Saturday, October 25, 2014

မျိုးစောင့်ဥပဒေလေးခု အမြန်အတည်ပြု ပြဋ္ဌာန်းရန် ရဟန်းပြည်သူ သုံးထောင်ကျော် ဆန္ဒပြ


မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းရေးအတွက် ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၅ ရက်က ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ − နစ်ကီ)

မျိုးစောင့်ဥပဒေလေးခု အမြန်ဆုံးအတည်ပြုပြဋ္ဌာန်းပေး ရန် သံဃာတော်များနှင့် ပြည်သူ သုံးထောင်ကျော် အောက်တို ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ ကြသည်။

မျိုးစောင့်ဥပဒေလေးခုဖြစ် သည့် ကိုးကွယ်ရာဘာသာကူး ပြောင်းခြင်းဆိုင်ရာဥပဒေ၊ လက် ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ဥပဒေ နှင့် လူဦးရေ ထိန်းညှိမှုဆိုင်ရာ ဥပဒေတို့ကို အမြန်ဆုံးပြဋ္ဌာန်းပေး ရန် ရဟန်းသံဃာတော်များ ဦး ဆောင်၍ တောင်းဆိုခဲ့ကြခြင်းဖြစ် သည်။ ရဟန်းသံဃာတော်များနှင့် ပြည်သူအင်အားသုံးထောင်ကျော် က ကြေးသွန်းဘုရားကြီးရှေ့မှ စတင်၍ ရွှေတိဂုံစေတီတော်မြောက်ဘက်မုခ်၊ ယင်းနောက် အရှေ့ဘက်မုခ်အထိ လမ်းလျှောက်ချီတက်ကာ ကြွေးကြော်သံများဖြင့် ဗီနိုင်းများကိုင်ဆောင် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။ မကွေးကျောင်းတိုက်ဆရာ တော်ဦးပါမောက္ခက အခြားသော ဘာသာကြီးသုံးခုတွင်လည်း မျိုး စောင့်ဥပဒေကဲ့သို့ ပြဋ္ဌာန်းဥပဒေ များရှိကြောင်းနှင့် မျိုးစောင့်ဥပဒေ မှာ လူမျိုးခြား၊ ဘာသာခြားများကို ထိခိုက်နစ်နာစေခြင်းမရှိကြောင်း မိန့်ကြားသည်။

‘‘ဒီနေရာကနေ နိုင်ငံတော် သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ ဥပဒေပြု အာဏာရယူထားတဲ့ လွှတ်တော်အမတ်များသို့တောင်း ဆိုလိုက်တယ်’’ ဟု မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရန် ဆရာတော်ဦးပါမောက္ခကမိန့်ကြားသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေး ရန် ဆန္ဒဖော်ထုတ်တောင်းဆိုမှုနှင့် စပ်လျဉ်း၍ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်လေးက အားလုံးတွင် လွတ်လပ်စွာဆန္ဒဖော်ထုတ်နိုင်ရန် အခွင့်အရေး ရှိကြောင်းနှင့် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ အမြင်မတူညီသူများက ၎င်းတို့သဘောထားများကို လွှတ်တော်သို့တင်ပြပြီးဖြစ်ကြောင်းပြောသည်။

‘‘ကျွန်မတို့ ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုပဲ တစိုက်မတ်မတ်သွားမယ်။ တစ်ခု ပဲစိုးရိမ်တာက အချင်းချင်းတွေ ကြားမှာ ကွဲပြားသွားအောင် အာရုံလွှဲမှုတွေဖြစ်လာမှာကိုပဲ’’ ဟု မျိုးစောင့်ဥပဒေကန့်ကွက်ရာတွင်ပါဝင်သူ ဒေါ်ခင်လေးက ဆိုသည်။

မျိုးစောင့်ဥပဒေ ဆန္ဒဖော် ထုတ်တောင်းဆိုပွဲသို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကလည်း သဝဏ်လွှာ ပေးပို့ ခဲ့သည်။ မျိုးစောင့်ဥပဒေများ အမြန်ဆုံး ပြဋ္ဌာန်းပေးရန် နိုင်ငံ တော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ များ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ လွှတ်တော်ကိုယ် စားလှယ်များသို့ မေတ္တာရပ်ခံ တောင်းဆိုချက် တစ်စောင်ကို လည်း မျိုးချစ်မြန်မာရဟန်းတော် များ သမဂ္ဂက ထုတ်ပြန်ခဲ့သည်။

မျိုးစောင့်ဥပဒေ လေးခု အနက် ကိုးကွယ်ရာဘာသာကူး ပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း နှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိ ရေးဆိုင်ရာ ဥပဒေကြမ်းများကို ရေးဆွဲထားပြီးဖြစ်သည်။ ထို့ အပြင် ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို အများ ပြည်သူ လေ့လာအကြံပြုနိုင်ရန် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ကထုတ်ပြန်ထားပြီးဖြစ်သည်။

ဆန္ဒဖော်ထုတ်တောင်းဆိုပွဲ တက်ရောက်သူများက မျိုးစောင့် ဥပဒေမူကြမ်းအားလုံးရေးဆွဲပြီး စီးပြီဖြစ်ကြောင်းသိရကာ လွှတ် တော်တွင်အမြန်ဆုံးဆွေးနွေး အတည်ပြု ပြဋ္ဌာန်းနိုင်ရန် တောင်း ဆိုခြင်းဖြစ်ကြောင်းပြောသည်။

မျိုးစောင့်ဥပဒေများအတည် ပြုပြဋ္ဌာန်းပေးရန် ဆန္ဒဖော်ထုတ် တောင်းဆိုပွဲများကို ရန်ကုန်တိုင်း ဒေသကြီးအပြင် အခြားသော ဒေသများတွင်ပါ ဆက်လက်ပြု လုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်


7Day Daily

0 comments:

Post a Comment