Wednesday, October 9, 2013
အဆောင်ဘေးက ချစ်သူ (၁)
Photo: Love is forever :'( like for respect .  By: admin taka
ကျွန်တော်တို့ ခလေးဘ၀တုန်းက တရုတ်သရဲ ကားတစ်ကား ကြည့် ဖူးတယ်ခင်ဗျ။
Ghost love Story တဲ့ ကားနာမည်က အတွဲ (၁) (၂) နဲ့  (၃) ဆိုပြီးတော့ ရှိတယ်။
အဲဒီထဲမှာ သရဲမက လူတွေကို ဖျားယောင်းသွေးဆောင်တဲ့  မကောင်းဆိုးဝါးသရဲမျိုးပေါ့။
ကောင်လေးက ဘာမှမသိပဲ။အဲဒီကျောင်းမှာ သွားတည်းရင် ချစ်ကြိုက်ကြတဲ့ ဇာတ်လမ်း။
ခလေးတွေဆိုတော့ ကြည့် ပြီးတော့  ပြီးရင် အရူးထကြတာပေါ့။ဆော့ ရင်လည်း အဲဒီသရဲ ကားထဲ
က ပုံစံနဲ့ ဆော့ တယ်။ဟဲဟဲ :P
လူကြီးတွေကတော့  အပြင်မှာ အဲဒီလို ဇာတ်လမ်းမျိုး မရှိဘူး လို့ ပြောပါတယ်။
မိတ်ဆွေတို့ ရော ယုံလား?။ ။ကျွန်တော်လည်း မယုံပါဘူးခင်ဗျား။ဘယ်လိုမှမဖြစ်နိုင်တဲ့  အကြောင်းအရင်းလေ။
ဒါပေ့ မယ် ကျွန်တော် ရှစ်တန်းပြီးလို့ ကိုးတန်းနှစ်မှာပေါ့နော်။ အဲဒီလိုမျိုး အဖြစ်အပျက်တစ်ခုကို
တွေ့ ကြုံလိုက်ရတယ်။ဖြစ်ပုံက ဒီလိုပါ…
ကျွန်တော်တို့ ရှစ်တန်းနှစ်တုန်းက နေတဲ့ အဆောင်မှာ သရဲမခြောက်တော့ ဘူးဆိုတော့ …အဲဒီမှာပဲ
ဆက်နေဖြစ်တယ်ခင်ဗျ။ကျွန်တော်တို့ နေတဲ့ အဆောင်ကနေပြီးတော့  ပင်မဆောင်ကို သွားပြီး စာသင်ရတာ။
ကားလာကြိုတယ်လေ။ပင်မဆောင်ရောက်ရင် စာသင်ခန်းထဲဝင်ပြီး စာသင်ရတယ်။
အဲဒီမှာလည်း မိန်းခလေး/ယောင်္ကျားလေးခွဲထားတယ်ခင်ဗျ။
ယောင်္ကျားလေးစာသင်ဆောင်သက်သက်။မိန်းခလေးစာသင်ဆောင်သက်သက်။
စာတော်တဲ့ သူတွေကိုတော့  သီးသန့် အဆောင်တစ်ခုခွဲပြီး မိန်းခလေးရော/ ယောင်္ကျားလေးရော ပေါင်းသင်တယ်။အဲဒီအဆောင်မှာ ယောင်္ကျားလေးတွေက ရှေ့ ဆုံးတန်းတွေမှာထိုင်ပြီး/ မိန်းခလေးတွေက
နောက်ဆုံးတန်းတွေမှာထိုင်ရတယ်။ ခွဲခြားထားတာပေါ့။
ကျောင်းသားတွေမှာက Day တတ်တဲ့ ကျောင်းသားနဲ့ အဆောင်နေတဲ့ ကျောင်းသားဆိုပြီးရှိတယ်ခင်ဗျ။
မိန်းခလေးလည်းတူတူပဲ။ Day တွေက စာသင်ပြီး အိမ်ပြန်။ အဆောင်နေသူတွေက အဆောင်ပြန်ပေါ့။
တစ်နေ့ ကျတော့  မိန်းခလေးနဲ့ ယောင်္ကျားလေးပေါင်းသင်တဲ့ စာသင်ခန်းက ကောင်လေးနဲ့ ကောင်မလေး
တစ်ယောက် ကြီုက်ကြတယ်။ ရှစ်တန်းနော် :D ။
သူတို့ ကြိုက်သွားတာက အနေနီးလို့ ခင်ဗျ။ ဘာလို့ အနေနီးသလဲဆိုရင်။ ကောင်လေးက ပင်မဆောင်မှာနေတယ်။အဆောင်ကျောင်းသား။ ကောင်မလေးက Day တတ်တာ။ ဒါပေ့ မယ်
သူတို့ အိမ်က အဆောင်ဘေးမှာ။ဖြစ်ချင်တော့ ကောင်လေးအိပ်တဲ့  ကုတင်က ပြတင်းပေါက်က ကောင်မလေးအခန်းနဲ့ ကွက်တိ :D။
ကောင်မလေးက ညတွေဆိုရင် သူအခန်း ၀ရန်ဒါကနေအပြင်ထွက်တယ်။ ကောင်လေးက ပြတင်းပေါက်နေ စာလှမ်းပစ်ပေးတယ်။ ဒီလိုနဲ့ စာတွေနဲ့ ကြိုက်တာပေါ့။သူက လည်းအဲဒီနေရာကို သေသေချာချာလေးရွေးထားတာထင်ပါတယ်။အဲဒီလိုနဲ့ ရှစ်တန်းပြီးတော့  ခွဲရတာပေါ့။
ကောင်လေးကလည်း နယ်ပြန်။ကောင်မလေးက ကျန်ခဲ့ ပေါ့။
အဲဒီအဖြစ်အပျက်ကို ကျွန်တော်တို့ မသိခဲ့ ဘူးခင်ဗျ။ ကောင်မလေးလည်း တော်တော်ကို လျှို့  ၀ှက် နိုင်သလို။
ကောင်လေးလည်း ပိရိတယ်ပြောရမယ်။ကျွန်တော်လည်း ရှစ်တန်းပြီးတော့  ရန်ကုန်ခဏဆင်းလာလိုက်တာ။
အမေဆွဲထားတာနဲ့ ညီမတွေဆွဲထားတာနဲ့ ဆိုတော့  ကျောင်းဖွင့်မှ ပြန်ဖြစ်တယ်။ အဲဒီအချိန်မှာ ကိုယ်က ကိုးတန်းကျောင်းသား။နေရတာက ပင်မဆောင်။ ခုံနေရာရွေးတော့  ပြတင်းပေါက်ရှိတဲ့ နားက ကုတင်ရဲ့  ဘေးက ကုတင်ကို ရွေးလိုက်မိတယ်ခင်ဗျ။ပြတင်းပေါက်ဘေးက ကုတင်မှာ အိပ်တဲ့  လူက ရှမ်းပဲ။
ကျွန်တော်သူငယ်ချင်း စိုင်းအိုက်ရွှေထွန်းတဲ့ ။လူပုံက ခပ်ချောချောရယ်။
ဒီလိုနဲ့ ကျောင်းတွေ စဖွင့်တော့ …ကျောင်းတတ်ကြတယ်ဆိုပါတော့ ။ တစ်နေ့ လည်းကြရော ကျွန်တော်တို့ 
Study Room ထဲကပြန်လာတော့  ညတော်တော်မိုးချုပ်နေပြီ။ အဆောင်အပြန်ခိုးထွက်မဲ့ သူတွေကလည်း
ပြင်ဆင်နေပြီလေ။ ဒီကောင်ကို ခေါ်တာမလိုက်ဘူး။သူက ကျွန်တော်ကတော့  အပြင်ထွက်တာ လိုက်သွားတယ်။ကျောင်းသားတွေနဲ့ လေ။ကွန်ပြူတာဂိမ်းသွားဆော့ တာပါ။အဲဒီတုန်းက မေမြို့ မှာ ကွန်ပြူတာဂိမ်း စပေါ်ခါစ။ အိမ်တစ်လုံးထဲမှာ စက် အလုံးနှစ်ဆယ်လောက်ကို ဟိုဘက်ဆယ်လုံး..ဒီဘက်ဆယ်လုံး ထားပြီး ကောင်တာပစ်တာ။ သိတဲ့ အတိုင်းပဲလေ။
ကောင်တာပစ်တာကစွဲနေတော့ …ခဏခဏ အပြင်ခိုးထွက်ဖြစ်တယ်။ :D
ဒီကောင်မလိုက်ဘူးဆိုတော့ …ထားခဲ့ ပြီး။ကျွန်တော်တို့ အပြင်ထွက်တာပေါ့။ဂိမ်းဆိုင်ရောက်လို့ …
ဂိမ်းဆော့ လို့ ကောင်းတုန်းရှိသေးတယ်။ညဘက်ကြီး (၂) ကျော်လောက် ဒိကောင်ရောက်ချလာတယ်။
ဂိမ်းဆိုင်က တံခါးပိတ်ထားတာဆိုတော့  တံခါးကို အသေထုတာ ဒီကောင်က။ အဲဒါနဲ့ ဘယ်သူလဲဆိုပြီး အားလုံးကထွက်ပြေးဖို့ လုပ်နေတာ။ ဟုတ်တယ်လေ တစ်ခါတစ်လေဆို ဆရာတွေ လာဖမ်းတတ်တယ်။
တံခါးကို ပိုင်ရှင်က ထဖွင့်လိုက်ရော တွေ့ ရတာက ကိုယ်တော်ချော…စိုင်းအိုက်ရွှေထွန်း။
မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ။မသိရင်ပဲ သရဲ ပူးသလိုလို ဘာလိုလိုနဲ့ လေ။
အဲဒါနဲ့ ဘာဖြစ်တာတုန်းဆိုပြီး အားလုံးက ၀ိုင်းမေးတော့ … ကိုဇူးရောတဲ့ သူကမေးတာ။ကျွန်တော်က သူမြင်အောင် မတ်တပ်ရပ်ပြလိုက်တော့ မှ…သူက ကျွန်တော်ဆီပြေးလာပြီး။
“ကိုဇူး….သရဲ နိုင်တယ်ဆို ဟုတ်လား” ဆိုပြီး အသေဖက်ထားတော့ တာပဲ။ ကျွန်တော်လည်း…
“တေလိုက်ပါလား…နင့်မေလင့်သရဲ နိုင်”လို့ ပြောပြီး တွန်းထုတ်လိုက်ရတယ်။အဲဒီနာမည်ကလည်း
ရှစ်တန်းဆောင်တုန်းက သရဲခြောက်လို့ ထွက်ပြေးတုန်းစဉ် ဦးဆောင်နိုင်လိုက်လို့  နောက်ပြောင်ပြီး လူတွေ စကြတာ :P ။ အဲဒီလိုနဲ့  ဒီကောင်ကို …
ဘာဖြစ်လာတာလဲ မေးတော့ 
တော်တော်နဲ့ သူမဖြေနိုင်ဘူး မောနေတယ်လေ။ရေတွေဘာတွေထသောက်ပြီး သူအမောပြေတော့ မှ…
ဝတ်ထားတဲ့ အ၀တ်အစားက ပါးပါးလေးရယ်တဲ့ ။ အကုန်မြင်နေရတာတဲ့ ။ အဲဒါနဲ့ သူက
“ဝေ့ ..မအိပ်သေးဘူးလား” ဆိုပြီးမေးလိုက်တော့ ။ဟိုက ကောင်မလေးက သူကို ပြုံးပြပြီး စာရွှက်လေး..
လှမ်းပစ်ပေးတယ်တဲ့ ။သူက ပြန်ပြုံးပြပြီးတော့  စာရွက်ကို ဖွင့်နေတုံးမှာ…သူအိပ်ယာဘေးမှာ တစ်ယောက်ယောက်ရှိနေတယ်ထင်လို့  မော့ ကြည့် လိုက်တာ။ ဟိုဘက်အိမ်ဝရန်တာ မှာတွေ့ ရတဲ့ 
ကောင်မလေးဖြစ်နေတယ်ဆိုပဲ။ အဲဒါနဲ့ အသေပြေးလာတာတဲ့ …အော်ပြီးတော့ လေ။
ဖြစ်ချင်တော့ …ကျွန်တော်တို့ အခန်းထဲမှာ ဘယ်သူမှလည်းမရှိဖူးလေ။ လူက နှစ်ဆယ်ကျော်ရှိတယ်။
အကုန်လုံးက အပြင်ခိုးထွက်တာ။ သူပဲ ကျန်ခဲ့ တာဆိုတော့ …။ကျန်တဲ့ အခန်းထဲက ငနဲ တော်တော်များများလဲ
ဂိမ်းဆိုင်ရောက်နေတာ။အဲဒီတော့ လူမရှိသလိုကြီးဖြစ်နေတာ။သူလည်း ထွက်ပြေးလာပြီး။ အပြင်ကျော်ထွက်နေကြနေရာလည်းရောက်ရော သတိပြန်ရလာတယ်ဆိုပဲ။အဆောင်ထဲပြန်ဝင်ဖို့ လေ။
ဒါပေ့ မယ်…အဆောင်ထဲ ပြန်ဝင်ဖို့ ကြည့် လိုက်တော့ ဆရာတွေနှိုးလာပြီး အခန်းထဲဝင်သွားတာ တွေ့ လို့  …သူလည်း ဒီကို လိုက်လာတာတဲ့ ။ ။
သူစကားလည်းဆုံးရော..ကျောင်းသားဟောင်းတွေက သူကို ၀ိုင်းထိုးတာပဲ။မင်းကွာ..ဆိုပြီး။
ဟုတ်တယ်လေ။သူအော်လိုက်လို့ ဆရာတွေနှိုးကုန်တာကိုး အဲဒီတော့ အခန်းထဲ ၀င်ကြည့် တဲ အခါ
အနော်တို့ မရှိဘူးဆိုတာ သိသွားပြီလေ။ ဟင့် L အရိုက်ခံရတော့ မှာဆိုပြီး သူကို ၀ိုင်းထိုးတာ။
ကျွန်တော်တို့ ဝင်ဆွဲလိုက်ရတယ်။ဒီကောင်ပြောတာလည်း မယုံဘူးလေ။ ဖြစ်မှမဖြစ်နိုင်တာချည်း။
ကျွန်တော်တို့ လည်း ဒီကောင်ထွက်လာတာ ဆရာတွေသိသွားတယ်ကြားတာနဲ့ ချက်ခြင်း အဆောင်ပြန်ပြေးတာ။အဆောင်ရောက်လို့ အခန်းထဲ လည်းဝင်ရော။ ပထမဦးဆုံးတွေ့ ရတာက ဆရာ။
ကုတင်တစ်ခုပေါ်မှာ ငုတ်တုပ်ထိုင်နေတယ်။ အဲဒါနဲ့ မ၀င်ရဲဖူးလေ။သူရှိနေတာကိုး။ တော်တော်လေးကြာတဲ့ 
အထိ သူက မလှုပ်မယှက်ထိုင်နေတော့ … အကဲ စမ်းပြီးတော့ အသံပေးကြည့် တယ်။ ချောင်းဟန့် သံပါ။
လှုပ်မလာဘူး :D ။ အဲဒါနဲ့  အားလုံးတိုးသွားပြီးတော့  ကြည့် လိုက်တော့  ငုတ်တုတ်ကို သတိလစ်နေတာဗျို့ ။
ဟားဟ ရီရတယ် :D ။
အဲဒါချက်ခြင်းဆရာကို အရင် သတိရအောင်လုပ်ရတယ်။ဘယ်လို လုပ်ရလဲဆိုတော့  ပုတီးနဲ့ ရိုက်တာလေ။
အဲဒီအဆောင်မှုးကို ၀ိုင်းပြီး ပုတီးတွေနဲ့ တီးတာ။ :D ။ သရဲပူးတာလည်းမဟုတ်ဘဲ နဲ့ ။ သူက အရိုက်ကြမ်းတယ်လေ။နောက်ပြီးတော့ ကျောင်းသားတွေကလည်း သိပ်မကြည် တော့  ပုတီးနဲ့ တီးဟေ့ ။
ဆိုတာနဲ့ ဘယ်က ဘယ်က ပုတီးတွေ မှန်းမသိဘူး ဆွဲထုတ်လာတာ။နည်းတာမဟုတ်ဘူး။နောက်ပြီးတော့ 
စိပ်တာလည်းမဟုတ်ပါဘူး။ :P
အဲဒီလို ၀ိုင်းရိုက်တော့ မှ ဆရာလည်း နာပြီး သတိရလာတာ။ သူအသံထွက်လာတော့ မှ ဆရာဘာဖြစ်တာလဲဆိုတော့ …ဘာစမေးတယ်ထင်လဲ?။ ။
မင်းတို့ ဘယ်သွားတာလဲတဲ့  အဲဒီမေးခွန်းက အရင် စလာတယ်။
အားလုံးက လည်း ကြက်သေသေသွားတာပေါ့။ဘာဖြေရမှန်းမသိဘူးလေ။
အပြင်သွားတာဆို Report တင်ပြီး အသေအဆော်ခံရမှာ။
အဲဒါတစ်ယောက်က အိမ်သာသွားတာ ဆရာတဲ့ ။သူက ဘာလို့ စုသွားတာတုန်း လာလိမ်မနေနဲ့ ဘာနဲ့ ပေါ့။
အဲဒါနဲ့ ဖြေတဲ့ ကောင်ကပဲ။ သရဲ ကြောက်လို့ ပါတဲ့ ။ :P
ဆရာလည်း အေး နောက်တစ်ခါမသွားနဲ့ ဆိုပြီး ချက်ခြင်းထပြီးသွားဖို့  ပြင်တယ်။
ကျွန်တော်ကလည်း ဆရာဘာဖြစ်တာလဲဆိုတော့  ဘာမှမပြောဘူး။ ရုပ်တည်ကြီးနဲ့ ကျွန်တော်ကို ကြည့် ပြီး…
မင်းတို့ နောက်တစ်ခါ အိမ်သာသွားရင် နှစ်ယောက်ပဲ သွား ဆိုပြီးပြောသွားတယ်။ ပြီးတာနဲ့ ချက်ခြင်းကောက်
လစ်တာ။ :P
သေချာတာကတော့  သူအခြောက်ခံထိလိုက်တယ်ဆိုတာပါပဲ။ ဒါပေ့ မယ် ဘယ်လို အခြောက်ခံလိုက်ရလဲဆိုတာ လုံးဝမပြောသွားဘူး။
နောက်နေ့ လည်းကျရော ကျွန်တော်တို့ တွေ အကုန်လုံးကိုခေါ်ကြိမ်းတာပေါ့။သူကိုယ်မှာလည်း ပုတီးရာတွေနဲ့ 
လေ။မင်းတို့ အပြင်ထွက်တယ်ဆိုတာ ငါသိတယ်ပေါ့။နောက်တစ်ခါအဲဒီလို ထွက်ရင် Report မှတ်ပြီ။ ဘာညာပေါ့။ သူဆူပြီးတော့  ကျောင်းသားတွေက သရဲဆိုတာ သိပ်မယုံကြဘူး။ ဟုတ်တယ်လေ။
ချက်ခြင်းဆိုဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဘူးလေ။ကိုယ်လည်းတွေ့ တာမှမဟုတ်တာချည်း။
ဒီလိုနဲ့ ကျွန်တော်တို့  နေလာတာပဲ။ညဆိုရင်လည်း ၁၁ နာရီထိုးမှ Study Room ထဲက ထွက်ရတယ်။
အဲဒီတော့ ပင်ပန်းတယ်။ လုပ်စရာရှိတာလုပ်ပြီးရင် အိပ်ပဲ။စိုင်းအိုက်ရွှေထွန်းက တော့ အစက ဒီကောင်
အဲဒီမှာ ကုတင်မှာ အိပ်ရမှာလန့် နေတယ်။ ကျွန်တော်နဲ့ ကုတင်စပ်ပြီး အိပ်ဖြစ်တယ်။ဒီကောင်က တော်တော်နဲ့ 
မအိပ်ဖူး။ ဟိုဘက် ၀ရန်တာကို ထထ ကြည့် နေတာ။ ကျွန်တော်ကတော့ အိပ်တယ် အသေ :D ။
နောက်ပိုင်းကျတော့ ဘာဖြစ်လဲမသိပါဘူး။ ဒီကောင် ကျွန်တော်တို့ ကုတင်စပ်ထားတာကို ခွဲလိုက်တယ်။
အဲဒါနဲ့ ဘာဖြစ်တာလဲဆိုတော့ …မင်းက ဟောက်တယ်တဲ့  ငါအိပ်လို့ မရဘူးတဲ့ ။အဲဒါနဲ့ တူတူမအိပ်ဖြစ်တော့
ဘူးလေ။ပြီးတော့  အဆောင်နေပြီးတစ်လကျော်မှာ ကျွန်တော် သူငယ်ချင်းအဟောင်းတွေ အဆောင်လာနေတယ်။ အဲဒီနဲ့ ဒီကောင်တွေဆီမှာ သွားသွားနေနေတာများတော့  ကိုယ့် ရဲ့ ကုတင်တောင် ဖုန်တတ်နေတာ။ :D ဆရာတွေကလည်း သန့် ရှင်းေ၇း ၀င်တိုင်း ကျွန်တော်ကို ဆဲတယ်။စိုင်းအိုက်ရွှေထွန်းရဲ့ 
ကုတင်ကတော့ ရှယ်ပဲနော်။သန့် နေအောင်ထားတာ ဒီကောင်က တစ်ခါတစ်လေဆို ညဘက်ကြီး ရေမွှေးတွေဘာတွေ ထပြီးတော့  ဖြန်းလိုဖြန်းနဲ့ ။ အရင်ကအဲဒီလိုဟုတ်ဝူးဂျ။
တစ်နေ့ လည်းကျေ၇ာ…ကျွန်တော်သူငယ်ချင်းတစ်ယောက်ပါ။ကျွန်တော်ကိုလာပြောတယ်။
“မင်း အိုက်ရွှေထွန်း ကို သတိထားမိလားတဲ့ ။ အမူအရာတွေ အရမ်းပြောင်းနေတယ်” တဲ့ ။
အဲဒါနဲ့ …ကျွန်တော်ကလည်း ထားလိုက်ပါကွာ ဆိုပြီးမိလိုက်တယ်။ စာသင်ခန်းထဲမှာ ဒီကောင်ပုံစံကိုလည်း
သေသေချာချာကြည့် မိလိုက်တယ်။ မျက်တွင်းတွေ ချောင်ပြီး ပုံစံက အားမရှိသလိုလို ဘာလိုလိုနဲ့ ။
ထမင်းစားရင်လည်း သိပ်မစားဘူး။ စိတ်မပါသလိုပါ ဘယ်အရာမဆိုလေ။ ဒီကောင်ကြည့် ရတာ အားသိပ်မရဘူး။စာတော့ အသေကျက်တာနော်။ အသေကြိုးစားတာ။ လပတ်စာမေးပွဲဖြေတော့  သူဂုဏ်ထူး
၅ ဘာသာလောက်ပါသွားတယ်။ အဲဒါနဲ့ ဂုဏ်ထူးတန်းကို ရောက်သွားတယ်။ကျွန်တော်တို့  အဆောင်တွေမှာ..
စာမေးပွဲဖြေရတယ်။ရမှတ်ကို ဂုဏ်ထူးနဲ့ ပေးတယ်။ အောင်ရင် ဂုဏ်ထူးတန်းသွားရတယ်။ အဲဒီမှာ မိန်းခလေးနဲ
ယောင်္ကျားလေး ရောထားတယ်လေ။ဘာမှာတော့ မဟုတ်ပါဘူး။ တစ်ချို့ ကောင်တွေ မိန်းခလေးတွေနဲ့  စာသင်ချင်လို့ စာအသေကြိုးစားလိုက်တာ ဂုဏ်ထူးတန်းရောက်သွားတာပဲ :D ။ ။
အဲဒီလိုနဲ့  ဒီကောင်နဲ့ သိပ်စကားမပြောဖြစ်ဘူးလေ။ ကုတင်ချည်းကပ်နေပေ့ မယ် စကားတောင်မပြောဖြစ်ဘူး။
ဒီကောင်နေ့ ဆိုရင်တော့ အသေအိပ်တာ။အဲဒါနဲ့ တစ်နေ့ OutPass ထွက်တော့  သူငယ်ချင်းတွေက ဒီကောင်နောက်လိုက်ချောင်းမို့ တဲ့  ကျွန်တော်ကလည်း အားအားယားယားဂျာ ဆိုပြီး ဂိမ်းဆိုင်ထဲဝင်သွားလိုက်တယ်။
အားလုံး Outpass ကနေပြီး ပြန်လာတော့ ဒီကောင်တွေ ပြောပြတာပါ။အိုက်ရွှေထွန်း ဆိုင်ကယ်တစ်စီးနဲ့  အဆောင်ဘေးက လမ်းထဲမှာ ဟွန်းလိုက်တီးနေတယ်ဆိုပြီး။ရီတော့ ရီရတယ်။ အားလုံးက ဒီကောင်ရူးနေပြီပေါ့နော်။ပြောမဲ့ သာပြောတာပါ။ ကျောင်းသား အားလုံးက ဒီကောင်ကို စိတ်ဝင်စားတယ်။
အရင်နဲ့ လုံးဝမတူတော့ ဘူးဆိုပြီးလေ။ဆရာတွေကတော့  အိုက်ရွှေထွန်းကိုကြည့်  မင်းတို့ သူလို့ ကြိုးစား ဆိုပြီး
နားလာချနေတာ… :D ။ ။
တစ်နေ့ လည်းကြရော အောက်ထပ်က သူငယ်ချင်းတစ်ယောက်က ဒီည အိုက်ရွှေထွန်းကို စောင့်ကြည့် ကြဖို့ အကြံဥာဏ်ပေးတယ်။ ဒီကောင်ညဆိုရင် ဘာတွေလုပ်လုပ်နေလဲမသိဘူးနော်တဲ့ …အောက်ထပ်ကို ဆင်းဆင်းလာတယ်။ပြီးရင် ကုန်းကုန်းကွကွနဲ့ တဲ့ ။တစ်ခုခုရှာသလိုလိုပဲ။ ရရင် ပြန်တတ်သွားတယ်တဲ့ ။
ကျွန်တော်လည်း အထူးအဆန်းဖြစ်သွားတယ်။ အဲဒါနဲ့ ချောင်းကွာ ဆိုပြီး သူငယ်ချင်းတွေ အားလုံးလိုက်ပြောလိုက်တယ်။
မှတ်မှတ်ရရပါ။ အဲဒီနေ့ ညက လတော်တော်သာတယ်။ ကျွန်တော်တို့ က ဒီကောင်ကို အပြင်ခိုးထွက်ဖို့ လို့  လိုက်မလားဆိုပြီး ဆွယ်တယ်။ ဒီကောင်က မလိုက်ဘူးတဲ့ ။ နင်မကြောက်ဝူးလား သရဲ လာခြောက်နေမယ်ဆိုတော့ … ရတယ်။သရဲဆိုတာ ဒီမှာမရှိဘူးတဲ့ ။ အိုခေလေ။ ဆိုပြီး ကျွန်တော်         တို့ အောက်ထပ်မှာ စုနေလိုက်တယ်။ ပြီးတော့  ည (၁) နာရီလောက် အပေါ်ပြန်တတ်သွားတော့  ..ဒီကောင်က ပြတင်းပေါက်ကနေပြီးတော့ …ဟိုဘက်ကို စာတွေ လှမ်းလှမ်းပစ်နေတာဂျ။ အဲဒါနဲ့  တိတ်တိတ်လေးကပ်သွားကြည့် တော့ ….အားလား…ဟိုဘက် ၀ရန်တာမှာ ဆော်တစ်ပွေဗျာ တော်တော်ကို လှပါတယ်။ ၀တ်ထားတာကလည်း ပါးပါးလေးရော။အကုန်မြင်နေရတယ်။လကလည်းသာဆိုတော့ …ပြောမနေနဲ့ တော့ ဗျို့ ။
ကျောင်းသားတွေအားလုံးကလည်း ကပ်သွားတာ မြန်လိုက်တာ အဲဒီအချိန်ကျတော့ …မနည်းတိုးရတယ်။
ပြတင်းပေါက်ကို ရောက်ဖို့ လေ။အိုက်ရွှေထွန်းလည်း သိသွားတယ်။ အဲဒါနဲ့ ဒီကောင်က မလာနဲ့  ဘာညာပေါ့။
နောက်တော့ ပြောမနိုင်တော့ မှ အေး..အဲဒါဆို အေးဆေးနေ။ မနှောင့်ယှက်နဲ့ ပေါ့ ဘာညာပေါ့။ပြောပြီးတော့ 
သူအလုပ်သူဆက်လုပ်နေတယ်။ ဟိုဘက်က ကောင်မလေးက ဘောပင်တစ်ချောင်းနဲ့ စာရေးတယ်။သူဆီကို
ပစ်ပေးတယ်။ ဒီကောင်က ဖမ်းတယ်။ပြီးတော့ စာပြန်ရေးပြီး ပြန်ပစ်တယ်။ ဟိုက်! ရှယ်ပဲ :D ။ ။
ကျွန်တော်က သူကို အဲဒါဘယ်သူလဲဆိုတော့ ….ငါဆော်တဲ့ ..။ အနော်တောင်ကြောင်သွားတယ်။ဘယ်လိုဖြစ်တာလဲဆိုတော့ …ကြိုက်နေတာကြာပြီဟ တဲ့ ။
သရဲ ထင်လို့ တဲ့ အစက။ သရဲ မဟုတ်ဘူး လူတဲ့ လူ…ဆိုပဲ။ :D သူက ကြိတ်ပျော်နေတာ။
အဲဒိတော့ မှ ဟေ! ဆိုပြီး အနော်လည်း အံ့ သြမိတယ်။ ဒီကောင်တော်တော် လျှို တာပဲလို့ ။
အဲဒါနဲ့ သူတို့ စာပစ်ရည်းစား ဇာတ်လမ်းကို ထိုင်ကြည့် ဖြစ်တယ်ဆိုပါတော့ ။ ကောင်မလေးက
တော်တော်ကို ချောတာ။ တရုတ်မထင်ပါတယ် ကြည့် ရတာ အသားအရေက ဖြူဖတ်ဖြူရော်နဲ့ ။
ကောင်မလေး ပစ်တဲ့ စာအောက်ကျသွားတဲ့ အခါမှာ သွားကောက်ပေးတဲ့ သူတွေ ဘာတွေနဲ့ 
အလှဲ့ ….အိုက်ရွှေထွန်းတော်တော်ကို ဂွတ်သွားတယ်။ ကျွန်တော်တို့ ကလည်း အစက သရဲ ထင်တာ။
အခုမှ လူဆိုတော့ ….ဘာပြောနေတော့ မတုန်း။ ဒီအတိုင်းပဲပေါ့။ ထိုင်ကြည့် ပေါ့။
ကောင်မလေးက မိုးလင်းခါနီးတော့ ….သူကျောင်းသွားစရာရှိလို့  ဆိုတဲ့ စာလေးပေးပြီးတော့  အခန်းထဲ ၀င်သွားတယ်။ဟိုကောင်ကလည်း နောက်နေ့ လာနော်တဲ့ …မျှော်နေမှာဆိုပြီး စာပြန်ပစ်ပေးပြီး ဇာတ်လမ်းက ပြီးသွားတယ်။
ကျွန်တော်တို့ လည်း ဒီကောင်ကို ၀ိုင်းမေးပေါ့ ဘယ်လိုဖြစ်တာလဲဆိုတော့ …သူက ပြောပြရှာပါတယ်။
သူနောက်နေ့ တွေ အိပ်နေတုန်း ထထကြည့် တာ အဲဒီကောင်မလေးက နေ့ တိုင်းပဲတဲ့  ၀ရန်တာထွက်တာတဲ့ ။
အဲဒါနဲ့ လှမ်းခေါ်ရင်လည်း ကျွန်တော်တို့ က နှိုးကုန်မှာဆိုးလို့  ဆိုပြီး စာနဲ့  ပစ်ပစ်ပေါက်ရင်းကြိုက်သွားတယ်တဲ့ 
အခုဆိုရင်တော့  တော်တော်ကြာနေပြီဆိုပဲ။ ဟုတ်လည်း ဟုတ်ပါတယ် နှစ်လလောက်ရှိနေပြိလေ။ဘာလိုလိုနဲ့ ။
အဲဒိနေ့ ကတော့ အဲဒီလောက်ပါပဲ။အားလုံးအိပ်ကြတယ်။အိုက်ရွှေထွန်းကို အားကျတဲ့ ကောင်တွေ လည်းရှိတယ်
ဆော်က မိုက်ကွာ ဘာညာဆိုပြီးတော့ ။ ကျွန်တော်ကတော့ ..သူအလုပ် ကိုယ်အလုပ်မဟုတ်ဘူးဆိုပြီးအိပ်တာပဲ။ကျွန်တော်ကို ကုတင်ခွဲတာလည်း သိသွားတယ်။ ဒီကောင်ဆော်ကျူချင်လို့  ကုတင်ခွဲလိုက်တာ။ကျွန်တော်ရှိနေတော့ သူအနှောက်အယှက်ဖြစ်တယ်လေ။
အဲဒါကြောင့်ထင်တာပဲ။
နောက်နေ့ လည်းကျရော အဆောင်မှာနာမည်ကြီးသွားတယ်။ ကျောင်းသားတိုင်းသိသွားတယ်ကြတယ်။ ဆရာတွေတော့ မပြောရဲဘူးလေ။အဲဒါမီး :D ဟုန်းဟုန်းတောက်သွားနိုင်တယ်။အဲဒီနေ့ ညမှာ တော့ 
စာပစ်အချစ်ဇာတ်လမ်းကို လာကြည့် တဲ့ သူ ကျွန်တော်အထင် သုံးရာ ကျောမယ်ထင်တယ်။ ကျွန်တော်  တို့ နေ တဲ့ ခြံထဲမှာပဲ အဆောင် ခြောက်ဆောင်ကျော်တယ်။ ထမင်းစားဆောင်။စာသင်ဆောင်။ ထမင်းချက်ဆောင်။
ကျောင်းသားတွေ နေတဲ့ အဆောင်တင် သုံးခုလောက်ရှိတယ်။ တစ်ဆောင်မှာ တစ်ရာကျော်ရှိတယ်လေ။
အဲဒီနေ့ ညက ကျောင်းသားတော်တော်များများ လာတယ်။အစကတော့ ကျွန်တော်တို့ အပေါ်ထပ်က ကောင်တွေတင်ရှိတာ။ သူကို လည်းမေးရတာ ခဏခဏ။ လာတေးဝူးလားဟ နင့်ဆော်က ဆိုပြီး :P ။
အော်…အဆောင်ကျောင်းသားတွေ နှယ်။ မိန်းမ ငတ်တယ်။ ချဉ်ချဉ်တူးတုး မူးရင် ပြီးရော ဆိုတဲ့ ဟာမျိုး။
အခုလို နီးနီးကပ်ကပ်ဆိုတော့ ပိုဆိုးတာပေါ့။ ကောင်မလေးက ၁၂ ကျော်တော့ ထွက်လာတယ်ခင်ဗျ။
အဲဒီမှာ စာပစ်ဇာတ်လမ်းကြီး စတာပဲ။ လူတွေကလည်းတစ်ဖြည်းဖြည်းများလာတယ်။ပြတင်းပေါက်ကို
အလှည့် ကျကြည့် ရတာ။ ပြတင်းပေါက်က ဘယ်လောက်ကြိးမှာမို့ လဲ။ ကျောင်းသား သုံးရာရဲ့ ခေါင်းတွေ ဘယ်လောက် ဆန့် နိုင်မှာမို့ လဲ?။ ဟုတ်တယ်ဟုတ်။ ကြာတော့ ဘာဖြစ်လဲဆိုတော့ ….ကုတင်ပေါ်ကို အတင်း ဇွတ်တတ်ရင်းနဲ့ လဲကျတဲ့ သူက လဲကျ။ ဒဏ်ရာရတဲ့ သူက ရနဲ့ ။ ကျွန်တော်ကတော့  ..လူတွေများလာကတည်းက ထောင့်ကပ်သွားတာ။ ဘယ်လိုမှ တိုးလို့ ကို မရတော့ ဘူး ဟီး :P ။
အဲဒီလိုလူတွေ တိုးနေတုန်းမှာ… “ကျီ” “ကျိ” ဆိုတဲ့ အသံခဏခဏ ကြားရတယ်။အဲဒါကို သတိမထားမိဘူး။
ကျွန်တော်အပါအ၀င်ပေါ့။ ဘာဖြစ်တာတုန်းလို့ မေး၇င်လည်း။ ဘယ်တိမတုန်းဟ ဆိုတာက ပြန်ပြန်လာတော့ ။
မမေးဖြစ်တော့ ဘူး။မကြာပါဘူး “၀ုန်း” ဆိုပြီး ကုတင်ကျိုးကျ ပါလေရော။ အဲဒီအပြင် ပိုဆိုးတာက အဆောင်က
အဟောင်းလေး ပျဉ်တွေက လည်း အကောင်းကြီး ဆိုပေ့ မယ်။ လူသုံရာလောက်တတ်နင်းတာလေတစ်နေရာတည်းကို ကျိုးကုန်တာပေါ့။ဖြစ်ချင်တော့ ကျွန်တော်          တို့ အောက်ထပ်က ကျောင်းသားရေးရာ အခန်းလေ။ ဆရာတွေအိပ်တယ်။ သူတို့ ပေါ်ကို ပျဉ်ချောင်းတွေ ပြုတ်ကျကုန်တာ။ အကုန်လုံးနှိုးလာရော။ “၀ုန်း”ကနဲ ဆိုတဲ့ အသံနဲ့ တွဲ ပြီးတော့ 
“ဘာဖြစ်တာလဲ?” “ဘာဖြစ်တာလဲ?” ဆိုတဲ့ အသံတွေကလည်း ပွက်လောရိုက်သွားတယ်။လူတွေ ညဉ်းသံအပြင် နာကျင်လို့ အော်တဲ့ အသံတွေပါ ရောထွေးကုန်ရော။ ဆဲသံတွေလည်းမျိုးစုံသွားတယ်။
ကျွန်တော်လည်း လူတွေပိနေတယ်။အပေါ်က ဘယ်သူလဲ? “X0-0X” တိတယ်ဟုတ်။ အသေဆဲပြီးတော့ 
အတင်းရုန်းထွက်လိုက်ရတယ်။ ပြီးတော့ မှ ပြန်ကြည့် မိတာ။ မြင်မကောင်းဘူး သွေးတွေလေ။ဘာဖြစ်တာလဲဆိုပြီး လိုက်ကြည့် တော့ မှ ကုတင်ကျိုးတော့ ပျဉ်ပြားတွေက ပေါင်ကို စိုက်လိုစိုက်။ ဗိုက်ကို ထိုးလိုထိုးနဲ့ တော်တော်များများ ဒဏ်ရာရ ကြတယ်။ အနော်တောင် ထောင့် မှာမို့ ။
အလယ်လောက်ဆို တေပြီ။ အိုက်ရွှေထွန်းလည်း ထိသွားတယ်။ သူလက်နဲ့ ကုတင်တိုင်နှစ်တိုင်နဲ့ ညှပ်သွားတာ။
လူတွေကလည်း အပေါ်က ဖိအောက်က ဖိဆိုတော့ …။ ကမ္ဘာပျက်သလို ဖြစ်သွားတယ်ဆို ပါတော့ ဂျာ။
အဲဒါနဲ့ ဆရာတွေလည်းပြေးတတ်လာတယ်။ အားလုံးက ဒီမှာစုနေတာဆိုတော့ သူတို့ လည်း မေးကြတာပေါ့။
ဘာဖြစ်တာလဲဆိုပြီးတော့ ။ဆရာတွေ အသံက အစတုန်းက တော်တော်မာတာ။တီးမယ်အထာနဲ့ …သွေးတွေဘာတွေလည်း မြင်သွားရော ချက်ခြင်းပဲ..အသံတွေဘာတွေပြောင်းပြီး ညှပ်နေတဲ့ လူတွေကို ဆွဲထုတ်တော့ တာပဲ။ ကျွန်တော်လည်း ကားဆရာကို သွားနှိုးပြီးတော့ …အသင့်ပြင်ခိုင်းထားရတယ်။
ပြီးတော့ ဒဏ်ရာရတဲ့ လူတွေကို ဆွဲထုတ် ပြီးတာ နဲ့ ..အရေးကြီးတဲ့ သူဆို (ဗိုက်တွေဘာတွေ ပျဉ်ချောင်းထိုးထားသူ) ကားဆွဲတင်။သိပ်မကြီးကျယ်တဲ့ သူတွေကို ပြန်ပြီးတော့  လူတွေ ကို ဆွဲထုတ်ခိုင်း။
တစ်ချို့ ဆို တော်တော်ကို ထူးဆန်းတယ်။ ဘာဒဏ်ရာမှတော့ မရဘူး။ ခြေကျိုး လက်ကျိုး…အဲဒီလို။
အဲဒီလူတွေလည်း ကားပေါ်တွဲတင်။ ကျွန်တော်အရမ်းကြောက်သွားတာ တစ်ခုရှိတယ်။
ကောင်လေးတစ်ယောက်ပါ။ ဒီကောင် ရှစ်တန်းကျောင်းသားလားမသိဘူး။ သူကို ဆွဲထုတ်တာ။ပျဉ်ချောင်းနှစ်ခုက ဗိုက်ကို ထောက်ထားတာလေ။ အတင်းဆွဲလေ ဗိုက်ထဲဝင်လေပဲ။ အဲဒါနဲ့ 
သူ့ လက်ကို လှမ်းဆွဲလိုက်တာ။ လက်ရဲ့ အလယ်ကို ဆွဲတာပါ။အဲဒါကို လက်ဖျံကြီးက ကွေးပြီးကျလာတယ်။
လန့် သွားတယ်။ကြောက်လည်းတော်တော်ကိုကြောက်သွားတယ်။လက်ကျိုးတယ်ဆိုတာ အဲဒိတော့ မှ သိတာ။
ချက်ခြင်းဘေးက လူတွေကို တူတွေဘာတွေယူခိုင်းပြီးတော့ …ပျဉ်နစ်ချပ်ကို ခွာရတယ်။ခွာတာကလည်း..
ပျဉ်လှုပ်တာနဲ့ ဟိုကောင်ဗိုက်ကို ထိုးတာနဲ့ ..ဆိုတော့ ဟိုကောင်လည်းအော်တာ အသေပဲ။ အဲဒီကောင်လေးလည်း ဆေးရုံကားပေါ်တင်ပေးလိုက်ရတယ်။ ညဘက်ကြီးဂျာ နှစ်နာရီခွဲလောက်ကြီး သွေးတွေသံတွေနဲ့ အလှုပ်ရှုပ်နေတာ။ တကယ် သောက်ကျက်သရေကို မရှိဘူး။ ၀ရန်တာ ကို လှမ်းကြည့် တော့ လည်း…ခုနကောင်မလေးမရှိနေဘူး။ ကျွန်တော်ကတော့ … သူလည်း သူ့ ကို ဆူမှာဆိုးလို့ လစ်ပီလို့ ထင်တာပဲ။ အားလုံးလူတွေဘာတွေလည်းရှင်းပြီးရော။ အဆောင်မှူးချုပ်ရောက်လာတယ်။
“ဒီအခန်းမော်နီတာဘယ်သူလဲ” တဲ့ ။ ဘယ်သူရှိမလဲ။ အနော်ပေါ့။ ဟင့်….ပြသနာတတ်တော့ ကိုယ်ခေါင်း။
ကျွန်တော်ဆိုပြီးတော့ ပြောတော့ ။ လိုက်ခဲ့ ဆိုပြီးတော့  သူကားနဲ့  သူအိမ်ကို ခေါ်သွားတယ်။ လမ်းမှာ
ဘာစကားမှ မပြောဖြစ်ဘူး။ ဟိုရောက်တာနဲ့ သူက ကျွန်တော်ကိုယ်ရေးမှတ်တမ်းစာအုပ်လှန်တာပဲ။
ပြီးတော့ ရေတွေဘာတွေတိုက်ပြီး။
“ဖြစ်ပျက်သွားတာတွေ မင်းအစအဆုံးမြင်တယ်နော်”တဲ့ ။ “အဲဒီတော့ …မလိမ်တန်းဖြေတော့ ” ဆိုပဲ။
တေတာပဲ အဲဒါ။ဘယ်က စပြောရမှန်းကို မသိဘူး။အခုဟာက ကိုယ်ပါ ကျောင်းထုတ်ခံရမဲ့ ပုံ။
အဲဒါနဲ့ အားတင်းပြီး  “စတာကတော့  ဟိုဘက် အိမ်က ကောင်မလေး” လို့  ပြောမိယုံရှိသေး။
သူက “ဟေ” ဆိုပြီး သေသေချာချာမေးတော့ တာ။ ကျွန်တော်ကလည်း အစအဆုံးပြောပြလိုက်တယ်။
အဲဒါနဲ့ …သူက ဘာမှတော့ မပြောဘူး။ မျက်မှောင်ကတော့ တော်တော်လေး ကြုံသွားတယ်။
နောက်တော့ ..ကျွန်တော်ကို အဆောင်ပြန်ပို့ ပေးတယ်။ ကားပေါ်က ဆင်းခါနီးတစ်ခွန်းပဲ ပြောသွားတယ်။
“မနက်ဖြန် မင်းတို့ အားလုံး အဆောင်ရှေ့ က ဘောလုံးကွင်းထဲမှာ မနက်ရှစ်နာရီလောက် စုနေပါ” တဲ့ ။
အဆောင်ထဲဝင်တော့ ဆရာတွေကလည်း မျက်နှာတွေက တစ်မျိုးဖြစ်နေတယ်။ ကျောင်းသားတွေက ပြောပြထားပြီးပြီလေ။ကျန်တဲ့ သူတွေက ကျွန်တော်ကို မေးတယ်။ ဘာပြောလဲတဲ့ ..ကျွန်တော်လည်း ဖြေချင်စိတ်မရှိတာနဲ့ …. “ဒီမေးခွန်းပဲ” လို့ ။ စိတ်ထဲကတော့ တွေးလိုက်မိတယ်။ သေချာပေါက်ကျောင်းထုတ်ခံရပြီလို့ ။
ဒုတိယပိုင်း မကြာမီလာမည်....
သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)
0 comments:
Post a Comment