Thursday, October 30, 2014

ခြံစည်းရိုးခတ် ထားသည့် မြေယာများ ကိစ္စ ဖြေရှင်းပေးရန် လက်ပံတောင်း ဒေသခံများ မြန်မာဝမ်ပေါင် ကုမ္ပဏီသို့ ချီတက်ရာ တားဆီး ပိတ်ပင်ခံရ



ကြေးနီ စီမံကိန်း အတွင်း မြေယာ လျော်ကြေး ရယူမထားသည့် မြေများအား ခြံစည်းရိုး ခတ်မှုကို ဖြေရှင်းပေးရန် ဆည်တည်း ကျေးရွာမှ ဒေသခံ (၁၅၀) နီးပါးသည် ယမန်နေ့ မွန်းလွဲ (၂း၂၀) နာရီ အချိန်က ချီတက်လာရာ လမ်းခုလတ် တစ်နေရာတွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များက တားဆီခဲ့ခြင်းကြောင့် လမ်းပေါ်တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ ကြကြောင်း သိရသည်။ယင်းလယ်ယာမြေ ဧက (၁၀၀) ကျော်ကို ဆည်တည်း ကျေးရွာမှ ဒေသခံ (၃၉) ဦးပိုင် ဆိုင်ပြီး ကုမ္ပဏီမှ သိမ်းဆည်းထား မှုကို ကျေနပ်မှု မရှိသည့် အတွက် အကြမ်းဖက် ဖြိုခွင်းမှု (၂၃) လပြည့်နေ့တွင် မြန်မာ ၀မ်ပေါင်ရုံးသို့ မုံရွာ-ပုသိမ် လမ်းမကြီး အတိုင်း လမ်းလျှောက် ချီတက် လာစဉ် ကုမ္ပဏီ ပင်မဂိတ် အနီးတွင် လုံခြုံရေး တပ်ဖွဲ့ ဝင် (၁၀၀)ကျော်မှ ယခုကဲ့သို့ တားဆီး ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ တားဆီး ပိတ်ပင်ထားမှုကြောင့် ပုသိမ်-မုံရွာ လမ်းမကြီး ပေါ်တွင် ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။ဒေသခံ များသည် ကြေးနီ စီမံကိန်းကြီး ဖျက်သိမ်း ပေးရေး၊ ၀မ်ပေါင် ကုမ္ပဏီ ဒို့နိုင်ငံက အမြန်ဆုံး ထွက်ပေး၊ ပုဒ်မ ၁၄၄ အမြန် ရုပ်သိမ်း ပေးရေး၊ တောင်သူ (၃၉) ဦးပိုင် မြေယာ များအား ဖြေရှင်း ပေးရေးနှင့် မီးလောင်ဗုံး တရားခံ များအား ဖမ်းဆီးပေးရေး စသည့် တို့ကို တောင်းဆိုခဲ့ကြပြီး ညနေ (၃း၃၀) နာရီ အချိန်တွင် စီမံကိန်း အနီးမှ ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။

တရားမ၀င် ဆန္ဒ ထုတ်ဖော်ခဲ့ တာပါ။ ကုမ္ပဏီကို ဆွေးနွေးချင် ရင်လည်း အုပ်စုဖွဲ့ ပြီး လာစရာ မလိုပါဘူး။ တရားဝင် စာတင်ဖို့ လိုပါတယ်။ အခု ဟာက အများသူငါ လမ်းမကြီးပေါ်မှာ လာရောက် စုဝေးပြီး ထင်ရာ လုပ်နေကြတယ်။ ဥပဒေမဲ့ လုပ်ရပ် တစ်ခုလို့ မြင်ပါတယ်။ ဒါကြောင့် ဥပဒေအရ လုပ်ဆောင် သွားပါ့မယ် ဟု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲမှူးကြီး နေထွန်းက The Messenger Media သို့ ပြောသည်။ ယင်းကဲ့သို့ ခွင့်ပြုမိန့် မတင်ဘဲ ဆန္ဒထုတ်ဖော်မှုကြောင့် ဆားလင်းကြီး မြို့မ ရဲစခန်းမှ စခန်းမှူး ဦးသန်းနိုင်က တရားလို ပြုလုပ်ကာ မဖြူနှင်းထွေး၊ ဒေါ်ဝ၊ မ၀င်းဝင်းဌေး၊ ဒေါ်မာချို၊ ကိုခင်ငြိမ်းတို့ အပါအ၀င် ရွာသူရွာသား များအား ပုဒ်မ ၁၈ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။


Messenger News Journal

0 comments:

Post a Comment