုရန်တို ဗီလာစီမံကိန်းဟု ခေါ်ဆိုခဲ့သည်။

July 1
အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသော အတွင်းဝန်ရုံးဟောင်းအား တွေ့ရစဉ်။

ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရခြင်းမှာ ဆိုရန်တိုဗီလာစီမံကိန်းနှင့်ပတ်သက်နိုင်ကြောင်း ကို ''ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရ တာက ဒီစီမံကိန်းတွေ ရေးဆွဲတာလည်း ပါတယ်လို့ ဒီမှာရှိ တဲ့ စာတမ်း တချို့မှာ ပါတာတွေ့ရပါ တယ်။ မြန်မာနိုင်ငံနဲ့ စီးပွားဖက်ဖြစ်ခဲ့ ဖူးတဲ့ ဗြိတိသျှအရင်းရှင်တစ်စုက သီပေါဘုရင်လက် ထက်ကတည်းက လျှို့ဝှက် အဖွဲ့တစ်ခု ဖွဲ့ခဲ့ပြီး အထက် ဗမာပြည် ကို သိမ်းပိုက်ဖို့အထိ စစ် ဗိုလ်ချုပ်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကလည်း စီးပွားရေးလုပ်ငန်းကြီးတွေ ကို နိုင်ငံပိုင်ပြုလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေ ရေး ဆွဲခဲ့တာ ကြောင့် ဒီလျှို့ ဝှက်အဖွဲ့ကြီးရဲ့ရန်သူ ဖြစ်လာပြီး ဒီအဖွဲ့ကပဲ ဗိုလ်ချုပ်ကို လုပ်ကြံနိုင် ဖို့ စီစဉ်ခဲ့တယ်ဆိုပြီး စာတမ်းမှာပါတာကို ဖတ်ရပါတယ်''ဟု အင်္ဂလန်နိုင်ငံတွင် နိုင်ငံ ရေးသိပ္ပံပညာ ရပ် ဖြင့် ဒီပလိုမာ သင်တန်းတက် နေသည့် ဦးမင်းမင်းလတ်က သူဖတ်ဖူးသည့် နိုင်ငံခြားပညာရှင်တစ်ယောက် ရေးသားသည့် စာတမ်းတစ်ခုကို မှီငြမ်း၍ ပြောပြသည်။

ယနေ့အချိန်တွင် ဆိုရန်တိုဗီလာ စီမံကိန်း ကို ပြည်သူအချို့မသိရှိကြသကဲ့သို့ အဆောက် အအုံမှာလည်း အစိုးရက ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပေးထားသည့် အတွက် ပြည်သူများ လေ့လာခွင့်မရဘဲအမေ့ ပျောက်ခံနေရသည့် သမိုင်းဝင်နေရာတစ်ခု ဖြစ်နေတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် ရန် ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၃)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်းတွင်တည် ရှိသည်။ ပြတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ အသုံးပြုခဲ့ သော အသုံးအ ဆောင်ပစ္စည်းများနှင့် စာအုပ်စာတမ်း များ ပြသထားသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်၊ သားသမီးများဖြစ်ကြသော အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင် ဆန်း စုကြည်တို့နှင့်အတူ ယင်းနေအိမ်တွင် နေထိုင်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း ကွယ် လွန်ပြီးနောက်တွင်လည်း ဒေါ်ခင်ကြည်နှင့် သားသမီးများသည် အဆိုပါနေအိမ်တွင် ဆက်လက်နေထိုင်ခဲ့ကြသည်။ သားလတ်ဖြစ် သူ အောင်ဆန်းလင်း ခြံဝင်းအတွင်းရှိ ရေ ကန်ငယ် တွင် ရေနစ်သေဆုံးသည့် ၁၉၅၃ ခုနှစ်မှစ၍ ဒေါ်အောင်ဆန်းစုကြည် လက် ရှိနေထိုင်လျက်ရှိသည့် တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရက ၁၉၄၈ခုနှစ်တွင် ဗိုလ် ချုပ်အောင်ဆန်း၏နေအိမ်ကို သုံးသောင်း ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ပြတိုက်ဖွင့်ရန်ပြင်ဆင် ခဲ့ကာ ၁၉၆၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ပြတိုက် တွင် ဗိုလ်ချုပ်အောင်ဆန်း ၏ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်း များ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဂျာဝါဟာလာ နေရူး ပေးခဲ့သည့် ကုတ်အကျÐနှင့် ဗိုလ်ချုပ်အောင် ဆန်းအသုံးပြုခဲ့သည့် အင်္ဂလန် နိုင်ငံ ထုတ် အနက်ရောင် ဝူစလေကားတို့ကို ပြသထား သည်။ ဗိုလ်ချုပ်မိသားစုဓာတ်ပုံများ၊ ပန်းချီ ကားများကို ပြသထားသည့်အပြင် ဗိုလ်ချုပ် အောင်ဆန်းဖတ်ရှုလေ့လာခဲ့သည့် အသုံး ချ မက္ကင်းနစ်နှင့် လေကြောင်းကာကွယ်ရေး၊ နိုင်ငံရေးဘောဂဗေဒအပါအဝင် စာအုပ် ပေါင်း ၂၄ဝခန့်ကို ခင်းကျင်းပြသထားသည်။

''ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သွား ပြီး လေ့လာကြည့်တဲ့အခါမှာ ရိုးရိုးအေးအေး နဲ့နေခဲ့တဲ့အတွက်ကြောင့် ပြသစရာ ပစ္စည်း တွေနည်းပါးနေတာတွေ့ရပါတယ်။ ဗိုလ်ချုပ် ပြတိုက်လိုပဲ နိုင်ငံ တစ်နိုင်ငံ ရဲ့ လွတ်မြောက် ရေး၊ နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် ကြိုးစားတိုက် ပွဲဝင်ခဲ့ကြတဲ့သူတွေကို နောက်မျိုးဆက်လူ ငယ်တွေ လေ့လာနိုင်အောင် ပြတိုက်တွေ လုပ်တာမျိုးအပြင် လမ်း၊ တံတား နာ မည်တွေ အဖြစ်သတ်မှတ်ပြီး ဂုဏ်ပြုမှတ်တမ်းတင်တာ မျိုးတွေ ပြုလုပ်ပေးစေချင်ပါတယ်''ဟု ဗိုလ် ချုပ်အောင်ဆန်းပြ တိုက်ကို လေ့လာဖူးသည့် ဒဂုံတက္ကသိုလ်ကျောင်း သား တစ်ဦးဖြစ်သည့် ကိုသန်းထွန်း နိုင်က ပြောသည်။

အာဇာနည်များလုပ်ကြံခံခဲ့ရသည့် အတွင်းဝန်ရုံးဟောင်း


အတွင်းဝန်ရုံးဟောင်း(သို့)ဝန်ကြီးများရုံးသည် မြန်မာနိုင်ငံရှိ ဝိတိုရိယခေတ် ဗိသုကာ လက်ရာများအနက် ထုထည်အကြီးမားဆုံး အဆောက်အအုံဖြစ်ပြီး ရန်ကုန်မြို့၊ သိမ်ဖြူ လမ်းတွင်တည်ရှိသည်။ ယင်းရုံး ရှိအခန်းများ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလုပ်ကြံခံရသည့် သမိုင်းဝင်အခန်း တစ်ခုလည်း ပါရှိသည်။

လက်ရှိအစိုးရလက်ထက် တွင် ရန်ကုန် မြို့ရှိ ကိုလိုနီလက်ထက်က အဆောက်အအုံ များကို စီးပွားရေးလုပ်ငန်းရှင်များအား နှစ် ရှည်ငှားရမ်းခွင့်များပေးရာတွင် ဗိုလ်ချုပ် အောင်ဆန်း အပါ အဝင် နိုင်ငံ့ခေါင်းဆောင် များလုပ်ကြံခံခဲ့ရသော သမိုင်းဝင်နေရာတစ် ခုဖြစ်သည့် အတွင်းဝန်များရုံးလည်း ပါဝင်ခဲ့ ရာ ပြည်သူအများမှ ဝေဖန်ခြင်းကိုခံခဲ့ရသည်။

July 2

ဝန်ကြီးများရုံးအဆောက်အအုံအား အနု ပညာအဖွဲ့တစ်ဖွဲ့သို့ နှစ် ၃၀ လုပ်ကိုင်ခွင့် ပြုရန် ယာယီရွေးချယ်ထားပြီး အာဇာနည် ခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရသည့်အခန်း အတွင်းတွင် ဖယောင်း ရုပ်များဖြင့် ပြုလုပ်ပြ သခြင်း၊ ပါလီမန် လွှတ်တော်ခန်းမအားမွမ်းမံ ထိန်းသိမ်းခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုပစ္စည်းများ၊ ဂျပ်ခုတ်လုပ်ငန်း များ၊ ရက်ကန်းစင် များနှင့် ရိုးရာစား သောက် ကုန်ပစ္စည်းများ ပြုလုပ်ပုံအဆင့်ဆင့်ကို ပြသ ရောင်းချခြင်း၊ မြန်မာ့ယဉ်ကျေးမှု တူရိယာ ပစ္စည်းများစွာကို ကျွမ်းကျင်ပညာရှင်များဖြင့် အလုပ်ရုံလုပ်ပြီးပြသခြင်း၊ အနုပညာ သင်တန်း များဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

''နောက်မျိုးဆက်တွေကို အမျိုးသား ရေးဝါဒတွေ လက်ဆင့်ကမ်းပေးတာမှာသမိုင်း ဘာသာရပ်မှာမပါလို့မဖြစ်ပါဘူး။ အခုအတွင်း ဝန်ရုံးဟောင်းကိုပြုပြင်နေတယ်ဆိုတာ ကြား ရတော့ သမိုင်း တွေကိုမပျောက်ပျက်အောင် ထိန်းသိမ်းတာမျိုးဖြစ်သင့်ပြီး ပြီးမြောက်သွား တဲ့အခါမှာလဲ နိုင်ငံခြားက လာမယ့်ဇိမ်ခံမယ့် သူတွေ၊ အပျင်းပြေဗဟုသုတရရုံလာကြည့်တဲ့ သူတွေထက် ကိုယ့်နိုင်ငံ သားလူငယ်တွေကြည့် ရှုပြီး အမျိုးသားရေးစိတ်ဓာတ်တွေ နိုးကြား လာအောင်လုပ်ဖို့လိုပါတယ်''ဟု ရှေးဟောင်း သုတေသနပညာရှင်တစ်ဦးကပြောသည်။

အာဇာနည်ဗိမာန်

ဇူလိုင်၁၉ရက် လုပ်ကြံမှုကြောင့် ကျဆုံး ခဲ့သော အာဇာနည်ခေါင်းဆောင် ကိုးဦးအ နက် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို ၎င်း တို့ကိုးကွယ်သည့် ဘာသာထုံးစံအရ ချက် ချင်းသင်္ဂြိုဟ်ခဲ့ပြီး ကျန်ရှိ သောခေါင်းဆောင် များ၏ ရုပ်ကလာပ်ကို ပြည်သူအများကြည့်ရှု နိုင်ရန် ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီဟော ခန်းမ (ယခင်တပ်မတော်စစ်သမိုင်းပြတိုက်)တွင်ထားရှိခဲ့သည်။

အာဇာနည်ဗိမာန်တည်ဆောက်ရေးအ တွက် အာဇာနည်ဗိမာန်အက်ဥပဒေကို သတ္တမ မြောက်တိုင်းပြည်ပြုလွှတ်တော်(ပါလီမန်) အ စည်းအဝေးကျင်းပစဉ် ၁၉၄၉ခုနှစ်၊ ဖေဖော် ဝါရီ ၄ရ က် တွင် တင်သွင်းခဲ့ပြီး ယင်းနှစ်တွင် ပင်အတည်ပြုခဲ့သည်။


July 3

အာဇာနည်ဗိမာန်ကို ရွှေတိဂုံဘုရားမြောက်ဘက်၊ သွေးဆေး ကန်အနီးရှိ အာဇာနည်ကုန်းပေါ်တွင် တည် ဆောက်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်း ဆောင်ကြီးများ ၏ရုပ်ကလာပ် များကို အာဇာနည်ကုန်းတည်ရှိရာ အာဇာ နည်ဗိမာန်သို့ ပို့ဆောင်ကာ ဂူသွင်းသဂြုØဟ် ခဲ့သည်။ အရင်သင်္ဂြိုဟ်သော ဦးရာဇတ်နှင့် ရဲဘော်ကို ထွေးတို့၏ သွေးစွန်း နေသောအကျÐ နှင့် ဦးထုပ်တို့ကိုလည်း အာဇာနည်ဗိမာန်တွင် ထည့်သွင်းခဲ့ကြောင်း သိရသည်။ ဦးရာဇတ် နှင့် ရဲဘော်ကိုထွေးတို့၏ အုတ်ဂူများကို တာ မွေမွတ်စလင်သုသာန်တွင် ယနေ့တိုင် တွေ့ မြင်နိုင်သေး သည်။

၁၉၈၂ ခုနှစ်၊ ဩဂုတ်လတွင်နိုင်ငံတော် အစိုးရမှ အာဇာနည်ဗိမာန်အား ခမ်းနားစွာ ပြန်လည်တည်ဆောက်ရန် တစ်နိုင်ငံလုံးရှိပညာ ရှင်များ၊ အဖွဲ့အစည်းများကို ဒီဇိုင်းများ တင် သွင်းစေခဲ့ သည်။ ဒီဇိုင်းများထဲမှ ရန်ကုန်စက် မှုတက္ကသိုလ်အဖွဲ့မှ တင်သွင်းသော ဒီဇိုင်းကို ရွေးချယ်ခဲ့ပြီး ဒီဇိုင်းအချောသတ်ကို ၁၉၈၃ ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံတော်အစိုးရ အား ပေးအပ်နိုင်ခဲ့ သည်။ ၁၉၈၃ခုနှစ်တွင် အာဇာနည်ဗိမာန်သို့ ကိုရီးယားသမ္မတလာရောက်ဂါရဝပြုချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့၍ ဒီဇိုင်းပြန်လည်ရေးဆွဲခဲ့ရပြီး ၁၉၈၅ ခုနှစ်တွင် ပြန်လည်တည် ဆောက်ပြီး စီးခဲ့သည်။

စစ်အစိုးရလက်ထက်တွင် အာဇာနည်ကုန်း သို့ ပြည်သူအများဝင်ရောက်ခြင်းကို ခွင့်ပြု ခြင်းမရှိခဲ့ဘဲ ဒီမိုကရေစီခေတ်အကူးအပြောင်း ကာလဖြစ်သည့် ၂၀၁၂ ခုနှစ်မှစတင်ကာ အာ ဇာနည်နေ့၌ ပြည်သူအများဝင်ရောက် ဂါရဝ ပြုခွင့်ရခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ခုနှစ်တွင် ကျင်းပသော အာဇာနည်နေ့အခမ်းအနား တွင် နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကိုယ်တိုင် တက်ရောက်ဂါရဝ ပြုခဲ့သည်။

အမျိုးသားရေးတာဝန်တစ်ရပ်

အမျိုးသားရေးစိတ်ဓာတ်သည် သမိုင်း ဘာသာရပ်ပေါ်တွင် အခြေခံရမည်ဖြစ်သည်။သမိုင်းကိုသင်ရာတွင် စာအုပ်၊ စာတမ်းချည်း သက်သက်ဖြင့်မလုံလောက်။ သမိုင်းဝင်နေ ရာများနှင့် သမိုင်းဝင် အဆောက် အအုံများကို လက်ဆုပ်လက်ကိုင်ပြစရာများ များရှိဖို့ လိုသည်။ သမိုင်းဝင်နေရာများကို အမျိုးသားလွတ်မြောက် ရေးလှုပ်ရှားမှုဆိုင်ရာသမိုင်းပြတိုက်နှင့် သမိုင်း ဝင်မှတ် တမ်းမှတ်ရာများ သိုမှီးရာ ပိဋကတ် တိုက်အနေဖြင့် ခံ့ညားစွာသုံးစွဲသင့်ပါသည်။

July 4

နည်းပညာပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုး တက်လာမှုများကြောင့် ယနေ့ခေတ်လူငယ် အများစုသည် သတင်းအင်ဖော်မေးရှင်များ၊ နည်းပညာများတွင်သာ ခေတ်နှင့်အညီလိုက် လျောညီထွေနိုင်ရန် ကြိုးစား လျက်ရှိရာ အ တိတ်သမိုင်းဖြစ်ရပ်များအပေါ်တွင် စိတ်ဝင် စားမှုနည်းလာကြသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရန်မှာ လူငယ်များသည်အဓိက နေရာတွင် ရှိနေသည်။ လူငယ်များအနေဖြင့် ယခင်နိုင်ငံ့ခေါင်းဆောင်များ၏ တိုင်းပြည် ချစ်စိတ်ဖြင့် စွန့်လွှတ် အနစ်နာ ခံခဲ့သည်များ ကို လေ့လာခွင့်၊ သိရှိခွင့်များ ပိုမိုရရှိလိုအပ် သည်။ အနာဂတ်တွင် မြန်မာနိုင်ငံသားများ၊ မိမိနိုင်ငံ၏အကျိုးကို လိုလားသောလူငယ်များ အတွက်မျိုးချစ်စိတ်ဓာတ်များ၊ ဇာတိ သွေး၊ ဇာတိမာန်များနိုးကြားလာနိုင်ရန် အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုဆိုင်ရာ အာဇာ နည်များ၏မမေ့အပ်သော သမိုင်းဝင်အမှတ် တရနေရာများကို ထာဝစဉ် ထိန်းသိမ်း စောင့် ရှောက် သင့်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။

ငယ်ထွေး (ကလေး)
dailydemocracytoday

0 comments:

Post a Comment