Wednesday, October 29, 2014

လိပ်ကျွန်းအမှုကို အားလုံးစိတ်ချမ်းသာအောင်လုပ်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ်နှင့် ရဲချုပ်က ပြောကြားထားဟုဆို


မြန်မာသံအမတ်က ထိုင်းရှေ့နေများကောင်စီထံ အမှုအပ်စဉ် (ဓာတ်ပုံ - ငြိမ်းချမ်း)

လိပ်ကျွန်းလူသတ်မှုဖြစ် စဉ်ကို အားလုံးစိတ်ချမ်းသာ အောင်လုပ်ပေးမည်ဟု ထိုင်း နိုင်ငံ ၀န်ကြီးချုပ်ပရာယွတ်နှင့် ထိုင်းရဲချုပ်တို့က ပြောကြားထား ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်က ပြောကြားလိုက်သည်။ သံအမတ်ကြီး ဦးဝင်းမောင် သည် အောက်တိုဘာ ၂၉ ရက်က ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ ထံ အမှုအပ်နှင်းရာတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

‘‘၀န်ကြီးချုပ် ပရာယွတ်နဲ့ လည်း ပြောဆိုထားပါတယ်။ ဒီအ မှုနဲ့ပတ်သက်ပြီး အားလုံးစိတ်ချမ်း သာအောင် လုပ်ပေးပါမယ်လို့ ပြောဆိုထားပါတယ်။ ထိုင်းနိုင်ငံ ရဲချုပ်ကလည်း ဘာမှစိတ်မပူဖို့ နေပြည်တော် ရောက်တုန်းက လည်း ပြောထားပါတယ်။ ၀န်ကြီး ချုပ် သမ္မတကြီးနဲ့ ဆွေးနွေးထား တာ ရှိပါတယ်’’ ဟု သံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်သည် ယခုလအတွင်းက မြန်မာနိုင်ငံ ခရီးစဉ်လာရောက်ပြီး အပြန်တွင် လိပ်ကျွန်းဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာများအား သတိထားရေး သားကြရန်နှင့် ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်သည် မှန်ကန်ကြောင်းပြောထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦးအား တရားရုံးသို့ တင်ရန် အတွက် လူသတ်တရားခံ များဖြစ်သည်ဟု စွပ်စွဲထားပြီး ထိုအမှု အဆင်သင့်မဖြစ်သေး ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား၏ အမှုကို ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီနှင့် ထိုင်းနိုင်ငံ လူ့အခွင့် ရေးရာကောင်စီတို့က မြန်မာ လုပ်သားနှစ်ဦးဘက်မှ လိုက်လံကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးက ဗြိတိန်စုံတွဲအား ၎င်း တို့သတ်ဖြတ်ခြင်းမဟုတ်ကြောင်း ၎င်းတို့၏ မိဘများအား အောက် တိုဘာ ၂၄ ရက်က ပြောကြားထားသည်။

ထိုသို့ ပြောဆိုသော စာကို အောက်တိုဘာ ၂၈ ရက်က ထိုင်း နိုင်ငံ အစိုးရရှေ့နေများ ရုံးချုပ်နှင့် လူ့အခွင့်ရေးရာ ကောင်စီထံ တင် ပြစာ ပေးပို့ထားသည်။


7Day Daily

0 comments:

Post a Comment