Saturday, October 19, 2013

" အနောက်ပိုင်းလူမိုက်ကြီးဖိုးတုတ်နေသည့် မြို့နယ်"

Photo: " အနောက်ပိုင်းလူမိုက်ကြီးဖိုးတုတ်နေသည့် မြို့နယ်"

မြန်မာဘုရင် အဆက်ဆက် မည်သည့်မင်းလက်ထက်တွင်မှာမှ အမြဲတမ်းနေပြည်တော် (မြို့တော် Capital
City) ဖြစ်ခွင့်မရခဲ့သည့် ရန်ကုန်မြို့သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသော ၁၉၄၈ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့မှ စတင်ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်လာရသည်ဟု ရန်ကုန်ရာဇဝင်သမိုင်း စာအုပ်ကြီး၏အခန်း (၂၂) မှာ သတင်းစာဆရာကြီးဦးသိန်းမောင်ကမှတ်တမ်းပြုထားသည်။
ရန်ကုန်မြို့၏မူလဘူတသည် ဥက္ကလာပဖြစ်ကာ၊ ဥက္ကလာပမင်းကြီး၏အမည်ကို အစွဲပြုခေါ်ဝေါ်သောအမည် ဖြစ်သည်။ ထိုကြောင့်နဂါးဗိုလ်ထိပ်တင်ဒွေးက ငါးမည်ရမြို့ ရန်ကုန်ကိုဖော်ပြရာမှာ ဥက္ကလာပ၊ ဒဂုံ၊ ရှင်စောပုမြို့၊ ရန်ကုန်နှင့် ဥက္ကလာပအောင်မြေရန်နှင် တို့ဖြစ်သည်။ ဥက္ကလာပကို ဥက္ကလာပမင်းကြီး တည်ထောင်ခဲ့သလို၊ ဒဂုံနှင့် ရှင်စောပုမြို့တို့သည်ကား မွန်ပဒေသရာဇ်တို့၏ မြို့ငယ်မျှသာဖြစ်ခဲ့သည်။ မွန်ပဒေသရာဇ်တို့ ထီးနန်းစိုက်ရာ မြို့တော်သည် ဟံသာဝတီ၊ ဥဿ(ပဲခူး)ဖြစ်ခဲ့သည်။

ခရစ် ၁၇၅၅ခုနှစ်၊ မေလ ၂ ရက်နေ့မှာ တတိယမြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းမင်းတရားကြီးက ရန်အပေါင်းကုန်စင်ခြင်းအထိမ်းအမှတ်ဖြင့် ဒဂုံမြို့ဟောင်းနေရာတွင် ရန်ကုန်သစ်တပ်မြို့ကို ပြအိုး၊ ပစ္စင်၊ ရင်တား၊ ကျုံး၊ မြောင်း၊ မုခ်ဦးများနှင့် တည်ဆောက်ခဲ့သည်။ မြို့၏အကျယ်အဝန်းက ၀.၁၂၅ စတုရန်းမိုင်သာ ကျယ်ဝန်းပြီး ရပ်ကွက် (၈)ရပ်ကွက်သာ ရှိခဲ့သည်။ မြို့ကွက်၏အဝန်းအဝိုင်းမှာ တောင်ဘက်တွင် ရန်ကုန်မြစ်(ခေါ်)လှိုင်မြစ်၊ အရှေ့ဘက်တွင် ဗိုလ်တထောင်ချောင်း၊ (Creekု) ခရစ်လမ်း (ယခုဗိုလ်မြတ်ထွန်းလမ်း)၊ မြောက်ဘက်တွင် ဆူးလေဘုရားနှင့် အနောက်ဘက်မှာ တပ်ကလေးရပ် (လသာလမ်းနှင့် ဗိုလ်ရွဲလမ်းကြား)တို့ဖြစ်သည်။

ခရစ် ၁၈၄ဝ ခုနှစ်တွင် သာယာဝတီမင်းသည် နယ်ချဲ့တို့အား စစ်အင်အားပြသရင်း နေပြည်တော် အမရပူရမှ ဖောင်တော်ဖြင့် စုန်ဆင်းလာကာ လမ်းမတော်မှတက်ရောက်ပြီး အသင့်ဆောက်လုပ်ပြီးဖြစ်သည့် ဥက္ကလာပအောင်မြေရန်နှင်မြို့ရှိ မြတ်နန်းအောင်ချာနန်းတော်မှာ စံမြန်းခဲ့သည်။ ဥက္ကလာပအောင် မြေရန်နှင်မြို့မှာ ထင်ရှားတဲ့တံခါး (၁၂) ရပ်ရှိခဲ့ရာ၊ ကျားကူးတံတား၊ ပန်းဘဲတန်းတံတား၊ မြေနီကုန်းတံတားနဲ့ ကန်တော်ကလေးတံတားအမည်တွေထဲမှ ကျားကူးကျောင်းတိုက်နှင့် ပန်းဘဲတန်းမြို့နယ်အမည်တွေအပြင် မြေနီကုန်းနှင့် ကန်တော်ကလေးရပ်အမည်တွေပါတည်ရှိနေဆဲဖြစ်သည်။ ကုန်းဘောင်မင်းလို့ခေါ်တွင်သည့် သာယာဝတီမင်း ဝင်ထွက်သွားလာရာလမ်းဖြစ်လို့ လမ်းမတော်အမည်တွင်ခဲ့တာဖြစ်သည်။

“လမ်းမတော်မြို့နယ်၏ မှတ်သားဖွယ်ရာ အချက်အလက်များ”

မျက်မှောက်ကာလမှာ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၁၃)မြို့နယ်တွင် ပါဝင်သည့် လမ်းမတော်မြို့နယ်အမည်ဟာ ကုန်းဘောင်မင်းဆက်ကပင် တည်ရှိခဲ့သောအမည်ဖြစ်သည်။ နယ်ချဲ့တို့၏ ရန်ကုန်မြို့ကွက်သစ်မှာအနောက်ဘက်နယ်နိမိတ်ဖြစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ရန်ကုန်မြို့ကို နယ်မြေ (၁၂) ခုဖြင့်ပိုင်းခြားခဲ့စဉ်က လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းတို့သည် အမှတ် (၆) နယ်မြေမှာ ပါဝင်ခဲ့သည်။

၁၉၇၂ ခုနှစ်တွင် စနစ်သစ်အုပ်ချုပ်ရေးအရ မြို့နယ်ဖြစ်လာသည်။ အကျယ်အဝန်း ၀ ဒသမ ၅၄၃ စတုရန်းမိုင်ကျယ်ဝန်းကာ ရပ်ကွက် (၁၂)ရပ်ကွက်နှင့် ဖွဲ့စည်းထားသည်။ လမ်းမတော်လမ်း၏ အရှေ့ဘက်က အရှေ့နယ်နိမိတ်အဖြစ် လသာမြို့နယ်နှင့် ပိုင်းခြားထားသည်။ အနောက်ဘက်နယ်နိမိတ်သည် ရွာသစ်ချောင်းနှင့် ယှဉ်လျက်ဖောက်လုပ်ပေးထားသော အောင်ရတနာလမ်းဖြစ်ကာ အလုံမြို့နယ်နှင့် ထိစပ်နေသည်။ တောင်ဘက်နယ်နိမိတ်မှာ ကမ်းနားလမ်းဖြစ်ကာ ဆိပ်ကမ်းမြို့နယ်နှင့် ထိစပ်နေသည်။ မြောက်ဘက်မှာ လမ်းမတော်လမ်းသည် မြို့မကျောင်းလမ်းလို့ အမည်ပြောင်းပေးထားသည့်ဂေါ်ဒွင်လမ်းနှင့် သွားရောက်ထိစပ်ကာ ဒဂုံမြို့နယ်၏နယ်နိမိတ်လည်း ဖြစ်သည်။ လမ်းမတော်မြို့နယ်အတွင်းမှာ ဂဏန်းသင်္ချာတပ်လမ်းအနေဖြင့် (၁)လမ်းကနေ(၁၆)လမ်းအထိ ပါဝင်နေသည်။
နယ်ချဲ့တို့၏ရန်ကုန်မြို့ကွက်သစ်သည် အရှေ့ဘက်တွင် (၄၄) လမ်းနှင့် အနောက်ဘက်မှာ (၁၇) လမ်းနှင့် အဆုံးသတ်ထားခဲ့သည့်အတွက် လမ်းမတော်မြို့နယ်အတွင်းရှိ သင်္ချာတပ်လမ်းတွေသည် ရန်ကုန်မြို့ကွက်ကို အနောက်ဘက်သို့ ဆက်လက်တိုးချဲ့တော့မှသာပေါ်ထွက်လာသော လမ်းတွေဖြစ်သည်။

ထို့အပြင် မဟာဗန္ဓုလလမ်း(ဒါလဟိုဇီလမ်း)သည် ကမ်းနားလမ်း (Strand)နှင့် လမ်းသစ်လမ်း(Morton)ထိပ်မှာ ပူးပေါင်းသွားပြီး ကမ်းနားလမ်းမကြီးအဖြစ် ရွာသစ်ချောင်းအထိ သွယ်တန်းဖောက်လုပ်ထားကာ အနော်ရထာလမ်း (canal street)နှင့် ရွာသစ်ချောင်းထိပ်မှာ ပူးပေါင်းသွားသည်။
ကုန်းဘောင်မင်းက လမ်းမတော်လမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ၏ အနောက်မြောက်ထောင့်တွင် အုတ်ရိုးရုပ်ပွားတော်များတည်ရှိခဲ့ပြီး အနီးတွင် ဘုန်းတော်ကြီးကျောင်း၊ ရေကန်နှင့် ခြင်္သေ့ရုပ်ထုတွေပါရှိခဲ့ရာမှ ရန်ကုန်မြို့ကို အင်္ဂလိပ်တို့ ကျူးကျော်သိမ်းပိုက်ပြီး မြို့ကွက်သစ်ရိုက်ရန်အတွက် ဖြိုချဖျက်ဆီးတာခံခဲ့ရသည်။ နယ်ချဲ့တို့အုပ်စိုးစဉ်မှာ စတုဘုမ္မိကဆေးတိုက်၊ တက္ကသိုလ်ဆေးတိုက်နှင့် ဒေါ်အေးမှင်တစ်ခွန်းတိုက်တို့ ထင်ရှားခဲ့သည်။ ခရစ်၁၈၇ဝ ပြည့်နှစ်က လမ်းမတော်မြို့သူကြီးအဖြစ် မောင်လွန်းဆိုသူက အုပ်ချုပ်ခဲ့သည်။

လမ်းမတော်မြို့နယ်အတွင်းက ထင်ရှားတဲ့လမ်းအမည်(ဖိုးတုတ်လမ်း)

အလောင်းဘုရား၏ရန်ကုန်မြို့ကွက်ကာလမှာ ကြောင်တစ်ရာတန်း ဦးဘိုးရိတ်လမ်းအမည်ရခဲ့ရာမှ အင်္ဂလိပ်တို့၏မြို့ကွက်တွင် ဂဏန်းသင်္ချာအမှတ်အသားဖြင့် ၁၄ လမ်းဖြစ်လာတယ်။ စစ်ကြိုခေတ်တွင် လမ်းမတော်ဖိုးတုတ်သည် အနောက်ပိုင်းလူမိုက်ကြီးဖြစ်ပြီး အရှေ့ပိုင်းလူမိုက်ကြီးပုဏ္ဏားဘကွန်း၊ ဗိုက်တထောင်လူမိုက်ကြီး မရှီဒီးခန်တို့နှင့် ခေတ်ပြိုင်ခဲ့သည်။ ဖိုးတုတ်သည် ၁၄လမ်းမှာနေခဲ့သည်။ သူနေခဲ့တဲ့အိမ်သည် ၂ဝဝ၇ ခုနှစ်အထိတည်ရှိခဲ့သည်။ ထိုကြောင့် လမ်းမတော်ရှိ ၁၄ လမ်းကို ဦးဖိုးတုတ်လမ်းလို့ ကာလတစ်ခုအထိ အမည်တွင်ခဲ့ဖူးသည်။

“ရွှေတောင်တန်းလမ်း” (Oliphant Street)

ရန်ကုန်မြို့ရောက်ရွှေတောင်သားတွေ နေထိုင်လို့ရွှေတောင်တန်းခေါ်ခြင်းဖြစ်သည်။ နယ်ချဲ့တို့၏မြို့ကွက်မှာ လမ်းလုပ်ငန်းဌာန၊ (PWD) အင်ဂျင်နီယာချုပ် (Lt;col:w.soliphant) အမည်သို့ ပြောင်းလဲခဲ့သော်လည်း နယ်ခံတွေ အပါအဝင်အားလုံးက ရွှေတောင်တန်းလမ်း အမည်ကိုပဲ ခေါ်ဝေါ်ခဲ့ကြသည်။

(ကာတွန်း) “ဦးဘဂျမ်းလမ်း”

အလောင်းဘုရားမြို့ကွက်မှာ ၁၃ လမ်း(အထက်) ကိုခေါင်ချုပ်တန်းနှင့် ၁၃လမ်း(အောက်)ကို ငါးရှဥ့်တန်း ဟုခေါ်ခဲ့သည်။ အလင်္ကာကျော်စွာဘွဲ့ရ၊ ကာတွန်း(ဝိဇ္ဇာ) ဦးဘဂျမ်းသည် ၁၃လမ်း (အောက်) မှာနေခဲ့သည်။ ထို့ကြောင့် နယ်ခံတွေက ဦးဘဂျမ်းလမ်းအမည်ပေးကာ သီတင်းကျွတ်၊ တန်ဆောင်တိုင်မီးထွန်းပွဲမှာ မီးပုံးများတွင် ဆရာကြီ၏ ထိမိလှသောဒီမိုကရေစီကိုကာတွန်းရုပ်ပြောင်နှင့် ဒီမိုကရေစီဒါးမိုးကရေစီစသည့် သရော်ချက်တွေနှင့် ထွန်းညှိကြခဲ့သည်။

“ဘုန်းကြီးလမ်း”

အလောင်းဘုရား ရန်ကုန်မြို့ကွက်မှာ ဘုရာငုတ်တိုတန်းအမည်ရခဲ့သည်။ မဟာဗန္ဓုလမ်းပန်းခြံတည်ရာ Tank
square ရှိ ဘုန်းတော်ကြီးကျောင်းတွေကို သရက်တောရ(ကျောင်းတိုက်)သို့ ပြောင်းရွှေ့စေခဲ့၍၊ ဘုန်းကြီးကျောင်းတွေ စုစည်းတည်ရာမှာရှိသည့်အတွက် ဘုန်းကြီးလမ်းအမည်တွင်လာသည်။ ခရစ် ၁၈၇၄ ခုနှစ်မှာ ဘုန်းကြီးလမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်းထိပ်ကနေ ပြည်မြို့အထိရောက်သည့် ပထမဦးဆုံးအဝေးပြေးကားလမ်း (HighWay) ဖြစ်သော ရန်ကုန်-ပြည်အဝေးပြေးကားလမ်းကို တောင်စွယ်တောင်ကုန်းများတစ်လျှောက်စတင်ဖောက်လုပ်ခဲ့သည်။

“လမ်းသစ်”(ပေတစ်ရာ)

ရန်ကုန်မြို့ကွက်ကို အနောက်ဘက်သို့ တိုးချဲ့စဉ် မှာပေတစ်ရာလမ်းကျယ် ဖောက်လုပ်ပြီး လမ်းသစ်ပေတစ်ရာလို့ခေါ်ခဲ့ကြသည်။ ကန်တိုမင်(တပ်မြို့)က တရားသူကြီး morton ကို အကြောင်းပြုကာ မော်တင်လမ်းအမည်ပြောင်းခဲ့သည်။ မြူနီစီပယ်ဈေးကြီးကိုလည်း မော်တင်ဈေးဟု ခေါ်ခဲ့ကြသည်။ လမ်းသစ်အမည်သို့ ပြောင်းပေးထားပေမယ့် Mawtin Twin Cineplex ဟု လွဲမှားစွာရေးသားခေါ်ဝ်ါကြလေသည်။

“တောဓလေ့အမည်နှင့် ပေ ၅ဝ လမ်းလတ်များ”

ဝါးဓနိရောင်းချသူများ နေထိုင်ခဲ့၍ ဝါးတန်းကြီး(ဝါးတန်းလမ်း) ကိုလိုနီလမ်းအမည် ''ကီလီ''က ရန်ကုန်မြို့ မြူအဖွဲ့က အင်ဂျင်နီယာ (E.E. capt H.pKeighly)ကို အကြောင်းပြုထားခြင်းဖြစ်သည်။ ထို့ကြောင့်ဖိနပ်စီးသည့်ကြက်တွေ ကီလီမှာပေါသည်ဟု အမည်ပျက်နှင့် ထင်ရှားခဲ့သည်။ ကိုင်းတန်းလမ်းကို ကိုင်းပင်တွေထူထပ်စွာ ပေါက်ရောက်မှု နိမိတ်ပုံနှင့် ခေါ်ဝေါ်ခဲ့ခြင်းကို နယ်ချဲ့ခေတ်မှာ လမ်းအင်ဂျင်နီယာချုပ် J.M. William အမည်ပြောင်းခဲ့သော်လည်း ဒေသခံတွေက ကိုင်းတန်းဟု နှုတ်ကျိုးခေါ်ဝေါ်ခဲ့ကြသည်။ လှည်းတန်းလမ်းက လှည်းထောင်(လှည်းလုပ်သူ)များ ချရပ်နေထိုင်ရာဖြစ်လို့ အန္တတ္တသညာနှင့် ခေါ်ဝေါ်ခဲ့သည်။ နယ်ချဲ့ခေတ်မှာ Major J.F.J Stevenson အမည်သို့ပြောင်းခဲ့သော်လည်း ဝံသာနုစိတ်ဓာတ်နှင့် လှည်းတန်းဟုခေါ်ခဲ့ကြသည်။ ရွာသစ်ချောင်းကို ကျုံးမြောင်းပြုလုပ်ပြီး ယှဉ်လျက်မှာ လမ်းဖောက်ခဲ့၍ ကျုံးကြီးလမ်း (Canal Street) အမည်တွင်ခဲ့သည်။

လမ်းမတော်မြို့နယ်အတွင်းမှာ ရှေးဟောင်းလက်ရာ စာရင်းဝင် အဆောက်အအုံပေါင်း ၇ ခုမျှသာရှိပါကြောင်း သမိုင်းမှတ်တမ်းပြုထားသည်။

ကျမ်းကိုး။ (၁) ရန်ကုန်ရာဇဝင်သမိုင်း၊(သတင်းစာဆရာကြီးဦးသိန်းမောင်)၊ (၂) မြို့တော်မဂ္ဂဇင်းအမှတ် (၁၆၆) စက်တင်ဘာ (၂ဝဝ၅)၊ (၃) A History of Rangoon
Ref: မောင်မြတ်မွန် (ဆူးလေ)

မြန်မာဘုရင် အဆက်ဆက် မည်သည့်မင်းလက်ထက်တွင်မှာမှ အမြဲတမ်းနေပြည်တော် (မြို့တော် Capital
City) ဖြစ်ခွင့်မရခဲ့သည့် ရန်ကုန်မြို့သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသော ၁၉၄၈ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့မှ စတင်ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်လာရသည်ဟု ရန်ကုန်ရာ ဇဝင်သမိုင်း စာအုပ်ကြီး၏အခန်း (၂၂) မှာ သတင်းစာဆရာကြီးဦးသိန်းမောင် ကမှတ်တမ်းပြုထား သည်။

ရန်ကုန်မြို့၏မူလဘူတသည် ဥက္ကလာပဖြစ်ကာ၊ ဥက္ကလာပမင်းကြီး၏အမည်ကို အစွဲပြုခေါ်ဝေါ်သောအမည် ဖြစ်သည်။ ထိုကြောင့်နဂါးဗိုလ်ထိပ်တင်ဒွေးက ငါးမည်ရမြို့ ရန်ကုန်ကိုဖော်ပြရာမှာ ဥက္ကလာပ၊ ဒဂုံ၊ ရှင်စောပုမြို့၊ ရန်ကုန်နှင့် ဥက္ကလာပအောင်မြေရန်နှင် တို့ဖြစ်သည်။ ဥက္ကလာပကို ဥက္ကလာပမင်းကြီး တည်ထောင်ခဲ့သလို၊ ဒဂုံနှင့် ရှင်စောပုမြို့တို့သည်ကား မွန်ပဒေသရာဇ်တို့၏ မြို့ငယ်မျှသာဖြစ်ခဲ့သည်။ မွန်ပဒေသရာဇ်တို့ ထီးနန်းစိုက်ရာ မြို့တော်သည် ဟံသာဝတီ၊ ဥဿ(ပဲခူး)ဖြစ်ခဲ့သည်။

ခရစ် ၁၇၅၅ခုနှစ်၊ မေလ ၂ ရက်နေ့မှာ တတိယမြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းမင်းတရားကြီးက ရန်အပေါင်းကုန်စင်ခြင်းအထိမ်းအမှတ်ဖြင့် ဒဂုံမြို့ဟောင်းနေ ရာ တွင် ရန်ကုန်သစ်တပ်မြို့ကို ပြအိုး၊ ပစ္စင်၊ ရင်တား၊ ကျုံး၊ မြောင်း၊ မုခ်ဦးများနှင့် တည်ဆောက်ခဲ့သည်။ မြို့၏အကျယ်အဝန်းက ၀.၁၂၅ စတုရန်းမိုင်သာ ကျယ်ဝန်းပြီး ရပ်ကွက် (၈)ရပ်ကွက်သာ ရှိခဲ့သည်။ မြို့ကွက်၏အဝန်းအဝိုင်းမှာ တောင်ဘက်တွင် ရန်ကုန်မြစ်(ခေါ်)လှိုင်မြစ်၊ အရှေ့ဘက်တွင် ဗိုလ်တထောင်ချောင်း၊ (Creekု) ခရစ်လမ်း (ယခုဗိုလ်မြတ်ထွန်းလမ်း)၊ မြောက်ဘက်တွင် ဆူးလေဘုရားနှင့် အနောက်ဘက်မှာ တပ်ကလေးရပ် (လသာလမ်းနှင့် ဗိုလ်ရွဲလမ်းကြား)တို့ဖြစ်သည်။

ခရစ် ၁၈၄ဝ ခုနှစ်တွင် သာယာဝတီမင်းသည် နယ်ချဲ့တို့အား စစ်အင်အားပြသရင်း နေပြည်တော် အမရပူရမှ ဖောင်တော်ဖြင့် စုန်ဆင်းလာကာ လမ်းမတော်မှတက်ရောက်ပြီး အသင့်ဆောက် လုပ်ပြီးဖြစ်သည့် ဥက္ကလာပအောင်မြေရန်နှင်မြို့ရှိ မြတ်နန်းအောင်ချာနန်းတော်မှာ စံမြန်းခဲ့သည်။ ဥက္ကလာပအောင် မြေရန်နှင်မြို့မှာ ထင်ရှားတဲ့တံခါး (၁၂) ရပ်ရှိခဲ့ရာ၊ ကျားကူးတံတား၊ ပန်းဘဲတန်းတံတား၊ မြေနီကုန်းတံတားနဲ့ ကန်တော်ကလေးတံတားအမည်တွေထဲမှ ကျားကူးကျောင်းတိုက်နှင့် ပန်းဘဲတန်းမြို့နယ်အမည်တွေအပြင် မြေနီကုန်းနှင့် ကန်တော်ကလေးရပ်အမည်တွေပါတည်ရှိနေဆဲဖြစ် သည်။ ကုန်းဘောင်မင်းလို့ခေါ်တွင်သည့် သာယာဝတီမင်း ဝင်ထွက်သွားလာရာလမ်းဖြစ်လို့ လမ်းမတော်အမည်တွင်ခဲ့တာဖြစ်သည်။

“လမ်းမတော်မြို့နယ်၏ မှတ်သားဖွယ်ရာ အချက်အလက်များ”

မျက်မှောက်ကာလမှာ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၁၃)မြို့နယ်တွင် ပါဝင်သည့် လမ်းမတော်မြို့နယ်အမည်ဟာ ကုန်းဘောင်မင်းဆက်ကပင် တည်ရှိခဲ့သောအမည်ဖြစ်သည်။ နယ်ချဲ့တို့၏ ရန်ကုန်မြို့ကွက်သစ်မှာအနောက်ဘက်နယ်နိမိတ်ဖြစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ရန်ကုန်မြို့ကို နယ်မြေ (၁၂) ခုဖြင့်ပိုင်းခြားခဲ့စဉ်က လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းတို့သည် အမှတ် (၆) နယ်မြေမှာ ပါဝင်ခဲ့သည်။

၁၉၇၂ ခုနှစ်တွင် စနစ်သစ်အုပ်ချုပ်ရေးအရ မြို့နယ်ဖြစ်လာသည်။ အကျယ်အဝန်း ၀ ဒသမ ၅၄၃ စတုရန်းမိုင်ကျယ်ဝန်းကာ ရပ်ကွက် (၁၂)ရပ်ကွက်နှင့် ဖွဲ့စည်းထားသည်။ လမ်းမတော်လမ်း၏ အရှေ့ဘက်က အရှေ့နယ်နိမိတ်အဖြစ် လသာမြို့နယ်နှင့် ပိုင်းခြားထားသည်။ အနောက်ဘက်နယ်နိမိတ် သည် ရွာသစ်ချောင်းနှင့် ယှဉ်လျက်ဖောက်လုပ်ပေးထားသော အောင်ရတနာလမ်းဖြစ်ကာ အလုံမြို့နယ်နှင့် ထိစပ်နေသည်။ တောင်ဘက်နယ်နိမိတ်မှာ ကမ်းနားလမ်းဖြစ်ကာ ဆိပ်ကမ်းမြို့နယ်နှင့် ထိစပ်နေသည်။ မြောက်ဘက်မှာ လမ်းမတော်လမ်းသည် မြို့မကျောင်းလမ်းလို့ အမည်ပြောင်းပေးထားသည့်ဂေါ်ဒွင်လမ်းနှင့် သွားရောက်ထိစပ်ကာ ဒဂုံမြို့နယ်၏နယ်နိမိတ်လည်း ဖြစ်သည်။ လမ်းမတော်မြို့နယ်အတွင်းမှာ ဂဏန်းသင်္ချာတပ်လမ်းအနေဖြင့် (၁)လမ်းကနေ(၁၆)လမ်းအထိ ပါဝင်နေသည်။

နယ်ချဲ့တို့၏ရန်ကုန်မြို့ကွက်သစ်သည် အရှေ့ဘက်တွင် (၄၄) လမ်းနှင့် အနောက်ဘက်မှာ (၁၇) လမ်းနှင့် အဆုံးသတ်ထားခဲ့သည့်အတွက် လမ်းမတော်မြို့နယ်အတွင်းရှိ သင်္ချာတပ်လမ်းတွေသည် ရန်ကုန်မြို့ကွက်ကို အနောက်ဘက်သို့ ဆက်လက်တိုးချဲ့တော့မှသာပေါ်ထွက်လာသော လမ်းတွေဖြစ် သည်။

ထို့အပြင် မဟာဗန္ဓုလလမ်း(ဒါလဟိုဇီလမ်း)သည် ကမ်းနားလမ်း (Strand)နှင့် လမ်းသစ်လမ်း (Morton)ထိပ်မှာ ပူးပေါင်းသွားပြီး ကမ်းနားလမ်းမကြီးအဖြစ် ရွာသစ်ချောင်းအထိ သွယ်တန်းဖောက် လုပ်ထားကာ အနော်ရထာလမ်း (canal street)နှင့် ရွာသစ်ချောင်းထိပ်မှာ ပူးပေါင်းသွားသည်။

ကုန်းဘောင်မင်းက လမ်းမတော်လမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ၏ အနောက်မြောက်ထောင့်တွင် အုတ်ရိုး ရုပ်ပွားတော် များတည်ရှိခဲ့ပြီး အနီးတွင် ဘုန်းတော်ကြီးကျောင်း၊ ရေကန်နှင့် ခြင်္သေ့ရုပ်ထုတွေပါရှိခဲ့ရာမှ ရန်ကုန်မြို့ကို အင်္ဂလိပ်တို့ ကျူးကျော်သိမ်းပိုက်ပြီး မြို့ကွက်သစ်ရိုက်ရန်အတွက် ဖြိုချဖျက်ဆီးတာခံခဲ့ ရသည်။ နယ်ချဲ့တို့အုပ်စိုးစဉ်မှာ စတုဘုမ္မိကဆေးတိုက်၊ တက္ကသိုလ်ဆေးတိုက်နှင့် ဒေါ်အေးမှင်တစ်ခွန်း တိုက်တို့ ထင်ရှားခဲ့သည်။ ခရစ်၁၈၇ဝ ပြည့်နှစ်က လမ်းမတော်မြို့သူကြီးအဖြစ် မောင်လွန်းဆိုသူက အုပ်ချုပ်ခဲ့သည်။

လမ်းမတော်မြို့နယ်အတွင်းက ထင်ရှားတဲ့လမ်းအမည်(ဖိုးတုတ်လမ်း)

အလောင်းဘုရား၏ရန်ကုန်မြို့ကွက်ကာလမှာ ကြောင်တစ်ရာတန်း ဦးဘိုးရိတ်လမ်းအမည်ရခဲ့ရာမှ အင်္ဂလိပ်တို့၏မြို့ကွက်တွင် ဂဏန်းသင်္ချာအမှတ်အသားဖြင့် ၁၄ လမ်းဖြစ်လာတယ်။ စစ်ကြိုခေတ်တွင် လမ်းမတော်ဖိုးတုတ်သည် အနောက်ပိုင်းလူမိုက်ကြီးဖြစ်ပြီး အရှေ့ပိုင်းလူမိုက်ကြီးပုဏ္ဏားဘကွန်း၊ ဗိုက်တထောင်လူမိုက်ကြီး မရှီဒီးခန်တို့နှင့် ခေတ်ပြိုင်ခဲ့သည်။ ဖိုးတုတ်သည် ၁၄လမ်းမှာနေခဲ့သည်။ သူနေခဲ့တဲ့အိမ်သည် ၂ဝဝ၇ ခုနှစ်အထိတည်ရှိခဲ့သည်။ ထိုကြောင့် လမ်းမတော်ရှိ ၁၄ လမ်းကို ဦးဖိုးတုတ်လမ်းလို့ ကာလတစ်ခုအထိ အမည်တွင်ခဲ့ဖူးသည်။

“ရွှေတောင်တန်းလမ်း” (Oliphant Street)

ရန်ကုန်မြို့ရောက်ရွှေတောင်သားတွေ နေထိုင်လို့ရွှေတောင်တန်းခေါ်ခြင်းဖြစ်သည်။ နယ်ချဲ့တို့၏မြို့ကွက်မှာ လမ်းလုပ်ငန်းဌာန၊ (PWD) အင်ဂျင်နီယာချုပ် (Lt;col:w.soliphant) အမည်သို့ ပြောင်းလဲခဲ့သော်လည်း နယ်ခံတွေ အပါအဝင်အားလုံးက ရွှေတောင်တန်းလမ်း အမည်ကိုပဲ ခေါ်ဝေါ်ခဲ့ကြသည်။

(ကာတွန်း) “ဦးဘဂျမ်းလမ်း”

အလောင်းဘုရားမြို့ကွက်မှာ ၁၃ လမ်း(အထက်) ကိုခေါင်ချုပ်တန်းနှင့် ၁၃လမ်း(အောက်)ကို ငါးရှဥ့်တန်း ဟုခေါ်ခဲ့သည်။ အလင်္ကာကျော်စွာဘွဲ့ရ၊ ကာတွန်း(ဝိဇ္ဇာ) ဦးဘဂျမ်းသည် ၁၃လမ်း (အောက်) မှာနေခဲ့သည်။ ထို့ကြောင့် နယ်ခံတွေက ဦးဘဂျမ်းလမ်းအမည်ပေးကာ သီတင်းကျွတ်၊ တန်ဆောင်တိုင်မီးထွန်းပွဲမှာ မီးပုံးများတွင် ဆရာကြီ၏ ထိမိလှသောဒီမိုကရေစီကိုကာတွန်းရုပ်ပြောင်နှင့် ဒီမိုကရေစီဒါးမိုးကရေစီစသည့် သရော်ချက်တွေနှင့် ထွန်းညှိကြခဲ့သည်။

“ဘုန်းကြီးလမ်း”

အလောင်းဘုရား ရန်ကုန်မြို့ကွက်မှာ ဘုရာငုတ်တိုတန်းအမည်ရခဲ့သည်။ မဟာဗန္ဓုလမ်းပန်းခြံတည်ရာ Tanksquare ရှိ ဘုန်းတော်ကြီးကျောင်းတွေကို သရက်တောရ(ကျောင်းတိုက်)သို့ ပြောင်းရွှေ့စေခဲ့၍၊ ဘုန်းကြီးကျောင်းတွေ စုစည်းတည်ရာမှာရှိသည့်အတွက် ဘုန်းကြီးလမ်းအမည်တွင်လာသည်။ ခရစ် ၁၈၇၄ ခုနှစ်မှာ ဘုန်းကြီးလမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်းထိပ်ကနေ ပြည်မြို့အထိရောက်သည့် ပထမဦးဆုံး အဝေးပြေး ကားလမ်း (HighWay) ဖြစ်သော ရန်ကုန်-ပြည်အဝေးပြေးကားလမ်းကို တောင်စွယ်တောင် ကုန်းများတစ်လျှောက်စတင်ဖောက်လုပ်ခဲ့သည်။

“လမ်းသစ်”(ပေတစ်ရာ)

ရန်ကုန်မြို့ကွက်ကို အနောက်ဘက်သို့ တိုးချဲ့စဉ် မှာပေတစ်ရာလမ်းကျယ် ဖောက်လုပ်ပြီး လမ်းသစ်ပေတစ်ရာလို့ခေါ်ခဲ့ကြသည်။ ကန်တိုမင်(တပ်မြို့)က တရားသူကြီး morton ကို အကြောင်းပြုကာ မော်တင်လမ်းအမည်ပြောင်းခဲ့သည်။ မြူနီစီပယ်ဈေးကြီးကိုလည်း မော်တင်ဈေးဟု ခေါ်ခဲ့ကြသည်။ လမ်းသစ်အမည်သို့ ပြောင်းပေးထားပေမယ့် Mawtin Twin Cineplex ဟု လွဲမှားစွာရေးသားခေါ်ဝ်ါကြလေ သည်။

“တောဓလေ့အမည်နှင့် ပေ ၅ဝ လမ်းလတ်များ”

ဝါးဓနိရောင်းချသူများ နေထိုင်ခဲ့၍ ဝါးတန်းကြီး(ဝါးတန်းလမ်း) ကိုလိုနီလမ်းအမည် ''ကီလီ''က ရန်ကုန်မြို့ မြူအဖွဲ့က အင်ဂျင်နီယာ (E.E. capt H.pKeighly)ကို အကြောင်းပြုထားခြင်းဖြစ်သည်။ ထို့ကြောင့်ဖိနပ်စီး သည့်ကြက်တွေ ကီလီမှာပေါသည်ဟု အမည်ပျက်နှင့် ထင်ရှားခဲ့သည်။ ကိုင်းတန်းလမ်းကို ကိုင်းပင်တွေထူ ထပ်စွာ ပေါက်ရောက်မှု နိမိတ်ပုံနှင့် ခေါ်ဝေါ်ခဲ့ခြင်းကို နယ်ချဲ့ခေတ်မှာ လမ်းအင်ဂျင်နီယာချုပ် J.M. William အမည်ပြောင်းခဲ့သော်လည်း ဒေသခံတွေက ကိုင်းတန်းဟု နှုတ်ကျိုးခေါ်ဝေါ်ခဲ့ကြသည်။ လှည်းတန်းလမ်းက လှည်းထောင်(လှည်းလုပ်သူ)များ ချရပ်နေထိုင်ရာဖြစ်လို့ အန္တတ္တသညာနှင့် ခေါ်ဝေါ်ခဲ့သည်။ နယ်ချဲ့ခေတ်မှာ Major J.F.J Stevenson အမည်သို့ပြောင်းခဲ့သော်လည်း ဝံသာနုစိတ်ဓာတ်နှင့် လှည်းတန်းဟုခေါ်ခဲ့ကြသည်။ ရွာသစ်ချောင်းကို ကျုံးမြောင်းပြုလုပ်ပြီး ယှဉ်လျက်မှာ လမ်းဖောက်ခဲ့၍ ကျုံးကြီးလမ်း (Canal Street) အမည်တွင်ခဲ့သည်။

လမ်းမတော်မြို့နယ်အတွင်းမှာ ရှေးဟောင်းလက်ရာ စာရင်းဝင် အဆောက်အအုံပေါင်း ၇ ခုမျှသာ ရှိပါကြောင်း သမိုင်းမှတ်တမ်းပြုထားသည်။

ကျမ်းကိုး။ (၁) ရန်ကုန်ရာဇဝင်သမိုင်း၊(သတင်းစာဆရာကြီးဦးသိန်းမောင်)၊ (၂) မြို့တော်မဂ္ဂဇင်းအမှတ် (၁၆၆) စက်တင်ဘာ (၂ဝဝ၅)၊ (၃) A History of Rangoon

Ref: မောင်မြတ်မွန် (ဆူးလေ)
ရှားရှားပါးပါးဗဟုသုတများ

0 comments:

Post a Comment