Tuesday, October 28, 2014

ပရိသတ်မေတ္တာရှိမှ ဘေဘီမောင် ဖြစ်လာမှာပါ



လူကြမ်းတစ်ယောက်ရဲ့ ဒိုင် ယာရီရုပ်ရှင်ဇာတ်ကားမှာ ဘေဘီ မောင်လည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို လာ ကမ်းလှမ်းတဲ့ အဆိုတော်ယုန်လေး ကို ယုံကြည်တဲ့အတွက် ရိုက်ကူးခြင်းဖြစ် ကြောင်းကို ဘေဘီမောင်က“ကိုယုန်လေးလာကမ်းလှမ်း တုန်းက ပေါ့ပေါ့ပါးပါးပဲ။ ဇာတ်လမ်း တော့ နည်းတယ်။ ညီမလေးနဲ့ လိုက် မယ်ထင်လို့ လာပြောတာ။ ဒီဇာတ် ကားရိုက်ပေးနိုင်မလားပေါ့။ အဲဒီ တုန်းက မင်းသမီးတွေလည်း မမေး ခဲ့ဘဲနဲ့ ကိုယုန်လေးကို ယုံကြည်မှု စိတ်တစ်ခုတည်းနဲ့ ကိုယ်နဲ့လိုက်မယ့် ဇာတ်ရုပ်လို့ ပြောတာနဲ့ လက်ခံခဲ့ တာပါ။ နောက်မှ ဘယ်သူမင်းသမီး ဆိုတာ သိရတာပါ။ ဘယ်လိုပဲဖြစ် ဖြစ်ပါ။ ဘေဘီမောင်က ခေါင်း ဆောင်မင်းသမီးတစ်ယောက်မဟုတ် ပေမယ့်လည်း မထားထက်ထက်က ကိုယ်ကြိုက် တဲ့ Missတစ်ယောက် ဖြစ်တယ်။သူကမြန်မာ့ဂုဏ်ဆောင်တဲ့ အမျိုးသမီးတစ်ယောက်ဆိုတော့ သူ့ နောက်က လိုက်ရလည်း ဘာမှ မဖြစ်ပါဘူး။ သူလည်းအသစ်၊ ကိုယ် လည်းအသစ် အကုန်လုံးက ကြိုး စားနေကြတာပါပဲ။ သရုပ်ဆောင် တွေ အကုန်လုံးကို ဘေဘီမောင် ချစ်တယ်။ ဒါကြောင့် ဒီကားမှာ သရုပ်ဆောင်ဖြစ်သွားတာပါ” လို့ ပြောပါတယ်။ ဘေဘီမောင်က မော်ဒယ်တစ်ယောက်အဖြစ် ရပ် တည်နေသလို၊ သရုပ်ဆောင်ပိုင်း မှာလည်း အခန်းများများပါရ၊ မပါ ရကို မကြည့်ဘဲ ပရိသတ်သိမယ့် လုပ်ကွက်ရမယ့် ဇာတ်ကားကိုပဲ ရွေးချယ်ရိုက်ကူးဖြစ်တာကြောင့် မော်ဒယ်အ နေနဲ့ပဲ ပရိသတ်သိတာပိုများကြောင်း ဘေဘီမောင်ကပြောပါတယ်။ “ညီမ ဇာတ်ရုပ်နဲ့ ညီ မပုံစံက ကာရိုက်တာ ရှားတယ်။ ညီမကလည်း ကိုယ့်အ တွက် ဇာတ်လမ်း မကောင်းဘူး။ ကိုယ်မကြိုက်ဘူးဆိုရင် မရိုက် တော့ဘူး။ ခြေလှမ်းကျဲ တာပေါ့။ ဒါကြောင့် ပရိသတ်တွေက သရုပ် ဆောင်တစ်ယောက်အနေနဲ့ ရင်းနှီးမှုသိပ်မရှိတာပါ။ မော်ဒယ် တစ်ယောက်အနေနဲ့ပဲ ပိုသိပါ တယ်။ ဒါပေမဲ့ နောက်ပိုင်း ၂ဝ၁၄ ၆လပိုင်းမှာ ကိုကျော်ရဲအောင်၊ မစိုးမြတ်သူဇာ တို့နဲ့ ခေါင်းဆောင် အနေနဲ့စရိုက်ဖြစ်ပါတယ်။ ရှေ့ လျှောက်လည်း ခေါင်း ဆောင်အနေနဲ့ တစ်လတစ်ကားပုံမှန်ရိုက်သွားဖို့ ရှိပါတယ်။ ပရိသတ်ကလည်း အားပေး တယ်။ ညီမကလည်း ဝါသနာပါတဲ့အတွက် အနုပညာအလုပ်တွေလုပ်ဖြစ်သွားတာပါ။ ပရိသတ်မေတ္တာရှိမှ ပရိသတ်အား ပေးမှုတွေရှိမှ ဘေဘီမောင်ဖြစ်လာမှာပါ။ ဒါကြောင့် အကောင်း ဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။ သရုပ်ဆောင်ဖြစ်လာတဲ့အခါမှာလည်း အမြဲတမ်း လေ့လာဖြစ်နေ ပြီး ပရိသတ်ဝေဖန်အကြံပေးမှုများ နဲ့အတူ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောပါတယ်။


ခိုင်ဝေလွင်၊ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

0 comments:

Post a Comment