Thursday, October 30, 2014

ဦးထင်ကျော်ကို ထောင် ၂ နှစ် ချမှတ်

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်) က ဦးထင်ကျော်ကို အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ကို ဒီနေ့ ချမှတ်လိုက်ပါတယ်။

ဦးထင်ကျော်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်မှု ပုဒ်မ ၁၈ တွေနဲ့ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာ၊ ဗဟန်း၊ ကျောက်တံတား၊ ဒဂုံ(အရှေ့) ဒဂုံ(မြောက်)၊ မရမ်းကုန်းနဲ့ ရွှေပြည်သာမြို့နယ် တရားရုံးတွေက တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ စုစုပေါင်း ၁၀ နှစ်ကျော် ကျခံခဲ့ရပါတယ်။

ဦးထင်ကျော်နဲ့ တဖွဲ့တည်းဖြစ်တဲ့ ကိုနောင်နောင်ကိုလည်း ကျောက်တံတား တရားရုံးက ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့နဲ့ ထောင်ဒဏ်၂ နှစ်နဲ့ ၄ လ ချမှတ်ခဲ့ပါတယ်။


DVB

0 comments:

Post a Comment