Thursday, October 24, 2013

Ginkgo ကမ္ဘာဦးပင်၊နှစ်တစ်ရာသီးနှင့် ပဲကော

Photo: Ginkgo ကမ္ဘာဦးပင်၊နှစ်တစ်ရာသီးနှင့် ပဲကော
=========================
သက်ရှိအပင်တွေထဲမှာ သက်တမ်းအရှည်ကြာဆုံး၊ရာသီဥတုဒဏ်ကို အခံနိုင်ဆုံးက ginkgo bilobaခေါ်တဲ့ ကမ္ဘာဦးပင် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်သန်းပေါင်း၂၇၀ကျော်က ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့ရတယ်။ရှေးယခင် နှစ်သန်းပေါင်းများစွာကတည်းက ယနေ့ထက်တိုင် တွေ့နေဆဲဖြစ်တာကြောင့်ကမ္ဘာဦးပင်လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ 

နောက်ကြောင်းရာဇဝင်လိုက်ကြည့်ရင် တရုတ်ပြည်က ဇာတိချက်ကြွေဖြစ်နေတာ တွေ့ရတယ်။ပုံမှန်အားဖြင့် မီတာ ၃၀လောက်ရှိတဲ့အပင်ဟာ တရုတ်ပြည်မှာ မီတာ၅၀ကျော်လောက် ဖြစ်နိုင်တယ်။သက်တမ်းရင့်လာတာနဲ့အမျှ အပင်ဟာ ကြီမားသလို ပိုမိုကျယ့်ပြန့်လာတယ်။အမြစ်ဟာ နက်ရှိုင်းစွာတွယ်ဝင်နေသလို ပျက်ဆီးဖို့လည်း ခက်ခဲလာတယ်။လေဒဏ်၊မိုးဒဏ်သာမက ပိုးမွှားဒဏ်တွေပါကာကွယ်ပေးတယ်။ ရေစီးရေလာကောင်းမွန်တဲ့နေရာမှာ အဓိကပေါက်ရောက်တယ်။အပင်မှာ အဖိုပင်၊အမပင် နှစ်မျိုးရှိတယ်။အပင်ကရတဲ့ အရွက်၊ အသီးတွေ ဟာ ဆေးဖက်ဝင်လို့  သမိုင်းမတင်မီခေတ်တွေကတည်းက သုံးစွဲခဲ့ကြပြီး ဖြစ်ပါတယ်။

ကမ္ဘာဦးပင် အရွက်

-လက်တင်ဘာသာအရ biloba ဆိုတာ အရွက်ကို ကိုယ်စားပြုတယ်။ "bi"ဆိုတာ "two"ကိုရည်ညွန်းတယ်။"loba"ဆိုတာ "lobed"အဝိုက်နှစ်ခုနဲ့ ယပ်တောင်ပုံ ရှိတယ်။ အကြောတွေဟာ အရွက်ကြော တလျှောက် ယှက်ဖြာနေတယ်။
-အရွယ်အစားအားဖြင့် ၂-၄လက်မထိ ရှိတယ်။
-ပုံမှန်အားဖြင့် အစိမ်းရောင်ရှိတယ်။နွေရာသီမှာ စိမ်းနေတဲ့ အရွက်ဟာ ဆောင်းဦးပေါက်မှာ ဝါလာတယ်။ ဝါပြီး ၂ပတ်မှ ၁လအတွင်း အရွက်ကြွေနိုင်တယ်။ဆောင်းဦး ရွက်ကြွေ အပင်မျိုးလည်းဖြစ်တယ်။
-အနောက်နိုင်ငံတွေက အရွက်က အဆီအနှစ် ထုတ်ယူပြီး ဆေးတွေဖော်စပ်ကြတယ်။ အမေရိကားရဲ့ ရောင်းအား အကောင်းဆုံးဆေးဖက်ဝင် အပင်မျိုးလည်း ဖြစ်ပါတယ်။ 
Ginkgoဆိုတဲ့အမည်ကို တရုတ်တွေက "ယင်ရှင့်"လို့ သုံးနှုံးတယ်။ငွေရောင်အဆင်းရှိတဲ့တရုတ်ဆီးသီးတဲ့။

ginkgoဆိုတဲ့အသုံးအနှုန်းကတော့ ဂျာမန်လူမျိုး ရုက္ခဗေဒပညာရှင်ကြောင့် ပေါ်ပေါက်လာတာတွေ့ရတယ်။ကမ္ဘာဦးပင်ကို ဂျပန်အသံထွက်နဲ့  Ginkyo(ဂျင်ကျို)လို့ခေါ်ပါတယ်။ ၁၆၉၀ခုနှစ်မှာ ဂျပန်ဘုရားကျောင်းဝင်းဥယျာဉ်တခုထဲမှာ အပင်တွေလေ့လာရင်း ဂျပန်အခေါ် ဂျင်ကျိုပင်ကို စတင်တွေ့ရှိခဲ့တယ်။ဂျင်ကျိုပင်ကို လေ့လာရင်း အသုံးဝင်ပုံကို သုတေသနတွေလုပ်ခဲ့တယ်။၁၇၁၂ခုနှစ်မှာ ginkyoဂျပန်အသံထွက်ကိုလိုက်ပြီး ginkgoလို့ အမှတ်မဲ့ ရေးသားဖော်ပြရာက ဒီလို အမည်တွင်ခဲ့ပါတယ်။

ကမ္ဘာဦးပင် အသီးနဲ့ အစေ့

ရှေးခေတ်တွေက တရုတ်သမိုင်းမှာ ginkgo အသီးကို "ရင်းကော"ဆိုတဲ့အမည်နဲ့ မှတ်တမ်းတင်ခဲ့ကြတယ်။ silver fruitငွေရောင် အသီးဆိုတဲ့ အဓိပ္ပါယ်ပဲ။ အခုခေတ်တော့ တရုတ်တွေဟာ "ပိုင်ကော"လို့ ပြောမှသာသိတော့တယ်။ "ပိုင်"ဆိုတာ ဖြူတာ၊"ကော"ဆိုတာ အသီး၊သစ်သီးလို့ အဓိပ္ပါယ်ရတယ်။တရုတ်အသံထွက်မှာ အသံစွဲငင်၊အဖြတ်အတောက် အရေးကြီးသေးတယ်။phonetic သဘောအရပြောမယ်ဆိုရင် "ပိုင်"သံပြတ်သဘော နိမ့်ရာမှတဆင့် မြှင့်ပြောမှ ပြောနည်းမှန်တယ်။"ကော"ပြောတဲ့အခါ သံရှည်စွဲပြီး မြှင့်၊နိမ့်၊မြှင့် ပုံစံပြောရတယ်။ ဒါမှ အဖြူရောင်သီးလို့အသံမှန်ထွက်တယ်။"ပိုင်"ဆိုတာကိုပဲ သံရှည်စွဲပြီး အလယ်လောက်မှာ အသံနှိမ့်ပြောရင် "တစ်ရာ" ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပြန်တယ်။တချို့တွေက နှစ်တစ်ရာသီးလို့လည်း ခေါ်ကြတယ်။နှစ်တစ်ရာသီးထဲမှာ ရှိတဲ့ အစေ့ကိုကျွန်တော်တို့ မြန်မာတွေက ပဲကောလို့ သိကြတယ်။ပဲစေ့ပုံစံရှိတာအပြင် တရုတ်အခါ် "ပိုင်ကော"ကို ပေါင်းစပ်ပြီး မြန်မာမှုပြုလိုက်တော့ ပဲကောဖြစ်လာတယ်။အစေ့မှာကိုပဲ အပြင်ကအခွံကို ရေနွေးနဲ့ပြုတ်ပြီးမှ တူနဲ့ထုခွာရတယ်။ခွာရင် မကွဲအောင် သတိထားထုရတယ်။ အခွံထဲကအစေ့က အဝါရောင်ရှိတယ်။ချက်စားရင် အရသာရှိတယ်။ဒင်ညှင်းသီးနဲ့ အရသာဆင်တူတယ်။ခါးသက်သက်နဲ့ စားလို့အင်မတန်ကောင်းတယ်။ ဈေးလည်းကြီးတယ်။တရုတ်မင်္ဂလာဆောင်တွေမှာ ထည့်သွင်းကျွေးတတ်တယ်။ပဲကောအစေ့ကို  အာရှတိုက်မှာ အဓိကစားသုံးကြတယ်။အရှေ့တောင်အာရှမှာကို သူ့ဟာနဲ့သူ အခေါ်အဝေါ်မတူညီကြဘူး။

ဟီရီုရှီးမားနျူကလီးယားဗုံးနဲ့အပြိုင် နာမည်ကြီးခဲ့တဲ့အပင်
ဆေးကုမ္ပဏီတွေginkgo bilobaဆေးကို  promotionဝင်တဲ့ အခါ ဒီအချက်ကို အလေးထားပြောဆိုကြတယ်။ ဆေးအကြောင်း ထက် နျူကလီးယားဗုံးပေါက်ပြီး မသေတဲ့အပင်ဆိုပြီး ဝိသေသကို ထုတ်ဖော်ပြောဆိုကြတယ်။ သူတို့ပြောတာမှားတယ်မဆိုနိုင်ပေမယ့် လုံးဝမှန်တာကြီးလည်းမဟုတ်ဘူး။ ၁၉၄၅ခုနှစ် နျူကလီးယား ဗုံးပေါက်တဲ့နေရာနဲ့ ၂ကီလိုမီတာအတွင်းမှာရှိတဲ့ gingko biloba အပင် ခြောက်ပင်လည်း ပါဝင်ခဲ့ပါတယ်။ ထိုအချိန်ကလောင်ကျွမ်းပျက်ဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်
သက်ရှိအပင်တွေထဲမှာ သက်တမ်းအရှည်ကြာဆုံး၊ရာသီဥတုဒဏ်ကို အခံနိုင်ဆုံးက ginkgo bilobaခေါ်တဲ့ ကမ္ဘာဦးပင် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်သန်းပေါင်း၂၇၀ကျော်က ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့ရတယ်။ရှေးယခင် နှစ်သန်းပေါင်းများစွာကတည်းက ယနေ့ထက်တိုင် တွေ့နေဆဲဖြစ်တာကြောင့်ကမ္ဘာဦးပင်လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။
နာက်ကြောင်းရာဇဝင်လိုက်ကြည့်ရင် တရုတ်ပြည်က ဇာတိချက်ကြွေဖြစ်နေတာ တွေ့ရတယ်။ပုံမှန်အားဖြင့် မီတာ ၃၀လောက်ရှိတဲ့အပင်ဟာ တရုတ်ပြည်မှာ မီတာ၅၀ကျော်လောက် ဖြစ်နိုင်တယ်။သက်တမ်းရင့်လာတာနဲ့အမျှ အပင်ဟာ ကြီမားသလို ပိုမိုကျယ့်ပြန့်လာတယ်။အမြစ်ဟာ နက်ရှိုင်းစွာတွယ်ဝင်နေသလို ပျက်ဆီးဖို့လည်း ခက်ခဲလာတယ်။လေဒဏ်၊မိုးဒဏ်သာမက ပိုးမွှားဒဏ်တွေပါကာကွယ်ပေးတယ်။ ရေစီးရေလာကောင်းမွန်တဲ့နေရာမှာ အဓိကပေါက်ရောက်တယ်။အပင်မှာ အဖိုပင်၊အမပင် နှစ်မျိုးရှိတယ်။အပင်ကရတဲ့ အရွက်၊ အသီးတွေ ဟာ ဆေးဖက်ဝင်လို့ သမိုင်းမတင်မီခေတ်တွေကတည်းက သုံးစွဲခဲ့ကြပြီး ဖြစ်ပါတယ်။

ကမ္ဘာဦးပင် အရွက်

-လက်တင်ဘာသာအရ biloba ဆိုတာ အရွက်ကို ကိုယ်စားပြုတယ်။ "bi"ဆိုတာ "two"ကိုရည်ညွန်းတယ်။"loba"ဆိုတာ "lobed"အဝိုက်နှစ်ခုနဲ့ ယပ်တောင်ပုံ ရှိတယ်။ အကြောတွေဟာ အရွက်ကြော တလျှောက် ယှက်ဖြာနေတယ်။
-အရွယ်အစားအားဖြင့် ၂-၄လက်မထိ ရှိတယ်။
-ပုံမှန်အားဖြင့် အစိမ်းရောင်ရှိတယ်။နွေရာသီမှာ စိမ်းနေတဲ့ အရွက်ဟာ ဆောင်းဦးပေါက်မှာ ဝါလာတယ်။ ဝါပြီး ၂ပတ်မှ ၁လအတွင်း အရွက်ကြွေနိုင်တယ်။ဆောင်းဦး ရွက်ကြွေ အပင်မျိုးလည်းဖြစ်တယ်။
-အနောက်နိုင်ငံတွေက အရွက်က အဆီအနှစ် ထုတ်ယူပြီး ဆေးတွေဖော်စပ်ကြတယ်။ အမေရိကားရဲ့ ရောင်းအား အကောင်းဆုံးဆေးဖက်ဝင် အပင်မျိုးလည်း ဖြစ်ပါတယ်။
Ginkgoဆိုတဲ့အမည်ကို တရုတ်တွေက "ယင်ရှင့်"လို့ သုံးနှုံးတယ်။ငွေရောင်အဆင်းရှိတဲ့တရုတ်ဆီးသီးတဲ့။

ginkgoဆိုတဲ့အသုံးအနှုန်းကတော့ ဂျာမန်လူမျိုး ရုက္ခဗေဒပညာရှင်ကြောင့် ပေါ်ပေါက်လာတာတွေ့ရတယ်။ကမ္ဘာဦးပင်ကို ဂျပန်အသံထွက်နဲ့ Ginkyo(ဂျင်ကျို)လို့ခေါ်ပါတယ်။ ၁၆၉၀ခုနှစ်မှာ ဂျပန်ဘုရားကျောင်းဝင်းဥယျာဉ်တခုထဲမှာ အပင်တွေလေ့လာရင်း ဂျပန်အခေါ် ဂျင်ကျိုပင်ကို စတင်တွေ့ရှိခဲ့တယ်။ဂျင်ကျိုပင်ကို လေ့လာရင်း အသုံးဝင်ပုံကို သုတေသနတွေလုပ်ခဲ့တယ်။၁၇၁၂ခုနှစ်မှာ ginkyoဂျပန်အသံထွက်ကိုလိုက်ပြီး ginkgoလို့ အမှတ်မဲ့ ရေးသားဖော်ပြရာက ဒီလို အမည်တွင်ခဲ့ပါတယ်။

ကမ္ဘာဦးပင် အသီးနဲ့ အစေ့

ရှေးခေတ်တွေက တရုတ်သမိုင်းမှာ ginkgo အသီးကို "ရင်းကော"ဆိုတဲ့အမည်နဲ့ မှတ်တမ်းတင်ခဲ့ကြတယ်။ silver fruitငွေရောင် အသီးဆိုတဲ့ အဓိပ္ပါယ်ပဲ။ အခုခေတ်တော့ တရုတ်တွေဟာ "ပိုင်ကော"လို့ ပြောမှသာသိတော့တယ်။ "ပိုင်"ဆိုတာ ဖြူတာ၊"ကော"ဆိုတာ အသီး၊သစ်သီးလို့ အဓိပ္ပါယ်ရတယ်။တရုတ်အသံထွက်မှာ အသံစွဲငင်၊အဖြတ်အတောက် အရေးကြီးသေးတယ်။phonetic သဘောအရပြော မယ်ဆိုရင် "ပိုင်"သံပြတ်သဘော နိမ့်ရာမှတဆင့် မြှင့်ပြောမှ ပြောနည်းမှန်တယ်။"ကော"ပြောတဲ့အခါ သံရှည်စွဲပြီး မြှင့်၊နိမ့်၊မြှင့် ပုံစံပြောရတယ်။ ဒါမှ အဖြူရောင်သီးလို့အသံမှန်ထွက်တယ်။"ပိုင်"ဆိုတာကိုပဲ သံရှည်စွဲပြီး အလယ်လောက်မှာ အသံနှိမ့်ပြောရင် "တစ်ရာ" ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပြန်တယ်။တချို့တွေက နှစ်တစ်ရာသီးလို့လည်း ခေါ်ကြတယ်။နှစ်တစ်ရာသီးထဲမှာ ရှိတဲ့ အစေ့ကိုကျွန်တော်တို့ မြန်မာတွေက ပဲကောလို့ သိကြတယ်။ပဲစေ့ပုံစံရှိတာအပြင် တရုတ်အခါ် "ပိုင်ကော"ကို ပေါင်းစပ်ပြီး မြန်မာမှုပြုလိုက်တော့ ပဲကောဖြစ်လာတယ်။အစေ့မှာကိုပဲ အပြင်ကအခွံကို ရေနွေးနဲ့ပြုတ်ပြီးမှ တူနဲ့ထုခွာရတယ်။ခွာရင် မကွဲအောင် သတိထားထုရတယ်။ အခွံထဲကအစေ့က အဝါရောင်ရှိတယ်။ချက်စားရင် အရသာရှိတယ်။ဒင်ညှင်းသီးနဲ့ အရသာဆင်တူတယ်။ခါးသက်သက်နဲ့ စားလို့အင်မတန်ကောင်းတယ်။ ဈေးလည်းကြီး တယ်။ တရုတ်မင်္ဂလာဆောင်တွေမှာ ထည့်သွင်းကျွေးတတ်တယ်။ပဲကောအစေ့ကို အာရှတိုက်မှာ အဓိကစားသုံးကြတယ်။အရှေ့တောင်အာရှမှာကို သူ့ဟာနဲ့သူ အခေါ်အဝေါ်မတူညီကြဘူး။

ဟီရီုရှီးမားနျူကလီးယားဗုံးနဲ့အပြိုင် နာမည်ကြီးခဲ့တဲ့အပင်
ဆေးကုမ္ပဏီတွေginkgo bilobaဆေးကို promotionဝင်တဲ့ အခါ ဒီအချက်ကို အလေးထားပြော ဆိုကြတယ်။ ဆေးအကြောင်း ထက် နျူကလီးယားဗုံးပေါက်ပြီး မသေတဲ့အပင်ဆိုပြီး ဝိသေသကို ထုတ်ဖော်ပြောဆိုကြတယ်။ သူတို့ပြောတာမှားတယ်မဆိုနိုင်ပေမယ့် လုံးဝမှန်တာကြီးလည်းမဟုတ်ဘူး။ ၁၉၄၅ခုနှစ် နျူကလီးယား ဗုံးပေါက်တဲ့နေရာနဲ့ ၂ကီလိုမီတာအတွင်းမှာရှိတဲ့ gingko biloba အပင် ခြောက်ပင်လည်း ပါဝင်ခဲ့ပါတယ်။

ဆေးပညာဆိုင်ရာဆောင်းပါးများ

0 comments:

Post a Comment