Thursday, October 24, 2013

ကွာရှင်းစာချုပ်တစ်စောင်ရဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတစ်ခု


ခံစားချက်ကိုယ်ဆီနဲ့ တိတ်ဆိတ်နေကြသူ လူသားနှစ်ဦး ။ တိတ်ဆိတ်နေကြပေမယ့် လူသားနှစ်ဦး စလုံး ရင်ထဲမှာ နာကျင်ကြေကွဲတာချင်းတော့ ထပ်တူညီနေမယ်ထင်ပါတယ် ။ ငေးကြည့်နေကြတဲ့ သူတွေရဲ့ မျက်လုံးတွေကို မသိကျိုးနွံ့ ပြုကာ တရားရုံးထဲကထွက်လာတဲ့ စုံတွဲတစ်တွဲ ။ ကျောခိုင်းထွက်လာရပေမယ့် ရင်ထဲကခံစားနာကျင်ရတာတွေကိုတော့ ဥပက္ခာပြုလို့မရနိုင် ပါလား ။ အဖြစ်ပျက်တိုင်းမှာ အခြေခံအကြောင်းရင်း အချက်လက်ပေါင်းများစွာ ရှိနေတတ်ပါဧ။် ။ အလားတူပါပဲ ။ ကွာရှင်းစာချုပ်တစ်စောင်ပေါ် လက်မှတ်ထိုးလိုက်ကြတဲ့ လူသားနှစ်ဦးဆီတိုင်းရဲ့ နောက်ကွယ်တွင်လည်း အကြောင်းရာ အဖြစ်ပျက်လေးတွေ ရှိနေတတ်ကြပါဧ။် ။


ဘ၀တစ်ခုကို တူတူတည်ဆောက်ခဲ့ကြပြီးမှ ဘာလို့ လမ်းခွဲခြင်းဆိုတဲ့ ခေါင်းစဉ်
တစ်ခုအောက် ကို ရောက်ခဲ့ကြရသလဲ ။
အိမ်ထောင်တစ်ခုကို အပြီးတိုင် အဆုံးသတ်လမ်းခွဲဖို့
ဆုံးဖြတ်တဲ့နေရာမှာ မိန်းကလေးတွေက ယောကျာင်္းလေးတွေထက် ဘက်စုံ ထောင့်စုံကနေ သေသေချာချာ ပိုပြီးတွေးတော ဆင်ခြင် တတ်ကြပါတယ်
* ကို *။ အိမ်ထောင်ပျက်မိန်းမ တစ်ယောက်ရဲ့ ဘ၀ကို မရောက်လိုကြသည့် မိန်းမသားတို့ရဲ့ မွေးရာပါဗီဇစိတ်တစ်ခုကြာင့် ထိန်းချုပ် သည်းခံ ဖို့ အတတ်နိုင်ဆုံး
ကြိုးစားတတ်ကြပါသေးတယ်။ ဒါပေမယ့်ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့တဲ့ အချိန် တစ်ခုကို ရောက်လာတဲ့ အခါမှာတော့ နာကျင်ခံစားခြင်း ဝေဒနာတွေကို မသိချင်ယောင်ဆောင် သံမဏိနှလုံးသားတစ်စုံ ရင်ဝယ်မှာ ရှိသည့်အလား ဟန်ဆောင်လို့ မာန်တင်းကာ ကွာရှင်းစာချုပ်တစ်ခုပေါ်မှာ လက်မှတ်ထိုးလိုက်ရပါပြီ *ကို * ။


* ကွာရှင်းစာချုပ်တစ်စောင် ရဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတစ်ခု *


ကြွေ လက်ထပ်ခဲ့စဉ်က ကြွေအသက် 18နှစ်ဘဲရှိပါသေးတယ် ။ အချစ်ဆိုတာနဲ့ ခင်မင်မှု သံယောဇဉ်ဆိုတာကို ကွဲပြားစွာ နားမလည်သေးတဲ့ အချိန်ဆို ပိုမှန်မယ် ။ ကြွေမိဘ နှစ်ပါးက ကျောင်းဆရာ ဆရာမတွေ ဖြစ်တဲ့ အတွက် ကြွေတို့ကို အရမ်းကို ချုပ်ချယ်ခဲ့ပါတယ် ။ ကျောင်းစနေ အရွယ်သူငယ်တန်းကစလို့ ဆယ်တန်းရောက်တဲ့ ထိအောင် ကြွေဘ၀မှာ သူငယ်ချင်းတွေနဲ့အတူ အပြင်သို့ လည်ပတ်ခြင်းမျိုး မရှိခဲ့ဘူးပါ ။ ကျောင်းတက်ရတဲ့ချိန်တွေမှာ မနက်9နာရီ ကျောင်းတက်ခေါင်းလောင်းတီးတယ်ဆိုရင် 8.45အတိမှ အိမ်ကကားနဲ့လိုက်ပို့ပေးပါတယ်။ကျောင်းရှေ့ကို ရောက်တာနဲ့ ကျောင်းတက်
ခေါင်းလောင်းထိုး ကွက်တိပါပဲ ။

အိမ်ထဲမှာလိုအပ်ချက်မရှိအောင် ဖြည့်ဆီးပေးတတ် ပေမယ့် နေထိုင်သွားလာမှုတွေကိုတော့ အလိုမလိုက်တတ်တဲ့ ဖေဖေ နဲ့ မေမေ ရဲ့ထိန်းချုပ်မှုအောက်မှာ လူလားမြောက် ကြီးပြင်းခဲ့ရသူပါ ။ ကြွေ လိမ်းဖို့ သနပ်ခါးတောင်
ကြွေကိုယ်တိုင် သွေးမလိမ်းရအောင် ဖြည့်စီးပေးတတ်တေဲ့ မိဘနှစ်ပါးပါ ။ ဒီလိုနဲ့အချိန်တွေကို ဖြတ်သန်းလာလိုက်တာ ကြွေ ကိုးတန်းနှစ်ကို အရောက်မှာ *ကို* နဲ့စတင်ဆုံဆည်းခဲ့ပါတယ် ။ *ကို *က ကြွေ နားကိုလိမ်မာပါးနပ်တဲ့ ခြေလှမ်းတွေ နဲ့ ချဉ်းကပ်လာခဲ့တယ်။ ကြွေအတွက် အပြင်ထွက်ချိန်ဆိုတာ ကျောင်းဝန်းထိပ်ကနေ စာသင်ခန်းထဲကို မရောက်ခင် ကြားကာလလေးကို ဆိုလိုပါတယ် ။ ဒီကြားကာလလေးတွေဘဲ ကို ဆိုတဲ့လူက အမိရ အသုံးချတတ်သူပါ ။ဒီအချိန်လေးတွေမှာဘဲ အမိအရ စာလိုက်ပေးတတ်တယ် ။ ကြွေ တို့ခေတ်က လွယ်အိတ်ထဲကိုစာထည့် ပေးတဲ့ ခေတ်ပေါ့ ။ ကြွေမသိအောင်ကြွေလွယ်အိတ်ထဲကို ကို စာချွန်လွှာတွေ တစ်နေ့တစ်စောင် ရောက်ရောက်လာတတ်ဧ။် ။ ကို က ကြွေထက် နှစ်နှစ်တိတိ ကြီးပေမယ့် အတန်းကတော့ တူတူပါဘဲ ။ ခုချိန်မှာ ကြွေကိုယ် ကြွေ ပြန်တွေးမိတယ် ။ကို့ကို ကြွေ တကယ်မှ ချစ်ခဲ့ရဲ့လားလို့လေ။ ဟင်အင် ! ငယ်လွန်းတဲ့ အသက်ရွယ်မှာသာယာတဲ့ စိတ် ၊ တင်းကျပ်လွန်းတဲ့ ဘောင်တွေကလေ လွတ်မြောက်ချင်တဲ့ စိတ်ခံစားမှုက အားကိုးရာကို ဆုပ်ကိုင်ခဲ့မိတာ ။ ဒီခံစားမှုကို အချစ်လို့ ခေါင်းစဉ် မှားတပ်ခဲ့မိတာပဲ ။ သေချာပါတယ် ။
ကြွေ ကို့ကို မချစ်ခဲ့ဘူး ။ 14 ၊ 15 နှစ်ဆိုတဲ့အရွယ်ဟာ လေတိုက်ရင်တောင် လိုက်ရယ်ချင်တဲ့ အရွယ်မျိုးပါ။ ကို က ကျောင်းမှာလဲ စတား လေ ။ သုံးနိုင် ၊ ဖြုန်းနိုင်သူ သူဌေးသားတစ်ဦး ။ ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်းပြီး ကျောင်းတက်သူ ။မိန်းကလေးအများစုရဲ့ စိတ်ဝင်စာခြင်းကို ခံရတဲ့ သူတစ်ယောက်ပေါ့ ။ ဒီလိုလူက ကြွေကို ချစ်တယ်ဆိုတော့ သာယာမိခဲ့တယ် ။ကြွေတို့ သူငယ်ချင်းအဖွဲ့လေးထဲကို* ကို* မသိမသာနဲ့ နေရာယူလာခဲ့တယ် ။ ကြွေကလွဲရင် သူငယ်ချင်းအားလုံး နဲ့ ကိုက ကျူရှင်တစ်ဝိုင်းထဲ တက်ကြသူတွေ ။ ဒီလိုနဲ့ ကြွေ နဲ့ ကို ရည်းစားတွေ ဖြစ်ခဲ့ကြပါတယ်။

ရည်းစားဆိုတာလဲ စာထဲမှာတင် ရည်းစားဖြစ်နေတာမျိုးပါ ။ သူများ သမီးရည်းစားတွေလို အအေးဆိုင်တူတူ ထိုင်တာ ၊ ဟိုနေရာမှာ ဒီနေရာမှာ ချိန်းတွေ့တာမျိုးလဲ မရှိခဲ့ဘူး ဘူး။ ရည်းစား စဖြစ်တုန်းကတော့ ကို့ က တစ်ခါ နှစ်ခါ ချိန်းခဲ့ဖူးတယ် ။သူချိန်းပေမယ့် ကြွေက ဘယ်ကိုမှ ဘယ်လိုမှ ထွက်ဖို့ အဆင်မပြေတာတွေကြောင့် နောက်ဘယ်တော့မှ ကြွေကို မချိန်းတော့ ပါဘူး ။

********************

ကြွေတို့ 10တန်းနှစ်ရောက်တော့ ကြွေ အိမ်က စီးပွားရေးက တစ်ဟုန်ထိုးတက်ချိန် ကိုတို့ အိမ်က စီးပွားအခြေနေက တအားကို ထိုးဆင်းသွားခဲ့ပါတယ် ။ ကိုနဲ့ ကြွေ ရည်းစားဖြစ်နေတာကို သိသွားတော့ ဆယ်တန်းမှာနှစ်ချင်းပေါက် မအောင်ဆိုးတာကြောင့် 
ကြွေမိဘတွေက ကြွေကို ရန်ကုန်မှာ ကျောင်းပြောင်းထားလိုက်ကြတယ် ။ အဲဒီနှစ်မှာ ကြွေက နှစ်ချင်းပေါက် အောင်ခဲ့ပေမယ့် ကို ကတော့ ဆယ်တန်းစာမေးပွဲကို
မအောင်ခဲ့ပါဘူး ။ကြွေ ရန်ကုန်မှာ သွားနေတဲ့ တနှစ်လုံး အဆက်သွယ်ပြတ်ခဲ့ကြရတယ်။ ကြွေ ရန်ကုန်ကနေ ပြန်ရောက်ပြီး တစ်ပတ်လောက်ကြာတော့ ညနေခင်းလေးတစ်ခုမှာ ကြွေနဲ့ ကို အခွေဆိုင် မှာ အမှတ်မထင် ပြန်ဆုံမိခဲ့ကြတယ်။ .ကြွေ အခွေဆိုင်ထဲ ၀င်တော့ ကိုက အခွေဆိုင်ထဲမှာ ကြိုတင် ရောက်နှင့်နေခဲ့တယ်နော် ။ ကို့ ကို ကြွေ လုံးဝမမြင်ဘူး ။.ကြွေ ဆိုင်ထဲ ၀င်လိုက်တယ်ဆိုရင်ဘဲ

*ကြွေလေး*

ရင်းနှီးတဲ့ ခေါ်သံကြောင့် အသံလာရာဆီကို လှည့်ကြည့်လိုက်မိပါတယ် ။

*ဟင် ! ကိုသူ*

*ဘယ်လို ခေါ်လိုက်တာလဲ ကြွေလေး..........ကိုသူဟုတ်လား........ကို လို့ဘဲ ခေါ်ပါကွာ.........နော်*

*မပြောတတ်ဘူးလေ...........ကိုသူမှာ ချစ်သူတွေဘာတွေ ရှိနေရင် အားနာလို့ပါ*

*ရှိစရာလားကွာ........ကြွေလေး ရှိနေတာကို နောက်ထပ် ချစ်သူရှိစရာလား*

*ကြွေ သွားတော့မယ်.........လေးလေး လိုက်ပို့တာ ။ ကို့ကို တွေ့ရင် ကြွေ ဆူခံရမှာ

ကြွေ သွားတော့မယ်နော် ကို*

********************

ဒီလိုနဲ့ဘဲ ကြွေနဲ့ကို အဆက်သွယ် ပြန်ရခဲ့ကြတယ် ။ ရည်းစားတွေ ပြန်ဖြစ်ခဲ့ကြတယ် ။

တစ်နေမှာ့ ဖေဖေနဲ့မေမေက ပြောဆိုနေသံကို ကြွေ အမှတ်မထင်ကြားခဲ့ရပါတယ် ။ ဖေဖေ သူငယ်ချင်းရဲ့ သားနဲ့ ကြွေကို စေ့စပ်ပေးဖို့ တိုင်ပင်နေတာကို ကြွေကြားခဲ့ရတယ် ။ သူက ဆရာဝန်တစ်ယောက် မို့
ကြွေလို မွေးရာပါ နှလုံးရောဂါသည်ကို စိတ်ချရအောင် ဖေဖေ မေမေတို့က စီစဉ်ထားမယ်တဲ့လေ ။ ကြွေကိုတော့ တရားဝင့်အသိမပေးကြသေးပေးပါဘူး ။ ဒါပေမယ့် ကြွေ စိတ်ထဲမှာ အရမ်းစိုးရိမ်မိသွားခဲ့မိတယ် ။ ဝေခွဲရခက်တဲ့ စိတ်တွေ နဲ့ ရင်ထဲမှာ ဗလောင်စူနေမိဧ။် ။ တစ်ခါမှ မသိတဲ့ သူတစ်ယောက်ကို ကြွေ မလိုချင်ဘူး ။ နောက်တစ်ခုက ကြွေ ခုလိုချုပ်ချယ်ခံဘ၀ကြီးကိုလဲ မွန်းကျပ်လွန်းလှပြီ။ တွေးရင် ကြွေ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ။ ကြွေ ကို့ဆီဖုန်းခေါ်ပြီး အကျိုးအကြောင်းတွေကို ပြောပြလိုက်မိတယ် ။ ကို့ ကလည်း ချက်ချင်းဘဲ ခိုးပြေးဖို့ စီစဉ်ခဲ့တယ် ။ ကြွေ အံ့သြနေမိတယ် ။ အိမ်မက်များ မက်နေသလားလို့ ပေါ့ ။ ဒီလို မသေချာ မရောရာမှုတွေနဲ့ အိမ်ထောင်သည်ဆိုတဲ့ ဘ၀ တစ်ခုကို ကြွေ အသက် 18နှစ်နဲ့ 7ရက်ပြည့်တဲ့နေ့မှာ ရောက်ရှိခဲ့ပါတယ်။

********************

ညားကာစအချိန်တွေကတော့ အချိုမိန်ဆုံးအချိန်တွေပေါ့ ။ သုံးလလောက် ကြာပြီး နောက်ပိုင်းကစလို့ ကျွန်မသောကတွေ နဲ့ စတင်ရင်ဆိုင်ရတော့တာပါဘဲ။ ကြွေထင်ခဲ့တာက ကြွေ မရဘူးတဲ့ ပျော်ရွင် လွပ်လတ်ခြင်းတွေ ရလိမ့်မယ်လို့ တထစ်ချ ယုံကြည်မိခဲ့တယ် ။တစ်ကယ်တမ်း ကြွေ ပိုင်ဆိုင်လိုက်ရတာက ကို့ရဲ့ နေတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တာဝန်မယူတတ်ခြင်း ၊ ဥပက္ခာပြုရက်စက်ခြင်းဆိုတာတွေကို ဘဲ ကြွေ အဲပြည့်ဝ ပိုင်ဆိုင်လိုက်ရတယ် ။ ကြွေ အိမ်ထောင်သက် တနှစ်လောက်မှာတော့ကြွေ အသေချာသိသွားခဲ့တယ် ။ ကြွေ ကို့ကို လုံးဝမချစ်ခဲ့ဘူးဆိုတာကို ပေါ့ ။ ဒါပေမယ့် ကြွေ မှာ ပြင်ဆင်ဖို့ အခွင့်ရေးလုံးဝကို မရှိခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ ကြွေ မိကောင်းဖခင်သားသမီးပီတစွာ တစ်သက်မှာ တခါဘဲ အိမ်ထောင်ပြုချင်တယ် ။ အဲဒီအိမ်ထောင်ကိုလဲ တည်မြဲဖို့ ကြွေ ကြိုးစားချင်တယ်။ ကို့ ကြွေအပေါ် တာဝန်မကျေလဲ ကြွေ ပျော်အောင်ကြိုးစားနေခဲ့ပါတယ် ။ တကယ်သူဌေးသား စစ်တွေ ဆိုတော့ ငွေတန်ဖိုးကို နာမလည်ဘူး ။ တဖြေးဖြေး ဆိုးရွားလာတဲ့ ကို့အခြေနေက ကြွေ အကိုင်တွယ်မတတ်လို့လား ကံကြမ္မာက ရက်စက်ခဲ့စေသလား ။ စီးပွားရေးကို သေချာ မလုပ်တတ်တော့ ဘာအလုပ်ကို လုပ်လုပ် အရှုံးတွေ ပေါ် အကြွေးတွေတင် ။ဓိကဈေးကွက်ကိုနာမလည်တာပါပဲ ။ လူမှုရေးနဲ့စီးပွားရေးကို
ရောထွေးတတ်တဲ့ ကိုအကျင့်က တော်တော်ဆိုးစေပါတယ် ။ပတ်ဝန်းကျင်မှာ ကို့က သဘောကောင်းသူ တစ်ယောက် ။ အိမ်မှာတော့ မိသားစုက မပြေလည်မှု ၊ စီးပွားရေး ကျပ်တည်းမှု သောက ပင်လယ်မှာ ဘောလောမျော ။ လိုအပ်တာထက် ပိုသဘောကောင်းနေတော့ အပေါင်းသင်းမက်တဲ့သဘောသက်ရောက်စေခဲ့တယ် ။ ဘာလုပ်လုပ် အရှုံးပေးလွယ်တဲ့ သူစိတ်က နားလည်ရခက်အောက် မထုံတတ်တေး နိုင်တတ်ပါသေးတယ် ။ နောက်ဆုံးတော့ မပြေလည်ခြင်းတွေက တစ်ဖြေးဖြေး ပိုလို့ များပြား လာခဲ့ရတယ် ။ စိတ်ညစ်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခု နဲ့ အရက်လေး တမျှမျှ ဖြစ်လာရာကနေ နောက်ဆုံးတော့
အရက်သမားလုံးလုံး ဖြစ်သွားတော့တာပါပဲ ။
စိတ်ညစ်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ မိုးလင်းမိုးချုပ် အရက်ကို သောက်လာလိုက်တာ နောက်ဆုံး လမ်းဘေးမှာ လက်ဖက်သုတ် အအေးတွေတောင် ရောင်းရတဲ့ ဘ၀ကို ကြွေရောက်ခဲ့တယ် ။ ကြွေ အဲဒီအချိန်ထိ နောက်ဆုတ်လိုက်ဖို့ မတွေးခဲ့ပါဘူး ။ ကြွေ ရွေးချယ်ထားတဲ့ လမ်းတစ်ခုကို အဆုံးထိ လျှောက်ဖို့ကိုဘဲ ကြွေ တွေးမိတယ်။ မိုးကြီးလေကြီး ကျနေတဲ့အချိန် မီးတွေကပျက် ခြောက်ခြားဖို့ကောင်းတဲ့ညတွေမှာ အိမ်တံခါးကို အပြင်ကနေ သော့ခတ်ပြီး
တစ်ယောက်ထဲ ပြစ်ထားခဲ့တဲ့ ရက်စက်မှုတွေကိုလည်း အကြိမ်ကြိမ် ရရှိပိုင်ဆိုင်ခဲ့ဘူးတယ် ။ ဒီလိုရက်စက်ခြင်းတွေကို ပိုင်ဆိုင်ရရှိခဲ့ဘူးလည်း နောက်ဆုတ်ဖို့ မတွေးခဲ့ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ အိမ်ထောင်ကွဲ မိန်းမတစ်ယောက်အဖြစ်ကို မခံယူချင်လို့ပါ။*ကို* မပေါ် သည်းခံနိုင်မှုတွေ ကြွေရင်ထဲ ထွက်ပြေးမသွားပါစေနဲ့လို့ဘဲ ကြွေ အကြိမ်ကြိမ် ဆုတောင်းနေခဲ့မိတယ် ။ ဒါပေမယ့် ကြွေဆုတောင်းတွေ မပြည့်ခဲ့ပါဘူး ။

********************

ကြွေ ကို့ကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရတဲ့ ရင်နာစရာ ဖြစ်ရပ်လေး



တစ်ခုသော မနက်ခင်းလေးမှာ ကြွေ ဆိုင်ခင်းနေတုန်းဧည့်သည်တစ်ယောက် ရောက်လာတယ် ။ အဲဒီဧည့်သည်ကို တွေ့လိုက်ရတော့ ကြွေ အရမ်းကို အံ့သြသွားမိတယ် ။ဘာလို့လဲဆိုတော့ ကြွေဆီကို လာလည်တဲ့ သူက ကြွေ ကို ငယ်ငယ်က စိတ်ဝင်စားခဲ့ဖူးတဲ့ အကိုကြီး တစ်ယောက်ဖြစ်နေလို့ပါပဲ ။ အဲဒီအကိုက ကြွေ ဆီကိုလာလည်တာတဲ့လေ ။ ကြွေ အတွက်ဆိုပြီး အရုပ်အကြီးကြီးတစ်ခုပါ လက်ဆောင်ပေးသွားခဲ့တယ် ။ .ကြွေ အတင်းငြင်းနေတဲ့ကြားက အဲဒီအကိုက အတင်းကို ပေးသွားခဲ့တယ်။ ဒီအချိန် *ကို* လဲ ကြွေအနားမှာ ရှိနေခဲ့ပါတယ် ။ ကို ကလည်း ယူလိုက်ပါဆိုတာနဲ့ ကြွေ လက်ခံထားလိုက်မိတယ် ။ အဲဒီအကို ပြန်သွားပြီး5ရက်လောက်အကြာမှာ အရုပ်ကြီးက ထိတာနဲ့ သီချင်းသံတွေ ထွက်နေလို့ဓာတ်ခဲတွေ ထုတ်လိုက်တယ်ဆိုရင်ဘဲ ဓာတ်ခဲထည့်တဲ့နေရာမှာ ငွေ တစ်သိန်းတစ်အုပ်နဲ့စာတစ်စောင်ကို တွေ့လိုက်ရပါတယ် ။စာကိုဖတ်ကြည့်လိုက်တော့

ညီမလေး

အကို လာလည်တယ်ဆိုတာ ညီမလေးအပေါ် ဘာစိတ်မှ မရှိပါဘူးနော်.........ညီမလေးတစ်ယောက်လို ခင်လို့ပါ။ ခုပေးတဲ့ ပိုက်ဆံကလဲ အကိုတစ်ယောက်က ညီမလေးတစ်ယောက်ကို မုန့်ဖိုးပေးတာပါပဲ ။ ဒီတိုင်းပေရင် ကြွေ လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတာ ကို သိနေလို့ ဒီလိုထည့်ပေးလိုက်ရတာပါ ။ ကြွေ ကို ခုလိုဘ၀နဲ့ မြင်နေရတာလဲ ကိုကြီးတကယ်ကို စိတ်မကောင်းဘူး ။ ကြွေ အမြန်ဆုံး ပျော်ရွင်ဖွယ် ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေနော်............။

ကိုကြီး

ကြွေ လေ စိတ်မကောင်းလိုက်တာ ။ ကြွေ ဘယ်သူဆီကမှလဲ ဒီလို မယူခဲ့ ဘူးဘူး ။ ကိုကြီးပေးတဲ့ ငွေကိုလဲကြွေ ဘယ်လိုမှ လက်မခံနိုင်ဘူး။ စိတ်လဲတအားဆိုးမိခဲ့တယ် ။ ချက်ချင်း ကိုကြီးဆီ ဖုန်းဆက်ပြီး ငွေကို ပြန်ပို့မဲ့အကြောင်းပြောပြလိုက်တယ်။ ကြွေသိတဲ့ နေ့က သောကြာနေ့ ညနေဖြစ်နေတာမို့ ပိုက်ဆံ ချက်ချင်း လွဲဖို့ အဆင်မပြေဘူး ။ တနလာင်္နေ့ ရောက်မှ လွှဲပေးမယ့် အကြောင်း ပြောပြပြီး ပိုက်ဆံတွေကို ဒီတိုင်းဘဲ သိမ်းထားခဲ့တယ် ။ တနလာင်္နေ့ ရောက်လို့ ငွေလွှဲဖို့ ပိုက်ဆံကို ကြည့်လိုက်တော့ပိုက်ဆံအုပ်ထဲက ငွေ 5သောင်းလျော့နေခဲ့တယ် ။ ကြွေ ကို့ကို အော်ခေါ်တာပေါ့................

*ကို့ .......ကို..........*

*ဟာ.....ဘာလို့ အော်နေတာလဲကွာ...........ဆူညံနေတာဘဲ*

*ကိုရေ ပိုက်ဆံ 5သောင်းပျောက်သွားလို့ လုပ်ပါအုံး ဒီနေ့ လွဲပေးမယ်ပြောထားတာ*

*ကို သုံးလိုက်တယ်...ကိစ္စရှိလို့*

*ဘာ! ကို သုံးလိုက်တယ် ဟုတ်လား........အောင်မလေး ရက်စက်လိုက်တာ ကိုရယ်.........ကြွေ ဘာနဲ့ ပြန်ထည့်ရမှာလဲ *

*ကြွေကိုက ရှည်တာ ဟိုက မုန့်ဖိုးပေးတာဘဲ ယူလိုက်ပေါ့..............*

*ကို ဘယ်လိုပြောလိုက်တာလဲ...........သူပေးတာကို ကြွေက ယူရင် ဘယ်လိုဖြစ်သွားမလဲကို သေချာတွေးပါအုံး။

ကို ခုလိုသုံးလိုက်တော့ ကို ကြွေကို ရောင်းစားလိုက်တာနဲ့ မတူဘူးလား ကို......ကိုရယ် ရက်စက်လိုက်တာ *

ကိုကတော့ သူမဟုတ်သလိုဘဲ ပြောပြီး ထွက်သွားပါပြီ ။ ကြွေမှာတာ နောက်ဆုံး လက်နက် ကြွေနားက အဖြစ်ပန်ထားတဲ့ နားကပ်လေးကို ချွှတ်ရောင်းကာ ကိုကြီးဆီ ငွေ တစ်သိန်းပြည့်အောင် ပြန်လွှဲပေးခဲ့တယ် ။ ကြွေ ရင်ထဲမှာ စူးနစ်နေအောင် နာကျင်ခံစားလိုက်ရတဲ့ဝေဒနာက ကြွေ ဘ၀ထဲကနေ ကို့ကို အပြီးပိုင်မောင်းထုတ်လိုက်ပါတော့တယ် ။သည်းခံခြင်း၊ နားလည်ခြင်း၊ခွင့်လွတ်ခြင်း ဆိုတဲ့ ခြင်းများစွာကို *ကို *အပေါ်မှာ ကြွေ ထားပေးခဲ့ပြီးပါပြီ။အချစ်ဆိုတာ မရှိခဲ့ပေမယ့် ကြွေ အကောင်းဆုံး နဲ့ တာဝန်အကျေဆုံး ဖြစ်အောင်ကိုအပေါ်မှာ ပေးဆပ်ပေးခဲ့ပါတယ် ။ ဒါပေမယ်
ကြွေ ပြန်ရလိုက်တာတွေက ရက်စက်ခြင်း၊ စာနာမှုကင်းခြင်း ၊ ရက်စက်တဲ့ ဥပက္ခာပြုခြင်း ဆိုတာတွေဘဲ ကိုက ကြွေကို လက်ဆောင်ပြန်ပေးခဲ့တယ် ။ ကို အပေါ်မှာ အရွံ့ကြီးရွံ့ ၊ စိတ်အနာကြီးနာခဲ့ပြီဆိုတာ သေသေချာချာ နားလည်လိုက်ရတဲ့ချိန်မှာ ကို ၀ဋ်ကြွေးတွေကို ဆပ်လို့ကုန်ပြီလို့ သတ်မှတ်လိုက်ပါတော့တယ် ။ ကာလကြာရှည်စွာ ကိုနဲ့ ပတ်သတ်သမျှကို ခံစားကြွေကွဲ ခဲ့သည့် ကြွေ ရင်ထဲမှာ ကိုနဲ့ ပတ်သတ်သမျှ ဆုံးခန်းတိုင်ခဲ့ပါပြီ ။ အဆုံးသတ်ဇာတ်သိမ်းကတော့ နာကျင်ခြင်းတွေအပြည့်နဲ့ တဆက်ဆက်တုန်ရီ နေတဲ့ လက်အစုံက ကွာရှင်းစာချုပ်တစ်စောင်ပေါ်မှာ လက်မှတ်ရေးထိုးလိုက်ခြင်းပါပဲ ။

ခိုင် ( ရွှေတောင် )

0 comments:

Post a Comment