Tuesday, May 26, 2015

သမ္မတရာထူးအတွက် နိုင်ငံရေး၊စစ်ရေးအတွေ့အကြုံရင့်သူရဦးရွှေမန်းအပေါ်ပါတီ တွင်း/ပြင် ကြိုဆိုမှုများပြီးစစ်ရေးအတွေ့အကြုံသက်သက်ဖြင့် နိုင်ငံရေးတွင်ပါ ၀င် လာနိုင်ဖွယ်ရှိသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် ဝေဖန်မှုအချို့ရှိနေ


၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြီးရလဒ်များအရ ပြည်သူများ ယုံကြည် စိတ်ချစွာဖြင့်တာဝန်ပေးအပ်ပါက မိမိ အနေဖြင့် နိုင်ငံတော်သမ္မတ တာဝန်ယူ မည်ဖြစ်ကြောင်းယခင်တပ်မတော်အစိုးရ လက်ထက်ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ)တာဝန် ယူခဲ့သော လက်ရှိပြည်ထောင်စုလွှတ် တော်နာယကပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌ သူရဦးရွှေမန်း၏ သမ်္မတအပေါ် ယင်းဥက်္ကဋ္ဌအဖြစ်တာဝန်ယူသောအင်အားကြီး ပါတီတစ်ရပ်ဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ အပြင်အခြားအင်အားစုများမှ ကြိုဆိုမှု များပြီး စစ်ရေးအတွေ့အကြုံများဖြင့် နိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်လာ ဖွယ်ရှိသော ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏အခန်းကဏ္ဍအပေါ် ဝေဖန်မှု အချို့ရှိနေကြောင်း သိရသည်။““၂၀၁၅ နိုင်ငံရေးအခင်းအကျင်း သစ်မှာ လက်ရှိတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ၀င်ရောက်ရွေးချယ်ခံမှုရှိလာရင် လွှတ် တော်တွင်း ၂၅ရာခိုင်နှုန်းသော တပ်မ တော်သား အင်အားအစုအဖွဲ့က သူ့ကို သမ်္မတအဖြစ်တင်မြှောက်နိုင်တယ်။ ပြည်သူ့လွှတ်တော်က ဒုသမ်္မတလောင်း တစ်ယောက်၊အမျိုးသားလွှတ်တော်က ဒုသမ်္မတလောင်းတစ်ယောက်၊ တပ်မ တော်သားအစုအဖွဲ့က ဒုသမ်္မတလောင်း တစ်ယောက် ဆန်္ဒပေးအမည်စာရင်း တင်တဲ့အခါမှာတပ်ချုပ်ကြီးရဲ့ နိုင်ငံရေး ပိုင်းပါဝင်လာနိုင်ခြေပေါ်မူတည်ပြီး တပ် မတော်သားအစုအဖွဲ့က ဒုသမ်္မတလောင်း အဖြစ် သူ့ကို ရွေးချယ်အမည်စာရင်းတင် နိုင်ခြေရှိတယ်။တပ်မတော်သားအစုအဖွဲ့ ရဲ့ ရွေးချယ်နိုင်ခြေအပေါ် ကျွန်တော့် အမြင်ကို ပြောတာပါ။ ဒုတိယသမ်္မတ လောင်း (၃)ယောက်ထဲမှ သမ်္မတကို ပြန် ရွေးချယ်ရတာဆိုတော့လွှတ်တော်တွင်း ရွေးချယ်တင်မြှောက်မှုအပေါ်မူတည်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ်္မတ မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူး။ သူ သာဝင်လာရင် ကျိန်းသေသူ့အတွက် တပ်မတော်သား ၂၅ ရာခိုင်နှုန်းရဲ့မဲက ရှိနေပြီးသားလေ။ သမ်္မတဆိုတာကတော့ ဒုတိယသမ်္မတလောင်း (၃)ယောက်ထဲက မှ ပြန်ရွေးချယ်တာဆိုတော့ကြိုတွေးလို့ မရသော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ရဲ့ နိုင်ငံရေးပိုင်းပါဝင်လာမှုအပေါ် မူတည်ပြီး သမ်္မတ(သို့)ဒုတိယသမ်္မတ လောင်းအဖြစ်တော့အမည်စာရင်းတင် ရွေးချယ်ခံနိုင်ရခြေရှိတယ်””ဟု ယခင် တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့် ထိ တာဝန်ထမ်းဆောင်ခဲ့သော လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် သတ်္တုနှင့် သယံဇာတကော်မတီ ဥက်္ကဋ္ဌ ဖြစ်သူ ဦးလှဆွေက သုံးသပ်သည်။

ထို့အပြင် ယခင်တပ်မတော်တွင် အဆင့်မြင့်ရာထူးကြီးများထိ ထမ်းဆောင် ခဲ့ပြီး လက်ရှိအင်အားကြီးပါတီကြီးတစ် ရပ်ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးမှလည်း ““နာယကကြီးသူရဦးရွှေမန်း ရဲ့ သမ်္မတဆန်္ဒအပေါ် ကျွန်တော်တို့ ကြို ဆိုတယ်။ နာယကကြီးမှာ စစ်ရေးအတွေ့အကြုံတွေအပြင် နိုင်ငံရေးအတွေ့အကြံ တွေ၊ လူမှုဆက်ဆံရေး၊ နိုင်ငံတကာဆက် ဆံရေးအပြင် နိစ်္စဓူဝ ပြည်သူတွေရဲ့ လူမှုဘ၀တွေနဲ့ ထိတွေ့ခံစားမှုများတဲ့ အတွက်သူ့အနေနဲ့ သမ်္မတဖြစ် အစိုးရ အဖွဲ့ကို ဦးဆောင်ခဲ့သည်ရှိသော် ယခင် တပ်မတော်မှာ ဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံ၊ပြည်ထောင်စုလွှတ်တော်နာယက ပြည် သူ့လွှတ်တော်ဥက်္ကဋ္ဌ တာဝန်ထမ်းဆောင် ခဲ့တဲ့ (၅)နှစ်ကျော်အတွေ့အကြံတွေနဲ့ဆို ရင် ပြည်သူတွေရဲ့ လူမှုဘ၀တွေကို ဗဟိုပြုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင် လိမ့်မယ်။ တပ်ချုပ်ကြီးအနေနဲ့ကတော့ တိုင်းပြည်ကိုချစ်လို့ အသက်နှင်းပြီးကာ ကွယ်ခဲ့တဲ့ စစ်သားတွေထဲကမှ မသေဘဲကျန်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်တာနဲ့ အညီ တိုင်းပြည်ကောင်းဖို့အတွက်တော့ သူကြိုးစားထမ်းရွက်မှာပဲ။ သို့သော်လည်း သူဝင်လာနိုင်ခြေရှိတဲ့ အခင်းအကျင်းကနိုင်ငံရေးအခင်းအကျင်း ဖြစ်နေတယ်။ တပ်ချုပ်ကြီးအတွက်လည်း စိမ်းတဲ့အခင်း အကျင်းတစ်ခုဖြစ်နေတဲ့အခါကျတော့ ဖြစ်လာနိုင်တဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကိုထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါ့ မလား ဒီ့အပေါ်သုံးသပ်ကြည့်တာပါ။ သူ လည်းသမ်္မတဖြစ်ရင် တိုင်းပြည်အတွက် တော့ အကောင်းဆုံးထမ်းရွက်မှာပဲလေ။သို့သော် သူဝင်လာမယ့် အခင်းအကျင်း သစ်က စိမ်းနေတော့ သူ့အတွက် အဆင် ပြေနိုင်ပါ့မလား””ဟု သုံးသပ်ပြောကြား သွားခဲ့သည်။

၂၀၁၅ သမ်္မတရာထူးအတွက် လက်ရှိသမ္မတဦးသိန်းစိန်မှလည်း ပြန်လည် ရွေးချယ်ခံမည်၊ မခံမည် အတိအလင်း ထုတ်ဖော်ပြောကြားမှုမရှိသေးသည့်အပြင်သမ်္မတဆန်္ဒပြုသော ပြည်သူ့လွှတ်တော် ဥက်္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ကလည်း သမ်္မတလုပ်မည်ဟု အတိအလင်းပြောကြားထားသည့်အပေါ် နိုင်ငံရေးလေ့လာသူအချို့နှင့် ၀ါရင့် စစ် ရေး၊ နိုင်ငံရေး အတွေ့အကြုံရှိသူများကမူ သူရဦးရွှေမန်း၏ ဆန်္ဒအပေါ်ဖြစ်နိုင်ခြေ နှင့် ကြိုဆိုမှုအားများပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း လက်ရှိသမ္မတဦးသိန်းစိန် က ပြန်လည်အရွေးခံခြင်း၊ လက်ရှိတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊နိုင်ငံရေးတွင် ပါဝင်လာနိုင်ခြေ စသည်တို့အပေါ် သုံးသပ် လျက်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် ၏ဆန်္ဒအပေါ်တွင်မူ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ(၅၉/စ)နှင့် ပုဒ်မ ၄၃၆ တို့မှာအတားအဆီးဖြစ်နေကြောင်း၊ အထွေထွေရွေးကောက်ပွဲကြီးအမီ ပြင် ဆင်နိုင်ခြင်းမရှိပါက ဒေါ်အောင်ဆန်း စုကြည်အတွက် သမ်္မတဖြစ်နိုင်ခြေအလားအလာမကောင်းကြောင်း သုံးသပ် ပြောဆိုလျက်ရှိကြသည်။

ခန့်ခန့်(ဒဿနိက)
Hot News Journal

0 comments:

Post a Comment