အစွန်း (၂) ပါးကို ဗုဒ္ဓဘာသာ ဝင်တိုင်းမျှ သိပြီးဖြစ်သည်။ အလယ် အစွန်းမှာမူ သိမ်မွေ့ လွန်းသောကြောင့် သိသူ နည်းလှ၏။ အရာရာကို မိမိ၏ ကိုယ်ပိုင် ဆင်ခြင် မြော်မြင် မှု အသုံးမပြု ဘဲ အလယ် တည့်တည့် ချခဲ့လျှင်၊ ထို သည်လည်း အစွန်း တစ်ပါး ဖြစ်လာ၏။ မဇ္ဈိမ ပဋိပဒါ ၏ အနက် အဓိပ္ပာယ်မှာ ‘အလယ် တည့်တည့်’ ဟု မဆို လိုပါ၊ ‘သင့် တင့်’ ‘မျှတ’ ‘လျောက်ပတ်’ သော သဘော ပါဝင်ပါသည်။ သင့်တင့်လျောက် ပတ်မျှတခဲ့လျှင် အစွန်း ၂ပါးကြား အား လုံးဖြစ်နိုင်ပါသည်။ မျှခြေ ဟူသော Equilibrium သဘော နှင့် နှိုင်းယှဉ် စဉ်း စားလျှင် ပို၍ မြင်လာနိုင်ပါသည်။ မျှ ခြေမဲ့လျှင် ပျက်စီးတတ်သည်၊ ဥပမာ အားဖြင့် အရင်းအဖျား လုံးပတ် တူသော သစ်ချောင်း ငယ် တစ်ခု၏ အလယ်တည့် တည့်အမှတ်မှ ကြိုးချည် တွဲလျောင်းချ လျှင် အနှစ်များ၍ အလေးချိန် စီးသော ‘အရင်း’ ပိုင်းဘက် လေးနေသည် ကို တွေ့ ရပါမည်။ အနှစ် နည်း၍ အလေးချိန် ပေါ့သော အဖျားပိုင်းက ပေါ့၍ထောင် လိုက်လာပါမည်။ နောက် ဥပမာတစ်ခု မှာ 0ံC သည် ရေခဲမှတ် ဖြစ်၍ 100ံC သည် ရေဆူမှတ် ဖြစ်သဖြင့် ကျွန်တော် တို့အနေဖြင့် အလယ် ဖြစ်သော 50ံC ကို မဇ္ဈိမပဋိပဒါ အမှတ်ဟု ယူဆ၍မရ ချေ။ လူသားတိုင်းနှင့် အသင့်လျော်ဆုံး အပူချိန်သည် 30ံC ခန့်မှာ ဖြစ်ပါလိမ့် မည်။
ထို့ကြောင့် မဇ္ဈိမ ပဋိပဒါသည် အလယ် တည့်တည့် မဟုတ်ချေ။ တစ်ခါ တစ်ရံ အလယ် တည့်တည့် ဖြစ်နိုင်သလို၊ တစ်ခါတစ်ရံ အလယ် တည့်တည့်မှ အတန်ငယ် ကွာဝေးသော နေရာလည်း ဖြစ်နိုင်ပါသည်။ အရေးကြီးသည်မှာ ‘မျှ တ’ ‘သင့်တင့်’ သည့်သဘော ပါဝင် ရန်သာ ဖြစ်သည်။ ‘ဟန်ချက်’ ‘မျှခြေ’ တို့ မပျက်ယွင်းစေရန် သဘောလည်း ပါ ဝင်သည်။
အစွန်းတစ်ဖက် နှင့် ပိုလာရိုက်ဇေးရှင်း
မြန်မာ့စရိုက် ယဉ်ကျေးမှု သည် ‘ချစ်လုံးလုံး’ ‘မုန်းပြင်ပြင်’ ကို များစွာ အားသန် တတ်ကြောင်း တွေ့ရသည်။ အ စွန်း တစ်ဖက်သို့ ရောက်သွားခြင်း သဘော ဖြစ်သည်။ ထိုသော အခါ တစ်စုံတစ်ရာ ကို ချစ်ကြသူများ နှင့် တစ်စုံတစ်ရာ ကို မုန်းကြသူများကြား ‘ဘက်ခွဲခြား’မှုများ ဖြစ်လာကာ တစ်ဖြည်းဖြည်း ‘ရန်-ငါ’ သဘော သက်ရောက် သွား ကြတော့ သည်။ ကောင်းသည့် လက္ခဏာဟု မမြင်၊ လူမှု ကွန်ရက်တွင် ဖတ်ရှုနေ ရသည်များ ကို လေ့လာလျှင် မြန်မာ တို့သည် ‘ရန်-ငါ’ များစွာ ခွဲခြားထား ပြီးသည့် အခြေ အနေ တစ်ခုသို့ ရောက်ရှိနေပြီဟု မြင်နိုင် ပါသည်။ ကိုယ့်ဘက် ထောက်ခံလျှင် ဖြူ ခြင်း၊ မည်းခြင်းကို မမြင်ဘဲ မိတ်ဆွေဟု သဘော ထားပြီး၊ ကိုယ်နှင့် သဘောမတူ သည်နှင့် ပညာမဲ့စွာ ရန်သူ အဖြစ်ကြမ်း တမ်းစွာ တိုက်ခိုက် တတ်ကြသည်ကို လူမှု ကွန်ရက်တွင် မြားမြောင်လှစွာ တွေ့ နေရသဖြင့် စိတ်မကောင်းဖြစ်မိ ရသည်။ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ သည် အမြဲတမ်းအားလုံးတူညီနေနိုင် မည် မဟုတ်သဖြင့် ဤသို့သော ပိုလာ ရိုက်ဇေးရှင်းကို ပြုနေကြမည်ဟု ဆိုလျှင် များမကြာမီ အချိန် တွင် အကွဲကွဲအပြား ပြား ဖြစ်လာ ကြပါလိမ့်မည်။ အတိတ် သမိုင်းတွင်လည်း ဤသို့ နည်းဖြင့် လွန် စွာ စည်းရုံး၍ အနှစ် ၄ဝ ကြာရှည် ရမည် ဟူသော ဖဆပလ ကြီးပင် ကွဲထွက်သွား ခဲ့ပြီး၊ ရောင်စုံ လက်နက်ကိုင် များလည်း ပေါ်လာရသည်ကို မမေ့သင့်ချေ။
လူတော်၊ လူကောင်း
’လူ တော်၍ မကောင်းလျှင်’ ဟူ သော အမေးသည် ‘လူတော်လူကောင်း’ ပြဿနာတွင် ကပ်လျက် ပါလာတတ် သော မေးခွန်း တစ်ခု ဖြစ်သည်။ အမှန် စင်စစ် ‘တော်ခြင်း’ နှင့် ‘ချွန်ခြင်း’ ကို ကောင်းစွာ မခွဲခြားနိုင်၍ အရောရော အထွေထွေ သိမြင်ကြ သောကြောင့်သာ ဖြစ်သည်ဟု ဆိုချင်သည်။ ဥပမာ- ငယ် စဉ်က သင်ကြားခဲ့ရသော ဘာသာရပ် ၆ခု တွင် တစ်ဦး တစ်ယောက်သည် သင်္ချာ တွင် အမှတ်ပြည့် ၁ဝဝ ရပြီး၊ အခြားသူ တစ်ဦး အနေဖြင့် မည်သည့် ဘာသာ တစ် ရပ်ရပ်ကိုမျှ ၁ဝဝ မရသော်လည်း ဘာ သာ အားလုံး တွင် ၈ဝ ရရှိခဲ့သည်ရှိသော် ထိုသူကို သာလူတော်ဟု သတ်မှတ်နိုင်ပါ သည်။
တစ်နေရာတည်းမျှ သာ ချွန်သူကို လူတော်ဟု မှားယွင်း ယုံကြည်ကြသော ကြောင့် ‘လူတော်ပြီး မကောင်းလျှင်’ ဟူသော မေးခွန်း ရှိလာ ရခြင်း ဖြစ်သည် ဟု ယူဆ ပါသည်။ ဗုဒ္ဓ အလောင်းအလျာ ဖြစ်သော သိဒ္ဓတ္ထ မင်းသားသည် ‘သူအို၊ သူနာ၊ သူသေ၊ ရဟန်း’ ဟူသော နိမိတ်ကြီး လေးပါးကို တွေ့မြင်ရပြီး လောကီ ကိစ္စ အားလုံးကို စွန့် လွှတ်နိုင် ခဲ့ခြင်း ဖြစ်သည်။ ‘သူ အို’ သက်သက် ကိုသာ တွေ့ရုံဖြင့် လော ကီကို စွန့်ခွာနိုင်မည် မဟုတ်ချေ။ ထို့ပြင် Wisdom ဟူသော ပညာသည် ‘အမှား-အမှန်’ ကို ကောင်းစွာ ခွဲခြားသိရှိ၊ လိုက် နာနိုင်ခြင်း ဖြစ်သည်။ တစ်ဦးတစ် ယောက်သည် ‘ချွန်’ ရုံမျှသာ မဟုတ်ဘဲ အမှန်တကယ် ‘လူတော်’ ဖြစ်ခဲ့ပါက ‘အမှန်-အမှား’ ကို ကောင်းစွာ ခွဲခြားနိုင် သည့်အပြင်၊ လိုက်ပါ ကျင့်သုံးနိုင်မည် လည်း ဖြစ်သဖြင့် ‘လူတော်၍ မကောင်း လျှင်’ ဟူသော မေးခွန်း ရှိလာတော့မည် မဟုတ်ချေ။
ဥပမာ အားဖြင့် Statesman များသည် တိုင်းကျိုး ပြည်ပြုရန် သာ အသွေးထဲ အသားထဲ ရှိနေသူ ဖြစ်သဖြင့် သူ့အတွက် ရွေးကောက်ပွဲ အနိုင်ရခြင်း -မရခြင်း၊ အာဏာ ရခြင်း -မရခြင်း အပေါ် စဉ်းစားတော့ မည် မဟုတ်ချေ။ Statesman ကဲ့သို့ စိတ်ဓာတ်မျိုး မထား နိုင်သေးသော နိုင်ငံရေး သမားများ Politician များအနေဖြင့်မူ အာဏာ ကို ရသည့် နည်းလမ်း မှ ရယူရန် ကြိုးစားနေ မည် ဖြစ်သဖြင့် အမှား တစ်ခုခုကို ကျူး လွန်နိုင်ဖွယ်ရာ ရှိနေပါလိမ့်မည်။
’လူတော်-လူကောင်း’ သည် ဦးစားပေးရာ သဘော အတွဲအစပ်ဖြင့် ရေးသားခြင်း သာဖြစ်ပြီး၊ နှစ်ခု စလုံးသည် Positive ဟူေ သာ အကောင်း လက္ခဏာ များသာဖြစ် သည်။ လောကီ၏ ဖွံ့ဖြိုးတိုး တက်မှု များကို လူတော်များကသာ ဆောင်ကြဉ်းနိုင် သည်။ လူကောင်းများ က ဖွံ့ဖြိုး တိုးတက်ရေးကို မဆောင်ရွက် နိုင်၊ သို့သော်လည်း ကိုယ်ကျိုး စီးပွား အခြေ မခံကြရန် အတွက် လူတော်များ လူကောင်းဖြစ်ရန်တော့ လိုအပ်ပါသည်။
လူတော်လား-လူကောင်းလား ပြန်စစ်ဆေးရန် လိုသည်
တစ်ချိန်က စနစ်မှားကို ရွေးချယ် ခဲ့မှုကြောင့် မြန်မာတို့ အခြားနိုင်ငံ ထက် များစွာ နောက်ကျ ကျန်ခဲ့ရပါသည်။ ခေတ်သည် လူတော်များ ပြိုင်ဆိုင်ကြရ သည့်ခေတ် ဖြစ် လာသည်။ လူ့အရင်း အမြစ် အားနည်းနေသည် ဟူသည်မှာ လူတော်များ ရှားပါးနေသည်ကို ကိုယ် စားပြုသည့် အသုံး အနှုန်း ဖြစ်သည်ကို မမေ့သင့်၊ ခေတ်၏ ဖွံ့ဖြိုး တိုးတက်ခြင်း သည်လူတော်များ ပြိုင်ဆိုင် ကြရာမှ ထွက် လာသောအကျိုး ရလဒ်ဖြစ်သည်။ အမှန် မတော်ကြ သူများ အနေဖြင့် နောက် ဆက်တွဲ ‘မကောင်းလျှင်ရော’ ဟူ သည့် မေးခွန်း ရှိလာနိုင် ပါသော်လည်း၊ အမှန် တကယ် လူတော်များ အတွက်မူ ထိုသို့ သော မေးခွန်း ရှိလာဖွယ်ရာ မရှိတော့ ချေ။
နိုင်ငံပြန်လည် ထူထောင်စ ဖြစ် သဖြင့် နိုင်ငံသား အားလုံး၏ ပါဝင်မှု လိုအပ်နေသည် ဖြစ်ရာ အားလုံး သည် မိမိတို့ ကိုယ်ကို မိမိတို့ ‘လူတော်’ ‘လူ ကောင်း’ မည်သည့် အထဲ ပါဝင်ကြသည် ကို မှန်မှန်ကန်ကန် လေ့လာဖြစ်ရန် လို ပါလိမ့်မည်။ ဤတွင်မည်မျှသော ‘တော် ဆင့်’ တွင်ရှိနေပြီလဲ ဟူသည် ကပင် မေးခွန်း ထုတ်စရာ ဖြစ် လာပါဦး မည်။ မူလတန်း ကျောင်းသားများ နှင့် ယှဉ် သောတော်ခြင်း၊ အထက်တန်းကျောင်း သားများနှင့် ယှဉ်သောတော်ခြင်း၊ နိုင်ငံ တကာနှင့် ယှဉ်၍ တော်သော တော်ခြင်း ဟူ ၍ ကောင်းစွာ ခွဲခြားနိုင်ပါမှ လိုအပ် သော အရည်အချင်း များကို မှန်မှန်ကန် ကန်ထပ်မံ ဖြည့်ဆည်းနိုင်ကြပါ လိမ့်မည်။ အချို့က မူလတန်း၊ အလယ်တန်း အဆင့် မျှနှင့် ယှဉ် ၍ တော်ခြင်း အဆင့်မျှသာ ရှိ နေပါ သော်လည်း၊ မိမိ ကိုယ်ကို အထင် တစ်လုံးဖြင့် ဆက်လက် ရပ်တည်ကြကာ ဆရာကြီးများ အသွင် ရယူနေကြ သူများ ကို လည်း တွေ့ ရပါ၏။
ပါရဂူ အဆင့် ဘွဲ့ရပြီး သူများသည် ပင်လျှင် သုတေသန လုပ်ငန်းများ လုပ် ကိုင်ကာ ပညာသစ်၊ အတွေ့အကြုံ သစ် များကို ရှာဖွေနေကြ ရဆဲ ဖြစ်ပါသည်။ Red Ocean မှ Blue Ocean သို့ ကူး ပြောင်းခြင်းသည် ဤသဘောကို ကောင်း စွာ ရည်ညွှန်းထားပါသည်။
အခြေခံအကျဆုံး
တော်ခြင်း၊ ကောင်းခြင်း တို့သည် အပေါ်ထပ် အဆောက်အအုံ အဆိုင်ရာ အရည်အချင်း များဟု ယူဆသည်။ အခြေခံ အကျ ဆုံးသော အရည်အချင်း မှာ မြင်သိ ခံယူမှု Perception မှန် ကန်ရန်ဖြစ်ပြီး၊ မှန်ခြင်း -မှားခြင်း ကို လည်း ကောင်းစွာ ခွဲခြားနိုင်ကြရန် လို သည်ဟု မြင်သည်။
ချစ်နိုင်ကြပါသည်၊ တစ်ဦးတစ်ယောက်၊ တစ်စုံ တစ်ရာကို အချစ်လွန် ခြင်းဖြင့် အခြား တစ်ဖက်ကို အမုန်းပွား ခြင်းမျိုးတော့ မဖြစ်သင့်ပြန်၊ တစ်ဖက် ဖက်ကို ချစ်ခြင်း က ပြဿနာ မဖြစ်ပွား စေနိုင်ပါ၊ ထိုသို့ ချစ်ခြင်းကြောင့် အခြား တစ်ဖက်ကို အမုန်းပွား လာခဲ့လျှင် ပိုလာ ရိုက်ဖြစ်လာကာ ပြဿနာကို ဖန်တီးပေး ရာရောက် လာပါ၏။ မဇ္ဈိမ ပဋိပဒါမဖြစ် တော့ချေ။ မဇ္ဈိမပဋိပဒါ မဖြစ်တော့ပါက ဟန်ချက်ပျက်၍ မျှခြေလည်း မဲ့သွားနိုင် ပါသည်။ ချစ်ခြင်း သက်သက်သည် မုဒိ တာစိတ် အပေါ် အခြေခံ၍ မုန်းခြင်း သည် မစ္ဆရိယစိတ်၊ ဒေါသစိတ်၊ လော ဘစိတ်၊ မောဟစိတ်စသော အကုသိုလ် စိတ်တို့ အပေါ် အခြေခံသည် ဖြစ်ရာ တစ်ဦးချင်း အတွက်လည်း မကောင်း၊ လူ့အဖွဲ့ အစည်း အတွက်လည်း ကောင်း ကျိုးပေးသည် မဟုတ်ပါ။
ထောက်ခံလျှင် ချီးမြှောက်၍ ဆန့်ကျင်လျှင်၊ သဘော တစ်ထပ်တည်း မဖြစ်လျှင် ဖိနှိပ်ခြင်းသည် တစ်ချိန်သော အခါက နိုင်ငံရေး စနစ်ကြောင့် ဖြစ်သွား ခဲ့ရသော လက္ခ ဏာ များ ဖြစ်သည်။ ဒီမိုကရေစီ ဟု ဆိုလာ ခဲ့ပြီဖြစ် ၍ ထိုစိတ် မျိုးကို စွန့်ခွာသင့် ချိန်တန်ပြီဟု မြင် သည်။ နိုင်ငံရေး နှင့် အဆက်အစပ် ဝေးခဲ့သော သာမန် ပြည်သူ များ အတွက် စာပေ လွတ်လပ်ခွင့် ရလာခဲ့ပြီဖြစ်၍ များစွာ လွတ်လပ်ခွင့်ဖြင့် ရေးသားနိုင် ခဲ့ကြသည့် အချိန်ဖြစ်သည်။ ဝေဖန် ထောက်ပြခြင်းသည် ကောင်းမွန်သော အရာ ဖြစ်၍ လိုအပ်သူ အပေါ် ဖြည့်ဆည်း ပေးမှု တစ်ခုလည်း ဖြစ်ပါသည်။ သို့သော် လည်း အကြောင်းအရာ အပေါ် အသိ အမြင်မှန်ကန်စွာ ဝေဖန်ထောက်ပြနိုင်ဖို့ လိုပါ သည်။ ပုဂ္ဂိုလ်ရေးရာ သဘော၊ နားဝင်ခက်သော စကားလုံး များဖြင့် ဝေဖန်သည့်အခါ ဝေဖန် ထောက်ပြသည် ထက် ပိုလွန်သော တိုက်ခိုက်မှု သဘော သက်ရောက် သွား သဖြင့် အစွန်းတစ်ဖက် သို့ရောက်သွား တတ်ပါသည်။ ကိုယ်တိုင် က အစွန်းတစ်ဖက် ရောက်လာခဲ့လျှင် အခြားဘက် ကလည်း အစွန်း တစ်ဖက် ရောက်သွား တတ်သည့် သဘော ရှိ၍ အစွန်းနှစ်ပါး၌ သာမလျော့တမ်း ရပ်တည် နေကြလျှင် တဖြည်းဖြည်း ပိုလာရိုက် ဇေးရှင်း ဖြစ်မှန်း မသိဖြစ်ကာ ကောင်း ကျိုးထက် ဆိုးကျိုး ကို သာ ဆောင်ကြ တော့ မည်မှာ လွဲမည် မဟုတ်ပါချေ။
သူများကို မြင်အောင် ကြည့်ပေး ခြင်းသည် ကောင်းပါ၏။ ကိုယ့်ကိုယ် ကိုယ်လည်း မြင်အောင် ကြည့်နိုင်ကြဖို့ လိုသည်၊ ကိုယ့် ရပ်တည်ချက် က မဇ္ဈိမ ပဋိပဒါ အတွင်းမှာ ရှိနေ သည်လား၊ အစွန်း တစ်ဖက်ဖက်သို့ ဦးတည် သွားပြီလား ဟူသည်ကို အမြဲတမ်း သုံးသပ်နိုင်ကြပါ လျှင် နောက်တစ်ဆင့် ဖြစ်သော လူတော် လူကောင်း၏ အရည် အချင်းများ ဖြည့် တင်းနိုင်ရန် မဝေးကွာဘဲ လက်လှမ်းမီ နိုင်ခွင့် ရှိနေသည်ဟု မြင်မိပါ၏။
နေဇင်လတ်

Popular Myanmar News Journal
0 comments:
Post a Comment