Wednesday, October 9, 2013

မြန်မာယူ-၂၃အသင်း တောင်ကိုရီးယားနှင့်ဂျပန်တွင် ခြေစမ်းပွဲရှစ်ပွဲကစားမည်

[ မင်းသန့်  ၊ The Yangon Times Journal ၊ အောက်တိုဘာ ၁၀  ၂၀၁၃ ]

ဆီးဂိမ်းအတွင်း ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာယူ-၂၃ဘောလုံး အသင်းသည် လာမည့်အောက်တို ဘာ ၁၅ရက်တွင် ဗီယက်နမ်ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲမကစားမီ နေ ပြည်တော်အသင်းနှင့် ခြေစမ်းပွဲယှဉ် ပြိုင်ကစားသွားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာယူ-၂၃အသင်းသည် ဗီယက်နမ်ယူ-၂၃အသင်းနှင့် ခြေစမ်း ပြီးနှစ်ရက်အကြာတွင် တောင်ကိုရီး ယားနှင့် ဂျပန်နိုင်ငံများတွင် Joint Training  ပြုလုပ်ရန် ထွက်ခွာမည် ဖြစ်ပြီး ယင်းနှစ်နိုင်ငံတွင် ၂၅ရက်ကြာ နေထိုင်သွားမည်ဖြစ်သည်။

အဆိုပါနှစ်နိုင်ငံသို့ သွားရောက် သည့်ကာလအတွင်း တောင်ကိုရီး ယား၌၊ ဂျပန်နိုင်ငံ၌ ခြေစမ်းပွဲလေးပွဲ ကစားသွားမည်ဖြစ်သည့်အပြင် မြန်မာ နိုင်ငံသို့ ယူ-၂၃အသင်း ပြန်လည်ရောက် ရှိပြီး တတိယပတ်အတွင်း ဂျပန်အိုလံ ပစ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ကစားရန် စီစဉ်ထားကြောင်းသိရ သည်။

လက်ရှိတွင်မူ မြန်မာယူ-၂၃ အသင်းအနေဖြင့် နေပြည်တော်တွင် တည်ဆောက်ထားသော အားကစား ကွင်းသစ်ကြီးများတွင် လေ့ကျင့်ပြင် ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

Yangon Media Group

0 comments:

Post a Comment