အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့မှာ ဒီမိုကရက်တစ် အင်အားစု တွေ စုပေါင်းပြီး အမှုမှန်ပေါ်ပေါက်ရေး အတွက် ဆန္ဒဖော်ထုတ်ကာ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
  
 
  ဓာတ်ပုံ- အံ့ဘွယ်ကျော် ( ၈၈ ) 
 
  နိုင်ငံသားတစ်ဦးဖြစ်သူ ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရခြင်းအတွက် ဒီမိုကရက်တစ်အင်အားစု များ ၏ စုပေါင်းသဘောထား ထုတ်ပြန်ကြေညာချက်  
 
 
 ရက်စွဲ ။ ။ ၂၆ ရက်၊ အောက်တိုဘာလ၊ ၂၀၁၄ ခုနှစ် 
 
 ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ (၂၃) ရက်နေ့တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)သို့ တစ်လကြာ အဖမ်းခံထားရသော ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်သည် (၄၊၁ဝ၊၂ဝ၁၄) ရက်နေ့ ညနေ၌ ပစ်ခတ်ခံရ၍ 
 သေဆုံး သွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားလာခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရက်တစ် အင်အားစုများ စုပေါင်း၍ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ 
 
 မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည် ဟု နိုင်ငံတော်အကြီးအကဲများက ပြောကြားနေချိန်တွင် နိုင်ငံသားတိုင်း မူလအခွင့်အရေး ချိုးဖောက်ခံရမှု များ၊ အသက်အိုးအိမ် မလုံခြုံမှုများ ဒေသအနှံအပြားတွင် ဖြစ်ပေါ်နေဆဲဖြစ်ပါသည်။ 
 
 ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးရခြင်းနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန် 
 ကြေညာ ချက်သည် သတင်းထိန်ချန်မှုများ၊ သံသယဖြစ်စရာများ များစွာရှိနေပြီး နိုင်ငံသားတစ်ဦးချင်း အနေဖြင့် ဥပဒေ၏အကာအကွယ်ကို ရရှိရန်လိုအပ်ကြောင်း ယင်းဖြစ်ရပ်က ထင်ရှားစွာပြသနေပါသည်။ 
 
 ယခုဖြစ်ရပ်သည် တိုင်းပြည်နှင့် နိုင်ငံသားတို့၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည့်လုပ်ရပ်ဟု ကျွန်ုပ်တို့ က ယုံကြည်သဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။ 
 
 ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အမှုအမှန် တိုင်းပေါ်ပေါက်လာစေရန် လွတ်လပ်ပြီး ကျွမ်းကျင်သည့် ပညာရှင်များပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းဖော် ထုတ်ပေး ရန်နှင့် ပြစ်မှု ကျူးလွန်သူများအား တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ပေးရန် အောက်ပါ ဒီမိုကရက်တစ် အဖွဲ့အစည်း များက လေးနက်စွာတောင်းဆို လိုက်သည်။ 
 
 ၁။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) 
 ၂။ Generation Wave 
 ၃။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ 
 ၄။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ 
 ၅။ အ.က.သ. ( ၈၈မျိုးဆက် ) 
 ၆။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ 
 ၇။ မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂ 
 ၈။ 141 Plus နိုင်ငံရေး အင်အားစု 
 ၉။ နိုဗယ် ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖွဲ့ ( 10 D ) 
 ၁၀။ မြန်မာ့လူမှုဘဝတိုးတက် မြင့်မားရေးအသင်း 
 ၁၁။ အဖြူရောင်တွဲလက်များအဖွဲ့ 
 ၁၂။ Triangle Women 
 ၁၃။ ၇၄/၇၅/၇၆ အင်အားစုများ 
 ၁၄။ သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ 
 ၁၅။ Yangon School of Political Science 
 ၁၆။ တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ 
 ၁၇။ Myanmar Institute for Democracy 
 ၁၈။ အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့ 
 ၁၉။ ရန်ကုန် - လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ 
 ၂၀။ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကွန်ရက် 
 ၂၁။ Generation Youths 
 ၂၂။ အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ရက် 
 ၂၃။ ကရင်အမျိုးသမီးအဖွဲ့ 
 ၂၄။ ဒီမိုကရေစီအင်အားစု 
 ၂၅။ New Myanmar Foundation 
 ၂၆။ ကြည့်မြင်တိုင် လူမှုဖွံ့ဖြိုးရေးကွန်ရက် 
 ၂၇။ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် 
 ၂၈။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက် 
 ၂၉။ Badei Moe CSO ၃၀။ Land In Our Hands 
 ၃၁။ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ 
 ၃၂။ Youth Development Network 
 ၃၃။ ငြိမ်းချမ်းရေးလူငယ်အဖွဲ့  
 ၃၄။ ABSDF ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) 
 ၃၅။ မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေး အစည်းအရုံး (BLSO) 
 ၃၆။ Center for Youth and Social Harmony 
 ၃၇။ Kachin Peace Network ( ကချင်ငြိမ်းချမ်းရေးကွန်ယက်) 
 ၃၈။ Kachin Women Union (ကချင် အမျိုးသမီးသမဂ္ဂ) 
 ၃၉။ Research and Translation Consultancy Cluster 
 ၄၀။ မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ 
 ၄၁။ Myanmar Institute 0f Peace and Security Study 
 ၄၂။ Women’s Organizations Network 
 ၄၃။ Women Peace and Security Initiatives 
 ၄၄။ Genuine People’s Servants 
 ၄၅။ Myanmar Farmer Union ( မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ ) 
 ၄၆။ Women Galaxy 
 
 
 
 
  
 
 
 
  
 
 
 
 
Sunday, October 26, 2014
ကိုပါကြီး သေဆုံးမှု ဒီမိုကရက်တစ်အဖွဲ့များရဲ့ သဘောထား ထုတ်ပြန်
ဧရာဝတီ
Subscribe to:
Post Comments (Atom)
 






 
 
 
 
 
0 comments:
Post a Comment