Tuesday, May 19, 2015

ရုပ်ရှင် အကြိုခံစားခြင်း - ကျွန်မက နှင်းဆီပါမောင်


ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ တော့ ပရိသတ်တွေစိတ်ဝင်စား နေတဲ့ အချစ်ကားလေးတစ်ကား အကြောင်းကို ညွှန်းပေးလိုက်ပါ တယ်။

ပြင်ဦးလွင်မြို့မှာရှိတဲ့ မဟာ စံအိမ်ကြီးမှာ နေတဲ့သူတွေအကုန် လုံး အလုပ်ရှုပ်နေကြပါတယ်။ နွေရာသီရောက်တိုင်း ပြင်ဦးလွင် ကို လာလည်တဲ့အိမ်ကြီးရှင်မြေး အဘွားလာမှာမို့ အလုပ်ရှုပ်နေကြ တာပါ။ ခွန်းသက အဲဒီအိမ်မှာ အိမ်စောင့်အဖြစ်နေရတဲ့ ဘကြီး ဖြစ်သူဆီမှာလာနေသူပါ။ အဲဒါ ကြောင့် ခွန်းသလည်း အလုပ်တွေ ရှုပ်နေပါတယ်။ အိမ်ကြီးရှင်တွေနဲ့ တစ်ကြိမ်မှမကြုံဖူးသေးပေမယ့် ခွန်းသစိတ်ထဲမှာတွေးနေတာက တော်တော်ကြီးကျယ်တဲ့လူတွေ လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ တို့ရောက်မယ့်မနက်မှာ တစ်အိမ် လုံးနှင်းဆီပန်းတွေထိုးဖို့အတွက် သူကိုယ်တိုင် ဈေးကို သွားခဲ့ရပါ တယ်။ အဲဒီအပြင် ခြံရှေ့မှာရှိတဲ့ ပန်းမပွင့်သေးတဲ့ နှင်းဆီပန်းအိုး တွေကိုလည်း ဖယ်ပေးရပါသေး တယ်။ အိမ်ကြီးရှင်ကောင်မလေး ရဲ့ နာမည်ကထားသခင်ပါ။ ထား သခင်က နိုင်ငံခြားမှာနေတဲ့အဖေ ဖြစ်သူပို့ပေးတဲ့ငွေနဲ့ ချမ်းချမ်းသာ သာနေနေရသူပါ။ သူ့ရဲ့အဘွား ကလည်း ထားသခင်ကိုအရမ်းအ လိုလိုက်ထားပါတယ်။ မဟာစံ အိမ်ကိုရောက်လာတဲ့အချိန်မှာပဲ ခွန်းသနဲ့ထားသခင်တို့စပြီး ထိပ် တိုက်တွေ့ခဲ့ပါတယ်။ နောက်ပြီး ထားသခင်က ခွန်းသကို ဘယ်လို အနိုင်ယူရမလဲဆိုတဲ့အချက်ကိုသိ နေပါတယ်။ အဲဒါကတော့ သူ ပြောတာနားမထောင်ရင် သူ့ဘ ကြီးကို အလုပ်ထုတ်ပစ်မယ်ဆို တာပါ။ အဲဒါကြောင့် ခွန်းသက ထားသခင်ပြောတာတွေကို အ ကုန်လိုက်လုပ်ပေးခဲ့ရပါတယ်။ ထားသခင်က ဘယ်လောက် တောင်အနိုင်ယူလဲဆိုရင် ဗွက်ပေ နေတဲ့ခြေထောက်ကို ရေဆေးပေး ခိုင်းသလို နောက်ဆုံးပြန်မယ့်နေ့ မှာလည်း ခွန်းသကိုဖိနပ်စီးပေး ခိုင်းခဲ့ပါတယ်။ ကလေးအရွယ်ဖြစ် တာကြောင့် ဘကြီးအလုပ်ပြုတ် သွားမှာကြောက်နေတဲ့ ခွန်းသက တော့ ထားသခင်ခိုင်းသမျှကို အ ကုန်လုပ်ပေးခဲ့ရပါတယ်။အဲဒီလိုနဲ့နောက်ပိုင်းနှစ်တွေ မှာတော့ ဖခင်ရှိတဲ့နိုင်ငံခြားကိုပဲ သွားနေရတဲ့အတွက် ထားသခင် ပြင်ဦးလွင်ကိုရောက်မလာတော့ ပါဘူး။ ဒါပေမဲ့ တစ်နှစ်မှာတော့ သူငယ်ချင်းတွေနဲ့အတူ ပြင်ဦး လွင်ကိုသွားဖို့ ထားသခင်ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပြီး ထားသခင်က ပြင်ဦးလွင်က မဟာစံအိမ်မှာ သူခိုင်းချင်တာခိုင်းလို့ရတဲ့ကောင်လေးတစ်ယောက်ရှိတယ်လို့ သူ ငယ်ချင်းတွေကို ကြွားထားပါတယ်။ မဟာစံအိမ်ကိုရောက်တဲ့ အချိန်မှာတော့ ခွန်းသကသူ သိထားတဲ့ခွန်းသမဟုတ်တော့သလို သူပြောသမျှကိုလည်း ငြိမ်ခံမနေတော့ပါဘူး။

ခွန်းသကိုယ်တိုင်က ထားသခင်ကို ငယ်ငယ်တုန်းကအကျပ်ကိုင်ပြီး လုပ်ခိုင်းတာအကုန်လိုက် လုပ်မပေးနိုင်ဘူးလို့ ပြောခဲ့တာကြောင့် သူငယ်ချင်းတွေကိုကြွားထားတဲ့ ထားသခင်မျက်နှာပျက်ရပါတယ်။ တစ်ရက်မှာတော့ ထားသခင်က ခွန်းသကိုစက်ဘီးစီးသင်ပေးခိုင်းခဲ့ပါတယ်။ စက်ဘီးစီးသင်ရင်း စက်ဘီးလဲရာကနေ ထားသခင်ကို ခွန်းသက နမ်းသလို ဖြစ်သွားခဲ့ပါတယ်။ အဲဒါကြောင့် ထားသခင်က ခွန်းသကိုပါးရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ခွန်းသကတော့ ထားသခင်ကို ချစ်တယ်လို့ပြောခဲ့ပါတယ်။ ခွန်းသပြောလိုက်တဲ့ချစ်တယ်ဆိုတဲ့စကားက နူးနူးညံ့ညံ့တော့မဟုတ်ပါဘူး။ သူ့ရင်ထဲက နာကြည်းမှုတွေလည်းပါနေပါတယ်။ နောက်ရက်မှာတော့ ထားသခင်ပြန်ဖို့ စီစဉ်နေပါတယ်။ ပထမတစ်ကြိမ်အိမ်ပြန်ချိန်က ခွန်းသကို ဖိနပ်စီးခိုင်းခဲ့သလို ဒီတစ်ကြိမ်မှာလည်း ထားသခင်က ခွန်းသကို သူ့ကိုဖိနပ်စီးပေးခိုင်းခဲ့ပါတယ်။ မတရားတာဆိုရင်မလုပ်ဘူးလို့ ငြင်းဆိုထားပေမယ့် ခွန်းသက ထားသခင်ကိုဖိနပ်စီးပေးခဲ့ရပါတယ်။ ခွန်းသဘာကြောင့်ထား သခင်ကို ဖိနပ်စီးပေးခဲ့ရတာလဲ။ အချိန်တွေ ပြောင်းလဲလာတာနဲ့ အမျှ ပြောင်းလဲသွားတဲ့ဘ၀တွေမှာ ခွန်းသနဲ့ထားသခင် ဘယ်လို ပြန်ဆုံကြဦးမှာလဲ။ အဲဒီအချိန်မှာကော ထားသခင်က မောက်မာနိုင်ဦးမှာလားဆိုတာတွေကိုတော့ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးပြီး ရန်ကုန်နဲ့ မန္တလေးက ရုပ်ရှင်ရုံတွေမှာ မကြာမီရုံတင်ပြသမယ့်‘ကျွန်မကနှင်းဆီပါမောင်’ ဆိုတဲ့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ခွန်းသအဖြစ် နေတိုး၊ ထားသခင်အဖြစ် ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင်ထားပြီး သူတို့ရဲ့ငယ်ဘ၀သရုပ်ဆောင်တွေအဖြစ် ဟဲဗီးဖြိုးနဲ့ ယွန်းယွန်းတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပုညခင်ရဲ့ဝတ္ထုကို ဇာတ်ညွှန်းနဲ့ ဒါရိုက်တာဝိုင်းက ရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment