Tuesday, May 5, 2015

အိပ်မပျော်သူတွေအတွက် ချက်ချင်းအိပ်ပျော်စေမယ့် လေ့ကျင့်ခန်း


ညအိပ်မပျော်နိုင်ဖြစ်နေပါက ဗြိတိသျှသိပ္ပံပညာရှင်များရဲ့ အကြံပြုချက်ကို ရယူပါ။ အိပ်ပျော်ဖို့အတွက် အနည်းငယ်ကွဲပြားတဲ့ ကိုယ်ဟန်အနေအထားက ကောင်းမွန်စွာ အိပ်ပျော်စေဖို့ သေချာစေကြောင်း သူတို့ တွေ့ရှိခဲ့တယ်။နံရံပေါ်ခြေထောက်မတ်ထောင်ထားခြင်း

တုံးတုံးလှဲနေချိန်အတွင်း ပုံမှာပြထားသလို ကျောအောက်မှာ ခေါင်းအုံး တစ်လုံးထားပြီး မျက်နှာကျက်ဆီ ခြေထောက်ပင့်မကာ နံရံနဲ့ ဆန့်ကျင်ဘက် ထားပါ။ ခြေဖနောင့်နဲ့ ဒူးဆစ်တွေက တစ်ဖြောင့်တည်း ဖြစ်နေရပါမယ်။ လက်ကိုဘေး ချထားပြီး လက်ဖဝါးကို ပက်လက်ပေးထားရပါမယ်။ ဒီနည်းနဲ့ အသက်ရှူလိုက်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ဝင်လာတဲ့ စွမ်းအင်ကို ရရှိပါတယ်။

သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့ ဒီအနေထားဟာ အချိန်ကြာကြာ ခြေထောက်အားပြုသူတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ အသက် ခပ်ပြင်းပြင်းရှူပြီး အဲဒီအနေအထားအတိုင်း ၂မိနစ်မှ ၃ မိနစ် အထိ နေပေးဖို့ အရေးကြီးတယ်။ နောက်ပြီး ဒူးဆစ်ကို ဖြည်းဖြည်းချင်းကွေး၍ တစ်ဖက်သို့ ပြောင်းပါ။ ဒီအချက်က အကျိုးရလဒ် ချက်ချင်းရရှိဖို့ အရမ်းအသုံးဝင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

Ref:timefornaturalhealthcare
Trend Myanmar

0 comments:

Post a Comment