ဆရာတွေကလည်း ကျောင်းသားတိုင်းကိုသေသေချာချာမေးတယ်။ ဒီပြသနာနဲ့ ပတ်သတ်ပြီးတော့ လေ။
အားလုံးကလည်း
ဟိုဘက်အိမ်က ကောင်မလေးက စတယ်ဆိုတာပဲပြောတယ်ဆိုတော့ …အဲဒီအမှူက
ဘယ်လိုလုပ်ရမှန်းကို မသိဘူးဖြစ်နေတယ်။ ဖွတ်ကြောင်မှုလေ။ အဲဒီက စပြီးတော
့သွေးထွက်သံယို ဖြစ်တာဆိုတော့ ။
အဲဒီနောက်နေ့ မနက်ရှစ်နာရီမှာ ကျွန်တော်တို့ အားလုံး စုဝေးကွင်းထဲမှာပေါ့။ကျွန်တော်မှတ်မိပါသေးတယ်။
အဆောင်မှူးချုပ်လာတော့ ….ဦးလေးကြီးတစ်ယောက်နဲ့ အန်တီကြီးတစ်ယောက်နဲ့ ပါလာတယ်။
ပြီးတော့ .. အဆောင်မှူးချုပ်က… စကားပြောစင်ပေါ်ကို တတ်ပြီးတော့ 
“ခင်ဗျားတို
့ကို….ဒီပြသနာနဲ့ ပတ်သတ်ပြီးတော့  ဘယ်လို ပြောရမလဲတောင်မသိတော
့ပါဘူး။နောက်ပြီး ခင်ဗျားတို့ ပြောပြောနေတဲ့  ဟိုဘက်အိမ်က ကောင်မလေးဟာ
တကယ်မရှိပါဘူး။အဲဒီကောင်မလေးက အစက
ဒီမှာ ကျောင်းတတ်နေတဲ့ ကျောင်းသူလေးပါ။ပြီးခဲ့ တဲ့ နွေလက အဲဒီဝရန်တာပေါ်ကနေ ညဘက်ကြီး ခုန်ချပြီး
သေသွားတာပါ။ဒါပေ
့မယ် ခင်ဗျားတို့ က သူကြောင့်ဖြစ်နေတယ်လို့ ပြောတော့ ကျွန်တော်ဘယ်လို
ယုံကြည် ပေးရမှာလဲ?။ ကျောင်းသားတိုင်းရဲ့ ပါးစပ်က ဒါကို ပဲ ပြောနေလို
့ပါ။ဒါကြောင့် အဲဒီကောင်မလေး သေသွားပြီ
ဖြစ်ကြောင်းကို
သက်သေပြနိုင်အောင်လို့  ကျွန်တော် သူအဖေနဲ့ အမေကိုခေါ်ခဲ့ ပါတယ်။ သူတို
ပြောတဲ့ စကားနားထောင်ကြည့် ပါ” ဆိုပြီး သူနဲ့ ပါလာတဲ့  ဦးလေးနဲ
့အဒေါ်ကြီးကို ခေါ်ပေးတယ်။
ဦးလေးကြီးကတော့  တစ်ခွန်းပဲ ပြောသွားတာပါ။
“ဦးတို
့သမီးလေး သေသွားပါပြီ” တဲ့ ။ အဒေါ်ကြီးကတော့  ငိုယိုပြီးတော့  သူသမီးလေး
သေရတာ ဒီက အဆောင်ကျောင်းသားတစ်ယောက်ကြောင့်ဖြစ်ကြောင်း။ အဲဒါကြောင်
့ဒီအဆောင်ပေါ်မှာ သံယောဇဉ် (သို့ ) ရန်ငြိုး ဖွဲ့ ထားနိုင်ကြောင်း။သူတို
့ရဲ့  တစ်ဦးတည်းသော သမီးဖြစ်သောကြောင့်
အရမ်းချစ်ကြောင်း။သူသမီးအခန်းကိုလည်း အမြဲတစ်စေ သန်
့ရှင်းရေးလုပ်ဖြစ်ကြောင်း။ အလွမ်းပြေ သမီး အခန်းထဲ ၀င်ဝင်ကြည်
့ကြောင်းပေါ့ဂျာ။ရက်လည်တွေလည်း လုပ်ပေးပြီးပါပြီ။ ဒါပေ့ မယ်
့….မကျွတ်လွတ်သေးဘူးထင်ကြောင်း။ သူ့ သမီးလေး အရိပ်အရောင်ကို လည်း
အိမ်ထဲမှာရော။ ၀၇န်တာမှာပါ
ခဏခဏတွေ့ ရကြောင်းပေါ့။
အဲဒီတော့ မှ ကျောင်းသားတွေ အားလုံးလည်း “ဟာ” “ဟင်” တွေ ဖြစ်ကုန်တယ်။ဟုတ်တယ်လေဂျာ။
ညကပဲ
တွေ့ ရသေးတယ်။ အခုသရဲပါလို့ လာပြောနေတော့  ဘယ်သူက ယုံမှာလဲ။
ကျောင်းသားတွေက ဘာမှတော့ မပြောကြပါဘူး။ စိတ်ထဲမှာတင်းနေတာလည်း ပါတယ်။ကိုယ်
သူငယ်ချင်းတွေ ဒီကောင်မကြောင့်
သွေးထွက်သံယို ဖြစ်တာဆိုပြီးတော့ …. တွေ့ ရင်လည်း သတ်မယ်လုပ်နေတာ။
နောက်ဆုံးကျွန်တော်တို
့ကို ကားတစ်စီးနဲ့ တင်သွားပြီးတော့  င်္သချိုင်းမှာ ကောင်မလေး အုတ်ဂူကို
လိုက်ပြတယ်။အဲဒီ ဓါတ်ပုံတွေလည်း ပြတယ်။ အဲဒီတော့ မှ
တော်တော်များများယုံသွားတာ။
ကျွန်တော်လည်း ယုံသလိုလိုတော့ ရှိသွားတယ်။ အဆောင်ကလည်း ချက်ခြင်း ဘုန်းကြီးတွေ ဘာတွေခေါ်ပြီး
ပရိတ်ရွတ်တယ်။ ပြီးတော့  အဲဒီ ပြတင်းပေါက်တံခါးကို အသေပိတ်ရိုက်လိုက်တာ အပြင်က နေပြီးတော့ ။ ။
အိုက်ရွှေထွန်းဆိုတဲ
့ကောင်ကတော့ ..အစက သူကို သူဆော်က သရဲ ပါဆိုတာ မယုံဘူး။ သူကိုလည်း အထူးတလည်
ရှင်းပြရတယ်။ အထိက ဆက်နွယ်နေတာ သူနဲ့ ဆိုတော့ လေ။သူဆေးရုံမှာ
ရှိနေတုန်းကတောင်
လာတယ်ဆိုပြီး ငြင်းနေတာနဲ့ …ဆေးရုံအတူတူတတ်တဲ့ ကောင်တွေတောင် လန့် ကုန်တယ်။ :D
နောက်ဆုံးတော့ ….သူဆော်အုတ်ဂူနဲ့ ..သူဆော် မသေခင်က ပုံတွေ မြင်ပြီး ရူးသလိုလို ကြောင်သလိုလို ဖြစ်သွားလို့  သူအိမ်က လာခေါ်သွားတယ်။
နောက်ပြီး ပထမဦးဆုံး အိုက်ရွှေထွန်း အခြောက်ခံရတဲ့ နေ့ က ကျွန်တော်တို့ ဂိမ်းဆိုင်ကနေ ပြန်လာတော့ ..
အခန်းထဲမှာ ငုတ်တုပ်မေ့ နေတဲ့ ဆရာကလည်း အဲဒီတော့ မှ ရင်ဖွင့်တာ။
သူဝင်သွားတုန်းမှာ…အခန်းထဲမှာ
စောင်ခြုံပြီး လူတစ်ယောက် အိပ်နေကြောင်း အဲဒါနဲ့ …စောင်ဆွဲလှန်လိုက်တော
့ဘယ်သူမှ မရှိကြောင်း လန့် ပြီး ဒီဘက်လှည့် လိုက်တော့ …
အဖြူရောင်ဝတ်စုံတစ်ခုပဲ တွေ့ ရကြောင်း ထိုကြောင့် လန့် ဖျန့် ပြီးတော့ 
သတိလစ်နေကြောင်း။
ကျွန်တော်တို့ က ၀ိုင်းပြီး ပုတီးတွေနဲ့ ရိုက်မှ
ပြန်သတိရလာကြောင်း…ကျောင်းသားတွေ ကြောက်မှာဆိုးလို့ မပြောခဲ့ ကြောင်းတွေ
ပေါ့။ သူလည်း ရင်ဖွင့်ရှာပါတယ်။အခုမှ :D ။
အိုက်ရွှေထွန်းက နောက်ဆုံးကျောင်းပြန်လာတယ်။ ဒီကောင် အစက သူဆော်သရဲ ပါဆိုတာ လုံးဝမယုံတာ။
သူဘယ်လို
ပြန်ကောင်းသွားတာလဲဆိုတော့  သူက ကောင်မလေးပေးတဲ့ စာတွေတိုင်းကို
ဗူးလေးတစ်ခုနဲ့ ထည့် ထည့် ထားတာ တော်တော်များနေပြီ။ အဲဒါကို နောက်ဆုံး
သူအဖေအမေကို သက်သေပြဖို့ ဖွင့်လိုက်တဲ့ 
အချိန်မှာ သစ်ရွက်တွေ နဲ့ သစ်ကိုင်းခြောက်တွေ ဖြစ်နေတယ်ခင်ဗျ။အဲဒီမှာ သူတကယ်ယုံသွားတာ။
ကိုရင်သွားဝတ်နေပြီးမှာ အဆောင်ပြန်လာတာ။ဂတုံးနဲ့  :D ။
ကျွန်တော်တို့ တွေ နောက်ဆုံးအရင်လို ချစ်ချစ်ခင်ခင်နဲ့ စည်းစည်းရုံးရုံးလေး ပြန်ဖြစ်သွားပါတယ်။
ဒီကောင်လည်း…. ဂုဏ်ထူးတန်းကနေ ပြုတ်လာတယ်။ စာမကျက်တော့ လို့  :D ။
အဲဒီ ဇာတ်လမ်းတွေရဲ့ နောက်ဆုံးမှာတော့ ….ကျွန်တော်တို့ ကို အရေးယူမဲ့ အစီအစဉ်လည်းပျက်သွားတယ်။
သရဲ တစ်ကောင် နှောင့်ယှက်မှုလို့ ပဲ သဘောထားလိုက်တယ်။ ကျောင်းသားတွေလည်း အသားပြန်ကျနေပြီလေ။
ကျွန်တော် တို့ အခန်းတိုင်းမှာရှိတဲ့  ပြတင်းပေါက်တံခါးတွေမှန်သမျှ အကုန်လိုက်ပိတ်ပစ်တာ။ အပြင်ကနေသံနဲ
သေသေချာချာကို
ရိုက်လိုက်တယ်။ပြီးတော့ …ကံဆိုးသူကျွန်တော်ပေါ့။ အဲဒီပြတင်းပေါက်နား
ကုတင်မှာ အိပ်လိုက်ရတယ်။ကိုယ်တော်ချော အိုက်ရွှေထွန်းက မအိပ်ချင်ဘူးဆိုလို
့။ အဲဒီလိုနေ့ ..တစ်နေ့ အိပ်နေတုန်း
ကုတင်ဘေးက ပြတင်းပေါက်
လှုပ်လာတာ။ အစက တိုးတိုးလေးခေါက်တာပါ။ ကျွန်တော်က အိပ်နေတာဆိုတော့ 
ဘယ်ကောင်မှန်းမသိတာနဲ့ ….ပြီးတော့ အဲဒီက အသံလာတာလည်း မသိဘူးလေ။
ဆဲ မိလိုက်တာ။ အဲဒီမှာ စကြမ်းတာ။ တစ်ဒုန်းဒုန်းနဲ့ ။ အားလုံးနှိုးကုန်တယ်။အားလုံးကလည်းကြောက်တာလေ။
နေစရာကို မရှိဘူး။ တော်တော်ကြာကြာ လုပ်နေတာနဲ့ ….၀ိုင်းပြီး သေးနဲ့ ပန်းလိုက်တယ်။ ပြတင်းပေါက်ကို
ကျွန်တော်ကုတင်ကို
ရွေ့ ပြီးလေ။ အဲဒီတော့ မှ ငြိမ်သွားတယ်။ ခဏကြာတော့ ….ပိတ်ထားတဲ
့ပြတင်းပေါက်တိုင်းရဲ့ …. တံခါးတွေ ကို ထုတာဗျို့ …တစ်ဒုန်းဒုန်းနေတာပဲ။
အဲဒီအခါမှာတော
့ လူတိုင်းက ကျွန်တော်ဆီကို မျက်စိရောက်လာတယ်။ အထာကတော့ 
“ငဇူး..ဘာနည်းရှီသေးလဲ” ပေါ့။ ကျွန်တော်လား ဘာနည်းမှ မရှိဘူး။
အခန်းတံခါးပေါက်ကို ပြေးတာပဲ။
ကျွန်တော်ပြေးမှတော့ …အားလုံးလည်း
ပြေးတာပေါ့ဂျာ။ အုတ်အော်သောင်းနင်းပဲ။ ဆရာတွေလည်းနိုး အကုန်နိုး။
အောက်ထပ်ထိ ဆင်းပြေးတာ။ အားလုံးစုလည်းစုမိရော။ဆရာတွေက ဘာဖြစ်တာလဲတဲ့ ။
တံခါးတွေ
ဒီလောက် တစ်ဒုံးဒုံး တစ်ဒိုင်းဒိုင်း မြည်နေတာ ဆရာမကြားဘူးလားလို့ 
ကျွန်တော်လည်း အော်ပလိုက်တယ်။ လူက လန့် နေပါတယ်ဆိုမှ သူတို့ က
လာဟောက်နေသေးတယ်။
အဲဒါနဲ “့ဘယ်မှာလဲကွ! အဲဒီသရဲ” ဆိုပြီးတော့ တော့  သူက အခန်းထဲဝင်သွားတယ်။
မကြာပါဘူး။ အော်ဟစ်ပြီး ထွက်ပြေးလာတာ။ “ဟုတ်တယ်ဟ” “ဟုတ်တယ်ဟ” ဆိုပြီးလေ :D။
အဲဒီကတည်းက အဲဒီအခန်းမှာ ဘယ်သူမှ မထားတော့ တဲ့ အပြင် အခန်းတံခါးပါ အပြီး သော့ ခတ်လိုက်တယ်။
အားလုံးကလည်း…တော်တော်လေးကို လန့် နေပြီ။ သရဲ ဆိုတာကို အသံတောင်မကြားချင်တော့ တာ။အဲဒီလို..
အဲဒီအခန်းကိုလည်း
ဘယ်သူမှ မသွားတော့ ဘူး။ အခန်းဘေးမှာနေတဲ့ ကျောင်းသားတွေကတော့ ညဘက်ဆို
အသံကြားရတယ်ပြောတာပဲ။ “လင်တရူးသရဲမ သူဘဲလာရှာတာနေမှာပေါ့” လို
့ကျွန်တော်ကတော့ ဒီလိုပဲ ပြောမိတယ်။ အိုက်ရွှေထွန်းကလည်း သရဲမဘဲ ဟေ
့ဆိုပြီးနောက်ရင် ကြောက်တယ်။ သူကို တစ်ခုခုစချင်တယ်ဆို ၀ိုင်းချုပ်ပြီး
အဲဒီ အခန်းရှေ့ ခေါ်သွားတယ်။ ပြီးရင် “သရဲမရေ နင့်ဘဲလာတယ်ဝေ့ ဒီမှာ”
လို့ အော်ရင် အဲဒီကောင်အသေကြောက်။ ဒီကောင် အဲဒီလို ခဏခဏ အဲဒီလို စခံရတယ်။
ကျွန်တော်ပြောတော့ ပြောတယ်။ နင်တို့ မလုပ်ကြနဲ့ နော်လို့ မကောင်းဘူးလို့ ။အခုလို နေရတာကျေးဇူးတင်အုံးလို့ ။
ဒါပေ
့မယ်တစ်ရက် ဒီကောင်က ကျွန်တော် ယမ်ယမ်တွေကို ခိုးစားသွားတယ်ဂျာ။အဲဒါနဲ
့…ကျွန်တော်ဗိုက်ဆာလို့  သွားကြည့် တော့ မရှိတော့ ဘူး။ သူငယ်ချင်းတွေကလည်း
ဗိုက်ဆာနေတာ။
ကျွန်တော်မှာ ရှိတယ်ဆိုလို့ လိုက်လာတာ။ဒီရောက်တော့ ယမ်ယမ် ဗူးထဲမှာ စာလေးတစ်စောင်ပဲတွေ့ တယ်။
“နင့် ဟာ ငါစားသွားတယ်”
“နင် ဗိုက်ဆာရင် ချီးစား”
“ပုံ အိုက်ရွှေထွန်း”
ဆိုပြီးရေးသွားတယ်ဂျာ။ လူကလည်း ဗိုက်ဆာနေတဲ့ အချိန်နဲ့  ဆိုတော့ … စိတ်တော်တော်တိုသွားတယ်။
အဲဒါနဲ
့ သူငယ်ချင်းတွေစုပြီး ဒီကောင်ကို သွား ဖမ်းလာတာ။ ဒီကောင် ယမ်ယမ်တန်ခိုးနဲ
့အမုန်းဘောလုံးကန်နေတာ။ အဲဒီကနေ ၀ိုင်းဖမ်းချုပ်လာပြီးတော
့….သရဲရှိတယ်ဆိုတဲ့ အခန်းရှေ့ ခေါ်သွားတာ
သူကတော့ ရုန်းပါတယ်။
ငါနောက်တာပါတဲ့ ….အဲဒီအခန်းရှေ့ မခေါ်သွားပါနဲ့ တဲ့ ။ပြန်ဝယ်ဆို
ပြန်ဝယ်ပေးပါမယ်ပေါ့။ကျွန်တော်ကလည်း သူမျက်နှာကြည့် ပြီးတော့ စိတ်ကတော
့ပြေနေပါပြီ။ဒါပေ့ မယ်
စချင်တာကြောင့် အတင်းကို ချုပ်ပြီး ခေါ်သွားတာ။ အဲဒီအခန်းရှေ့ လည်းရောက်ရော။
“ဟဲ့ …မတာမ နင့်လင့် ခေါ်လာတယ်…ဒီမှာ” ပြောပြီး သူကို အခန်းရှေ့ တွန်းပို့ သလိုလို လုပ်တာ။
အမှန်တော့ ဘယ်သူမှလည်း အဲဒီရှေ့ မသွားရဲ ပါဘူး။ ဒီလိုပဲနောက်တာ။ အဲဒီအချိန်ကြီးဂျာ..
“၀ုန်း”
ဆိုပြီး အခန်းတံခါးကို အထဲကနေ အားနဲ့ တွန်းလိုက်တဲ့ ပုံစံကြီး။တံခါးတောင် တော်တော်လှုပ်သွားတယ်။
ဘယ်ပြောကောင်း မလဲဂျာ။ ပြေးတာ မာရသွန်ပဲ။ အိုက်ရွှေထွန်း အဲဒီကောင် အရှေ့ ဆုံးရောက်သွားတယ်။
ကျွန်တော်လည်း
နောက်ကို လှည့် မကြည့် တော့ ဘူး အသေပြေးတာ။ဘောလုံးကွင်းရောက်တော
့တော်တော်ကို မောနေပြီ။ အားလုံးကလည်း ရီရခက် ငိုရခက်။မျက်နှာတွေနဲ
့…ကျွန်တော်သူငယ်ချင်း
တစ်ယောက်ဆို.. “သောက် သရဲမ ပြေးရတာ
တန်းနေတာပဲ။ နေ့ ခင်းကြီးကို ခွီး” ဆိုပြီးတော်တော်ပေါက်သွားတယ်။ အဲဒါနဲ
့ကျွန်တော်က ရီပြီး အဲဒါဆို မင်းသွားပြန်ပြောပါလားဆိုတော့ ။
နောက်တာတဲ့ ဟားဟ။ :D
အဲဒီကတည်းက အိုက်ရွှေထွန်း ကို ဘယ်သူမှ မစရဲတော့ ဘူး။ အဲဒီလိုလေ။ ကျန်တဲ့ နေရာမှတော့ ခေါ်တယ်။
သရဲမလင်ဆိုပြီး :D ….။ ။
ဒီလိုနဲ
့ကျွန်တော်တို့  စာသင်နှစ်လေးမှာ သရဲမနဲ့ ကြီုက်ခဲတဲ့ သူ ဆိုတဲ့ 
အကြောင်းလေးလည်း မကြာခဏ ပြောဖြစ်ခဲ့ တယ်။နောက်ပြီးတော့  သရဲခြောက်သော
အခန်းဆိုပြီးတော့ လည်း အဲဒီအခန်းရှေ့ ကို ဘယ်သူမှ မသွားဖြစ်တော့ ဘူး။
အဝေးကနေပဲ ကြည့် ဖြစ်တော့ တယ်။ :D
သရဲမလည်းတစ်ယောက်တည်း ဆိုတော့ …ပျင်းနေမှာပေါ့နော်။
မိတ်ဆွေ! ခင်ဗျား..သွားမလား? :P
ပြီး၏။
ငဇူး..
မှတ်ချက်။ ။ ( မိန်းခလေးနာမည် မထည့် တာ စိတ်မရှိပါနဲ့ ။ သူမိဘတွေနဲ့ ဂုဏ်သိက္ခာထိခိုက်မှာဆိုးလို့ ပါ။ )
သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)
Wednesday, October 9, 2013
အဆောင်ဘေးမှ ချစ်သူ (ဇာတ်သိမ်း)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment