Saturday, October 26, 2013

51.romantic ဆန်တဲ့ ကျွန်တော်ချစ်သူ




ချစ်သူများနေ့ ။ ကျွန်တော်လို ချစ်သူတစ်ယောက်မှ မရှိတဲ့ သူအဖို့ကတော့ ချစ်သူများနေ့ဆိုတာ နေ့တွေထဲက တစ်နေ့ပါဘဲ ။ဒီအသက်ရွယ်ရောက်တဲ့ထိ  ရင်ခုန်သံဆိုလို့  ပြေးလို့မောရင် နိမ့်ချီမြင့်ချီခုန်တတ်တဲ့ နှလုံးခုန်သံကိုဘဲ ခံစားဖူးတယ်ဆို လူရယ်စရာများဖြစ်နေမလား ။ တကယ်ပါ ။ ချစ်သူရည်းစားဆိုတာ မူးလို့ ရူစရာတောင် မရှိရိုးအမှန်ပဲ ။ ခုချိန်လောက်ဆို သူငယ်ချင်းတွေအားလုံး သူတို့ချစ်ချစ်တွေနဲ့ အတူ ရှိနေကြရောပေါ့ ။ ယောင်ချာချာ ဖြစ်နေသူပြပါဆိုလျှင် ကျွန်တော် တစ်ဦးတည်းသာဖြစ်ပါလိမ့်မည် ။ တစ်ယောက်ထဲ ငေါင်စင်းစင်းနဲ့ ။

*ဟာ! ပြင်းလိုက်တာကွာ........ဘာလုပ်
ရမလဲ...ဘာလုပ်ရမလဲ *

ဟု ပါးစက်က ထုတ်ဖော် ညဉ်းတွားရင်း ဦးနှောက်ကို လည်း အပြင်းထန်အလုပ်ပေးနေမိသည်။ ရှုပ်ပါတယ်ကွာ ကားလျှောက်မောင်းနေတာဘဲ ကောင်းပါတယ် ဆိုတဲ့ အတွေးဖြတ်ခနဲ ၀င်လာတာနဲ့လက်ဆွဲတော် ပြိုင်ကားလေးကိုမောင်းကာဦးတည်ရာမဲ့  မြို့ပတ်နေလိုက်သည် ။ဗိုက်ရဲ့ဆာလောင်မှုက တံခါးခေါက်မှ ကားလေးရဲ့ ဦးတည်ရာ ရှာဖွေရပါတော့ဧ။်။  ဘယ်ဆိုင်ကိုဘဲ ၀င်ဝင် ခုချိန်မှာတော့ ချစ်သူစုံတွဲတွေကိုဘဲတွေ့ရမယ်ဆိုတာ မလွဲဧကန်ပဲ ။ ဒီလိုစုံတွဲတွေကို မြင်ရတိုင်း ကို့ကိုဘဲ ဒေါသဖြစ်ရမလား ကိုယ်ဘေးကို ရောက်မလာသေးတဲ့ တစ်စုံတစ်ယောက်သော သူကိုဘဲ စိတ်နာရလေမလားဆိုတဲ့  မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ ခေါက် တဲ့အတွေးတွေက တစ်မျိုး ။   ဆိုင်တစ်ဆိုင်ထဲ ၀င်လိုက်တာဘဲ အေးမှာပါ။ ဗိုက်ကလည်း တော်တော်လေး ဆာနေပြီ  ။ ဆိုင်ထဲဝင်လိုက်တာနဲ့ ထိုင်စရာ စားပွဲလွတ်တစ်လုံးကို အသည်းသန် ရှာဖွေမိဧ။် ။  နေရာလပ် မရှိအောင်ကို များပြားလိုက်တဲ့ စုံတွဲတွေ စွံ့လိုက်ကြပုံများ ငါနဲ့တော့ တခြားဆီ ။နေရာလွတ်က ရှာမရတာမို့ ပြန်ထွက်ဖို့သာ အကြောင်းရှိတော့သည် ။  ဒီအချိန်မှာ မမျှော်လင့်ထားတဲ့ သံဇဉ်ချိုချိုလေး တစ်ခု နားထဲကို စီးဝင်လာဧ။် ။

*ဟိတ် ! ယူထိုင်စရာ မရှိတော့ရင် ဒီမှာထိုင်လေ*

*ဗျာ !

အံ့သြမှုနဲ့ အတူ အသံလာရာ ကျွန်တော် ဘေးကိုလှည့်ကြည့်လိုက်တယ်
ဆိုရင်ဘဲကျွန်တော်ကို ပြုံးကြည်ကနေတဲ့ ကောင်မလေးတစ်ယောက် ။  ဘေဘီလေးတစ်ယောက်လို  အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ သိပ်ကို ချစ်စရာ ကောင်းတဲ့ ကောင်မလေး တစ်ယောက်ဆို ပိုပြည့်စုံပါလိမ့်မည် ။သူမ ခေါ်လိုက်တဲ့ အသံလေးက တိုးတိုးလေးပါ ။ အနားကပ်ပြောတာမို့ကြားလိုက်ရြ
ခင်းမျိုးဖြစ်သည်  ။ ကိုယ်စောင့်နတ်တွေကဘဲ နှိုးဆော်လိုက်သလားမသိ ။
ကျွန်တော်လဲ ဆာနေတာမို့ သူမ ဖိတ်ခေါ်မှုကို အပြုံးတစ်ခုနဲ့ လက်ခံလိုက်၏ ။ ထိုင်ပြီးတာနဲ့ မှာစရာရှိတာတွေကို မှာပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ သူမကို တစ်ချက် လှမ်းကြည့်လိုက်မိသည်  ။ သူမက မချိုမချဉ် မျက်နှာလေးနဲ့ ကျွန်တော်ကို ကြည့်နေတာနဲ့ တိုးပါလေကော ။ သူ ငါကို တစ်ခုခုများ ပြောချင်နေရော့လား ။ အထင်နဲ့နှုတ်ဖျားက တစ်ထပ်တည်းကျကာ

*မင်းကိုယ်ကို ပြောစရာတစ်ခုခု ရှိနေလား*

*အင်း! ရှိတယ်.......ဘေဘီကို မဲလိုက်နှိုက်ပေးပါလားဟင်......ဘေဘီက တစ်ယောက်ထဲ ဆိုတော့ မဲနှိက်လို့မရဘူးရှင့်.......သူတို့က ချစ်သူစုံတွဲတွေကို မှနှိုက်ခွင့်ပေးတာတဲ့.......ပြီးတော့ အထူးဆုလဲပါတယ်ရှင့်...ကံစမ်းရတာကိုကျွန်မ အရမ်းသဘောကျလို့ပါ*

ကျွန်တော်က သဘောတကျ ရယ်လိုက်တော့

*ဟင်! ရှင်က ဘာလို့ရယ်တာလဲ........ဒီမှာ ရှင်ကို ဇာတ်လမ်း ရှာနေတာမဟုတ်ဘူးနော်.....*

*မဟုတ်ပါဘူးကွာ ၀ထ္ထုတွေက အကြောင်းအရာတွေ ဇာတ်လမ်းတွေက အပြင်မှာလဲ တစ်ကယ်ရှိနေပါလားလို့ တွေးမိသွားလို့ပါကွာ........ကိုယ်က မင်းချစ်သူခဏလုပ်ပေးရမယ်ဆိုပါတော့ ........အိုကေပါလေ ။ ခုတော့ ကိုယ် အရမ်းဗိုက်ဆာနေတယ် တစ်ခုခု အရင်စားလိုက်အုံးမယ်ကွာ။ြ ပီးတော့မှ သွားကံစမ်းတာပေါ့ အိုကေနော်!*

*ဟုတ်.........ကျေးကျေး.......kk *

ကျွန်တော် စားနေတာကို သူက ဘေးက ငြိမ်ကြည့်နေပါသည် ။

*ရှင်တော်တော် ဆာနေတာဘဲနော်*

*ဟုတ်တယ် မနက်ထဲက ကားတစ်စီးနဲ့ လျှောက်လိမ့်နေတာလေ...ဒါနဲ့ မင်းနာမည်လောက်တော့ မေးခွင့်ရှိတယ်မလား*

*ဟုတ် ရပါတယ်။ ဘေဘီ လို့ ခေါ်ပါ*

*နာမည်နဲ့ လူက လိုက်တယ်........အိမ်နာမည်ထင်တယ်*

*ဟုတ်တယ် *

ကျွန်တော် ဆာလောင်မှုကို ဖြည့်ဆီးပြီးတော့  ဘေဘီနဲ့ အတူတူ မဲသွားနှိုက် ရမယ့် ကောင်တာကို လိုက်သွားပေးလိုက်သည် ။ မဲခွက်လေးနား ရောက်တော့ သူမလေး မဲ နှိုက်ဖို့ တန်းစီရဧ။် ။ ဘေးနားမှာ အနီးကပ်ရှိနေတဲ့ ကလေးမျက်နှာလေးနဲ့ ကောင်မလေးကို မသိမသာလေး အကဲခတ်မိသည် ။ မြင့်မားတဲ့ အရပ်က ကျွန်တော်ကို မှီလုမှီခင် ဖြစ်နေပြီ ။ သွယ်လျားတဲ့ ခန္ဒာကိုယ်က အဆီပို မရှိ ။ အဖြူရောင် ဂါဝန်ရှည်လေးကို ရှူးအနက်ရောင်လေးကိုစီးကာ ကြိုးသိုင်းအိတ်လေးကို စလွယ်သိုင်းထားပုံလေးက တကယ်ကလေးတစ်ယောက်အလား ။ ကံစမ်းမဲပုံးဆီကနေ မျက်လုံးတွေက မခွာတော့တာမို့ ကျွန်တော် ငေးချင်တိုင်း ငေးခွင့်ရနေခဲ့လေသည် ။ ကဲ ကျွန်တော်တို့ အလှည့်သို့ ရောက်ပါပြီ ။ မျှော်လင့်ချက်တွေနဲ့ တောက်ပနေတဲ့ မျက်လုံးလေးတွေက အရည်လဲ့လို့ ။ ကံစပ်တယ်လို့ဘဲ ပြောရမလား ။ အထူးဆုလေးကို သူမ ပိုင်ဆိုင်ခွင့်ရလိုက်ပါသည် ။ ရတဲ့ အထူးဆုလေး က လက်တော့လှလှလေး တစ်လုံး ။ ဘေဘီဆိုတာ မြှောက်ကြွ မြှောက်ကြွနဲ့ ကိုဖြစ်နေလေရဲ့ ။ တော်တော်လေး ပျော်သွားပုံပါပဲ ။  လက်တော့လေးဆိုတာသိသိချင်းချင်း ကျွန်တော် လက်မောင်းကို ဆွဲလှုပ်ပြီးပျော်နေလိုက်ပုံက တကယ်ကလေးလေး အတိုင်းပါပဲ ။ လက်တော့လေးယူကာ နေရာမှာ ပြန်ထိုင်တယ် ဆိုရင်ဘဲ  ဘေဘီဆီက စကားသံ စကြားလိုက်ရဧ။် ။

*ဘေဘီ တစ်ယောက်ထဲ ဒီလက်တော့ကို ယူသွားရင် ဘယ်တရားမလဲ.......ဘယ်လို ခွဲယူကြမလဲ....တန်ဖိုး တ၀က် ယူကို ဘေဘီပေးမယ်လေ.........ဒါနဲ့ ယူနာမည်ဘယ်လိုခေါ်လဲ*

*စေညွှန်သူ  ကိုသူလို့ ခေါ်ပေါ့*

*ဟိုက်! နာမည်က အပျံစားပါလားရှင့် ....အိုကေ ကိုသူ ဘယ်လို ခွဲပေးရမလဲ ပြောလေ.....*

*မလိုပါဘူးကွာ.........ဘေဘီဘဲ ယူသွားပေါ့.......ကိုယ်မှာ မိန်းကလေးသူငယ်ချင်းမရှိဘူးကွ........ဘေဘီ က ကိုသူရဲ့ ပထမဆုံး မိန်းကလေးသူငယ်ချင်းဘဲ........ကိုသူကို ဘေဘီကကော သူငယ်ချင်းအဖြစ်သတ်မှတ်ပေးတယ်ဆိုရင် ကိုယ်တို့နှစ်ယောက် သူငယ်ချင်းအဖြစ် အထိန်းမှတ်လေးအဖြစ် ဘေဘီဘဲ ယူသွားတော့နော်........*

*ဟယ်!တကယ်ကြီးလား.........ပျော်လိုက်တာ..........လက်တော့လေးက တော်တော် လှတယ်........ဟီးဟိ ...ပျော်တယ်......ကျေးဇူးလဲအထူးတင်ပါတယ် ........million thanks ပါ ကိုသူ.......ဘေဘီတို့ သူငယ်ချင်းတွေ ဖြစ်သွားပြီပေါ့နော်*

*ဘေဘီက တကယ်ကို ကလေးလေးဘဲနော်........*

*ဟုတ်လားကလေးလေးနဲ့ တူနေလား.......ဟီး.......အိမ်ကသူတွေလဲ ဒီလိုဘဲပြောကြတယ်.......ကိုသူကိ
ု ကားရပ်ထဲက
သတိထားမိခဲ့နေတာ  ။   ကိုသူကားနဲ့ ဘေဘီကားက ဆင်တူဖြစ်နေလို့........ကိုသူကတော့ သတိထားမိမှာတောင် မဟုတ်ပါဘူး*

*ဟာ!ဟုတ်လား.........သတိမထားမိဘူး.........ကဲ ဘေဘီနဲ့ကိုယ်က သူငယ်ချင်းတွေ ဖြစ်သွားပြီဆိုတော့ ကိုယ်အကြောင်းပြောပြမယ်နော်.........ကိုသူက အင်တာနက်လိုင်းတွေ ချိတ်ပေးတဲ့ ကုမ္မဏီတစ်ခုထောင်ထားတယ်........သူငယ်ချင်းတွေ စုပြီးတော့ပေါ့ ........ကိုသူအသက်က 26.....နေတာကတော့ တစ်ယောက်ထဲ ကွန်ဒိုတစ်ခန်းမှာနေတယ် ဘေဘီ ။ဒါကတော့ ကိုသူ လိပ်စာကဒ်လေးပါ *

ပြောလည်းပြော လက်ကလည်း လိပ်စာကဒ်လေးကို တပါတည်း ကမ်းပေးလိုက်ပါသည် ။

*အင်း......ဘေဘီ ထက် 3နှစ်ကြီးတယ်........ဘေဘီက မိဘတွေက အမေရိကားမှာ အလုပ်လုပ်နေကြတယ်........ဘေဘီကတော့ ဒီမှာ အဘိုး အဘွားတွေနဲ့တူတူနေတယ်..........အီကိုနဲ့ ကျောင်းပြီးသွားပြီလေ..........ဒီနေ့ဘဲ ခင်တယ်........ပြောပြရအုံးမယ်..
.......မနက်ဖြန်ဆို
မေမေတို့ဆီကို ဘေဘီ လိုက်သွားရတော့မယ်..........*

*ဟာ........အပြီးလိုက်သွားမှာလား ဘေဘီ*

*မဟုတ်ပါဘူး.........တစ်နှစ်လောက်ပေါ့.........ဘေဘီကလေ မြန်မာပြည်ကို အရမ်းချစ်တယ်........ဒီကနေ ဘယ်မှ မသွားချင်ဘူး ဒါကြောင့် မိဘတွေ ရှိနေတာတောင် ဟိုမှာလိုက်ပြီး ကျောင်းမနေတာလေ........*

*ဟင်.......ဒီနေ့ဘဲခင်တယ် နောက်နေ့ ခွဲရတော့မယ်နော်.........*

*အော် ခေတ်မှီနေတဲ့ ခေတ်ကြီးမှာ အင်တာနက်တပ်နေတဲ့ ကုမ္မဏီထောင်ထားတာ ဘာလုပ်ဖို့လဲကိုသူရဲ့ ...........ကိုသူ အကောင့်ရှိတယ်မလား ချက်တင်မှာ စကားပြောပေါ့.........*

*ဟုတ်တားဘဲနော်.................ဒါကို မတွေးမိဘူး *

ဒီလိုနဲ့ စကားတွေ ပြောပြီး လမ်းခွဲ ကာ အိမ်ပြန်လာခဲ့ကြသည် ။.ဘေဘီ ဆိုတဲ့ အရုပ်မလေးကတော့ ကျွန်တော် စိတ်ထဲကနေ
မထွက်တော့ပါဘူး ။ သူအပြုံးလေးတွေကို သဘောအကျဆုံးဘဲ ။ ရေစက်ဆိုတာ ဒါမျိုးထင်ပါရဲ့ ။ အံ့သြစရာကောင်းလှအောင် တွေ့ဆုံမှုက အမှတ်မထင်ပါပဲ ။ ခဏလေးတွေ့လိုက်ရတဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားပြီ ။ သေချာတယ် ။ တကယ်ကို ချစ်မိသွားခဲ့ပြီ ။ အိမ်မက်ထဲကိုတောင် သူမလေး ရောက်လာခဲ့ပါသေးသည် ။ အိမ်မက်ထဲမှာ ပြင်တံခါးဘောင်ပေါ်ထိုင်ပြီး စကားတွေ ပြောနေကြသတဲ့လေ။  ပျော်ဖို့ကောင်းလိုက်တာ........
.........။ လမင်းကြီးကို ငေးကြည့်ပြီး လက်လေးတွဲပြီး လမ်းလျှောက် ရတာလဲ
ကြည်နူးစရာ ။ အိမ်မက်လေးက နိုးသွားတော့နှမြောလိုက်တာ။

*****************************

ဒီလိုနဲ့ ဘေဘီလေးနဲ့ ကျွန်တော် ချက်တင်မှာ နေ့တိုင်း နာရီဝက် ပုံမှန် စကားပြောဖြစ်ကြသည် ။ တခါတလေ လမင်းကြီးကို ကြားခံစကားတွေ ပြောဖြစ်ကြပြန်သည် ။ ဘေဘီ ရင်ထဲမှာ ကျွန်တော် နေရာအပြည့်ရှိနေပြီဆိုတာ ကျွန်တော်
သိနေသလို  ကျွန်တော် ရင်ထဲမှာလဲ ဘေဘီက နေရာအပြည့်ကို အပိုင်စားယူထားပြီးနေပါပြီ ။ပြန်လာပါတော့ ဘေဘီလေးရယ်.............ခုဆို ဘေဘီလေးက ကျွန်တော် ကို ကိုကြီးလို့ ပြောင်းခေါ်နေပြီလေ။ တဘက်ခါဆို ချစ်သူများနေ့ကို ရောက်လို့ လာပြန်ပြီ ။ ဒီနေ့ည ချက်တင်ထိုင်တော့ ဘေဘီလေးများသတိရမလားလို့ မပြောဘဲ စောင့်နေမိပေမယ့် ချစ်သူများနေ့ကို သတိမရဘူးနဲ့တူပါတယ် တစ်ခွန်းမှ ပြောမသွားခဲ့ဘူး....... ။

**********************************

ချစ်သူများနေ့ ။ ဒီနှစ်လည်း ငါမှာ တစ်ယောက်ထဲပါလား။ကျွန်တော် အစောကြီးနိုးနေမိဧ။် ။  ကွန်ပြူတာဖွင့်ကာ ရင်ထဲရှိတာတွေ အကုန်ရေးနေမိသည် ။ ရေးလို့ပြီးတာနဲ့ ဘေဘီလေး အကောင့်ကို send လိုက်ဧ။် ။  ဘေဘီနဲ့ဆင်တူ ကားလေးကို  မောင်းကာ ဘေဘီလေးနဲ့ စတင်ဆုံစည်းခဲ့တဲ့ ကော်ဖီဆိုင်လေးသို့ မောင်းပြီး ထွက်လာခဲ့သည် ။

***************************

ထုံးစံအတိုင်းဆိုင်လေးထဲမှာ လူတွေ အပြည့်ပါပဲ ။ ဘေဘီနဲ့ ထိုင်ခဲ့ဘူးတဲ့ စားပွဲလေးဆီ တန်းတန်းမတ်မတ်လျှောက်လာခဲ့လိုက်ဧ။် ။ အနားရောက်တော့ စားပွဲလေးမှာ လူကရှိနေပြန်ပြီ  ။ ရင်ထဲမှာ မောသွားဧ။် ။သက်ပြင်းတစ်ချက်ကို ချကာ လာရာလမ်းဆီသို့ ပြန်လှည့်မည်အပြု

*ဟေ့ ထိုင်စရာ မရှိရင် ဒီမှာ ထိုင်လေ.........*

ဆိုတဲ့ အသံလေးက နားထဲကို တိုးဝင်လာပါဧ။် ။ လူတစ်ကိုယ်လုံးလေဟာနယ်ထဲကို မြောက်သွားသလိုကို ပျော်ရွင်ကြည်နူးသွားမိသည် ။တကယ်ပါဘဲ လုံးဝကို မျှော်လင့်မထားခဲ့တဲ့ သံဇဉ်ချိုချိုလေး။

*ဘေဘီလေး...........ဟာ! ကိုကြီး ၀မ်းသာလိုက်တာကွာ.........ကိုကြီးကို ဘာလို့ ကြိုမပြောရတာလဲ *

ကျွန်တော် ဘေဘီလေးဘေးကို ချက်ချင်း ရောက်သွားမိ၏ ။ ဘေဘီလေးက ပြုံးပြီး စိုက်ကြည့်နေလေရဲ့။

*ကိုကြီး အံ့သြပြီးဝမ်းသာသွားအောင်လို့ပါ..........မနေ့က မနက်ထဲက ပြန်ရောက်တာ ညက မြန်မာပြည်ကနေပြောနေတာ။ဒီမနက် ကွန်ပြူတာဖွင့်ကြည့်ပြီးမှ ဒီနေရာလေးကို ထွက်လာတာ.......တော်ကြာလေ ကိုကြီးတစ်ယောက်ထဲ ငိုနေမှာဆိုးလို့လေ.........ဟီးဟိ*

*အချစ်ဆိုတာ တော်တော် တန်ခိုးကြီးမားတာဘဲ..........ကိုကြီး ကို ရတုအဆက်ဆက် ချစ်နေနိုင်တဲ့ အချစ်အိမ်လှလှလေး တစ်လုံး ကို  ဆောက်ခွင့်ပေးပါနော် ဘေဘီလေး.........ဘေဘီလေးကို ကိုကြီးအရမ်းချစ်တယ်.........*

*ကိုကြီးရယ်...........ဘေဘီလေး
ဘ၀မှာ ပထမဆုံး တစ်ရင်းတစ်နှီး
ပတ်သတ်ဖူးခဲ့တဲ့ ယောကျာင်္းဟာ ကိုကြီးပါပဲ ။ဘေဘီ  နှလုံးသားတစ်ခုလုံးကိုလဲ ကိုကြီးက သိမ်းပိုက်ထားခဲ့တာပါ ။ ....ကိုကြီးဆိုတာ ဘေဘီနှလုံးသားနန်းတော်ရဲ့ ဘုရားတစ်ပါးပါ ကိုကြီးရယ် *

*ဟာ.........ကိုကြီးပျော်လိုက်တာကွာ............ဒီနေ့ ချစ်သူများလေးက အလှပဆုံးနဲ့ သာယာချမ်းမြေ့ဖို့အကောင်းဆုံးဘဲကွာ။ ကိုကြီးတို့ အမြန်ဆုံးလက်ထပ်မယ်နော်*

 ချစ်ခြင်းတရားတွေ ထုံးမွန်းထားတဲ့ အပြုံးတစ်စုံနဲ့ ခါင်းညိတ်ပြလိုက်တဲ့ဘေဘီလေးရဲ့ အပြုံးမျက်နှာလေးဟာ သိပ်ကိုလှပတဲ့ ပန်းချီကားလေးတစ်ချပ်လိုပါပဲ ။

*ကိုကြီးတို့ ကားလျှောက်မောင်းမယ်.........ဘေဘီလေး ကားပါလား*

*ပါဘူး.........ကိုကြီးနဲ့ ကားလျှောက်မောင်းမယ်လို့တွေးပြီး တက္ကဆီနဲ့ လာတာလေ*

*ကောင်းတယ်............သိပ်တော်တဲ့ ချစ်သူလေး...........ဒီနေ့ ဘေဘီလေး ဘာလက်ဆောင်လိုချင်လဲ အမှတ်တရ ကိုကြီး ၀ယ်ပေးချင်တယ်.........ကိုကြီး ၀ယ်ပေးတာဆို ဘေဘီလေး မကြိုက်မှာဆိုးလို့........*

*ကိုကြီးဆိုတဲ့ အကောင်းဆုံးလက်ဆောင်ကို ပိုင်ဆိုင်ထားပြီးမှတော့ ဘေဘီအတွက် ဘာမှ မလိုတော့ပါဘူး ကိုကြီး ရယ်*

*စကားတတ်တဲ့ ကိုချစ်သူလေးကို ဂုဏ်ပြုရမယ်.........လာခဲ့*

ဆိုပြီး ဘေဘီပါးလေးပေါ်ကို အနမ်းလှလှလေးတစ်ပွင့် ခြွေချ လိုက်ပါတော့သည် ။

*ဘေဘီလေး ကိုကြီးကတော့ လက်ဆောင်လိုချင်တယ်...*

*ပြောလေ ကိုကြီး ဘေဘီ ဘာပေးရမလဲဟင်*

ဘေဘီလေးရှေ့ကို ကျွန်တော်ပါးကို ထိုးပေးလိုက်တော့ ရှက်သွားလိုက်တာ ပန်းရောင် ပန်းခင်းတစ်ခုလိုပါဘဲ..............ဒါပေမယ့် ကျွန်တော် အလိုကျ အနမ်းပန်းလေးတစ်ပွင့်ကို ကျွန်တော်ပါးကို လာရောက်ဖေးတင်ပေးသွားခဲ့ပါပြီ ။သိပ်ကို ချစ်ဖို့ကောင်းတဲ့ ...........

romatic ဆန်တဲ့ ကျွန်တော်ချစ်သူ

ပါပဲ ။

 
***********************

ချစ်သူတိုင်း ဆုံစည်းခွင့်ကြပါစေရှင်

ခိုင်လေး ( ရွှေတောင် )

0 comments:

Post a Comment