Thursday, October 10, 2013

ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ၊ ဆရာမသတ်မှတ်အရည်အချင်း မီတာ နည်းနေဟု စစ်ဆေး တွေ့ရှိ


မန္တလေးမြို့မှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေဟာ သတ်မှတ် အရည်အချင်းပြည့်မီမှု နည်းနေတယ်လို့ မန္တလေးတိုင်းပညာရေးမှူးရုံးမှ သိ/ပါတယ်။

မန္တလေးတိုင်းပညာရေးမှူးရုံးမှာ ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေကို ဒုတိယအ ကြိမ်မြောက် အရည်အချင်းစစ်ဆေးနေပေးနေပြီး အရည်အချင်း မပြည့်မီတဲ့သူတွေကတော့ သင်တန်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

'အရည်အချင်းမပြည့်မီတာများတယ်၊ ဘယ်လိုလူတွေစစ်ဆေးလို့ မပြည့်မီတာလဲဆိုတော့ ရိုးရိုးဘွဲ့ရ၊ ဆရာအတတ်သင်အတွေ့အကြုံမရှိတာတွေ အများဆုံးတွေ့ရတယ်၊ အစိုးရကျောင်းဆရာမ အငြိမ်း စား၊ မဟာဘွဲ့ရတွေက အရည်အချင်းပြည့်မီတာများတယ်' လို့ မန္တလေးတိုင်းပညာရေးမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။

အခုလိုစစ်ဆေးရတာဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက်ဖြစ်ပြီး သင်ကြားတဲ့ဆရာ အရည်အ ချင်း မပြည့်မီရင် သင်ရတဲ့ကလေးတွေ ဘာမှတတ်မှာမဟုတ်လို့ သေချာအရည်အချင်းစစ်ဆေးပေးနေ တာ ဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။ မန္တလေးမြို့မှာ လက်ရှိဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်အထက် တန်းကျောင်းပေါင်း ၄၆ ကျောင်းရှိပါတယ်။

ကုမုဒြာသတင်းဂျာနယ်

0 comments:

Post a Comment