Friday, October 24, 2014

လူသိ နည်းသေးသည့် အရိုးပါး/ အရိုးပွရောဂါ သတိပြုပါ

ဒီတစ်ပတ်မှာတော့ အဖြစ်များ သော်လည်း လူသိ နည်းနေတဲ့ အရိုးပါး/ အရိုးပွရောဂါ နဲ့ပတ်သက်ပြီး သိသင့် သိထိုက် တာလေးတွေကို ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။

အရိုးပါး/ အရိုးပွ ရောဂါဟာ ကျားမ မရွေး အသက်အရွယ် မရွေး ဖြစ် ပွားနိုင်သော်လည်း အသက် ငါးဆယ် နဲ့ အထက် အမျိုးသမီးတွေ မှာ ပိုအဖြစ် များတာ တွေ့ ရပါတယ်။ အသက်ငါးဆယ် ကျော်ရင် အဖြစ် များသလို မျိုးရိုးရှိခဲ့ ရင်တော့ အသက် ငါးဆယ် မကျော် လည်း ဒီရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်လာရင်တော့ အသက် မသေနိုင် ပေမယ့် အရိုးကျိုး လွယ်ခြင်း၊ နာကျင် ကိုက်ခဲခြင်း၊ ချည့်နဲ့ခြင်း တို့ကို ခံစားရမှာ ဖြစ်ပါတယ်။ ရောဂါလ က္ခဏာတွေ ပြ ပြီး ကူးစက်နိုင်တဲ့ ရောဂါတွေကို လူ တွေ က သတိ ထားပြီး သိကြ ကြောက် ကြပေမယ့် ဒီရောဂါ နဲ့ ပတ်သက်ပြီး တော့ လူသိ နည်းနေသေးတဲ့ အတွက် ပြည့်ပြည့်စုံစုံ သိရအောင် ကမ္ဘာ့ အရိုးပါး ရောဂါနေ့ လူထု ဟောပြောပွဲ မှ အထူးကု ဆရာဝန်ကြီး များရဲ့ ဟောပြောချက်မှ ကောက်နုတ် ဖော်ပြပေး လိုက်ပါတယ်။ အရိုးပါး/အရိုးပွ ရောဂါ ဆိုသည်မှာ လူ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရိုးထုရဲ့ ၉၉ရာ ခိုင်နှုန်းဟာ ကယ်လ်စီယမ် ဓာတ်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ သွေးအတွင်း လိုအပ်တဲ့ ကယ်လ်စီယမ် ပမာဏကို အစားအသောက်တွေ ကနေ အလုံ အလောက် မရတဲ့အခါ အရိုးထုထဲက ကယ်လ်စီယမ်တွေကို ထုတ်ပေး ရပါ တယ်။ ဒီလိုနဲ့ အရိုးထုတဲ့ မှာ ရှိတဲ့ ကယ်လ်စီယမ် ပမာဏတွေဟာ လျော့ နည်းလာပြီး သာမန် လဲကျရုံ နဲ့ အရိုး ကျိုး သွားနိုင်ပါတယ်။ အရိုးရဲ့သိပ်သည်း ဆဟာ ပုံမှန်ထက် လျော့နည်း လာခြင်း ကို အရိုး ပါး အရိုးပွ ရောဂါလို့ သတ်မှတ် ပါတယ်။

အရိုးပါး လာခြင်းကြောင့် အရိုး မျက်နှာပြင်တွေ ပါးလာပြီး အတွင်း ဘက်မှာလည်း အပေါက်တွေ ဖြစ် လာပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါ မှာ အရိုးဟာ ကျွတ်ဆတ်ပြီး ကျိုး လွယ် လာပါတယ်။

ဘယ်သူတွေမှာ အရိုးပါးရောဂါဖြစ်တတ် ပါသလဲ

သက်ကြီး ရွယ်အိုများ၊ စတီး ရွိုက်ဆေး ကြာရှည်သောက်နေရ သူများ၊ သွေးဆုံးပြီး အမျိုးသမီးများ၊ သားအိမ် နှင့် သားဥအိမ် ခွဲထုတ်ထား သူများ၊ လေ့ကျင့်ခန်း လှုပ်ရှားမှု နည်းသူများ၊ ကယ်လ်စီယမ် ပါဝင်သော အစားအ သောက် ချို့တဲ့သူများ၊ ဆေးလိပ် သောက်သူနှင့် ဆေးလိပ်ငွေ့ ရှူရှိုက် နေရသူများ (ဆေးလိပ် သောက်ခြင်း သည် ကျားဟော်မုန်း၊ မဟော်မုန်း များကို လျော့နည်းစေသည့် အတွက် အရိုးပါး ရောဂါ ဖြစ်စေနိုင်ပါတယ်)၊ အရက် အလွန်အကျွံ သောက်ခြင်း (ခန္ဓာကိုယ် တွင် အရိုးဖြစ်စေ မယ့် ဆဲလ်တွေ ပြု လုပ်ခြင်းကို လျော့နည်းစေပါတယ်)၊ မိသားစု ထဲတွင် အရိုးပါး ရောဂါဖြစ် ရှိ ခြင်း (မျိုးရိုး လိုက်၍ အရိုးပါးရောဂါ ဖြစ်နိုင်ပါတယ်)

အရိုးပါးရောဂါရှိ/မရှိ ဘယ်လိုသိ နိုင်မလဲ

အရိုးပါး ရောဂါဟာ နှစ်ပေါင်း များစွာရောဂါ ရှိနေပြီး ဘာလက္ခဏာ မှမပြပါဘူး။ အရိုးကျိုးမှသာ သိနိုင်တာ ဖြစ်ပါတယ်။ တော်ရုံချော်လဲ ရုံ နဲ့ အရိုး မကျိုးနိုင်ပေမယ့် အရိုး ပါး အရိုးပွ ရောဂါခံစားနေရ သူကတော့ အရိုးကျိုး လွယ်ပါတယ်။ အဲဒီလို ကျိုးသွားမှသာ ရောဂါရှိနေမှန်း သိတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ချောင်းဆိုးနှာချေရင်း နဲ့ ညှပ်ရိုး ကျိုးသွားခြင်းတို့ ဆို ရင်လည်း အရိုးပါး/အရိုးပွ ရောဂါဖြစ် နိုင်ပါတယ်။

အရိုးပါး ရောဂါဖြစ်ရင် ခါးကိုင်းလာမယ်။ အရပ်ပု လာတယ်လို့ ခံစားရမယ်။ အဲဒီအခါမှာ ခါးနာမယ်။ အသက် ကြီးလာလို့ ခါးကိုင်း လာရင် သတိ ထားရမယ်။ ခါးကိုင်း တာ လောက်နဲ့ သိစေချင်တယ်။ အရိုးပါးရောဂါ ရှိ တယ်လို့ သံသယ ဖြစ်ရင် ရောဂါ ရှိ မရှိ စစ်ဆေးလို့ ရပါတယ်။ မြန်မာနိုင်ငံမှာ လည်း စစ်ဆေး လို့ရပါတယ်။ ရန်ကုန် နှင့် မန္တလေးမှာ ရှိတဲ့ဆေးရုံကြီး တွေမှာ စစ်ဆေး ကုသလို့ ရပါတယ်။

နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်ပါသလဲ

အရိုးပါး /အရိုးပွ ရောဂါကြောင့်မသေနိုင်ပါဘူး။ ဒါပေမဲ့ အရိုးပါး/အရိုး ပွရောဂါ ဖြစ်ပြီး အခန့်မသင့်လို့ လှုပ်ရှား ရင်း လဲကျတာနဲ့ အရိုးကျိုး သွားပြီး အိပ်ရာထဲမှာ နာတာရှည် လှဲနေရတာ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်း ဆိုင်ရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလာ တာတွေ ခံစားရပါတယ်။ အရိုးပါး/အရိုးပွခြင်းကြောင့် ဖြစ် ပွားတဲ့ အရိုး ကျိုးခြင်းမှာ တင်ပဆုံ ရိုးကျိုး ခြင်း၊ လက်ကောက် ဝတ်ကျိုးခြင်းနှင့် ခါး ရိုးကျိုးခြင်း တို့က အများဆုံးဖြစ်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

အရိုးပါး/ အရိုးပွရောဂါ ကာကွယ် ခြင်းဟာ ငယ်ရွယ်စဉ်ကတည်းက စတင် လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခု ဖြစ် ပါတယ်။ ငယ်စဉ် ကတည်းက အရိုးများ ကျန်းမာ ကြံ့ ခိုင်အောင် နေထိုင်စားသောက် ခြင်းအားဖြင့် အသက် အရွယ် ကြီးရင့် လာတဲ့အခါ အရိုး ဆဲလ်များ ဆုံးရှုံးမှု နည်းအောင် ကာကွယ်ထားနိုင်မှာ ဖြစ် ပါတယ်။

အရိုးကျန်းမာရေး အတွက် အ ထောက်အကူပြုတဲ့ အာဟာရတွေကို ပုံမှန် စားသောက်ပေးခြင်း ဖြင့်လည်း အရိုးပါးရောဂါကို ကာကွယ်နိုင် ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံ၊ အာ လူး၊ ဂျုံ စတဲ့ နှံစား သီးနှံများ၊ နို့နှင့် နို့ ထွက် ပစ္စည်းများ၊ အသား ၊ငါး၊ ကြက်ဥ စသော ပရိုတင်းဓာတ် ကြွယ်ဝသော အစားအစာ များကို ပုံမှန် စားသုံးပေး ပါက အရိုး ကျန်းမာကြံ့ခိုင်အောင် ကူညီ ပေးနိုင်ပါတယ်။

ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်း ကလည်း အရိုးပါး ရောဂါကို ကာကွယ် ရန်သာမက အသက်အရွယ် အားလုံး၏ ကျန်းမာရေး အတွက် အထောက်အ ကူပြုစေတဲ့ အချက် ပဲ ဖြစ်ပါတယ်။

အရိုးပါး ရောဂါ ရှိနေသည့် တိုင် သင့်တော်သော လေ့ကျင့်ခန်းများ ရွေးချယ် လုပ်ဆောင်ပေးခြင်း ကလည်း အရိုးများ သန်မာစေရုံ သာမက နောက် ထပ် အရိုးကျိုးခြင်း မှ လည်း ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။

အရိုးပါး ဝေဒနာရှင် များ အနေနှင့် အရိုးက ကျွတ်ဆတ်နေတဲ့ အတွက် ကြောင့် အလွယ်တကူ ကျိုးလွယ်ပါ တယ်။ ဒါကြောင့် မတော်တဆ ထိခိုက် မိခြင်း၊ လဲကျခြင်း တို့မှ နည်းနိုင် သမျှ နည်းအောင် ရှောင်ကြဉ်၍ သတိပြု သွားလာ လှုပ်ရှား သင့်ပါတယ်။

မြတ်စုငြိမ်း

Popular Myanmar News Journal

0 comments:

Post a Comment