Thursday, October 23, 2014

သမိုင်းအဆက်ဆက် ပြည်သူတာဝန်ကျေခဲ့တယ် အတိုက်အခံကော အာဏာပိုင်ပါ ပြည်သူ့မျှော်လင့်ချက် မရိုက်ချိုးမိစေဖို့ – လင်းထိုက် (Y.I.T)

NLD ပါတီအနေနဲ့ အနိုင်လည်းရ၊ သမ္မတလည်းဖြစ်ရေးမူဝါဒ ချမှတ်ထားတယ်ဆိုရင်တော့ တိုင်းရင်းသား ပါတီများ၊ ဒီမိုကရက်တစ်ပါတီများနဲ့ မဟာမိတ်ပြုရေးအတွက် ခိုင်မာတဲ့ ဗျူဟာ တစ်ရပ်ချမှတ်ဖို့ အရေးတကြီး လိုအပ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရပ်သားတစ်ပိုင်း အစိုးရတက်လာပြီး ၃ နှစ်ခွဲကျော်ကာလဖြစ်တဲ့ ၂၀၁၄ နှစ်လယ်လောက် ကစပြီး မြန်မာ့ နိုင်ငံရေး အခင်းအကျင်း မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အကျပ်အတည်းကြီး (Political deadlock) တစ်ရပ်ပေါ်ပေါက်လာ ပါတယ်။ အာဏာပိုင်နဲ့ အတိုက်အခံတို့ရဲ့ ရှေ့မတိုး သာ နောက်မဆုတ်သာ အခြေ အနေမှာ အာဏာပိုင် တွေဘက်ကတော့ အဘက်ဘက်က တစ်ပန်းသာနေတဲ့ အနေအထား မှာရှိပြီး အတိုက် အခံများဘက်ကသာ တကယ့်ကို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတစ်ရပ်အတွင်း ကျ ရောက်နေ တာမို့ Political deadlock လို့ခေါ်တဲ့ နှစ်ဖက်မျှခြေညီတဲ့ အကျပ်အတည်းကြီးတော့ မဟုတ်ပါဘူး။ သီအိုရီ တွေအရ ဆိုရင်တော့ နှစ်ဖက်မျှခြေညီတဲ့ အကျပ်အတည်း တစ်ရပ်ပေါ်ပေါက်ရင် စစ်မှန်တဲ့ တွေ့ဆုံညှိနှိုင်း စားပွဲဝိုင်း (Dialouge) တစ်ခု ပေါ်ပေါက်ရပါတယ်။ လက်ရှိအခြေအနေကတော့ အကျပ်အတည်းက နှစ် ဖက်မျှ ခြေမညီတဲ့အခါ ဒေါ်အောင်ဆန်းစု ကြည်တောင်းဆိုတဲ့ လေးပွင့် ဆိုင် တွေ့ဆုံ ဆွေးနွေးခြင်း မျိုး၊ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကြီး တစ်ရပ် ပေါ်ပေါက်ဖို့ကတော့ ၂၀၁၅ မတိုင်ခင် ဖြစ်နိုင်ခြေ အင်မတန်နည်းပါးပါတယ်။…NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့တို့ ဦးဆောင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ဟောပြောပွဲတွေ ပြုလုပ်ပြီး ပုဒ်မ၄၃၆ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒလက်မှတ် ၅သန်းနီးပါးကို လွှတ်တော်က လျစ်လျူရှုထားသလို အတိုက်အခံများ ဘက် ကလည်း ပြည်သူ့ဆန္ဒလက်မှတ် ၅သန်းနီးပါးကို အသိအမှတ်မပြုရင် ဘာဆက်လုပ်မယ်ဆိုတဲ့ ဗျူဟာ တစ်ရပ် မမြင်ရတဲ့အခါ ပြည်သူ့မျှော်လင့် ချက်တွေေ၀၀ါးကုန်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော် က တုံ့ဆိုင်းနေသလို ရောင်နီသန်းစပြုနေတဲ့ ငြိမ်းချမ်းရေးကလည်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတာနဲ့ အတူ ငြိမ်းချမ်းရေး အိပ်မက်တွေကလည်း ပြန်အမှောင်ကျစပြုလာတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ခွင့်ရှိဖို့ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးကတော့ အင်မတန်ဖြစ်တန်ခြေနည်းတဲ့ အနေအထား တစ် ရပ်မှာရှိနေပါတယ်။

ပြည်သူကတော့ အာဏာရှင်စနစ်ကို တွန်းလှန်ရာမှာ ခေတ်အဆက်ဆက် တာဝန် ကျေခဲ့ပေမယ့် အခုလို နိုင်ငံရေး အကျပ်အတည်း ကြီးကြောင့် ပြည်သူ့မျှော်လင့်ချက်တွေ မှုန်ဝါးကုန်တာကတော့ သိပ်ကောင်း လှတဲ့ အခြေအနေမဟုတ်ပါဘူး။

ပြည်သူရဲ့နောက်ဆုံး မျှော်လင့်ချက် ဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာလည်း သမ္မတရဲ့ ရွေးကောက်ပွဲ မရေရာ ဘူးဆိုတဲ့ မိန့်ခွန်းနဲ့အတူ ပြည်သူမှာ ကူကယ်ရာမဲ့ အနေအထားတစ်ရပ်ကို အမှန်တကယ် ကျရောက် နေပြီ ဆိုတာ အတိုက်အခံကော၊ အာဏာပိုင်ဘက်ကပါ အရေးတကြီးထည့် သွင်းစဉ်းစားရပါတော့မယ်။

သမ်္မတရဲ့ ရွေးကောက်ပွဲမရေရာဘူးဆိုတဲ့ မိန့်ခွန်းပြောကြားပြီးနောက် မေးခွန်း ၃ခု ပေါ်လာပါတယ်။

(၁) ၂၀၁၅ ရွေးကောက်ပွဲလုပ်မှာလား၊
(၂) ၂၀၁၅ ရွေးကောက်ပွဲကို ညစ်မှာလား၊
(၃) ရွေးကောက်ပွဲ ရလဒ်ဖျက်မှာလား ဆိုတဲ့ မေးခွန်းတွေ ပြည်သူကြားထဲ ပြောသံဆိုသံတွေ ကြားလာရ ပါတယ်။

အကောင်းဆုံးကိုမျှော်လင့်ပြီး ၂၀၁၅ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်တောင် အတိုက်အခံများဘက်က ရင်ဆိုင် ရမယ့် အကျပ်အတည်းတွေရှိနေပါသေးတယ်။

(၁) ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အခန်းကဏ္ဍ

ရွေးကောက်ပွဲတစ်ရပ်မှာ ဒိုင်လူကြီး သဖွယ်ဖြစ်တဲ့ လက်ရှိရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ အရင်စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး ဟောင်းသန်းရွှေရဲ့ လက်ရင်းလူယုံ တပည့်တစ်ယောက် ဖြစ်ခဲ့ ဖူးပါတယ်။ ပြီးတော့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ လက်ရှိအာဏာရပါတီရဲ့ ဗဟို ကော်မတီဝင် ဖြစ်ခဲ့ဖူးသလို ကြံ့ခိုင်ရေးဥက္ကဋ္ဌဟောင်း လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ စစ်တက္ကသိုလ် တစ်ပတ် တည်းဆင်းပြီး သမ္မတနဲ့အထူးကို ခင်မင်ရင်းစွဲရှိတယ်လို့ ဆိုကြပါတယ်။ ဒီအချက်အလက်တွေကြောင့်ပဲ ၂၀၁၅ ရွေး ကောက်ပွဲမှာကိုယ့်အသင်းဟောင်း၊ ကိုယ့်လူဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီဘက်ကို ဒိုင်လူကြီးဘက်လိုက် လေမလားဆိုတဲ့ နိုင်ငံရေးသောကတစ်ရပ်ဟာ နိုင်ငံရေးရပ်ဝန်းအတွင်း ကြံ့ခိုင် ရေးပြိုင် ဘက် အတိုက်အခံပါတီတွေကြားမှာ စိန်ခေါ်မှုပြဿနာအဖြစ် ပြောင်းလဲ ပေါ်ပေါက်လာခဲ့ပါတယ်။

(၂) ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေး

နိုင်ငံတကာက ကမ်းလှမ်းမှုတွေရှိ ထားပေမယ့် ၂၀၁၅ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့် ရေး အဖွဲ့တွေကို ခွင့်ပြုဖို့ ရွေးကောက်ပွဲကော်မရှင်က လေသံဟတာတော့ လက်ရှိအချိန် အထိ မကြားမိသေးပါ ဘူး။

(၃) PR ၊ အချိုးကျကိုယ်စားပြုစနစ်

အာဏာရ ကြံ့ခိုင်ရေးပါတီအတွက် တစ်ပန်းသာစေမယ့် PR စနစ်ကို အမျိုးသားလွှတ်တော်မှာ ကျင့်သုံးဖို့ အတည်ပြုလိုက်ပြီး ပြည်သူ့လွှတ်တော်မှာ ထပ်မံ အတည်ပြုဖို့ ကျားကုတ်ကျားခဲ ထပ်မံကြိုး စားနေတာ ကို တွေ့ရပါတယ်။ PR စနစ်နဲ့သာ ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းရင် မဲစာရင်း မသမာမှုတွေ ပေါ်ပေါက် လာနိုင်ပါတယ်။ ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင် စာရင်းအရ ပေါ်ထွက်လာ တဲ့ မြန်မာပြည် လူဦးရေ စာရင်း ကလည်း ၅၁ သန်းကျော်ဆိုတော့ မူလခန့်မှန်းထားတဲ့ သန်း ၆၀ နဲ့ဆို ရင် ၉ သန်းကျော် ကွာဟနေပါတယ်။

ပြီးတော့ တစ်တိုင်းပြည်လုံး လူဦးရေကို အခြေပြုပြီး ထွက်ပေါ်လာရမယ့် မဲပေးနိုင်ခွင့်ရှိသူ စာရင်းဆိုတာလည်း အချိန်ကာလ အတိုင်းအတာ တစ်ခုယူပြီး ပြုစုရပါ တယ်။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ကလည်း ၁၄ လတာ သာလိုတော့တဲ့ အချိန်မှာ ခုချိန်ထိတော့ မဲပေးပိုင်ခွင့်ရှိ သူစာရင်းဆိုတာ မပေါ်ပေါက်သေးပါဘူး။

PR စနစ်ရဲ့ ရှုပ်ထွေးမှုနဲ့ မဲစာရင်း မရေရာမှုကို ပေါင်းစပ်လိုက်ရင်တော့ မဲ မသမာမှုဟာ ကျိန်းသေပေါ်ပေါက်မှာ ဧကန်မို့ အထူးစိုးရိမ်စရာ ကောင်း ပါတယ်။ ပြီး တော့ PR စနစ်ရဲ့တရားကိုယ်သဘော ကြောင့် မဲမသမာမှု ပေါ် ပေါက်ရင်တောင် ကော်မရှင်ကို စောဒကတက်ဖို့၊ တိုင်တန်း ဖို့ ချက်ချင်းအလွယ်တကူ မဖြစ်နိုင်ပါဘူး။ PR ရဲ့ သဘောအရ မဲဆန္ဒနယ်တစ်ခုချင်းအလိုက် မဲရေတွက်မှုမှာ အခရာမကျဘဲ အားလုံးပေါင်းခြုံ ရာခိုင်နှုန်းတွေနဲ့ တွက်ချက်ရတော့ မဲမသမာမှုကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ အချိန်မီသိနိုင်ဖို့ မလွယ်ကူ လှပါဘူး။

(၄) တပ်မတော်သား ၂၅ ရာခိုင်နှုန်း

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့တို့ကနေ ဒုသမ္မတ ၃ ယောက်ကို တင် မြှောက် ပြီး ပြည်ထောင်စုလွှတ်တော်က သမ္မတတစ်ဦးကို ရွေးချယ်ရပါတယ်။ တပ် ၂၅ ရာခိုင်နှုန်းကို အမှီပြုပြီး ကြံ့ခိုင်ရေး(သို့) တပ်မတော်က သမ္မတဖြစ်ဖို့အတွက် အာဏာရ ကြံ့ခိုင်ရေးပါတီဟာ လွှတ်တော် ၂ ရပ် ပေါင်း ကိုယ်စားလှယ်တွေ (တပ်၂၅ရာ ခိုင်နှုန်းမပါ) ရဲ့၃၄ရာခိုင်နှုန်း ထောက်ခံမှု လိုအပ်ပါတယ်။ ကြံ့ခိုင်ရေးမိတ်ဖက် တိုင်းရင်းသားပါတီတွေ၊ ကြံ့ခိုင်ရေးမိတ်ဖက် ဒီမိုကရက်တစ် ပါတီအမတ်တွေရဲ့ သမ္မတထောက်ခံမှု မဲတွေကို လည်း ကြံ့ခိုင်ရေးက ရနိုင်မှာဖြစ်တဲ့ အတွက် ကြံ့ခိုင်ရေး က ၂၅ရာခိုင်နှုန်း လောက်နိုင်ရင်ပဲ သမ္မတ ဖြစ်ခွင့် သဘောမှာ ရှိနေပါတယ်။

အဲဒီ ၂၅ ရာခိုင်နှုန်းလောက်တောင် ရနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ PR ဆိုတဲ့ အချိုးကျစနစ်ကို အပူတပြင်း ကျင့်သုံးဖို့ အာဏာရပါတီဟာ ကြိုးစားနေတာပဲဖြစ် ပါတယ်။ ပြီးတော့ ငွေကြေး၊ လုပ်ပိုင်ခွင့် မက်လုံးတွေနဲ့ သမ္မတ ရွေးချယ်ပွဲအတွက် မဲရအောင် တိုင်းရင်းသားပါတီတွေ၊ ဒီမို ကရက်တစ်ပါတီတွေကို စည်းရုံးမဟာမိတ် ပြုနေတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဗျူဟာကိုလည်း အထင်းသားမြင်နေရပါတယ်။

ဒီလိုမဟာမိတ်ပြု စည်းရုံးတဲ့အပိုင်းမှာတော့ အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ NLD ပါတီဟာ အားနည်းလျက် ရှိပါသေးတယ်။ PR နဲ့၊ ၂၅ ရာခိုင်နှုန်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ NLD ဟာ ရာခိုင်နှုန်း ဘယ်လောက် နိုင်ခြေရှိတယ်ဆိုတာ ကြိုတင်ခန့်မှန်းထားသင့်ပါတယ်။ ““လူထုစစ်တမ်းလိုကောက် ယူရင် ထောက်ခံမှုအပြည့် ရနိုင်ခြေရှိပေမယ့် NLD ကိုယ်စားပြုတစ်ဦး သမ္မတဖြစ်ဖို့ဆိုရင်တော့ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီများရဲ့ NLD ကို ထောက်ခံမှုအပေါ် စစ်တမ်းပြုစုရမှာပါ””။ရွေးကောက်ပွဲမှာတော့ အများစုဆိုသလို မဲများရရှိပြီး လွှတ်တော်အမတ်ရာခိုင်နှုန်း ၆၇ ရာခိုင်နှုန်းအောက်ဆို NLD သမ္မတ ဖြစ်ဖို့ မကျိန်းသေပါဘူး။ လွှတ်တော်နှစ် ရပ်ပေါင်း အမတ် ၇၀ရာခိုင်နှုန်းလောက် ရထားရင် ဘယ်ပါတီအမှီမှမလိုဘဲ သမ္မတ ဖြစ်ခွင့်ရှိ ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ရင် လွှတ်တော်ထဲ NLD အမတ် အများစုနဲ့ သမ္မတကတော့ ကြံ့ခိုင်ရေး (သို့) တပ်ကိုယ်စားပြုတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် NLD ပါတီအနေနဲ့ အနိုင်လည်းရ၊ သမ္မတလည်းဖြစ်ရေး မူဝါဒ ချ မှတ်ထားတယ်ဆိုရင်တော့ တိုင်း ရင်းသား ပါတီများ၊ ဒီမိုကရက်တစ်ပါတီများနဲ့မဟာ မိတ်ပြုရေးအတွက် ခိုင်မာတဲ့ဗျူဟာတစ် ရပ်ချမှတ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး ရှေ့ ခရီး ဖြောင့်ဖြူး ချောမွေ့ဖို့ဆိုရင်တော့ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးနဲ့ အတိုက်အခံ ညီညွတ်ရေးဆိုတဲ့ နှစ်ချက် ကသာ နိုင်ငံရေး အကျပ်အတည်းအတွက် ထွက်ပေါက်ဖြစ်နိုင်ပါလိမ့်မယ်။

၂၀၁၅ ကို ဖြတ်သန်းရမယ့် လက်ရှိ နိုင်ငံရေးအခင်းအကျင်း မှာတော့ ပြည်သူ့ မျှော်လင့်ချက်တွေကိုမရိုက်ချိုးမိဖို့ အတိုက်အခံကော၊ အာဏာပိုင်များဘက်ကပါ အထူးဂရုပြုပြီး ဗျူဟာတွေ ချမှတ်ဆောင် ရွက်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။


မြန်မာသံတော်ဆင့်သတင်းဌာန
Myanmartandawsint Newspaper

0 comments:

Post a Comment