ထိုသို့ ပုဂံနတ်များချီတက်လာသကဲ့သို့ တရုတ်ဘုရင်ဥတည်ဘွားကိုးကွယ်ထားသည့်ကြေးစန္ဒီနတ်နှင့် အခြားနတ်များကလည်းတရုတ်တပ်များနှင့်အတူလိုက်ပါလာကြလေသည်။
အနန္တပစ္စည်းနှင့်ရန္တပစ္စည်းသူရဲကောင်းနှစ်ယောက်တို့ ဦးဆောင်သောပုဂံတပ်မကြီးသည်ငဆောင်ချမ်း အရပ် သို့ ရောက်လေသော်ယာယီမြို့ ကျုံးမြောင်းလုပ်ကာဗန်းမော်မြစ်အငူတွင်ခံတပ်ပြုထားကြ၏။
တရုတ်တို့ ကလည်းစစ်တပ်အလုံးအရင်းနှင့်ချီလာသည်။အနန္တပစ္စည်းနှင့်ရန္တပစ္စည်း သူရဲကောင်းနှစ်ယောက် ဦးဆောင်သောအဖွဲ့ ကလည်းရှ့ တန်းမှတက်လာသောတရုတ်ဟူသမျှကိုသတ်ဖြတ် သည်။
သုံးလတိုင်တိုင်မရပ်မနားတိုက်ခိုက်ကြကုန်၏။တရုတ်ဘုရင်ဖက်မှလည်းအလောင်းချင်းထပ်နေသည့် တိုင်အောင်အဆက်မပြတ်တိုက်ခိုက်ကြကုန်သည်။တရုတ်တို့ ကလည်းတစ်လောင်းပေါ်ဆတိုးထပ်တက် သည့်စနစ်ဖြင့်အင်အားသုံးကာတိုက်ခိုက်ကြသည်။စစ်ပွဲကိုစွဲလန်းစွာသေဆုံးသောစ်ဖက်စစ်တပ်အင်အားမှ အယူတိမ်းသောလူတို့ လည်းနတ်စိမ်းဖြစ်သည့်တိုင်တိုက်ခိုက်ကြကုန်၏ယခင်ကချီတက်လာသောရုက္ခစိုးဘုမ္မစိုးအပြင်(၃၇မင်း)ပုဂံခေတ်စာရင်း)များကလည်းပူးပေါင်းကာတရုတ်တို့ ကိုခုခံ၏တရုတ်တို့ ဖက်မှနတ်များကလည်းနတ်များကလည်းတိုက်ခိုက်ကြကုန်၏။
ထိုသို့ တိုက်ခိုက်ရာတွင်နတ်များကကောင်းကင်ထက်တွင်နတ်အချင်းချင်း၊ရဲမက်များကမြေပြင်ထက်တွင်
လူအချင်းချင်းတိုက်ခိုက်ကြကုန်၏အနန္တပစ္စည်းနှင့်ရန္တပစ္စည်းတို့ ကလည်း၎င်းတို့ ကိုးကွယ်သောဆရာရသေ့၏သံသေခဲများကိုငုံကာအမြင့်သို့ ခုန်လျက်တိုက်ခိုက်ရာရန်သူတို့ ကဖမ်းဆီးသတ်ဖြတ်ခြင်းငှာမရနိုင်ဖြစ်လေသည်သို့ သော်လည်းတရုတ်စစ်အင်အားမှာအလွန်များပြားလှသဖြင့်သူရဲကောင်းနှစ်ဦးဦးစီးသောတပ်လည်းလက်ပန်းကျစပြုသည့်အချိန်တွင်ပုဂံမြို့ သရပါတံခါးကိုစောင့်သောငတပါးသင် အမည်ရှိသောနတ်ဘီလူးလက်ကိုတရုတ်နတ်တို့ ပစ်ခတ်သော
မြှားဆိပ်သင့်လေသည်။ထိုအခိုက်မှာပင်လျှင်ငဆောင်ချမ်းရှိပုဂံစစ်ခံတပ်ပျက်လေသည်
ထိုအခါငတပါးသင်နတ်ဘီလူးကပုဂံမြို့ သို့ ကမ္မဇိဒ္ဓိတန်ခိုးဖြင့်အမြန်ဝင်ရောက်ကာနရသီဟပတေ့မင်း၏ ဆရာတော်နေ့ ခင်းကျိန်းစက်(အိပ်)နေသည့်အခါတွင်ခြတော်ကိုလှုပ်ကာနှိုးလေ၏
ယနေ့ ပင်လျှင်ငဆောင်ချမ်းခံတပ်ပျက်ကာကျွန်ုပ်လက်များဆိပ်သင့်လေပြီဟုလျှောက်သည်
်ထိုအခါမင်းဆရာဘုန်းကြီးလည်းကိုရင်သာမဏေငယ်တစ်ပါးကိုခေါ်ကာထို
အကြောင်းကိုမင်းကြီးထံလျှောက်စေ၏။
ထိုအကြောင်းကြားသော်နရသီဟပတေ့မင်းလည်းပြင်းထန်စွာတုန်လှုပ်ပြီးမွန်ပြည်ပုသိမ်
သို့ ရေကြောင်းဖြင့်ပြေးလေတော့သည်ကိုအစွဲပြုကာနှောင်းလူတို့ ကတရုတ်ရန်ကြောက်
ပြေးသောမင်းဖြစ်သဖြင့်တရုတ်ပြေးမင်းခေါ်ကြကုန်တော့သည်။အနန္တပစ္စည်းနှင့်ရန္တပစ္စည်းတို့ တပ်ငဆောင်ချမ်းမှဆုတ်ကာမန်လည်တောင်ရံအရှေ့ အရပ်၌ခံတပ်မြို့ နှစ်မြို့ တည်ခုခံပြန်သည်။၎င်းစစ်သူကြီးစ်ဦးသည်သံသေ(အချို့ စာများတွင်ပြဒါးသေ)ကိုငုံပြီးခုန်တိုက်ခိုက်ကြရာ
တစ်ခါခုန်လျှင်ကောင်းကင်၁၅တောင်၊၁၆တောင်တိုင်အောင်ပျံနိုင်သည်ဟူ၏
ထိုသို့ တိုက်ခိုက်နေစဉ်နောင်တော်ဖြစ်သောအနန္တပစ္စည်းသူရဲကောင်းအား
တရုတ်နတ်များဖက်မှနတ်အချင်းချင်းပစ်သောမြားသည်ငုံထားသောသံသေခဲကြောင့်နတ်ခန္ဓာ(အီသာဘော်ဒီ)တစ်ပိုင်းဖြစ်နေသောအနန္တပစ္စည်းခန္ဓာကိုယ်အားထိမှန်လေရာအနန္တပစ္စည်းသူရဲကောင်းလည်းကာင်းကင်မှပြုတ်ကျကာသေလေသည်။
(အချို့ ရာဇ၀င်များတွင်မူပင်ပန်းလွန်းအားကြီးသဖြင့်သံသေခဲကိုအံတွင်မခဲနိုင်သဖြင့်ပြုတ်ကျသေသည်ဆို၏)ကြိုက်ရာအယူအဆကိုယူပါလေ။ကျန်စစ်သူကြီးများလည်းခေါင်းဆောင်ကျလေလျှင်တပ်ကိုသိမ်းကာ
ပုဂံသို့ ပြန်ကြကုန်၏။တရုတ်တပ်များကလည်းလိုက်လံတိုက်ခိုက်သည်ပုဂံရောက်သော်မင်းမရှီသဖြင့်ပုသိမ်သို့ တပ်များဆုတ်ခွာလေရာတရုတ်တို့ ကလည်းလိုက်လာကြ၏သို့ သော်တရုတ်မော်(တရုတ်မော)
အရပ်သို့ ရောက်ကြလေသော်တရုတ်တို့ ၏စစ်သည်ဗိုလ်ပါများအစာ
ရေစာခမ်းလာသဖြင့်လာရာတရုတ်ပြည်သို့ ပြန်လှည့်ကုန်ကြတော့လေသတည်း။
ဂန္ဓာရီမန္တန်ဝိဇ္ဇာကျင့်စဉ်နှင့် သဘာဝလွန်မိစ္ဆာပယောဂမှတ်တမ်းများ
0 comments:
Post a Comment