Tuesday, October 28, 2014

ကိုပါကြီး သေဆုံးမှုကို အမှုဖွင့်တိုင်ကြားခြင်း ကျိုက်မရောမြို့မ ရဲစခန်းမှ အမှုကိုလက်မခံ



စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကို အောင်ကျော်နိုင် (ခ)ကိုပါကြီး သေဆုံးမှု ဖြစ်စဉ်အတွက် မွန်ပြည်နယ် ၂၀၈ တပ် ရင်းဗိုလ်ကြီး စန်းမင်းအောင်ကို အမှု(၃) မှုဖြင့် အမှုဖွင့်တိုင်ကြားခြင်းကို အထက် ၏ ညွှန်ကြားချက်ဟုဆိုကာ ကျိုက်မရော မြို့မ စခန်းမှူးက အမှုကို လက်မခံခဲ့ ကြောင်း သေဆုံးသူ ကိုပါကြီး ဇနီး မသန္တာ၏ ပြောပြချက်အရ သိရသည်။ ကိုပါကြီးကို မတရားဖမ်းဆီးမှု၊ ညှင်း ပန်းသတ်ဖြတ်မှု၊ အလောင်းဖျောက်ဖျက် မှုများဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းကို ကျိုက်မရောမြို့မ ရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး တင်ဦးက အမှုကိုငြင်းပယ် ခဲ့ခြင်းဖြစ်သည်။

“အထက်ညွှန်ကြားချက်ကြောင့် ဒီ အမှုကို လက်မခံနိုင်ပါဘူးတဲ့ ဒါဟာ ဥပဒေရဲ့အထက်မှာ ကာကွယ်ရေးဌာနရှိ နေတာကို ပြလိုက်တာပဲ”ဟု မသန္တာက ပြောသည်။

အမှုဖွင့်ခြင်းကို လက်မခံခဲ့သည့်ကိစ်္စ နှင့်ပတ်သက်၍ ကျိုက်မရောမြို့မစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ထိုသို့ကျိုက်မရောစခန်းမှ အထက် ညွှန်ကြားချက်ကြောင့်ဟုဆိုကာ အမှုကို လက်မခံခဲ့သော်လည်း ခရိုင်နှင့် တိုင်း ဒေသကြီးအထိ အမှုဖွင့်တိုင်ကြားမည် ဖြစ်ကြောင်း သေဆုံးသွားသည့် ကိုပါကြီး ဇနီး မသန်္တာကို ကူညီပေးနေသူ ဒီမိုက ရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက် အဖွဲ့မှ ဒေါ်နော်အုံးလှက ပြောသည်။

မွန်ပြည်နယ် တပ်ရင်း ၂၀၈ မှ ဗိုလ်ကြီး စန်းမင်းအောင်သည် စက်တင် ဘာ ၃၀ တွင် ကိုပါကြီးကို ကျိုက်မရော မြို့ လှေဆိပ်တွင် လက်နက်ကိုင်တပ်ဖွဲ့ များနှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ ဖမ်း ဆီးစဉ်က ပါဝင်ခဲ့သူဖြစ်ကြောင်း ကိုပါကြီး ဇနီး မသန်္တာက ပြောကြားထားသည်။

ကိုပါကြီးသည် ကလို့ထူးဘောကရင် အစည်းအရုံး (ုဥ) စောဆန်းအောင် အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်မှ ဖမ်း ဆီးထားစဉ် ကင်းစောင့်စစ်သားထံမှ သေနတ်လုယူထွက်ပြေးသောကြောင့် ကင်းစောင့်စစ်သားမှ ပစ်ခတ်ဖမ်းဆီးရာ တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ သည်ဟု ကာကွယ်ရေးဌာနမှ အောက် တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန် ခဲ့သည်။

လက်ရှိအချိန်တွင် ကိုပါကြီးသေဆုံး မှုဖြစ်စဉ်တွင် သံသယဖြစ်စရာများရှိနေ သောကြောင့် အမှုကိုစစ်ဆေးခွင့်ပေးရန် ၈၈ မျိုးဆက်အပါအ၀င် နိုင်ငံရေးတက် ကြွလှုပ်ရှားသူများက တောင်းဆိုထား သည်။

ထို့ပြင် အောက်တိုဘာ ၂၆ ရက် ညနေလေးနာရီတွင် ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ၈၈ မျိုးဆက်အဖွဲ့အပါ အ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက ဆန်္ဒပြတောင်းဆိုခဲ့ ကြသေးသည်။ မင်းကိုကို

(မြစ်မခ)ရန်ကုန်

Hot News

0 comments:

Post a Comment