Tuesday, October 28, 2014

အာဆီယံကျွမ်းကျင်မှုဆိုင်ရာပြိုင်ပွဲမှာ မြန်မာနိုင်ငံက အချက်အပြုတ်ကျွမ်းကျင်မှုထူးချွန်ဆုရရှိ


ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံကျွမ်းကျင်မှုဆိုင်ရာပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အချက်အပြုတ်ကျွမ်းကျင်မှုထူးချွန်ဆုကို ရသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုး တက်ရေး အသင်း ဒုဥက္ကဋ္ဌ ဖြစ်သူဦးကျော်ကျော်ဆင့်က ပြောပါတယ်။အဲဒီပြိုင်ပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ကျင်းပနေတာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့အာဆီယံက သတ်မှတ်ထား တဲ့ ကျွမ်းကျင်မှုဆိုင်ရာ အမျိုးအစား ၂၅ မျိုး ထဲက ၆ မျိုးကို ၀င်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

"အခုလို အောင်မြင်မှုက နိုင်ငံခြားအလုပ်အကိုင် အချက်အပြုတ်နဲ့ ဆိုင်တာတွေ အပျော်စီးသဘောင်္တွေရော ဟိုတယ်တွေမှာရော အလုပ်ရဖို့ နဲ့ အလုပ်ရှင်တွေအတွက် ယုံကြည်မှုကို ပိုရလာမယ်။အလုပ်အကိုင်အခွင့်အလမ်း ပိုရလာမယ်လို့ ဆိုနိုင်ပါတယ်"လို့ သင်္ဘောအရာရှိတစ်ဦးဖြစ်သူ ကိုမြင့်နိုင် က ပြောပါတယ်။

ဒီပြိုင်ပွဲဟာအာဆီယံမှာ၁၀ကြိမ်မြောက်ပြိုင်ပွဲ ဖြစ်ပေမယ့် မြန်မာနိုင်ငံအနေနဲ့တော့
ပထမဆုံး ၀င်ပြိုင်တာဖြစ်ပါတယ်။

ပြိုင်ပွဲ ၂၅ မျိုးထဲမှာမြန်မာနိုင်ငံအနေနဲ့ဝင်ပြိုင်နိုင်မယ့်အမျိုးအစားတွေတော့
စားသောက်ဆိုင်ဝန်ဆောင်မှုကျွမ်းကျင်မှု၊ အချက်အပြုတ်ကျွမ်းကျင်မှု၊
အီလက်ထရောနစ်ကျွမ်းကျင်မှု၊ လျှပ်စစ်သွယ်တန်းကျွမ်းကျင်မှု၊
ပိုက်ဆက်ကျွမ်းကျင်မှု၊ လက်သမား ကျွမ်းကျင်မှု စတဲ့ အမျိုးအစား တွေဖြစ်ပါတယ်။

နိုင်ငံတကာက ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံကြဖို့ ဆိုတဲ့နေရာမှာ
သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်တဲ့ မြန်မာဝန်ထမ်းတွေ ရရှိရေးက
အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်နေတဲ့အပေါ်စီးပွားရေးလုပ်ငန်းရှင်တွေ ကတင်ပြ ထားကြပေမယ့်လည်း အဲဒီစိန်ခေါ်မှုကို ဘယ်လို ကျော်လွှားနိုင် မလဲဆိုတာကိုခုအချိန်ထိ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးအသိပညာပေးမှုတွေ မရှိသေးဘူးလို့စီးပွါးရေးလုပ်ငန်းအသိုင်းအ၀ိုင်းက ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ကျွမ်းကျင်မှု ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု (skill development)နဲ့ ပတ်သက်လို့ ကုန်သည်/စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (UMFCCI) အနေနဲ့ ဥပဒေမူကြမ်းရေးဆွဲနေတာ မပြီးသေးပါဘူး

ရေးဆွဲနေတဲ့ ဥပဒေမူကြမ်းမှာကျွမ်းကျင်လုပ်သားဆိုင်ရာနဲ့ပတ်သက်ပြီး နည်းပညာတွေအထောက်အပံ့အတွက်အစိုးရနဲ့ လုပ်ငန်းရှင်တွေကဘယ်လိုပံ့ပိုး ရမယ်ဆိုတာ ပါဝင်တယ်လို့ဥပဒေရေးဆွဲရာမှာ ပါဝင်တဲ့ ကုန်သည်/စက်မှုလုပ်ငန်းရှင်အသင်းပြန်ကြားရေးတာဝန်ရှိသူ ဦးနှင်းဦးက ပြောပါတယ်။


မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment