Wednesday, October 9, 2013

ပါကစ္စတန် စ၀တ်တောင်ကြားကို ခြိမ်းခြောက်လာနေတဲ့ သွေးလွန်တုပ်ကွေး



ပါကစ္စတန်နိုင်ငံ Mingora မြို့ ဆေးရုံပေါ်တွင် တွေ့ရသည့် သွေးလွန်တုပ်ကွေး ကူးစက်ခံရသူများ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ပါကစ္စတန်အာဏာပိုင်တွေက စ၀တ်တောင်ကြားဒေသမှာ သွေးလွန်တုပ်ကွေး ရောဂါတွေ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ကျန်းမာရေးဆိုင်ရာ အေရးပေါ်ကြေညာချက်တခုကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဗိုင်းရပ်ပိုးက ၀ပ်နေတဲ့ရေတွထဲမှာ ပေါက်ပွားလာတဲ့ ခြင်တွေကြာင့် ဖြစ်ရတာပါ။ ဩဂုတ်လကတည်းက လူကို သေစနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် လူ ၆၀၀၀ ကျော် ရောဂါကူးစက် ဖြစ်ပွားခဲ့ပါတယ်။

ရိုဟိုက်ဘ်ခန်ရဲ့မိန်းမ အသုဘမှာတော့ လူတွေက သူက ငယ်ရွယ်သေးတဲ့အတွက် သိပ်မ ကြာခင်ပြန်ပြီး လက်ထပ်သင့်တယ်လို့ သူကို ကပ်ပြီးပြောနြေကပါတယ်။ သူ့မိန်းမက သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆုံးသွားခဲ့တာပါ။

ရိုဟိုက်ဘ်ခန်က “တော်တော်ကြီး ကြိုးစားပြီးတော့မှ ကျေန်ာတို့ ဆေးရုံက လူသွားလမ်းပေါ်မှာ ကုတင်တလုံး ရခဲ့ပါတယ်။ ကျေန်ာက ကျေန်ာမိန်းမကို ပြုစုကုသေပးဖို့ ဆရာဝန်တေယာက် ရှာဖို့ ကြိုးစားခဲ့ပါတယ်။ ကျေန်ာတို့ သူ့ကို တြခားဆေးရုံ ခေါ်သွားခဲ့ပါတယ်။ ကျေနာ့်မိန်းမကို ကုလို့ ရဦးမယ်လို့ ထင်ခဲ့တာပေါ့ဗျာ။ ဒါပေမယ့် သူက ညသန်းခေါင်လောက်မှာ ဆုံးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။

သူ့မိန်းမက ၅ နှစ်သမီး အာဖီယာနဲ့ ၁၄ လ သမီး ဟူဒါရိုဟိုက်လို့ ခေါ်တဲ့ သမီး ၂ ယောက်ထားခဲ့ပါတယ်။ ဟူဒါကလည်း သွေးလွန်တုပ်ကွေး ဖြစ်နေပါတယ်။

ဟူဒါရိုဟိုက်က သူ အြပင်ထွက်တာနဲ့ ငိုပါတယ်။ အာဖီယာကေတာ့ သူအိမ်မှာ ရှိနေချိန်ဆိုရင် သူအေဖေပါင်ပေါ်မှာ အြမဲ ပဲ ထိုင်နေတတ်ပါတယ်။

“ကျေန်ာမိန်းမကို ဆုံးရှုံလိုက်ရတာဟာ ကျေန်ာအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဒါပေမယ့် လူသားတွေက ကူညီသူမဲ့ဖြစ်ပြီး ဘုရားသခင်အလိုတော်အရကလွဲလို့ ဘာမှမလုပ်နိုင်ဘူးလို့ ကျေနာ် ယုံကြည်ပါတယ်။ ဆေးဝါး ပြုစုကုသမှုရတာဟာ ကျေန်ာတို့အတွက် စိတ်သက်သာ ကျေနပ်ဖို့လောက်ပါပဲဗျာ။”

သွေးလွန်တုပ်ကွေးရောဂါ ကုသမှုခံပြီး မြကာခင်ကမှ ဆေးရုံက ဆင်းလာတဲ့ အမီးရတ် အလီဘာဟန်ခေးလ်က ရိုဟိုက်ဘ်ခန်ရဲ့ ၀မ်းကွဲတော်သူပါ။

အမီးရတ် အလီဘာဟန်ခေးလ်က “ကျေန်ာတို့ နေ့တိုင်း အကုသိုလ်တွေ ကျူးလွန်နြေကပါတယ်။ ကျေန်ာတို့မှာ အကုသိုလ်တွေနဲ့ ပြည့်နေတာပေါ့ဗျာ။ ဈေးနှုန်းတွေ ငွေကြးဖောင်းပွေနသလိုပေါ့။ တရားမျှတမှုက မရှိ လူတွေက တေယာက်ကို တေယာက် ရက်စက်နြေကေတာ့ ဘုရားသခင်က သွေးလွန်တုပ် ကွေးပုံစံနဲ့ သူရဲ့ ကျိန်စာ ချမှတ်ပေးလိုက်တာပါပဲ။” ဒါကေတာ့ ဒီမှာ အများစု မြင်နေတဲ့ အြမင်ပါ။

ဒါပေမယ့် အာဏာပိုင်တွေနဲ့ သိပ္ပံပညာရှင်တွေကေတာ့ တာယာကူးသန်းရောင်းဝယ်မှုကို အြပစ်တင်ရမယ်လို့ ပြောနြေကပါတယ်။

ဒီလိုထင်ရတာကေတာ့ လာဟိုးမြို့ကလာတဲ့ တာယာအေဟာင်းတွေထဲမှာ ပါလာတဲ့ ရေတွထဲမှာ ခြင်ပိုးလောက်လန်းတွေ ပါလာတယ်လို့ ထင်ခဲ့ကြလို့ပါပဲ။

၂၀၁၁ ခုနှစ် စက်တင်ဘာမှာ လာဟိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ သွေးလွန်တုပ်ကွေးရောဂါကြောင့် လူပေါင်း ၃၆၂ ယောက် သေဆုံးခဲ့ပြီး လူ ၂၀၀၀၀ ကျော် ကူးစက် ဖြစ်ပွားခဲ့ပါတယ်။

စေတနာ့ဝန်ထမ်းတေယာက်က ဆ၀တ်တောင်ကြားက အဓိက မြို့ကြီးတခုမှာ အခမဲ့ ဆေးဝါးကုသခွင့်နဲ့ ရောဂါကူးစက်ပြန့်ပွားမှုကို ဒေါသတြကီး စတင် ကန့်ကွက် ပြောဆိုခဲ့ပါတယ်။

ခေါင်ဆာနဲ့ သူယောက်ျားက နွေရာသီမှာဆို အိမ်ပြင်ဟင်းလင်းမှာပဲ ထွက်အိပ်လေ့ ရှိပါတယ်။ သူတို့တွေမှာ သွေးလွန်တုပ်ကွေး ဖြစ်နြေကြပီး ၂ ယောက်စလုံး ၁ ပတ်လောက် ဆေးရုံတက်ခဲ့ကြရပါတယ်။

ခေါင်ဆာက “ကျမမှာ ကေလး ၃ ယောက်ရှိပါတယ်။ ဘုရားသခင်ကေတာ့ ကျမ ကေလးတွေကို ထောက်ပံ့ကူညီနိုင်ဖို့ အခွင့်အလမ်းပေးမှာပါ။ ဘာလို့လဲဆိုတော့ ကျမေသသွားရင် သူတို့ကို ကြည့်ရှုစောင့်ရှောက်မယ့်သူ ဘယ်သူမှ ရှိမှာမဟုတ်တော့ပါဘူး” လို့ ပြောပါတယ်။

ဒါပေမယ့် အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ရာမက်ဘီဘီကေတာ့ သိပ်ကံမေကာင်းရှာပါဘူး။ မိသားစုက သူ့ကို ဆေးရုံခေါ်သွားတဲ့ အချိန်မှာတော့ ဆရာဝန်က သိပ်နောက်ကျသွားခဲ့ပါပြီလို့ ပြောပါတယ်။

ဆေးရုံတက်ခဲ့ရတဲ့ လူနာတွေ အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက ယောက်ျားတွေပါ။ အမျိုးသမီးတွေက ကူးစက်ခံရမှု အနည်းဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ ခန္ဓာကိုယ်တခုလုံးကို လုံအောင်ဖုံးထားတာလို့ ပြောကြပါတယ်။

ဒါပေမယ့် အဲဒီလို ဖြစ်တဲ့အတွက်ပဲ အမျိုးသမီးတွေကို သူတို့က ဆေးရုံမှာ တက်ရောက် ကုသခံခွင့်မြပုတာလည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဆေးရုံကေန ဆင်းခဲ့တဲ့ ဟိုတယ်တခုရဲ့ မန်နေဂျာ ယာဆာအလီက ဆေးရုံပေါ်မှာ ကုသခံနေရဆဲဖြစ်တဲ့ သူရဲ့ ဆွေမျိုးသားချင်းတွေကို လာကြည့်ပါတယ်။

“ကျေန်ာမိသားစုတခုလုံး သွေးလွန်တုပ်ကွေး ဖြစ်ခဲ့ကြတာပါ။ ဒါပေမယ့် ကျေန်ာတို့ အမျိုးသမီး မိသားစုဝင်တွေကိုတော့ ဆေးရုံကို ခေါ်မလာဘူးဗျ။ သူတို့တွေက သူတို့ရဲ့ကေလးတွေကို နို့တိုက်ကျွေးမွေးရဦးမှာဆိုတော့ သူတို့ကို ဆေးရုံမှာထက် အိမ်မှာ ကုသတာက ပိုကောင်းမယ် ထင်တယ်လေ။”

အိမ်မှာ ကုသတာက ပိုကောင်းတယ်ဆိုရင် ဆေးရုံမှာ ဘာလို့ တက်ကုသခံနြေကတာလဲလို့ မေးမြန်းရာမှာတော့ ယာဆာအလီက “ကျေနာ် အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မြေပာနိုင်ပါဘူးဗျာ။ ကျေနာ် ပြောမေနချင်တော့ပါဘူး” လို့ ဆိုပါတယ်။

စ၀တ်တောင်ကြားဒေသက အမျိုးသမီးတွေက ဆောင်းရာသီရောက်လာတဲ့အချိန်မှာ နည်းနည်း သက်တောင့်သက်သာ ရှိလာကြပါတယ်။ ရာသီဥတုအေးလာရင် သွေးလွန်တုပ်ကွေး ဖြစ်စေနိုင်တဲ့ပိုးကို သယ်ပေးတဲ့ ခြင်တွေ သေကုန်ကြတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဆိုင်ဒူ သင်ကြားရေးဆေးရုံ ရဲ့ အြကီးအကဲ ဒေါက်တာ တာဂ်ျမိုဟာမက်ခန်က “သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ယူလာတဲ့ ခြင်တွေက ၁၆ ဒီဂရီ ဆဲလ်ဆီယပ် အောက်မှာ အသက်မရှင်နိုင်ပါဘူး။ ဒီတော့ အြေခအေနက အောက်တိုဘာ ၁၆ ရက် နောက်ပိုင်း ကျရင် အပူချိန်က ကျလာတဲ့အတွက် ပိုကောင်းလာမှာပါ” လို့ ပြောပါတယ်။

မူဒါဆာရှားက အာရှေဒသ သတင်းဆောင်းပါးကဏ္ဍအတွက် ပါကစ္စတန်နိုင်ငံ စ၀တ် တောင်ကြားဒေသက သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။ 

DVB

0 comments:

Post a Comment