မောင်နှမထဲတွင် အငယ်ဖြစ်ရတာ ပျော်ဖို့ကောင်းနိုင်ပေမဲ့ ကိုယ်ကအကြီးဆိုရင်တော့ ကောင်းမွန်တဲ့ကိုယ်ကျင့်တရားတွေကို ကိုယ့်ထက်ငယ်တဲ့ မောင်၊ ညီ ၊ ညီမတွေရဲ့စိတ်ထဲ နှလုံးပိုက်စွဲမြဲစေဖို့ တာဝန်ဝတ္တရားနဲ့ သူတို့အတွက် အတုယူနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ တာဝန်ကလည်းရှိသေးရဲ့။ ဘေးနားမှာ ညီငယ်ညီမငယ်တစ်ယောက်ယောက်ရှိနေတယ်ဆိုရင် တစ်စုံတစ်ဦးရဲ့ အပြောအဆို၊ အပြုအမူတွေကို သေချာဂရုစိုက် နားထောင်လေ့ရှိတယ်။ ကလေးငယ်က မမေ့မလျော့ မှတ်သားသင်ယူပြီး ချက်ချင်းဆိုသလို သူတို့အတွက် အတုယူစရာဖြစ်တဲ့ အစ်ကိုကြီး၊ အမကြီးတွေဆီကနေ စိတ်နေစိတ်ထားများကို သင်ယူလေ့ရှိပါတယ်။သူတို့ကို နည်းမှန်လမ်းမှန်သို့ ဆုံးမပဲ့ပင်ပေးဖို့နည်းလမ်းတစ်ချို့မှာ…
ယဉ်ယဉ်ကျေးကျေးစကားဆိုပါ
ဘန်းစကားအသုံးအနှုန်းတွေက အကျိုးသိပ်များမှာ မဟုတ်ပါဘူး။ “ကျေးဇူးပြုပြီး/၍”၊ “ကျေးဇူးတင်ပါတယ်”၊ “တောင်းပန်ပါတယ်” စသကဲ့သို့ စကားလုံးတွေကို နေစဉ်ပြောဆိုတဲ့ စကားထဲမှာ မကြာခဏထည့်သုံးပါ။
ရန်မဖြစ်အောင်နေပါ
ညီငယ်ညီမငယ်တွေ မိမိဘေးနားရှိနေတဲ့အချိန် ကိုယ်နဲ့ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ရန်မဖြစ်မိဖို့ သတိထားပါ။ မိမိလုပ်တဲ့အတိုင်း သူ့/ သူမကို အတုမယူစေချင်ဘူး မဟုတ်လား။
သူတို့နဲ့ အချိန်ပေးပါ
ညီငယ်၊ ညီမငယ်တွေနဲ့ အတူကစားပြီး သူတို့နဲ့အချိန်ယူပါ။ ဒီအချက်ကြောင့် သင့်ဘဝရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းထဲ သူတို့လည်း ပါဝင်ကြောင်း ခံစားလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးပွားလာပါလိမ့်မယ်။
သူတို့ကို ဘယ်တော့မှ မအော်ငေါက်ပါနဲ့
အိမ်စာတွေ လုပ်ဖို့ပြင်နေစဉ် သူ/သူမ လာနောက်ယှောက်နေရင် အရင်ဦးဆုံး သိမ်သိမ်မွေ့မွေ့နဲ့ တောင်းပန်စကားပြောပါ။ ဒါမှမဟုတ် သူလည်းဝင်ပါလို့ရမယ့် တခြားအလုပ်တစ်ခုခုကို ပြောင်းလုပ်လိုက်ပါ။ အော်ဟစ်လိုက်တာမျိုး သို့မဟုတ် စိတ်အနှောက်အယှက်ဖြစ်စေမယ့် အမူအရာမျိုး ရှောင်ပါ။
အဆက်အသွယ်လုပ်ပေးပါ
အိမ်မှ အဝေးတစ်နေရာရာသို့ ရောက်နေတဲ့အချိန်မှာ သူတို့ကို အဆက်အသွယ်လုပ်ပေးပါ။ မိဘတွေထက် ညီငယ်/ညီမငယ်တွေက သင့်ကို ပိုသတိရနေတတ်ပါတယ်။
သူတို့ကို ပြဿနာမရှာပါနဲ့
သူတို့ကို ပြသနာရှာတတ်တဲ့သူ မဖြစ်ပါစေနဲ့။ သူ/သူမအပေါ်အမြဲစောင့်ကြည့်နေပါ။ ဒါပေမဲ့ သူတို့လုံခြုံရေးအတွက် စောင့်ရှောက်မှုမျိုးမဟုတ်ဘဲ သူငယ်ချင်းအရင်းတစ်ယောက်လို နေပေးပါ။
Source: Indiantimes
Friday, October 31, 2014
မိမိရဲ့ ညီငယ်/ညီမငယ်တွေအတွက် စံနာမူနာကောင်းဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ရမလဲ
Trend Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment