Friday, October 18, 2013

အာဆင်နယ် - နော်ရစ်ခ်ျ ပွဲမတိုင်မီ ထူးခြားချက်များ

ပရီးမီးယားလိဂ် ပွဲစဉ် ၈ ဖြစ်သည့် အာဆင်နယ်အသင်းနှင့် နော်ရစ်ခ်ျအသင်းတို့ ယှဉ်ပြိုင်မည့် ပွဲမတိုင်မီ ဒါဏ်ရာရ ပွဲပါယ် ကစားသမားများ၊ ထူးခြားချက်များကို တင်ပြအပ်ပါသည်။

အာဆင်နယ် ကွင်းလယ်ကစားသမား မတ်ဆု အိုဇေးဟာ ဂျာမဏီအသင်းအတွက် ကစားပေးခဲ့သည့် ပွဲစဉ်မှာ ဒူးဒါဏ်ရာ ရရှိခဲ့သော်လည်း ယခုပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ဆက်ဂ်ညာနှင့် ဆန်တီ ကာဇိုလာတို့ဟာလည်း ဒါဏ်ရာမှ ပြန်လည် သက်သာလာပြီ ဖြစ်ပြီး ပါဝင်လာဖွယ် ရှိနေသည်။
နော်ရစ်ခ်ျ တောင်ပံကစားသမား အန်ထိုနီ ပီလ်ကင်တန်ဟာ တံကောက်ကြော ဒါဏ်ရာ ရှိနေသော်လည်း နည်းပြဖြစ်သူ ခရစ်စ် ဟောက်တန်ကတော့ ယခုပွဲစဉ်မှာ အသုံးပြုနိုင်ဖို့ မျှော်လင့်လျက်ရှိသည်။ ပီးလ်ကင်တန်ဟာ ဒါဏ်ရာကြောင့် အိုင်ယာလန် လက်ရွေးစင်အသင်းမှ နှုတ်ထွက်ခဲ့ရသည့် ကစားသမားဖြစ်သည်။

☻ နော်ရစ်ခ်ျအသင်း၏ နောက်ဆုံး အာဆင်နယ်အသင်းကို အဝေးကွင်းကို အနိုင်ရခဲ့သည့် ပွဲဟာ  ၁၉၉၂ ခုနှစ်က ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဖြစ်ပြီး ထိုစဉ်က နော်ရစ်ခ်ျအသင်းဟာ ပွဲပြီးဖို့ ၂၁ မိနစ်အလိုအထိ ၂ ဂိုးအရေးနိမ့်နေခဲ့ပြီး ၄ ဂိုး ပြန်လည် သွင်းယူကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ (၁၉၉၂ ခုနှစ် အရင်က အင်္ဂလန်အဆင့်အမြင့်ဆုံး ပြိုင်ပွဲဟာ ပထမတန်းပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ကြပြီး ၁၉၉၂ ခုနှစ်ကမှ ပရီးမီးယားလိဂ် နာမည်ဖြင့် စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။)

☻ နောက်ဆုံးကစားခဲ့သည့် အာဆင်နယ်ကွင်း ပွဲစဉ် ၅ ပွဲမှာ နော်ရစ်ခ်ျအသင်းက တစ်ပွဲမှ အနိုင်မရခဲ့ပဲ ၂ ပွဲသရေ ၃ ပွဲ ရှုံးနိမ့်ခဲ့သည်။

☻ အာဆင်နယ်အသင်းဟာ နော်ရစ်ခ်ျအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရသည့် နောက်ဆုံး ၄ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

☻ အာဆင်နယ်အသင်းဟာ နောက်ဆုံး ကစားခဲ့သည့် ပရီးမီးယားလိဂ် ၆ ပွဲ ရှုံးပွဲ မရှိခဲ့ပဲ အဖွင့်ပွဲစဉ်တုန်းက ဗီလာအသင်းကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ပြိုင်ပွဲစဉ်မှာ တစ်ပွဲမှ ရှုံးနိမ့်ခြင်း မရှိသေးပေ။

☻ အာဆင်နယ်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ပွဲတိုင်း ဂိုးသွင်းယူနိုင်သည့် အသင်းဖြစ်ပြီး မန်စီးတီး (၁၇ ဂိုး) နောက်မှာ သွင်းဂိုး အများဆုံး အသင်းဖြစ်သည်။ (၁၄ ဂိုး သွင်းယူထားသည်။)

☻ အာဆင်နယ်အသင်းဟာ အမ်းမရိတ်မှာ ကစားခဲ့သည့် နောက်ဆုံး ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၃ ပွဲသာ ပေးဂိုးမရှိ ကစားနိုင်ခဲ့သည်။

☻ ပြီးခဲ့သည့် ၉ နှစ်က ယခုရက်ပါတ်မှာ အာဆင်နယ်အသင်းဟာ ၄၉ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကျိုးပျက်ခဲ့ရသည်။ လက်ရှိအချိန်အထိ ပွဲဆက်အများဆုံး ရှုံးပွဲမရှိ စံချိန်ဖြစ်သည်။

☻ နော်ရစ်ခ်ျအသင်းဟာ နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ထားသည်။

☻ နော်ရစ်ခ်ျအသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

☻ နော်ရစ်ခ်ျအသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းထက် ပေးဂိုးမရှိ ကစားနိုင်ခဲ့သည့် ပွဲ ပိုမိုလျက်ရှိသည်။ နော်ရစ်ခ်ျအသင်းဟာ ပေးဂိုးမရှိ ၂ ပွဲ ကစားထားပြီး အာဆင်နယ်အသင်းကတော့ တစ်ပွဲသာ ပေးဂိုးမရှိ ကစားနိုင်ခဲ့သည်။

☻ ယခုပွဲစဉ်ဟာ နော်ရစ်ခ်ျအသင်းအတွက် ၈ ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်သည်။ ပြီးခဲ့သည့် ဘောလုံးရာသီက နော်ရစ်ခ်ျဟာ နိုင်ပွဲတစ်ခု ရဖို့ ၈ ပွဲမြောက် ပွဲစဉ်အထိ စောင့်စားခဲ့ရပြီး ပွဲစဉ် ၈ မှာ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ တိုက်ဆိုင်စွာဖြင့် ထိုစဉ်က အာဆင်နယ်အသင်းကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။

Written by အောင်စိုးမိုး(နတ်ရွာ) 
FOOTBALL CAFE

0 comments:

Post a Comment