Monday, May 25, 2015

သူရဦးရွှေမန်း၏ မိခင်နာရေး ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များ လွမ်းသူ့ပန်းခြင်းပို့

သူရဦးရွှေမန်းနှင့်ဆွေမျိုးမိတ်ဆွေများကို ကညွတ်ကွင်းမြို့ရှိ မိခင်ဖြစ်သူ၏နေအိမ်တွင်တွေ့ရစဉ်(ဓာတ်ပုံ− H.E. Thura U Shwe Mann’ FB)

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်း၏ မိခင်နာရေးသို့ အဓိက အတိုက်အခံပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ် တော်ကိုယ်စားလှယ်အချို့ လွှတ် တော်မှ ခွင့်ယူကာ ပါတီကိုယ်စား လွမ်းသူ့ပန်းခြင်းသွားရောက်ပို့ ဆောင်ပေးခဲ့ကြောင်း သတင်းရရှိ သည်။နာရေးသို့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမင်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်စိုး၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်မင်း တို့က လွမ်းသူ့ပန်းခြင်းသွား ရောက်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ် သည်။

‘‘ကျွန်တော်တို့ သုံးယောက် လွှတ်တော်ကနေ ခွင့်ယူပြီး ပါတီ ကိုယ်စားပြုလွမ်းသူ့ပန်းခြင်းသွား ပို့တယ်။ နာရေးလည်း လိုက်ပို့ လိုက်တယ်’’ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်စိုး က ပြောသည်။

သူရဦးရွှေမန်း၏ မိခင်နာရေး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထိပ်ပိုင်းခေါင်း ဆောင်များဖြစ်သော ဦးအောင်သောင်း၊ ဦးဌေးဦး၊ ဦးသိန်းဇော်၊ ဦးတင်ထွဋ်တို့လည်း တက်ရောက်ခဲ့ကြသည်။

မေလ ၂၅ ရက်က ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေးသို့ မိခင်နာရေးကြောင့် သူရဦးရွှေမန်းမတက်ရောက်နိုင်သဖြင့် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဦးဆောင်ကျင်းပပေးခဲ့သည်။

သူရဦးရွှေမန်း၏ မိခင်ကြီး သည် အသက် (၉၂) နှစ်ရှိပြီး ဇာတိ မြို့ဖြစ်သော ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့၌ ယခုလ ၂၃ ရက်က ကွယ်လွန်သွားခြင်း ဖြစ် သည်။

7Day Daily

0 comments:

Post a Comment