Thursday, October 23, 2014

မွေးစာရင်းမှတ်ပုံတင် မရှိသည့် ကလေးငယ် တစ်သန်းကျော်ရှိနေ


လသားကလေးငယ်တစ်ဦး၏ လက်မောင်းလုံးပတ်ကိုတိုင်းတာနေစဉ် (ဓာတ်ပုံ - ယူနီဆက်)

မွေးစာရင်းမှတ်ပုံတင် မရှိသော ကလေးသူငယ်တစ်သန်း ကျော်ရှိသည့် မြန်မာနိုင်ငံတွင် ကလေးမွေးဖွားစာရင်း မှတ်ပုံတင် ကောက်ယူရေးအစီအစဉ်ကို ယခု လတတိယပတ်မှ စတင်ပြီး ရက်သတ္တတစ်ပတ်ကြာ ပြုလုပ်သွား မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ယူနီဆက်မှ သတင်းရရှိသည်။မွေးစာရင်းကောက်ယူရေး ရက်သတ္တပတ်အစီအစဉ်ကို မွန် ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မော်လ မြိုင်၊ ဟားခါးနှင့် မကွေးမြို့များ တွင် ကောက်ယူမည်ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့မှ သတင်းရရှိသည်။

တစ်နိုင်ငံလုံး၏ မွေးစာရင်း ရရှိမှုမှာ ကွာခြားလျက်ရှိပြီး ချင်း ပြည်နယ်တွင် မွေးစာရင်းမရှိ သည့် ကလေးသူငယ် ၇၆ ရာခိုင် နှုန်း၊ မွန်ပြည်နယ်တွင် ၁၁ ရာခိုင် နှုန်းနှင့် မကွေးတိုင်းဒေသကြီး တွင် ၄၃ ရာခိုင်နှုန်းရှိသဖြင့် ယင်းဒေသကို ကောက်ယူခြင်းဖြစ် ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က ဆိုသည်။

‘‘လွတ်လပ်ပြီး ကလေးသူ ငယ်တိုင်းမွေးဖွားစာရင်း မှတ်ပုံ တင်ခြင်းဟာ ကလေးသူငယ်တွေ ရဲ့ ပထမဆုံးသော အခွင့်အရေး ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာ ရေး၊ ပညာရေး၊ ကာကွယ်စောင့် ရှောက်ခွင့် ရရှိရေးစတဲ့ ကလေးသူငယ်နဲ့ဆိုင်တဲ့ အခွင့်အရေး တွေ အပြည့်အ၀ ခံစားခွင့်ရဖို့အ တွက်လည်း ခြေလှမ်းသစ်တစ် ရပ် ဖြစ်ပါတယ်’’ ဟု ယူနီဆက်(မြန်မာ) ဌာနေကိုယ်စားလှယ် မစ္စတာဘတ်ထရန်ဗိန်းဘဲ(လ်) က ပြောသည်။

ကလေးသူငယ်များကို ကလေးလုပ်သားအဖြစ် စေခိုင်း ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ တွင် တပ်သားအဖြစ် ခေါ်ယူစု ဆောင်းခြင်း၊ တရားဥပဒေနှင့် ရင်ဆိုင်နေရခြင်းတို့မှ ကာကွယ် ပေးရာတွင် ကလေး၏ အသက် အရွယ်အပိုင်းခြားသိရှိရန် လိုအပ် သောကြောင့် ကလေးမွေးစာရင်း ကောက်ယူရခြင်းဖြစ်ကြောင်း အဆိုပါ စီမံချက်ကို အကောင်အ ထည်ဖော်နေသည့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် ယူနီဆက်တို့က ပြောသည်။

‘‘ဗဟိုအဆင့်နဲ့ ဗဟိုလက် အောက်မှာရှိတဲ့ အဆင့်တိုင်းမှာ မွေးမှတ်ပုံတင် စနစ်အားကောင်း လာဖို့ ရည်ရွယ်ပြီး ရေရှည်မှာ ပြည့်စုံကောင်းမွန်တဲ့ ပြည်သူ့ရေး ရာ မှတ်ပုံတင်စနစ်ပေါ်ပေါက် လာဖို့ လုပ်ဆောင်သွားရမှာ ဖြစ် ပါတယ်’’ ဟု လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြော သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းကောက်ယူမည့် မွေးစာရင်း စီမံချက်အရ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့ မှ မြို့နယ်ပေါင်း ၄၄ မြို့နယ်တွင် ကောက်ယူသွားမည်ဟု သတင်းရရှိသည်။

ကျောင်းအပ်နှံရာတွင်လည်း ကောင်း၊ နိုင်ငံခြားခရီးသွားရာ တွင်လည်းကောင်း စသည့်အရေး ကြီးချိန်မှလွဲ၍ မွေးဖွားပြီးနောက် မှတ်တမ်းတင်ခြင်း မရှိကြောင်း၊ မွေးစာရင်းမှတ်ပုံတင်ခြင်းလုပ် ငန်းသည် တိုင်းပြည်၏ လူဦးရေ အတွက် အရေးကြီးသောကြောင့်မွေးစာရင်းမကောက်မီ အသိ ပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ စတင်လုပ်ကိုင်မည်ဟု ပူးပေါင်း ဆောင်ရွက်မည့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န် ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကလေးသူငယ်များ မွေးဖွားစာ ရင်းမှတ်ပုံတင်ရေး စနစ်ဆောင် ရွက်ရန် ဥရောပသမဂ္ဂနိုင်ငံများ အဖွဲ့က ငွေကြေးထောက်ပံ့ခြင်း ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်မည့်ယူနီဆက်က မြန်မာအစိုးရနှင့် ၂၀၁၃ ဇန်န၀ါရီတွင် သဘောတူညီ ချက်လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသော ကလေးများ သေဆုံးမှုလျှော့ချရေး၊ အကြမ်းဖက်ခံရသော ကလေးငယ်များ၊ အမြတ်ထုတ်ခံရသည့် ကလေးများ ကာကွယ်ရေး၊ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရရရှိရေးလုပ်ငန်းများကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)ကအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment