
တနင်္ဂနွေ
          ခရီးစဉ်တွေ
 များမည်။ အလုပ်တွေ ရှုပ်နေမည်။ ခေါင်းကိုက်မူးဝေခြင်း တွေဖြစ်နေမည်။ 
သူများအရေး တွေ ဖြစ်နေမည်။ သူများအရေးတွေ လိုက်လုပ်နေရမည်။ ခြေ ၁ဖက် 
အနာတရဖြစ်မည်။ စက်ပစ္စည်းများ ချို့ယွင်း မှု (သို့) ပြောင်းလဲမှု တွေဖြစ်မည်။
 အချစ်ရေး များပြန်လည် အဆင်ပြေမည်။ တစ်ဦးအပေါ် တစ်ဦးချစ် ကြည်နူးမည်။ 
မိဘတို့က သဘောမတူ ဖြစ်မည်။ အောင်ဘာလေထီ ပေါက်လိမ့်မည်။ အလုပ်အကိုင်ရာထူး 
တက်မည်။ နေရာပြောင်းရွှေ့မည်။ အမှုအခင်း အရှုပ်အရှင်းတို့ နိုင်လိမ့်မည်။ 
ဝမ်းသာစရာ သတင်းကောင်း မုချ ကြားရလိမ့်မည်။
 အကျိုးပေး ဂဏန်း - ၁၊ ၅၊ ၈။
အထူးဟော - ကံကောင်းမည်။ 
ယတြာ - ငါးအရှင် သက်စေ့ မြောက်အရပ်ရှိ ရေကန်တွင်လွှတ်ပါ။
တနင်္လာ
          ခွဲခွာနေသူတို့
 ပြန်ဆုံမည်။ ဖြေဆိုထားသော စာမေးပွဲတို့ အောင်မြင်မည်။ ရာထူးတက်ခြင်း၊ 
နေရာပြောင်းခြင်း၊ လက်ဆောင်ရခြင်းတို့ဖြစ်မည်။ စပ်တူထိုးထားသော ထီ၊ မဲတို့ 
ပေါက်မည်။ ခရီးဝေး များသွားရမည်။ ကား၊ စက်၊ မြေတို့ ဝင်မည်၊ ထွက်မည်။ 
ကျန်းမာရေးကောင်းလာမည်။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်မည်။ ငွေအစု လိုက် 
ဝင်မည်။ လူယုံမထားရ၊ လူလိမ် ငွေလိမ်ခံရမည်။ ချစ်သူ၏ အထင်လွဲ ခြင်း ခံရမည်။ 
သို့သော် ပြန်ပြေလည်မည်။ ဆွေမျိုးသားချင်းအတွက် စိတ်ချမ်းသာစရာ 
သတင်းစကားကြား ရမည်။ 
အကျိုးပေးဂဏန်း - ၀၊ ၅၊ ၄။
အထူးဟော - စကားပြော ဆင်ခြင်ပါ။ 
ယတြာ - အိမ်ကဘုရားကို ခရေပန်းကပ်ပါ။ 
အင်္ဂါ
          ငါသိ၊
 ငါတတ်၊ ငါဆရာ လုပ်တတ်ခြင်း၊ စိတ်မြန်လက်မြန် လုပ်တတ်ခြင်းတို့ ဆင်ခြင်ပါ။ 
ဒေါသကြီးခြင်း လည်း ဆင်ခြင်ပါ။ လုပ်ပိုင်ခွင့်များရမည်။ ခရီးဝေးတွေ 
ရောက်မည်။ ရာထူးတက်မည်။ စက်၊ မြေ၊ ကားတို့ ဝင်မည်၊ ထွက်မည်။ ခြေ၊ ဒူးတို့ 
ဂရုစိုက်ပါ။ နာကျင်မည်။ ကိုယ်ပိုင်အလုပ်ဖြင့်ချမ်းသာလာမည်။ စကားပြော 
ဆင်ခြင်ပါ၊ စကားများမည်။ လက်အောက်ငယ်သားတို့ မမြဲတတ်ပါ။ ထွက်မည်။ 
လျှို့ဝှက်ချစ်သူ များပိုများ လာမည်။ မရောက်ဖူးသော ခရီးတို့ ရောက်မည်။ 
မလုပ်ဖူးသော အလုပ်တွေ လုပ်ဖြစ်မည်။ ဝမ်းဗိုက်အောင့် တတ်၍ 
အစားအသောက်ဆင်ခြင်ပါ။ အကြီးအကဲ မြှောက်စားခြင်း ခံရမည်။ လက်ဆောင်ရမည်။ 
အကျိုးပေး ဂဏန်း - ၂၊ ၄၊ ၈။
အထူးဟော - အနီးကပ် အောင်မြင်မှုတွေရမည်။
ယတြာ - အောင်သပြေ ၁၉ညွန့် ကို အင်္ဂါနေ့နံနက် အိမ်ဘုရားတွင် ကပ်လှူပါ။
ဗုဒ္ဒဟူး
          စိတ်လေမည်။
 ချစ်သူတွေ့မည်။ စာမေးပွဲ ဖြေဆိုသူ အောင်မြင်မည်။ ခရီးဝေးတွေ ရောက်မည်။ 
ကား၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ထိတ်လန့် မှုတွေဖြစ်တတ်သည်။ အလုပ်အကိုင် 
ကောင်းမည်။ အိမ်ထောင်ရေး၊ အချစ်ရေး ကောင်းသည်။ လက်ထပ်ဖြစ်မည်။ 
အိမ်အပြောင်းအရွှေ့မြင်သည်။ ရာထူးတက် မည်။ စီးပွာရေး အောင်မြင်မှု ရမည်။ 
လူခင်ခြင်း အထင်လွဲခြင်းခံရမည်။ စပ်တူရှယ်ယာ လုပ်ငန်းများ လုပ်ဖြစ်မည်။ 
လက်ဆောင်ရမည်။ စီးပွားရေး လုပ်ငန်းများအောင်မြင်မည်။ ထီထိုးပါ။ ၁၊ ၅၊ ၇ 
ဂဏန်းဖြင့်ထီထိုးပါ။ ပေါက်လိမ့် မည်။ 
အကျိုးပေး ဂဏန်း - ၄၊ ၆၊ ၉။
အထူးဟော - ကံကောင်းမည်။ 
ယတြာ - ဗုဒ္ဒဟူး နေ့နံနက်တွင် တန်ခိုးကြီး ဘုရားကို ရွှေသင်္ကန်း ကပ်လှူပါ။
ကြာသပတေး
          ကောင်းသတင်းကြားရမည်။
 စွန့်စားမှုတွေအောင်မြင်မည်။ လူခင်ခြင်းစိတ်ဝမ်းကွဲမည်။ ပြန်ခေါ်မည်။ စက်၊ 
မြေ၊ ကားနှင့် ပတ်သက်၍ စကားပြောရတတ်သည်။ ဖြေရှင်းရတတ်သည်။ ခရီးဝေးယာယီ 
ရောက်မည်။ လုပ်ငန်းသစ်လုပ်ရမည်။ အဆင်ပြေမည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ 
လူလိမ်၊ ငွေလိမ်ခံရမည်။ ရစရာငွေ တို့မှ အချို့ ပြန်ရမည်။ ကား၊ ဆိုင်ကယ် 
ရုတ်တရက် ထိခိုက်မိတတ်ပါသည်။ ဘုမ္မိကျသော အရှေ့မြောက် အရပ် ခရီးညအချိန် 
မသွားသင့်ပါ။ အတိုက်အခံ ပြောဆိုရသော အလုပ်အောင်မြင်လိမ့်မည်။ စိတ်ဝမ်းကွဲနေ
 သော ချစ်သူနှင့် ပြန်အဆင်ပြေမည်။ အလုပ်အထူးကောင်းမည်။ 
စာမေးပွဲအောင်မြင်မည်။ 
အကျိုးပေးဂဏန်း - ၅၊ ၆၊ ၈။
အထူးဟော - အခက်အခဲကြုံပြီးမှ အောင်မြင်မည်။
ယတြာ - အိမ်ဘုရားကို ပေါက်ပေါက်ပွင့် ကပ်လှူပါ။
သောကြာ
          ရည်ရွယ်ချက်
 များနေသည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အောင်မြင်မည်။ အလုပ်အကိုင် 
ပြောင်းရွှေ့ခြင်း၊ ပြောင်းလုပ်ရခြင်း ဖြစ်မည်။ ရာထူးတက်မည်။ လစာတိုးမည်။ 
အကြီးအကဲ အထင်လွဲမည်။ လက်ထပ်ရက် ရွှေ့ ပြောင်း ဖြစ်မည်။ ချစ်သူနှင့် 
စိတ်ဝမ်းကွဲမည်။ ပြန်ပြေလည်ပါမည်။ ခြေ၊ လက်ခိုက်မိတတ်သည်။ ထီထိုးပါ။ ၁၊ ၆၊ ၉
 ဂဏန်းဖြင့် ထိုးပါ။ ချစ်သူ၊ ခင်သူထံမှ လက်ဆောင်ရမည်။ စက်၊ မြေ၊ ကား 
ရောင်းဝယ်ဖြစ်မည်။ ကံကောင်း သည်။ စာမေးပွဲ အောင်မြင်မည်။ 
အကျိုးပေး ဂဏန်း - ၆၊ ၉၊ ၁။
အထူးဟော - နှောင့်နှေး ထစ်ငေါ့ပြီးမှ အောင်မြင်မည်။
ယတြာ - သောကြာနေ့နံနက်တွင် သစ်သီးဆွမ်းကပ်လှူပါ။
စနေ
          အမြင်သစ်၊
 အတွေးသစ်၊ အလုပ်အကိုင်သစ် တွေ နှင့်ဖြစ်နေမည်။ အောင်မြင်မှုရမည်။ 
ခရီးဝေးယာယီ တွေရောက်မည်။ စာမေးပွဲ အောင်မြင်မည်။ နိုင်ငံရပ်ခြား ခရီး 
(သို့) နိုင်ငံရပ်ခြား ကုမ္ပဏီ တို့တွင် အလုပ်ရမည်။ ထီထိုးပါ။ ၇၊ ၀၊ ၂ 
ဖြင့်ထိုးပါ။ ကျန်းမာရေး ဂရုစိုက်ပါ။ အနည်းငယ်ချူချာ နိုင်သည်။ မစိုးရိမ် 
ရပါ။ အချစ်ရေးကံကောင်းမည်။ သို့သော်တစ်နေရာစီ ခွဲနေရခြင်း ဖြစ်မည်။ 
စာမေးပွဲ အောင်မြင်မည်။ အလုပ်ရာထူး တက်မည်။ ခြေ၊ လက်တို့ ခိုက်မိမည်။ စက်၊ 
ကား၊ မြေတို့ ပြောင်းလဲဝင်ထွက်မည်။
အကျိုးပေးဂဏန်း - ၇၊ ၂၊ ၄။
အထူးဟော - လူယုံမထားရ၊ လူပေါင်းမှားမည်။ ငွေကြေးစကား ပြောရမည်။ 
Myit Ma Kha Media Group
 






 
 
 
 
 
0 comments:
Post a Comment