
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ 
ပြင်ဆင်ရေးနှင့်ပတ်သက်၍ အသံမျိုးစုံထွက်လာခဲ့သည်။ အထူးသဖြင့် လက်ရှိ 
အာဏာရပါတီအသိုင်းအဝိုင်းထံမှ သုံးသပ်ချက်ကတော့ ထိုဆန္ဒသည် ပြည်သူ့ဆန္ဒမဟုတ်။ 
ဥပဒေပြင်ဆင်ရေးတွင် ပြည်သူက ထိုမျှလောက် အသိဥာဏ်မရှိနိုင်စသည်တို့နှင့်အတူ 
လေ့လာခြင်း၊ ဖတ်ဖူးခြင်းကိုပင် သံသယဖြစ် သည့် သဘော ဖြစ်သည်။ ဆိုလိုသည်မှာ 
ထိုဥပဒေပြင်ဆင်လိုခြင်းအသံမှာ အတိုက်အခံနိုင်ငံရေးပါတီအင်အားစုများထံမှ 
ပြည်သူကိုခုတုံးလုပ် ထွက်လာခြင်း ဟု သုံး သပ်နေကြသည့် အမြင်များလည်းရှိနေရာ
 သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပြည်သူများ၏ အသံအစစ်အမှန်ကို 
ဖော်ပြလိုက်ရပါသည်။
ဦးစိုးညွန့် 
(တော်ဝင်နှင်းဆီစားသောက်ဆိုင်ပိုင်ရှင်)
(တော်ဝင်နှင်းဆီစားသောက်ဆိုင်ပိုင်ရှင်)
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ 
ပေါ်ပေါက်လာတဲ့ သမိုင်းက အားလုံး သိတဲ့အတိုင်းပဲလေ။ ဘယ်လို ဖွဲ့စည်းပြီး 
ဘယ်လိုဖြစ်လာတယ်ဆိုတာ အားလုံးသိ ပြီးသားပါ။ ရှင်းပြ စရာ မလိုတော့ပါဘူး။ 
အဲဒါတွေက ပြည်သူ့ဆန္ဒ လုံးဝပါတာ မဟုတ်ဘူးလေ။ သူတို့ဘာသာ သူတို့ စိတ်တိုင်းကျ
 အဘက်ဘက်က ကြိုတင် စီစဉ် ထားပြီး မှ ရေးဆွဲထားတဲ့ ဥပဒေဆို တော့ ဒီမိုကရေစီ 
စံချိန်စံညွှန်းနဲ့လည်း လုံးဝ မကိုက်ညီဘူးလေ။ အန်ကယ်တို့ လိုချင်တဲ့ 
စစ်မှန်တဲ့ ပြည်ထောင်စု စနစ် ဆိုတာလည်း မဖြစ်နိုင် ဘူး။ အဲဒါတွေ 
မဖြစ်နိုင်တော့ နိုင်ငံရေး စနစ်မမှန်ရင် စီးပွားရေးစနစ်လည်း မမှန်နိုင်ဘူး။
 စီး ပွားရေးစနစ်ကလည်း လာဘ်ပေး လာဘ် ယူတွေ နီးစပ်ရာ လက်သိပ်ထိုး၊ ခရိုနီ 
တွေပဲ ချမ်း သာနေတာ။ အဲဒီတော့ နိုင်ငံ တစ်နိုင်ငံစီးပွားရေးတစ်ခု 
ဖွံ့ဖြိုးစေချင် တယ်ဆိုရင် မှန်ကန်တဲ့ အုပ်ချုပ်မှု စနစ်ရှိ ရမယ်။ 
မှန်ကန်တဲ့ အုပ်ချုပ်မှု စနစ်ဆိုတာ ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ 
ဒီမိုကရေစီ ပေတံနဲ့ တိုင်းလို့ အံဝင်ခွင်ကျ ဖြစ်ရမယ်။ အများပြည်သူရဲ့ 
လွတ်လပ်စွာ သဘော ထားဆန္ဒပါရှိတဲ့ ရေးဆွဲထားတာ ဖြစ်ရ မယ်။ ဖြစ်နိုင် ရင်တော့ 
ပြည် သူ့ကိုယ် စားလှယ် အစစ်အမှန်တွေ ရေးဆွဲထား တာ ဖြစ်ရမယ်။ 
ပြည်သူ့ကိုယ်စားလှယ် မဟုတ်ဘဲနဲ့ ခုနလိုနာမည်ခံ ပြည်သူ့ကိုယ် စားလှယ်တွေ က 
ရေးဆွဲ ထားတာ ဆိုတော့ လည်း ဘယ်လိုလုပ်ပြီး ကောင်းနိုင်တော့ မှာလဲ။ 
အန်ကယ်တို့က ဒီလို အခွင့်အရေး ရတုန်းရခိုက်မှာ ပြင်စေချင်တယ်။ ပြင်စေ 
ချင်တယ်ဆိုတာက ဘယ်သူ့ ဘယ် သူ့ကိုမှ အာဃာတထားပြီးတော့မှ အငြိုးအတေး တွေနဲ့ 
မဟုတ်ဘူး။ တိုင်းပြည်ကောင်း စားဖို့အတွက် အန်ကယ်တို့ရဲ့ သားသမီး 
မြေးမြစ်တွေပေါ့။ လူစဉ် မီတဲ့ နိုင် ငံရေး ဖြစ်စေဖို့ အဲဒီလို 
လုပ်လိုက်တဲ့အခါမှာ မကြိုက်ဘူး။ မပြင်ချင်ဘူးလို့ ပြောနေတဲ့ မိသားစုတွေရဲ့ 
အကျိုးခံစားခွင့်တွေလည်း ပါသွားလိမ့်မယ်။ တပ်မတော်ရဲ့ အကျိုးခံ စားခွင့်တွေ
 သူတို့ရဲ့ သားသမီးမြေး၊ မြစ် တွေလည်း ပါသွားလိမ့်မယ်။ သူတို့လည်း သန်း ၆ဝ 
ထဲမှာ အကျုံးဝင်တာပဲလေ။ အဲဒီတော့ အားလုံးကောင်း ဖို့ လုပ် တာ ဖြစ်တဲ့အတွက် 
ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ 
အများပြည်သူတွေ ပြောနေတဲ့ ပြည်သူ လက်ခံတဲ့ ဖွဲ့စည်း ပုံ အခြေခံ ဥ ပဒေ ဖြစ် 
စေချင်တယ်။
ဦးအောင်မျိုးမင်း 
(Equality Myanmar -ညွှန်ကြားရေးမှူး)
(Equality Myanmar -ညွှန်ကြားရေးမှူး)
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို 
ပြန်ပြီးပြင်မယ်ဆိုရင် သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကို အခြေခံ 
ပြီးတော့ လိုအပ်တာ ပြန်ထည့်လို့ရတဲ့ အရာတွေ ရှိတယ်။ ထည့်ချင်တဲ့ အရာတွေ 
လည်းရှိတယ်။ လူတွေ အများစုပြောတာ ကတော့ ဒီသမ္မတရွေးချယ်မှုဆိုင်ရာကိစ္စ 
အချက်ကိုအဓိကပြောကြတယ်။ ဒါလည်း ကျွန်တော်ေ ထာက်ခံပါတယ်။ ကျွန်တော် က 
လူ့အခွင့်အရေးဆိုင်ရာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း(၈) မှာ 
တချို့အချက်လေးတွေ သတိထားဖတ်ပြီး ထပ်ဖြည့် ဖို့ရှိပါ တယ်။ ဥပမာ 
နှိပ်စက်ညှဉ်း ပန်းမှုနဲ့ ပတ်သက်ပြီးတော့ ဒီဥပဒေအခန်း (၈) မှာ တိတိကျကျ 
ပြဋ္ဌာန်းတာမရှိဘူး။ နောက်တစ်ခုက ဒီအခွင့်အရေးကို ကျင့် သုံးမယ်ဆိုရင် 
တည်ဆဲဥပဒေအရ ကျွန် တော်တို့ကျင့်သုံးရမယ်ဆိုတဲ့ အရာတွေ ဖြစ်နေတယ်။ အဲဒီလို 
တချို့အချက်တွေက အခွင့် အရေးပေးထားပေမယ့် လက်ရှိ တည်ဆဲဥပဒေရဲ့ ဖိနှိပ် 
တဲ့ဥပဒေအရ ပြန် လည်ပြီးတော့ ဒါတွေကို ချုပ်ကိုင်တဲ့ သဘောရှိတယ်။ 
အဲဒီလိုမျိုး နှောင်ကြိုးနဲ့ ပြန်လည် ဆုပ်ကိုင်ထားတဲ့တချို့ အခြေ အနေတွေကို
 ဒါကို လွတ် လွတ်လပ်လပ် ကျင့်သုံးနိုင်တဲ့ အခြေအနေအထိ ပြောင်း ချင်ပါတယ်။
ဦးဘုန်း (ဓာတု)
ဆရာကတော့ ပြင်ဆင်သင့်တယ်လို့ မြင်တယ်။ 
ဘာဖြစ်လို့လဲဆိုတော့ အိမ် တစ်လုံးလိုပေါ့။ ဆောက်ပြီးရင် ပြီးသွား တာမှ 
မဟုတ်တာ။ လိုအပ်တာတော့ ပြင်ကြရမှာပေါ့။ အိမ်ကြီး အမိုးယိုနေရင် 
မပြင်ဘဲထားမှာလား။ တံခါးပေါက်တွေ ယိုင်နေတာ ဒီအတိုင်းထားမလား။ ပြင်ကို 
ပြင်ရမယ်။ မပြင်ဘဲနဲ့ အိမ်ကောင်းမဖြစ် နိုင်ဘူး။  စပြီး ဆောက် ကတည်းက 
စနစ်မကျခဲ့ဘူးလေ။ တက်သုတ်ရိုက်ပြီး ဆောက်ခဲ့ကြတယ်ဆိုတာ လူတိုင်းသိပါ တယ်။ 
ပြင်ရမယ့် အချက်တွေကတော့ အများကြီးပဲ။ ဥပမာ ဆိုကြပါတော့။ 
သမ္မတရွေးတယ်ဆိုပါစို့။ အမေရိကန်မှာ ဆို သမ္မတကို လူထုကရွေးတာ။ အဲဒီ တော့ 
သူတို့ သမ္မတက လူထုသမ္မတဆို တာ သေချာတယ်။ တို့ဆီက သမ္မတက လူထု က 
ရွေးတာမဟုတ်ဘူး။ ပါတီကနေ ချပေးတာလေ။ အနိုင်ရပါတီကနေ သမ္မတကို 
သတ်မှတ်ပေးလိုက်တာလေ။ အဲဒီတော့အဲဒီသမ္မတက တို့သမ္မတ မဟုတ်ဘဲနဲ့ အဲဒီ ပါတီသမ္မတ
 ဖြစ်မှာပေါ့။ တတ်နိုင်ရင် အုပ်ချုပ်ရေးအဖွဲ့တွေ ကနေ အစ ဟိုးသမ္မတအထိ 
လူထုတိုက်ရိုက်ရွေး တဲ့ဟာမျိုး ဆရာအရမ်းဖြစ်ချင်တာပဲ။ ဒါ မှသာလျှင် လူထု 
တိုင်း သမ္မတ လူထုတိုင်း ပြည်၊ လူထုခေါင်းဆောင်ဖြစ်မှာလေ။ ဒါ မှ တိုင်းပြည်က
 အရွေ့ကြီးမှာ ပါလာမှာလေ။ ဆရာ အဲဒီလိုပြင်ဆင်စေချင်တယ်။ တခြား အများကြီး 
ရှိပါသေးတယ်။ ဆရာတို့အဘိုး ဆိုလည်း တပ်မတော်သားပါပဲ။ တပ်မတော် သားတွေက 
ဂုဏ်သိက္ခာအစကတည်းက ရှိပြီးသားပါ။ ဆိုလိုတာက တည့်တည့်ပြော ရရင် 
ငရုတ်သီးဆိုတာ စပ်ဖို့ပဲ လိုတယ်။ ငရုတ်သီးက ချိုလို့ မရဘူး။ ဆားကငန်ရ မယ်။ 
သကြားကချိုရမယ်။ အခုက ငရုတ် သီးတွေက စပ်ခွင့်မရဘူး ဖြစ်နေတယ်။ ငရုတ် 
သီးတွေက ငရုတ်သီး အလုပ်လုပ် ပါ။
ဒါမှသာ အရသာရှိတဲ့ ဟင်းတစ်မယ် ဖြစ်မှာလေ။ 
အခုက ငရုတ်သီးတွေက စပ် ခွင့်မရဘူး။ ဆားတွေ ငန်ခွင့်မပေးဘူးလို့ ဖြစ်နေတယ်။ 
အားလုံးက ကိုယ့်နေရာ ကိုယ့်အ လုပ်မလုပ်ကြဘူး။ တို့တိုင်းပြည် ကဖြစ်နေတယ်။ 
ဆရာကတပ်မတော်သား တွေကိုလည်း စစ်တန်းလျားကို ပြန်ပြီး တ ကယ့်ကို နိုင်ငံတော်
 ကာကွယ်ရေးမှာလေ တကယ့် ကို ကမ္ဘာက လေးစားရတဲ့ တပ်မ တော် သိပ်ဖြစ်စေချင်တာပါ။
 ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ကိုပြင်ရမှာ။ ဆိုလို တာက ပြင်သင့်တာတွေ 
အများကြီးရှိ တယ်။ အိမ် လိုပေါ့။ ပြင်သင့်နေတာကို ဒီ အတိုင်း ကြည့်နေမလား။ 
တံခါးပေါက်မရှိ ရင် တံခါးပေါက်ပြင်ရမယ်။ ယိုင်နေရင် ပြင်ရမှာပေါ့။ 
အသစ်ပြန်ဆောက်ဖို့ဆို တာက ချက် ချင်းမဖြ စ်နိုင်ဘူးလေ။ တ 
ဖြည်းဖြည်းချင်းနဲ့ အကုန်လုံးနီးပါး ပြင် ရမှာပေါ့။ ချက်ချင်းကြီးတော့ 
နေ့ချင်းည ချင်းကြီး ပြင်ဖို့ မဖြစ်နိုင်ပေမယ့် တဖြည်း ဖြည်းချင်းတော့ 
အကုန် လုံးပြင် ရမှာပဲလေ။ ဆရာ ဥပမာပေးချင်တာက မဟော်သဓာ ဇာတ်လမ်းထဲက 
သားတရားစီရင်ခန်းလိုပဲ သားကို အမေက လျှော့ပေးတာဟာ သား ကို ချစ်လွန်းလို့ပါ။
 တို့တွေ အလျှော့ပေး လိုက်ရမယ်။ တိုင်းပြည်ငြိမ်းချမ်းရေးအ တွက်ဆိုရင် 
တကယ်လို့ တို့တွေ ဇွတ်လုပ် ရင် တိုင်းပြည်ဆိုတဲ့သားလေး နာသွားလိမ့် မယ်။ 
သားအလုခံ ထားရ တာ နှစ်ပေါင်း ၅ဝ ရှိပြီ။
အရိုင်း (လူရွှင်တော်)
မှားနေတယ်လို့ အများကယူဆပြီး 
တစ်တိုင်းပြည်လုံးအတွက်လိုအပ်ရင် ပြင်သင့်တာ ပြင်ရမှာပေါ့။ အလကားအလုပ် 
ရှုပ်ခံပြီး ပြင်ခိုင်းတာမှမဟုတ်တာ၊ တကယ် လိုအပ်လို့ ပြင်ခိုင်းတာပဲ။ 
ပြင်သင့်တယ်။ တကယ်တတ်သိနားလည်တဲ့ လူကြီးတွေ က ပြင်သင့်တယ်။ ဒါက 
တစ်တိုင်းပြည်လုံး က ပြည်သူပြည်သားတွေ၊ တိုင်းရင်းသား 
ညီအစ်ကိုမောင်နှမတွေအတွက်ရော၊ ရှိ သမျှသော စစ်သားတွေရော၊ ပုလိပ်တွေ 
အတွက်ရော၊ ပြင်သင့်လို့ ပြင်ခိုင်းတာပါ။ ပြင်စရာရှိတာ မြန်မြန်ပြင်၊ 
မြန်မြန်ပြင် ရင် မြန်မြန်ကောင်းလာမှာပဲ။ ၂ဝ၁၅ ရွေး ကောက်ပွဲကို 
မီတာမမီတာထက် အများ ကောင်းဖို့အတွက်ဆိုရင် ပြင်ကို ပြင်ရ မယ်။ 
စာစောင်တွေမှာလည်း ဖတ်ရ တယ်။ နိုင် ငံရေးမှာ တာဝန်ရှိတဲ့ 
ပုဂ္ဂိုလ်ကတစ်မျိုး၊ လွှတ်တော်ထဲမှာ ရှိတဲ့အာဏာရပါတီက တစ်မျိုး၊ ဆန့်ကျင်ဘက် 
ပါတီကတစ်မျိုး ဒါတွေဖတ်နေရတာပဲ။ အမျိုး မျိုး ဝေ ဖန် ပြစ် တင် 
ပြောနေကြမယ့်အစား ပြင်သင့် တဲ့ အရာကို ပြင်ပါ။ အများက တောင်းဆို တာ 
လိုအပ်လို့ တောင်းဆိုတာပါ။ အထူး သဖြင့် သမ္မတဖြစ် ခွင့်အချက် မှာ တရားမျှ 
တမှု ရှိစွာဖြင့် လုပ်စေချင်တယ်။ ဒါလည်း အဓိကအရေးပါလှတဲ့အချက်ပါ။ ထွေ 
ထွေထူးထူး ပြောစရာတောင် မလိုတော့ ဘူး။ အားလုံး ဥာဏ်ပ ညာတွေ ရှိကြ တာ ပဲ။ 
အချိန် ရှိနေတုန်း ပြန်ပြီးပြင်ကြပါ။
ဆောင်းဦးလှိုင် (တေးရေးတေးဆို)
အထူးသဖြင့်အမေစုကို သမ္မတမရ 
အောင်ဖြစ်နေတဲ့အချက်ကို ပြင်စေချင် တယ်။ လူမှုရေးသမားတစ်ယောက်အနေ နဲ့ ၂ဝ၁၅ 
ခုနှစ် မတိုင်ခင် အမြန်ဆုံးပြင် စေချင်တယ်။ ၂ဝ၁၅ ခုနှစ်ပြီးမှ ပြင်ရင် တော့
 မဖြစ်နိုင်တော့ဘူး။ အခုသာပြင်ရင် ကျွန်တော်တို့ တိုင်းပြည်က 
ပိုပြီးလွတ်လပ် မျှတပြီး ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ပိုကိုက် သွားမယ်။ 
မဟုတ် ရင်တော့ သူတို့စိတ် တိုင်းကျလုပ် စိတ်တိုင်းကျပြောရင်တော့ 
သူတို့ကိစ္စပဲဆိုရင်တော့ ဒီတိုင်းပဲဆက် သွားမှာပဲ။ ကျွန်တော်တစ်ယောက်တည်း 
အကြောင်းပြောရရင် ၂ဝဝ၈ ခုနှစ်တုန်းက လည်း ထောက်ခံမဲသွားထည့်ထားတဲ့ လူ 
မဟုတ်ဘူး။ သွားလည်းမထည့်ဘူး။ ကျွန် တော့်ဆန္ဒလည်းမပါဘူး။ အများအတွက် 
မျှော်လင့်တာ အများအတွက် မျှ တမယ့် တရားသော ဥပဒေပဲလိုချင်တယ်။ အရေး 
ကြီးဆုံးက အချိန်ရဲ့အတိုင်းအတာဆိုတာ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ 
မဖြစ်နိုင်တော့တဲ့နောက် ၁၅ နှစ်ေ နမှ ဒီ ဟာပြင်ရင် ဒေါ်စုလည်း အသက်တော် တော်
 ကြီးသွားပြီ။ ဒါတော့ မတရားလုပ် တာပဲပေါ့။ ဒါတွေ တဖြည်းဖြည်း အရေး 
ကြီးလာမယ့် ကိစ္စတွေ ပါ။ ပြည်သူ လူထု တွေလည်း ပြင်စေချင်တာအကုန်လုံးပါပဲ။ 
အစကနေ ပြန်ပြင်ဖို့ဆိုတာ အချိန်က စကားတအားပြောတယ်။ အချိန်ကို နောက်ပြန် 
ဆွဲသလို ဖြစ် မယ်။ ဒါကြောင့် အဓိ က ဖြစ်သင့်တဲ့အချက်ကို အရင်ဆုံး 
ပြင်စေချင်တယ်။ ဒါမှတရား မျှတမှုရှိလာမယ်။
ဇော်မောင်မောင် (အလုပ်သင်ရှေ့နေ)
ပြင်ချင်လားလို့ မေးရင်တော့ ပြင် 
ချင်တယ်လို့ပဲ ဖြေရမှာ။ ၂ဝဝ၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကျွန်တော် 
ဖတ် မိသလောက်၊ နားလည်သလောက် ပြော ရရင်တော့ ပြင် သင့်တဲ့အပိုင်းရှိသလို 
မပြင်သင့်တာလည်း ရှိတယ်။ ပြင်ရမှာက ပိုများလိမ့်မယ်။ ကျွန်တော့် အထင်ပြော 
ရရင် ၂ဝ၁၅ ခုနှစ်မတိုင်မီ အဓိကထား ပြီးတော့ ပြင်ရမှာက အခန်း (၁၁) အရေး 
ပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ခေါင်း စဉ်အောက်က ပြဋ္ဌာန်းချက်တွေကို ပြင် 
သင့်၊ ဖျက်သင့်တယ်။ ဘာကြောင့်လဲဆို တော့ အဲဒီပြဋ္ဌာန်းချက် ထဲမှာ နိုင် ငံအ 
တွင်း ဆူပူ၊ အကြမ်းဖက်၊ အဓိကရုဏ်း၊ ဒါတွေ ဖြစ်ပေါ်လာတာနဲ့ တပ်မတော်က 
အာဏာသိမ်းစရာ မလိုဘဲ တပ်မတော်ကို အာဏာလွှဲပေးရ မယ်ဆို တာမျိုး က လုံး ဝမ 
ဖြစ်သင့်ဘူး။ ၂ဝ၁၅ ခုနှစ်မှာ ဘာဖြစ်မယ် ဆိုတာကို ဘယ်သူမှကြိုမပြောနိုင်ဘူး။
 အဲ ဒါကြောင့် အခန်း (၁၁) ကို အဓိကထားရ မယ်။ နောက် တစ်ခုက ပုဒ်မ-၃၃၈၊ အဲဒီ 
မှာ ဘာပြဋ္ဌာန်းထားလဲဆိုတော့ ”နိုင်ငံ တော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အ 
စည်းအားလုံးသည် တပ်မတော်၏ ကွပ် ကဲမှုအောက်တွင်ရှိရမည်” လို့ ပြဋ္ဌာန်း ထားတယ်။
 အဲဒီမှာ မေးစရာတစ်ခုက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေကို 
ဘယ်လိုမျိုး သတ်မှတ်မှာလဲဆို တာပဲ။ သူတို့ကို အကြမ်းဖက် သောင်း ကျန်းသူလို့
 သတ်မှတ်ဦးမှာလား။ တိုင်း ရင်းသားလက်နက်ကိုင်တွေနဲ့ စာရွက် ပေါ်မှာ 
ငြိမ်းချမ်းရေးမယူဘဲ တကယ်စစ် မှန်တဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲ မှုတွေ 
အမှန်တ ကယ်ဖြစ်လာအောင် တိုင်း ရင်းသားတွေရဲ့ အခန်းကဏ္ဍကို ညှိနှိုင်း သတ်မှတ် 
ပြဋ္ဌာန်းသင့်တယ်။ အရေးကြီး တာတစ်ခုက ၅၉ (စ)၊ ပြည်သူအများစုက တော့ ဒါ ကို 
ပြင် ချင်နေကြတယ်။ ၅၉ (စ) ကို ပြင်ခွင့်ရလို့ ကျွန်တော်တို့ မျှော်လင့် 
ထားသလို ဖြစ်လာတယ်ဆိုရင်တောင်မှ ဒီအချက် က နောက်လူကောင်း ဖို့များ ဖြစ် နေ 
မလား လို့ ထင်မိ တယ်။ ပြီးတော့ ဘာ ကိုမှ ကျိန်းသေတွက်ဆထားလို့ မရဘူး။ 
တစ်ခုတော့ တိုက်တွန်းချင်တယ်။ အဲဒါ က ဘာလဲ ဆိုတော့ ပြည်သူလူထုရဲ့ ၅ဝ 
ရာခိုင်နှုန်း ဒါမှမ ဟုတ် ၃ဝ ရာခိုင်နှုန်း လောက်က 
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ဖူး၊ လေ့လာဖူးသင့်တယ်။ ပြည်သူကို ကြိုက်တဲ့ 
အချိန်မေး ပြင်ချင်တယ်လို့ပဲဖြေ မှာ၊ ဘယ်အ ချက်တွေ ကို ပြင် ကြမလဲဆို တော့ 
သိတဲ့လူ အင်မတန်နည်းတယ်။ အဲ ဒီမှာပါတဲ့ အဆိုးအကောင်းတွေကို ခွဲခြား သိဖို့ 
လိုအပ်တယ်။
အိမ်စည်စိုးစံ၊ ထူးထူး
 






 
 
 
 
 
0 comments:
Post a Comment