Tuesday, May 26, 2015

နိုင်ငံတကာသတင်းစာမျက်နှာများပေါ်က လတ်တလောမြန်မာသတင်းများ

ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များအား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ရခိုင်ပြည်နယ် မောင်တောမြို့ အလယ်သံကျော်ရွာရှိ ယာယီစောင့်ရှောက်ရေးစခန်းတွင် စာရင်းကောက်ယူနေစဉ် (NYUNT WIN/EPA)

လတ်တလောနိုင်ငံ သတင်းများတွင် မြန်မာဆိုသော စကား လုံးကို ရိုက်ပြီး ရှာကြည့်ပါက ဘင်္ဂါလီ(ခေါ်) လှေစီးဒုက္ခသည်များ နှင့် ပတ်သက်သော သတင်းများ သာ မြန်မာသတင်းများမှာ သဲသဲမဲမဲ မင်းမူနေတာကို တွေ့ရပါ မည်။ပထမဆုံး နိုင်ငံတကာရေး ရာများကို ရေးသားနေသည့် နာ မည်ကျော် နယူးစ်ဝိခ်မဂ္ဂဇင်းက နားခိုရာမရှိသည့် မြန်မာဘင်္ဂါလီ ဆိုပြီး ဘင်္ဂါလီဒုက္ခသည်များ မည်မျှဒုက္ခရောက်နေသည်၊ အကြမ်း ဖက်မှုများ ကြုံတွေ့နေရသည်ကို ရေးသားထားပါသည်။ မြန်မာ အစိုးရကို ဘင်္ဂါလီများအပေါ် အ ရက်စက်ဆုံးအစိုးရအဖြစ်လည်း သတင်းဆောင်းပါးရှင်က ဖော်ပြ ထားသည်။

သြစတြေးလျနိုင်ငံက Sydney Morning Herald သ တင်းစာတွင်မူ သြစတြေးလျနိုင်ငံကို မြန်မာနိုင်ငံက ဘင်္ဂါလီဒုက္ခသည် ပြဿနာမှာ ပါဝင်ဖြေရှင်းရန်ပါပူဝါနယူးဂီနီနိုင်ငံခေါင်းဆောင်ပီတာအိုနဲလ်က တိုက်တွန်းထားတာကို တွေ့ရပါသည်။ သူတို့လိုဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံအနေဖြင့်ဤအရေးကိုမဖြေရှင်းနိုင်သော်လည်း သြစတြေးလျကဲ့သို့ တိုးတက်သော နိုင်ငံတွေက ဘင်္ဂါလီအရေးကို ဖြေရှင်းဖို့ ပီတာအိုနဲလ်က ဂျပန်နိုင်ငံတွင် ကျင်းပသည့် ပစိဖိတ်နိုင်ငံခေါင်းဆောင်များ အစည်းအဝေးမှာ ပြောကြားခြင်းဖြစ်သည်။

သြစတြေးလျဝန်ကြီး တိုနီအက်ဘော့က သတင်းထောက်များ၏ မေးခွန်းများ ဖြေကြားရာတွင် ဘင်္ဂါလီများအတွက် လုံးဝ၊လုံးဝ၊လုံးဝ နေရာမရှိပါဟု ဘင်္ဂါ လီများကို သြစတြေးလျနိုင်ငံမှာ လက်ခံရန် အပြတ်ငြင်းဆန်ခဲ့ပါ သည်။ သို့သော်လည်း ဘင်္ဂါလီ များ၏ အခွင့်အရေးကို လေးစား ရန် မြန်မာအစိုးရအား သြစတြေး လျက တောင်းဆိုခဲ့ပြီး ရခိုင်ဒေသ ရှိ ဘင်္ဂါလီများအတွက် အလှူငွေ ဒေါ်လာ ခြောက်သန်းလှူဒါန်းခဲ့ပါ သည်။

ပီအာအိုင်(ခေါ်) အမေရိ ကန်အစိုးရ၏ ရေဒီယိုသတင်း တစ်ပုဒ်ကလည်း ဘင်္ဂါလီများအ ကြောင်းပဲ ဖြစ်ပါသည်။ အမေရိ ကန်အခြေစိုက် ဂျူးလူမျိုးများ၏ ဟိုလိုကတ်စ်ပြတိုက် သုတေသန မှူး တစ်ဦးက မြန်မာနိုင်ငံမှ ဘင်္ဂါလီများသည် မကြာခင်လူမျိုးတုံး သတ်ခံရတော့မည်ဟု ရေးသား ဖော်ပြထားပါသည်။

အဆိုပါသတင်းမှာ သုတေ သနမှူး အင်ဒရာဂီတဲလ်မန်က သူနှင့် လုပ်ဖော်ကိုင်ဖက်တွေက မြန်မာနိုင်ငံ ရခိုင်ဒေသကို ပြီးခဲ့ သည့် မတ်လက သွားရောက်ခဲ့ ကြောင်း၊ ထိုဒေသမှာ မကြာခင် လူမျိုးတုံးသတ်ဖြတ်ခံရမည့် အ ခြေအနေလက္ခဏာတွေ ပြနေပြီဟု ပြောကြားထားပါသည်။

မြန်မာနိုင်ငံက တက်လာ သည့် ရိုက်တာသတင်းဌာန၏ သတင်းတစ်ပုဒ်မှာ လူကုန်ကူးသည့် လှေတစ်စီးမှာပါလာသော ဘင်္ဂါလီရှစ်ဦးကို မြန်မာစစ်တပ်က ကယ်ဆယ်လိုက်ပြီဟု ရေးသားထားပါသည်။ ကြာသပတေးနေ့က လူ ၂၀၀ ပါသော လူကုန်ကူးလှေတစ်စီးမှ ထိုလူတွေကို တွေ့ရှိတာဖြစ်ပါသည်။ ထိုကဲ့သို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မြန်မာက လုပ်ခြင်းဖြင့် ပင်လယ်မှာလှေဖြင့် မျောနေသော လှေစီးဒုက္ခသည်များသည် ဘင်္ဂါလီများမဟုတ်ကြောင်း သက်သေပြရန် မြန်မာအစိုးရက ကြိုးစားနေပါသည်။

လတ်တလော မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံကြား ပင်လယ် မှာ လှေနှင့် မျောနေသော ထောင် နှင့် ချီသော လူများသည် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်တို့က ဖြစ် နေပြီး နိုင်ငံတွေအကြား ပြဿနာ တက်နေပါသည်။ ထိုလူတွေ အားလုံးသည် မြန်မာနိုင်ငံက ဘင်္ဂါလီ များသာ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် ကနေ အလုပ်ရှာဖို့ ထွက်လာသူ များလည်းပါသည်ဟု အင်ဒိုနီးရှား ကလာသော သတင်းတွေကလည်းရေးသားထားပါသည်။ မြန်မာမဟုတ်သော ဘင်္ဂါလီဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လွှတ်ရေးအတွက် မြန်မာဘက်မှ လူကုန်ကူးခံရသော ဘင်္ဂါလီ ၂၀၈ ဦး၏ စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပို့လိုက်ပြီဟု ဒါကာထရွိုင်ဗြူး သတင်းမှာဖော်ပြ ထားသည်။

အမေရိကန်လော့စ်အန်ဂျ လိစ်တိုင်းသတင်းစာက မြန်မာ ဘုန်းကြီးဦးဝီရသူအကြောင်းကို မြန်မာဘင်လာဒင်ဆိုပြီး ခေါင်း စဉ်တပ် ဆောင်းပါးရေးသားထား ပါသည်။ အဆိုပါဆောင်းပါးမှာ ဦးဝီရသူကို မေးမြန်းရေးသားထား ခဲ့ပြီး ဦးဝီရသူက သူသည် နာမည် ကျော် စုံထောက်ရုပ်ရှင်မင်းသား ဂျိမ်းစ်ဘွန်းကဲ့သို့ နိုင်ငံကို ချစ် သော သူပါဟု ဖြေကြားခဲ့သည်။ ဂျိမ်းစ်ဘွန်းက အမျိုးသမီးများကို အိပ်ရာထဲသို့ ခေါ်ခဲ့ရသည်မှာ တိုင်းပြည်အတွက် တိကျသော သတင်းအချက်အလက်များရရန် ဦးဝီရသူ၏ ပြေကြားချက်ကို ကိုး ကား၍ ဆောင်းပါးမှာ ရေးသား ထားပါသည်။

‘‘ဂျိမ်းစ်ဘွန်းကလည်း အမျိုး သားရေးသမားတစ်ယောက်ပဲ။ ဒါက သူပျော်လို့ လုပ်နေတာ မဟုတ်ဘူး။ ဒါတိုင်းပြည်အတွက် လုပ်နေတာ’’ ဂျိမ်းစ်ဘွန်းဝတ္ထုတွေကို ဦးဝီ ရသူကဲ့သို့ ဘုန်းကြီးတစ်ပါးက သိ နေသည်မှာ မေးခွန်းထုတ်စရာဟု ဆောင်းပါးရှင်က ဆိုပါသည်။ တိုင်းပြည်၏ အဓိကရန်သူဖြစ် သော မွတ်စလင်များ၏ ရန်ကနေ မြန်မာတွေကို သူက ကာကွယ်နေ ခြင်းသာဖြစ်သည်ဟု ဦးဝီရသူ၏ အခိုင်အမာ ပြောကြားချက်ကို လည်း အဆိုပါဆောင်းပါးမှာ ဖော်ပြထားပါသည်။

အကြောင်းအရာမျိုးစုံနှင့် ဘင်္ဂါလီသတင်းများကြားထဲမှာ ရိုက်တာသတင်းဌာနက ကြံ့ခိုင် ဖွံ့ဖြိုးရေးအသင်းအကြံပေး ဦး အောင်သောင်းနှင့် တွေ့ဆုံမေး မြန်းပြီး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၏ လာမည့် ရွေးကောက် ပွဲအတွက် ပြင်ဆင်နေပုံကို သတင်း ရေးသားထား ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြို တင်မဲများဖြင့် အနိုင်ရခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော် လည်း ယခုရွေးကောက်ပွဲမှာလည်း သူတို့ပဲနိုင်လိမ့်မည်ဟု ဦးအောင်သောင်းက ရိုက်တာသတင်းဌာနအား ပြောကြားခဲ့ပါသည်။

‘‘ကြံ့ခိုင်ရေးပါတီအနေနဲ့ ဒီရွေးကောက်ပွဲမှာ အနိုင်ရမယ် လို့ ကျွန်တော်အခိုင်အမာယုံကြည်ပါ တယ်’’

လာမည့် နိုဝင်ဘာမှာ ကျင်း ပမည့် မြန်မာရွေးကောက်ပွဲမှာ အထက်နှင့် အောက်လွှတ်တော် အမတ်နေရာ ၄၉၈ နေရာအတွက် နိုင်ငံရေးပါတီ ၇၅ ခုက ယှဉ်ပြိုင် ကြမည်ဖြစ်ပါသည်။ ကျန်နေရာ ၁၆၆ နေရာကိုတော့ စစ်တပ် အမတ်များက ယှဉ်ပြိုင်စရာမလို ဘဲ ရရှိမှာဖြစ်ပါသည်။

ဘန်ကောက်ပို့စ်သတင်းစာ က ရေးသားထားသော မြန်မာနှင့် ပတ်သက်သည့် နောက်ဆုံး သတင်းမှာ ခရီးသွားလုပ်ငန်း သတင်းဖြစ်ပါသည်။

ကျွန်းပေါင်း ၈၀၀ ရှိသော မြန်မာနိုင်ငံတောင်ပိုင်း မြိတ်ကျွန်းစုမှာ ခရီးသွားလုပ်ငန်းတိုးတက် လာရန် ဟိုတယ်ဆောက်လုပ်ခွင့် ကို မြန်မာအာဏာပိုင်တွေက ယခုနှစ်အကုန် စတင်ပေးတော့မည် ဆိုသည့် သတင်းဖြစ်ပါသည်။

‘‘ကျွန်းအများစုက မတို့မထိရသေးတာရယ်၊ သန္တာကျောက်တန်းတွေရှိနေတဲ့အတွက် ခရီးသွားလုပ်ငန်းနေရာ အသစ်တစ်ခု အနေနဲ့ ဒီဒေသက အများကြီး အလားအလာရှိပါတယ်။ ဒါတွေက သဘာဝပတ် ၀န်းကျင်စိတ်ဝင် စားသူတွေနဲ့ ရေငုပ်သူတွေကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ပါ တယ်’’ဟု မြန်မာဟိုတယ်နှင့် ခရီးသွားလာရေးဒုဝန်ကြီး ဦးစိုင်းကျော်အုန်းကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက ရေးသားထားပါသည်။ မြိတ်ကျွန်းစုမှာ ဟိုတယ် ဆောက်လုပ်ခွင့်ရရေး အတွက် လုပ်ငန်း ၂၅ ခု ကို လာမည့်ဒီဇင်ဘာမှာ မြန်မာရင်းနှီးမြှုပ်နှံ မှုကော်မရှင်က ခွင့်ပြုမည်ဟု မျှော်လင့်သည်ဟုလည်း ဦးစိုင်းကျော် အုန်းက ပြောကြားထားပါသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေး၏ စာရင်းဇယားများအရ အဆိုပါဒေသသို့ ပြီးခဲ့သည့်နှစ်က ကမ္ဘာလှည့်ခရီးသွား ၂,၁၆၂ ဦး လာရောက်ခဲ့သည်ဟုလည်း ဘန်ကောက်ပို့စ်က ရေးသားထားပါ သည်။

(ထားထားမြင့် စုစည်းတင်ပြသည်)
7Day Daily

0 comments:

Post a Comment