သြစတြေးလျနိုင်ငံ၊ ဘွန်းတက္ကသိုလ် ပါမောက္ခက “မြန်မာရဲ့ အင်အားလတ်နိုင်ငံဖြစ်လာမယ့် အလားအလာ”အကြောင်း ပြောမယ်ဆိုတော့ ခေါင်းစဉ်ကိုက စိတ်ဝင်စားစရာ။ အင်အားကြီးနိုင်ငံ မဟုတ်တာရယ်၊ ဖြစ်မယ့် အလားအလာ မရှိတာရယ်ကတော့ အထူးပြောနေစရာလိုမယ် မထင်ဘူး။ ပြီးတော့ သူ့အဆိုအရ မြန်မာဟာ အချိန်အခါအရ နေရာ အနေအထားနဲ့ သမိုင်းကြောင်းအရကိုက သဘာဝကျကျ အလယ်အလတ်တန်း အင်အားရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမယ်တဲ့။
အင်အား(Power) ဆိုတာ ကိုယ်က သူများကို လုပ်စေချင်တာ လုပ်ခိုင်း၊ မလုပ်စေချင်တာ မလုပ်ခိုင်းနိုင်တဲ့ စွမ်းရည်လို့ အလွယ်တကူ အဓိပ္ပာယ်ဖွင့်ဆိုလို့ ရတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံအချင်းချင်း ဖြစ်ဖြစ်၊ ပြည်သူလူထုနဲ့ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဖြစ်ဖြစ် ကိုယ်ဖြစ်စေချင်တာကို လုပ်ခိုင်းနိုင်တဲ့ စွမ်းရည်ပါ။
ကမ္ဘာ့နိုင်ငံရေး ဘောဂဗေဒမှာ ပြည်တွင်းစီးပွားရေး၊ နိုင်ငံတကာ စီးပွားရေး၊ ပြည်တွင်းနိုင်ငံရေးနဲ့ နိုင်ငံတကာနိုင်ငံရေးဆိုတဲ့ နယ်ပယ်လေးခုရဲ့ ရောယှက်ဆက်ွယ်မှုကို တွေ့ရပြီး ဒီလေးခုရဲ့ မတည်ငြိမ်မှုကိုလည်း တွေ့ရတယ်။ ၀ါဒရေးရာအရ ပြောရရင် ကုန်သွယ်စီးပွားဝါဒ (Merca-ntilism)၊ လစ်ဘရယ်ဝါဒ (Liberalism) နဲ့ မာ့က်ခ်ဝါဒ(Marxism)တို့ရဲ့ အရောအယှက်ကို တွေ့ရတယ်။ လွတ်လပ်မှု၊ အစိုးရက ၀င်ရောက်စွက်ဖက်မှုနဲ့ လူတန်းစားအချင်းချင်း အားပြိုင်မှုတွေရဲ့ အရောအစပ်ကို တွေ့ရတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ဘယ်သူအဓိကကျသလဲဆိုတာ အယူအဆတွေ ကွဲကြတယ်။ လူဟာ ပင်ကိုကတည်းက ကောင်းတယ်၊ ဆိုးတယ်၊ ထုတ်လုပ်မှု အခြေအနေအရ ဖြစ်ရတာဖြစ်ပြီး အပြောင်းအလဲ ဖြစ်နိုင်တယ်ဆိုတဲ့ အမြင်တွေ ရှိကြတယ်။ ဒီအပေါ်မူတည်ပြီး စီးပွားရေး မူဝါဒဟာ နိုင်ငံရဲ့ စွမ်းရည် မြင့်မားဖို့ ဖြစ်ရမယ်။ အများအကျိုး ထမ်းပိုးဖို့ ဖြစ်ရမယ်။ ဥစ္စာဓနကို ညီညီမျှမျှ ခွဲဝေဖို့ ဖြစ်ရမယ်ဆိုတဲ့ အမြင်တွေ ကွဲပြားလာကြတာ ဖြစ်ပါတယ်။
ဒီလိုနဲ့ နိုင်ငံတွေကို အင်အားကြီး၊ အင်အားလတ်နဲ့ အင်အားသေးနိုင်ငံတွေ ရယ်လို့ ခွဲကြည့်ကြပါတယ်။ နိုင်ငံတွေဟာ ဘာလို့ အင်အားရှိတာလဲ၊ စွမ်းရည်နဲ့ဆန္ဒ ဘယ်လို ဆက်စပ်မှုရှိသလဲဆိုတာတွေကို ကြည့် ကြတယ်။
နိုင်ငံတွေရဲ့ အင်အားကို တွက်ဆတဲ့ နည်းက သုံးနည်းရှိသတဲ့။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံ၊ သူနဲ့ တခြားနိုင်ငံ တွေက သူ့ကိုရှုမြင်ပုံနဲ့ စာရင်းအင်းတွေပါ။ စာရင်းအင်းတွေက ဓမ္မဓိဋ္ဌာန် ကျတယ်။ ဒီနေရာမှာလည်း ကောက်ယူလို့ရတဲ့ စာရင်းအင်းတွေပါ။တခြားနည်းတွေဖြစ်တဲ့ လုပ်ပုံကိုင်ပုံတို့၊ အထင်အမြင်တို့ ဆိုတာ အယူအဆတွေပါ။
ဒီခေတ်မှာတော့ နိုင်ငံတစ်နိုင်ငံရဲ့ လုပ်ပုံကိုင်ပုံကို ဘယ်လိုလည်ပတ်နေသလဲ၊ နိုင်ငံတကာမှာ ဘယ်လို ပါဝင်ပတ်သက်နေသလဲ၊ နိုင်ငံစုံဝါဒ(Multilateralism) ကို ဘယ်လို ကျင့်သုံးနေသလဲဆိုတဲ့ အရောအမွှေနဲ့ စဉ်းစားကြပါတယ်။
အင်အားကြီးနိုင်ငံတွေ ဆိုတာကတော့ ကိုယ့်သဘော ကိုယ့်ဆန္ဒကို ကမ္ဘာ့နိုင်ငံရေးဘောဂဗေဒ အပေါ်မှာ ချမှတ်နိုင်စွမ်းရှိတယ်။ ကမ္ဘာ့နိုင်ငံရေး ဘောဂဗေဒက ကိုယ့်အပေါ် ဖိစီးချမှတ်လာတဲ့ အပြောင်းအလဲတွေ ကို ဆန့်ကျင်နိုင်စွမ်းရှိတဲ့ နိုင်ငံ တွေကို ဆိုလိုတာပါ။ ဥပမာအားဖြင့် တရုတ်နိုင်ငံဟာ အင်အားကြီးနိုင်ငံ တစ်ခု ဖြစ်ပါတယ်။
ဒီနေရာမှာ မြန်မာသံအမတ်ကြီး တစ်ဦးက မြန်မာနိုင်ငံဟာ အင်အားကြီး နိုင်ငံမဟုတ်ပေမယ့် ကိုယ့်အပေါ် ဖိစီးချ မှတ်လာတဲ့ အပြောင်းအလဲတွေကို ဆန့်ကျင်နိုင်စွမ်း ရှိခဲ့ပါတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
အလယ်အလတ် အင်အားရှိတဲ့ နိုင်ငံဆိုတာကတော့ ကိုယ်က အပြောင်းအလဲကို ဆန့်ကျင်နိုင်စွမ်း မပြည့် စုံသေး၊ ကိုယ်က ပြောင်းလဲအောင်လုပ်နိုင်တဲ့ စွမ်းအား မရှိသေးတဲ့ နိုင်ငံတွေပါ။စွမ်းအားစု အတန်အသင့် ရှိပြီး စွမ်းအားနဲ့ စွမ်းရည်အတန်အသင့်ပဲရှိတာ၊ အပြောင်းအလဲကို နည်းနည်းပဲ ဆန့်ကျင်၊ ပြောင်းလဲ အောင် ကိုယ့်အနေနဲ့ နည်းနည်းပဲလုပ်နိုင်သေးတဲ့ အနေအထားပါ။ အလယ်အလတ်တန်း အင်အားရှိတဲ့ နိုင်ငံတွေက ကမ္ဘာ့နိုင်ငံရေး ဘောဂဗေဒကို အသုံးချမယ်၊ တခြားနိုင်ငံတွေ အောင်မြင်တာကိုသင်ခန်းစာ ယူမယ်၊ ကိုယ့်အနေနဲ့ ထူးခြားတဲ့အခြေအနေတွေကို အသုံးချမယ်။
အင်အားသေးတဲ့ နိုင်ငံတွေဆိုတာကတော့ ကိုယ်ကလည်း သူများကို ပြုပြင်ပြောင်းလဲမှုလည်း မလုပ်နိုင်၊ သူများလုပ်တာကိုလည်း မဆန့်ကျင်နိုင်၊ အခြေအနေတွေကို ရောမွှေပြီး အသုံးချခြင်းလည်း မပြု နိုင်တဲ့ နိုင်ငံတွေပါ။
အင်အားလတ်နိုင်ငံတွေ ဆိုရာမှာ မပြောင်းလဲတဲ့ နိုင်ငံတွေ၊ အပြောင်းအလဲ ဖြစ်တဲ့ နိုင်ငံတွေ၊ သဘာဝ အလျောက် အင်အားလတ်ဖြစ်တဲ့ နိုင်ငံတွေ၊ သဘာဝမကျဘဲ အင်အားလတ်ဖြစ်နေတဲ့ နိုင်ငံတွေရယ်လို့ ခွဲခြားနိုင်ပါသေးတယ်။တကယ်တော့ ဘယ်နိုင်ငံတွေဟာ အင်အားအလတ်စား နိုင်ငံတွေရယ်လို့ တိတိကျ ကျ တညီတညွတ်တည်း အဓိပ်္ပာယ် ဖွင့်ဆိုထားတာ မရှိသလို၊ ရေရေရာရာ တိုင်းတာနိုင်တဲ့နည်းလည်း မရှိသေးပါဘူး။ ပြီးတော့ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကိုလည်း နားလည်နိုင်ခြင်း မရှိသေးတာကို ရှေ့မှာ လုပ်ခဲ့တဲ့ သုတေသနတွေမှာ တွေ့ရတယ်။
ပါမောက္ခ ပင်းက လူဦးရေ၊ ပထ၀ီ အနေအထား၊စစ်ရေး အသုံးစရိတ်၊ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၊ တိုးတက်မှုနှုန်း၊ ပို့ကုန်တန်ဖိုး၊ ကုန်သွယ်မှု အချိုးအစား၊ တစ်ဦးကျဝင်ငွေ၊ မျှော်မှန်းသက်တမ်းဆိုတဲ့ စာရင်း အင်းတွေ အပေါ်မူတည်ပြီး တိုင်းတာကြည့်တယ်။
အဲဒီလို တိုင်းတာကြည့်တဲ့အခါ ၁၉၉၀ ပြည့်နှစ်မှာ ဥဇဘက်စတန်၊ ၁၉၇၅ ခုနှစ်မှာ ပါကစ်္စတန်တို့ဟာ အင်အားအလတ်စား နိုင်ငံတွေ၊ ၂၀၀၀ ပြည့်နှစ်က အာရှ-ပစိဖိတ်ဒေသမှာ သြစတြေးလျ၊ ကနေဒါ၊ ချီလီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း နဲ့ တူရကီ တို့ ဖြစ်ပါသတဲ့။
၁၉၇၅-၂၀၀၀ ကာလအတွင်းမှာသြစတြေးလျ၊ ကနေဒါ၊ ချီလီတို့ဟာ အင်အားအလတ်စား နိုင်ငံဘ၀ကနေ လျော့ကျ လာကြပြီး အင်ဒိုနီးရှား၊ မက္ကဆီကိုနဲ့ ပါကစ္စတန်တို့ဟာလည်း ကျဆင်းသွားခဲ့ကြတယ်။ တောင်ကို ရီးယား၊ ဖိလစ်ပိုင်၊ တရုတ်(တိုင်ပေ)နဲ့ တူရကီတို့က တန့်နေတယ်။ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဥဇဘက် ကစ္စတန်တို့ကတော့ တက်နေတယ်လို့ ဆိုတယ်။
အင်အားအလတ်စား နိုင်ငံတွေဟာ ကိုယ့်နိုင်ငံရဲ့ အရွယ်အစားအပေါ်မူတည်ပြီး လုပ်ပုံကိုင်ပုံတွေဟာ အင် အားကြီးနိုင်ငံ တွေနဲ့လည်း မတူ၊ အင်အားသေးနိုင်ငံတွေ နဲ့လည်း မတူဘူး။ ကိုယ့်နိုင်ငံအရေးပါဖို့ နည်း လမ်းသစ်တွေ သုံးကြရတယ်။
အလတ်စားနိုင်ငံဖြစ်ဖို့ အရေးမှာ အရေးအကြီးဆုံးအချက်က ကိုယ့်နိုင်ငံဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်ဖို့ပါပဲ။ ပြည်တွင်းနဲ့ ကမ္ဘာနဲ့ကို ဆက်စပ်အသုံးချနိုင်ဖို့ ဖြစ်ပါတယ်။
သန်းငါးဆယ်ကျော်တဲ့ လူဦးရေ၊ စတုရန်း ၊ခြောက်သိန်း ခုနစ်သောင်း ခုနစ်ထောင်ရှိတဲ့ နယ်နိမိတ်၊ မျှော် မှန်းသက်တမ်း ၆၅ နှစ်စတဲ့ အချက်အလက်တွေက မြန်မာ နိုင်ငံဟာ အလတ်တန်းအင်အားရှိတဲ့ နိုင်ငံ အဖြစ် သဘာဝကျကျ၊ မြန်မြန်ဆန်ဆန် ဖြစ်လာစေနိုင်တယ်။ အချိန်အခါက ကမ်္ဘာဆန်တဲ့ခေတ်၊ ကမ္ဘာ ဆန်တဲ့ အချိန်၊ သူများတွေလုပ်ခဲ့တဲ့ အမှားတွေ မလုပ်ရ သေးဘူး။ သူများတွေဆီက လေ့လာသင် ယူစရာ တွေ အများကြီး ရှိနေတယ်။ ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ကို ဘယ်လိုတွဲမလဲ၊ အာဆီယံနဲ့ အိန္ဒိယက ဘာ သင်ခန်းစာတွေ ရမလဲ၊ ဆိုရှယ်လစ်နိုင်ငံတော်က လမ်းညွှန်မှုပေးတဲ့ ဈေးကွက်အရင်းရှင်စနစ်ကို ကျင့်သုံး မှာလား၊နေရာဒေသအားဖြင့် အာရှရာစုနှစ်၊ အိန်္ဒိယနဲ့တရုတ်ဆိုတဲ့ အင်အားကြီး နိုင်ငံတွေကြားမှာ ရောက် နေတယ်။ သမိုင်းကြောင်းအရ အရှေ့အာရှနဲ့တောင်အာရှ ယဉ်ကျေးမှုတွေရဲ့ အချိတ်အဆက်မှာရှိနေ တယ်။
ဒါပေမဲ့ အန္တရာယ်တွေလည်း ရှိတယ်။ အင်အားကြီးနိုင်ငံတွေ ကြားထဲမှာ ရောက်နေတယ်။ အစိုးရက ၀င်ရောက်ဆောင် ရွက်မှုနဲ့ စီးပွားရေး လုပ်ငန်းတွေ အားပြိုင်နေတယ်။ စည်းမျဉ်းစည်းကမ်းတွေ အားနည်း တာ၊ စီမံအုပ်ချုပ်မှု အားနည်း တာတွေနဲ့ကြုံရနိုင်တယ်။ လူ့အဖွဲ့အစည်း မတည်ငြိမ်တာတွေ၊ ဈေးကွက်ရဲ့ အား နည်းချက်တွေလည်း ရှိနိုင်တယ်။
မြန်မာဟာ နေ့ချင်းညချင်းတော့ အလတ်စား အင်အားကြီးနိုင်ငံ ဖြစ်လာမှာ တော့မဟုတ်ဘူး။ ဖွံ့ဖြိုးတိုး တက်ဖို့ ရည်မှန်း လုပ်ဆောင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံ ဟာသဘာဝကျကျ၊ အလတ်စား အင်အားရှိတဲ့ နိုင်ငံတစ်ခု ဖြစ်လာမယ့် အလားအလာရှိနေတယ်လို့ ပါမောက္ခ ဒေါက်တာ ဂျိုနသန်ပင်းက သုံးသပ်သွား ခဲ့ပါတယ်။
Ref: Dr. Jonathan Ping – Middle Powers and Myanmar's Prospects for Achieving Middle Power State.
Wednesday, July 23, 2014
မြန်မာနိုင်ငံအင်အားအလတ်စား နိုင်ငံဖြစ်လာမယ့် အလားအလာWritten by ခင်မောင်ညို(ဘောဂဗေဒ)
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment