Friday, October 3, 2014

ဘဝ


ရေကူးနည်းစာအုပ်ကို ဖတ်ခြင်းသည် ရေကူးတတ်ရန် အထောက်အကူပြုပါသည်။

ကားမောင်းနည်းစာအုပ်ကို ဖတ်ခြင်းသည် ကားမောင်းတတ်ရန် အထောက်အကူပြုပါသည်။

လောကတွင် နေနည်းထိုင်နည်း၊ ပြုမူပြောဆိုနည်းများနှင့်ပတ်သက်သော စာအုပ်များကို ဖတ်ခြင်းသည် လောကတွင် ကောင်းမွန်မှန်ကန်စွာ နေတတ်ထိုင်တတ်ရန် အထောက်အကူပြုပါသည်။ရေကူးနည်းစာအုပ်ကို အလွတ်ရနေသော်လည်း အမှန်တစ်ကယ်ရေကူးကျွမ်းကျင်ဖို့အတွက် လေ့ကျင့်ရန် အချိန်ကာလတစ်ခု လိုအပ်ပါတယ်။

ကားမောင်းနည်းစာအုပ်ကို အလွတ်ရသော်လည်း ကားကိုကျွမ်းကျင်စွာမောင်းတတ်ဖို့အတွက် လေ့ကျင့်ရန် အချိန်ကာလတစ်ခု လိုအပ်ပါတယ်။

နေနည်းထိုင်နည်းများကို အလွတ်ရနေသော်လည်း လောကထဲတွင် ကောင်းမွန်မှန်ကန်စွာပြုမူနေထိုင်တတ်ဖို့အတွက် လေ့ကျင့်ရန် အချိန်ကာလတစ်ခု လိုအပ်ပါတယ်။

ရေကူးကျင့်နေသောကာလအတွင်း ရေနစ်နိုင်ပါတယ်။ သို့သော် အချိန်တန်ပါက ရေးကူးကျွမ်းကျင်သူဖြစ်လာနိုင်ပါတယ်။ ရေကူးကျွမ်းသော်လည်း အခြေအနေ၊အချိန်အခါအရ ရေနစ်နိုင်ပါတယ်။

ကားမောင်းကျင့်နေသောကာလအတွင်း ကားတိုက်မိနိုင်ပါတယ်။ သို့သော် အချိန်တန်ပါက ကားမောင်းကျွမ်းကျင်သူဖြစ်လာနိုင်ပါတယ်။ ဘယ်လောက်ကျွမ်းကျွမ်း အခြေအနေ၊အချိန်အခါအရ ကားတိုက်မှုဖြစ်နိုင်ပါတယ်။

ကောင်းစွာ ပြုမူနေထိုင်နည်းများအတိုင်း ကျင့်ကြံနေသောကာလအတွင်း အမှားများပြုလုပ်မိနိုင်ပါတယ်။။ သို့သော် အချိန်တန်ပါက အမှားပြုလုပ်မှုများ နည်းပါးလာကာ လူကောင်းသူကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

လူကောင်းသူကောင်းတစ်ယောက်ဖြစ်သော်လည်း အခြေအနေ၊အချိန်အခါအရ အမှားများပြုလုပ်မိနိုင်ပါတယ်။ (တစ်ချို့လူတွေမှာ ပြင်ဖို့တော်တော်ခက်ခဲတဲ့ အားနည်းချက်တွေရှိတတ်ကြပြီး အဲဒါတွေကိုမပြင်မိပါကလည်း အမှားများပြုလုပ်မိနိုင်ပါတယ်။

နောက်ပြီး သတိထားစရာတစ်ခုရှိပါတယ်။ တစ်ချို့လူများ၏ အပြုအမူ၊ အတွေးအခေါ်များကို ယနေ့ခေတ်အမြင်များဖြင့်ကြည့်သော် အမှားဟုယူဆကြဖို့ စိတ်အားထန်သန်နိုင်ကြပါတယ်။ သို့သော် အမြင်ကျယ်လာနိုင်သောနှောင်းခေတ်များတွင် သဘော

ထားကြီးသော၊ ဉာဏ်ပညာရှိသော အပြုအမူ၊အတွေးအခေါ်များဖြစ်နေနိုင်ပါတယ်။)


by ပညာ
True Man

0 comments:

Post a Comment