Saturday, October 25, 2014

အချစ်ရေးကို မဖြေပါဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုသွားတဲ့ ယုသန္တာတင်



ပျိုးခင်းထဲက တင်တဲ့ ၃ ယောက်ထဲမှာ ကားရိုက် အတော်အတန်နည်းပေမဲ့ ကြော်ငြာဖက်မှာရော၊ သရုပ်ဆောင်ဖက်အပြင် ၊ ဓာတ်ပုံရိုက်ကူးမှု အပိုင်းတွေကတစ်ဆင့် ပရိသတ်နဲ့အမြဲထိတွေ့ဖြစ်နေတဲ့ ယုသန္တာတင်က ကားရိုက်နည်းတာနဲ့ ပတ်သက်ပြီး အနုပညာအလုပ်တွေကို မျှတစွာ လုပ်နေရတာကြောင့် ပရိသတ်တွေအနေနဲ့ ကားရိုက်နည်းတယ်လို့ မြင်နေတာပါလို့ ဆိုပါတယ်။ လတ်တလောမှာ ခေါင်ထိအကုန်စား ဆိုတဲ့ဟာသကားလေးကို ဖြိုးငွေစိုး၊ ဇန်ထူးအောင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေပြီး ဒီကားပြီးရင်တော့ တရုတ်ပြည်မှာ ကြော်ငြာသွားရိုက်ဖို့ရှိတယ်လို့ ဖွင့်ဟလာပါတယ်။ “ပြည်ပကိုအလုပ်နဲ့သွားတာပဲများတယ်။ အလည်သက်သက်တော့ သိပ်မသွားဖြစ်ဘူး။ တရုတ်ပြည်က ကြော်ငြာကတော့ အသေးစိတ်မသိရသေးတော့ ပြန်လာမှပဲ ပရိသတ်ကို အသိပေးလိုက်တော့မယ်”လို့ သူမက ဆိုပါတယ်။အနုပညာပျိုးခင်းနဲ့ပတ်သတ်ပြီး စာချုပ်ချုပ်ထားတာ ၃ နှစ်တော့ပြည့်ခါနီးနေပြီဖြစ်တဲ့ သူမက “ခုဆို ပျိုးခင်းကနေ ထပ်တင်ပေးမယ့် နောက်ထပ် အသစ်တွေတောင် ရွေးနေပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ၀မ်းသာပါတယ်။ ပျိုးခင်းမှာ မင်းသမီးအဖြစ် အရွေးခံရဖို့က အရမ်းရှားပါတယ်။ ဒီလိုနေရာမျိုးမှာ အရွေးခံရပြီဆိုရင် ကိုယ်ကြိုးစားတာနဲ့ထိုက်တန်တဲ့ နေရာတစ်ခုတော့ ရမှာပါ”တဲ့။

အရင်တုန်းက အချစ်ရေးအကြောင်း မေးရင် နည်းနည်းပါးပါး ဖြေပေးသေးတဲ့သူမက ခု မေးကြည့်တဲ့အခါမှာတော့ အချစ်ရေးကို လုံးဝမဖြေပေးနိုင်တဲ့အကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုသွားပါတယ်


ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment