သယံဇာတတူးဖော်ရေး လုပ်ငန်းများ အများဆုံးရှိသည့် ပြည်နယ်နှင့် တိုင်းလေးခုတွင် တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းများပွင့်လင်းမြင်သာမှုရှိ၊မရှိ စောင့်ကြည့်လေ့လာရန်
ကုမ္ပဏီ၊ အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းတို့ပါဝင်သော သုံးပွင့် ဆိုင်အဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ကုမ္ပဏီ၊ အစိုးရနှင့် အရပ် ဘက်အဖွဲ့အစည်းတို့သုံးပွင့်ဆိုင်ပါဝင်သော MSD အဖွဲ့ကို ၂၀၁၃ တွင် ဖွဲ့စည်းခဲ့ပြီးနောက် အဖွဲ့ခွဲ အဖြစ် ပြည်နယ်နှင့် တိုင်းဒေသ ကြီးလေးခု၌ ကနဦးဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
သဘာဝသယံဇာတတူးဖော် ထုတ်လုပ်မှုလုပ်ငန်းအများဆုံး ရှိသည့် ရခိုင်၊ ရှမ်းပြည်နယ်နှင့် မကွေး၊ မန္တလေးတိုင်းဒေသကြီး တို့ကို ကနဦးရွေးချယ်ပြီး သုံးပွင့် ဆိုင်အဖွဲ့ငယ်များ ဖွဲ့စည်းရန် EITIအကောင်အထည်ဖော်နေသည့် သုံးပွင့်ဆိုင်အဖွဲ့က ယခုလ အတွင်းသဘောတူဆုံးဖြတ်လိုက်သည်။
‘‘သုံးပွင့်ဆိုင်အဖွဲ့ပါဝင်တဲ့ MSD အဖွဲ့ကတော့ သဘောတူ လိုက်ပါပြီ။ ဦးစိုးသိန်းကနေ တစ် ဆင့် စာပို့မယ်။ အစိုးရပိုင်းမှာ တော့ သမ္မတက ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို အ ကြောင်းကြားစာတွေ ပို့မယ်ထင် ပါတယ်’’ဟု သုံးပွင့်ဆိုင်အဖွဲ့အရပ်ဘက်အဖွဲ့အစည်းကိုယ်စား လှယ် ဦးဝင်းမျိုးသူကပြောသည်။
ကချင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်မှုအများဆုံး ပြည်နယ်နှင့် တိုင်းစာရင်း၌ ပါဝင်သော်လည်း နိုင်ငံရေးအရတည်ငြိမ်မှုမရှိခြင်းကြောင့် အဆိုပါပြည်နယ်ကို ကနဦးရွေးချယ်ရာတွင် ချန်လှပ်ထားခြင်းဖြစ်ပြီး ငါးနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် ရည်မှန်းထားကြောင်း အဖွဲ့ဝင်များက ပြောသည်။
လုပ်ငန်းလုပ်ကိုင်ခွင့်ချပေး ခြင်းလုပ်ငန်းစဉ်၊ ထုတ်လုပ်မှု ပမာဏဆိုင်ရာ အခွန်ဘဏ္ဍာ ကောက်ခံခြင်း၊ နိုင်ငံပိုင်ကုမ္ပဏီ များပါဝင်မှု၊ ဒေသန္တရအစိုးရသို့ အရင်းမြစ်မှ ၀င်ငွေများခွဲဝေခြင်း၊ လူမှုဘ၀သက်ရောက်မှု၊ အခွန် ဘဏ္ဍာများစီမံခန့်ခွဲခြင်းစသည့် တို့ကို ကုမ္ပဏီနှင့် အစိုးရက အစီ ရင်ခံစာ တင်သွင်းရမည်ဖြစ်ပြီး အဆိုပါအစီရင်ခံစာများကို သုံးပွင့်ဆိုင်အဖွဲ့ စိစစ်ရမည်ဖြစ်သည်။
တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေးလုပ်ငန်း များ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး သုံးပွင့်ဆိုင်အဖွဲ့က လေ့လာစောင့်ကြည့်မည့်လုပ်ငန်းများတွင် ရေနံ၊ သဘာဝ ဓာတ်ငွေ့တူးဖော်ရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများပါဝင်မည်ဖြစ်သည်။
သုံးပွင့်ဆိုင်အဖွဲ့တွင် တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ် ၉ ဦး၊အစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ ပါဝင်သည်။
ကုမ္ပဏီကိုယ်စားလှယ်အဖွဲ့ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီ PC Myanmar (ဟောင်ကောင်)၊ Goldpetro Joint Operation Company Inc၊ အိန္ဒိယအခြေ စိုက် MPRL E & P Pte လီမိတက်၊ထိုင်းနိုင်ငံအခြေစိုက် Total E&P မြန်မာနှင့် တကောင်းတောင် နီကယ်သတ္တုတူးဖော်ရေးလုပ်ကိုင်နေသော CNMC ကုမ္ပဏီ၊ မြန်မာသတ္တုလုပ်ငန်းရှင်များ အသင်းတို့ပါဝင်သည်။
By 7day
0 comments:
Post a Comment