Tuesday, October 28, 2014

မြန်မာလုပ်သားနှစ်ဦး၏ ထွက်ဆိုချက်စာကို ရှေ့နေချုပ်ရုံးနှင့် လူ့အခွင့်အရေးကောင်စီသို့ ပေးအပ်


မြန်မာသံရုံးအထူးအဖွဲ့က လုပ်သားနှစ်ဦး၏ထွက်ဆိုချက်ကို ထိုင်းလူ့အခွင့်အရေးကောင်စီမှ တာဝန်ရှိသူသို့ ပေးအပ်ပြီးနောက် တွေ့ဆုံစဉ်(ဓာတ်ပုံ - ငြိမ်းချမ်း)

ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးက ပြစ်မှုကျူးလွန် ခဲ့ခြင်း မရှိဟု ထွက်ဆိုခဲ့သည့် စာ ကို ၎င်း၏မိဘများနှင့် မြန်မာသံရုံး အထူးအဖွဲ့က ထိုင်းနိုင်ငံအစိုးရ ရှေ့နေချုပ်ရုံးနှင့် လူ့အခွင့်အရေး ကောင်စီရုံးသို့ အောက်တိုဘာ ၂၈ ရက်က ပေးပို့ခဲ့သည်။ ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည် အောက်တိုဘာ ၂၄ ရက်က ၎င်း၏မိဘများနှင့် တွေ့ ဆုံစကားပြောရာတွင် ဗြိတိန်စုံတွဲ အား ၎င်းတို့သတ်ဖြတ်ခြင်း မဟုတ်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က ရိုက်နှက်ဝန်ခံခိုင်းသောကြောင့် သာ ၀န်ခံလိုက်ခြင်းဖြစ်ကြောင်း လာရောက်တွေ့ဆုံသော မိဘ များထံ ၀န်ခံထားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည် ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့အား စကားပြန်လုပ် ပေးသူ နှစ်ဦးက ၎င်းတို့ကို အတင်းအကျပ်ဝန်ခံခိုင်းခြင်းဖြစ်ပြီး ၀န်ခံခြင်းမရှိပါက လက်ဖြတ်မည်၊ တာယာကွင်းဖြင့် မီးရှို့သတ်မည်၊ ပင်လယ်ထဲ မျှောပစ်မည်ဟု ပြောဆိုဝန်ခံခိုင်းကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးက ပြောသည်။

ထိုသို့ ပြောဆိုသော စာကို ထိုင်းနိုင်ငံအစိုးရရှေ့နေချုပ်ရုံး နှင့် လူ့အခွင့်အရေး ကောင်စီရုံး သို့ အောက်တိုဘာ ၂၈ ရက်က ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအစိုးရ ရှေ့နေ ဥက္ကဋ္ဌက တင်ပြစာကို လက်ခံရယူပြီး အမှုမှန်အတိုင်းဖြစ်စေရမည်ဟု ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ မိဘများအား ကတိပေးခဲ့သည်။

ထိုင်းနိုင်ငံ အစိုးရရှေ့နေ ချုပ်ရုံးချုပ်သို့ တင်ပြစာပေးပို့အ ပြီးတွင် ထိုင်းနိုင်ငံ လူ့အခွင့်အရေး ရာ ကောင်စီထံ သွားရောက်၍ တင်ပြစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုတင်ပြစာကို လူ့အခွင့်အရေးရာ ကောင်စီအတွင်းရေးမှူးက လက် ခံရယူခဲ့သည်။

‘‘ဒီအမှုမှာ သံသယဖြစ်စရာ တွေ ရှိတယ်။ ဒီမြန်မာနှစ်ယောက် ကျ DNA တူတာလေးနဲ့ တရားခံ လို့ စွပ်စွဲထားတယ်။ လူအများ ပြောနေတဲ့ သူဌေးသားဆိုတဲ့သူ ကို DNA စစ်ဆေးဖို့ ရဲတပ်ဖွဲ့နှစ်ခါချိန်းဆိုတာနှစ်ခါစလုံးမလာဘူး’’ဟု လူ့အခွင့်အရေးရာကောင်စီ အတွင်းရေးမှူးက ပြောသည်။

‘‘ဒီနေ့ စာတင်ပြခဲ့တာကို ကျေနပ်မှုရှိပါတယ်။ အားလုံးက အမှုမှန်အတွက် ၀ိုင်းဝန်းလုပ်ပေး ကြမယ်ဆိုရင် အမှုမှန်ပေါ်ပေါက် မှာပါ။ အခုက ကျွန်တော့်သားက တရားခံမဟုတ်ဘဲ ခံနေရတာကို တော့ လက်မခံပါဘူး’’ ဟု ဖမ်း ဆီးခံထားရသော ၀င်းဇော်ထွန်း ၏ဖခင်ဦးထွန်းထွန်းထိုက်က ပြောကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး၏ အမှုတွဲကို ထိုင်းနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီထံသို့ အောက်တိုဘာ ၂၉ ရက်(ယနေ့)တွင် တရားဝင်ပေးအပ်သွားမည်ဖြစ်သည်။

ဗြိတိန်စုံတွဲ အသတ်ခံရမှု ကြောင့် အမှုမှန်အတိုင်း ဖြစ်စေ ရန် ဗြိတိန်စုံထောက်အဖွဲ့သည်အောက်တိုဘာ ၂၅ ရက်တွင် အခင်းဖြစ်ပွားရာ လိပ်ကျွန်းသို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် တိတ်တဆိတ် လာရောက်စစ်ဆေးနေသည်။ ထိုင်းရဲတပ်ဖွဲ့သည် ဗြိတိန်စုံတွဲကို သတ်သည်ဟု စွပ်စွဲထားသည့် မြန်မာလုပ်သားနှစ်ဦး၏ အမှုတွဲကို တရားရုံးသို့တင်ရန် ကြိုးစားနေဆဲဖြစ်ပြီး တရားရုံးသို့ တင်နိုင်ခြင်း မရှိသေးပေ။


7Day Daily

0 comments:

Post a Comment