Thursday, October 30, 2014

ကော်သူးလေ တပ်မတော်ဖွဲ့စည်းခြင်းအစည်းအဝေးတွင် အဓိကခေါင်းဆောင်သုံးဦး မတက်


ကော်သူးလေ တပ်မတော်ဖွဲ့စည်းခြင်းဆိုင်ရာအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ - အောင်ခိုင်)

ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအ ဝေးကို အောက်တိုဘာ ၂၉ ရက်က ဆုံစည်းမြိုင်တွင် စတင်ပြုလုပ်ခဲ့ ရာ ကော်သူးလေတပ်မတော်ဖွဲ့ စည်းခြင်း သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့သော ခေါင်း ဆောင် သုံးဦးတက်ရောက်မှု မရှိကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၃ ရက်က ကော်သူးလေတပ်မတော်အဖြစ် ပြန်လည်ပေါင်းစည်းဖွဲ့စည်းခြင်း သဘောတူညီချက်ကို ကရင်လက် နက်ကိုင်တော်လှန်ရေးအဖွဲ့အ စည်း ခေါင်းဆောင်များ လက်မှတ်ဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းသဘောတူညီချက်ကိုကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ဒုစစ်ဦးစီးချုပ်၊ KNU လက်အောက် KNDO ဦးစီး ချုပ်၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) စစ်ဦးစီးချုပ်နှင့် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA).PC ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးတို့၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးကို အောက်တိုဘာ ၂၉ ရက်မှစတင်၍ DKBAဌာနချုပ် ဆုံစည်းမြိုင်တွင် စတင်ပြုလုပ်ခဲ့ရာ လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များအနက် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်မှလွဲ၍ ကျန်ခေါင်းဆောင် သုံးဦးတက်ရောက်ခဲ့ခြင်းမရှိပေ။ KNU မှ တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီး စောဖောဒို၊ KNU/KNLA-PC မှ နုတ်ထွက်ထားသော ဗိုလ်မှူးချုပ်ဒေါက်တာတင်မိုသီတို့ တက်ရောက်ခဲ့သည်။ ဒေါက်တာတင်မိုသီမှာ စက်တင်ဘာ ၂၃ ရက်ကPC မှ နုတ်ထွက်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ကော်သူးလေ တပ်မတော်ဖွဲ့စည်းခြင်း သဘောတူညီချက်လက်မှတ်ရေးထိုးထားသော ဗိုလ်မှူးကြီး တိုက်ဂါးကိုလည်း အောက်တိုဘာ ၁၄ ရက်တွင် PC မှ ထုတ်ပယ်ကြောင်း ကြေညာထားပြီး ဖြစ်သည်။

အစည်းအဝေးပထမနေ့တွင် တော်လှန်ရေးကာလအတွင်း အ ကြောင်းအမျိုးမျိုးကြောင့် မိခင် အဖွဲ့အစည်းမှ ခွဲထွက်လာသော အဖွဲ့အစည်းများရှိခဲ့ပြီး လက် တွေ့ကျသော ပေါင်းစည်းညီညွတ်ရေးကို မလွဲမသွေလုပ်ဆောင်ရန် လိုအပ်လာသည့်အတွက် အမျိုး သားပိုင် (ကော်သူးလေ)ဆိုသည့် အမည်နာမအောက်တွင် စုစည်း နိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ် ဆောင်ရခြင်းဖြစ်ကြောင်း ထုတ် ပြန်ကြေညာသည်။

အစည်းအဝေးတက်ရောက် ခဲ့သော အဖွဲ့များအနက် KNU မှာအစဉ်အလာနှင့် အင်အားအကြီးဆုံးဖြစ်၍ အင်အားရှစ်ထောင်ခန့်ရှိပြီး တပ်မတော် ခုနစ်ခုရှိသည်။ DKBA မှာ အင်အားထောင့်ငါးရာကျော်ရှိပြီး PC အင်အားသုံးရာခန့်ရှိသည်။ ကော်သူးလေတပ်မတော်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့သော KNU ဒုစစ်ဦးစီးချုပ်၊ KNDO ဦးစီးချုပ်တို့မှာ ၎င်းတို့သဘောထားအမြင်ပေါ်တွင် လုပ်ဆောင်ခြင်းသာဖြစ်ပြီး အဖွဲ့၏ သဘောထားမဟုတ်ကြောင်း KNU က ပြောကြားထားသည်။

ဆုံစည်းမြိုင်အစည်းအဝေး သို့ ယခင် ABSDF မှ ခွဲထွက်ခဲ့ သော ပြည်ထောင်စုကာကွယ်ရေး တပ်မတော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

7Day Daily

0 comments:

Post a Comment