Thursday, May 21, 2015

ဒုတိယမြောက်သားငယ်ကို ဇွန်လကုန်မှာ မွေးဖွားမယ့် အိန္ဒြာကျော်ဇင်

ဓာတ်ပုံ−ဇွဲဉာဏ
ပြေတီဦးနှင့် အိန္ဒြာကျော် ဇင်တို့၏ ဒုတိယရင်သွေး သား ယောက်ျားလေးကို ဇွန်လကုန် (သို့မဟုတ်) ဇူလိုင်လဆန်းတွင် မွေးဖွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လူမှု ကွန်ရက်တွင် ပြေတီဦးနှင့် အိန္ဒြာ ကျော်ဇင်တို့ ခွဲခန်းဝတ်စုံများဖြင့် ဒုတိယကိုယ်ဝန်ကို မွေးဖွားပြီးပြီ ဖြစ်ကြောင်း ဓာတ်ပုံများနှင့် ဖော် ပြခဲ့သော်လည်း ယင်းဓာတ်ပုံများ မှာ သမီးဦးပြေသုဒြာ မွေးဖွားစဉ် က ဓာတ်ပုံများဖြစ်ကြောင်း သိရ သည်။‘‘ကိုယ်ဝန်က ရှစ်လထဲ ရောက်သွားပါပြီ။ မွေးမှာက ဇွန် လကုန်၊ ဇူလိုင်လဆန်းလောက် ဖြစ်မယ်ထင်တယ်’’ဟု အိန္ဒြာ ကျော်ဇင်က ပြောသည်။

သမီးဦး ပြေသုဒြာမွေးဖွား စဉ်က အချင်းသွေးနှင့်အချင်းတိုင် ကို သိမ်းဆည်းသကဲ့သို့ ဒုတိယ ရင်သွေးလေး၏ အချင်းသွေးနှင့် အချင်းတိုင်ကိုလည်း သိမ်းဆည်း မည်ဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။

‘‘ရှေ့မှာ မိန်းကလေးမွေး ထားတာဆိုတော့ သားလေး အတွက် အသုံးအဆောင်ပစ္စည်း ကို အစအဆုံးပြန်ဝယ်နေရတယ်။ နာမည်ပေးဖို့ကလည်း စဉ်းစားနေ တုန်းပါပဲ’’ဟု ဒုတိယရင်သွေး လေးနှင့်ပတ်သက်၍ အိန္ဒြာကျော် ဇင်က ပြောသည်။

ယခုနောက်ပိုင်းတွင် ကလေးမွေးဖွားပြီးပါက ပင်မ ဆဲလ်သိမ်းဆည်းခြင်းကို ပြုလုပ် လာကြပြီး ယခုနှစ်အတွင်း ရင်သွေးများမွေးဖွားခဲ့သော အနုပညာရှင်များဖြစ်သည့် မယ်လိုဒီ၊ သက်မွန်မြင့်တို့လည်း ၎င်းတို့ရင်သွေး၏ ပင်မဆဲလ်များကို သိမ်းထားကြသည်။ အဆိုပါပင်မဆဲလ် နှင့် အချင်းတိုင်ကို သိမ်းဆည်း ထားခြင်းကြောင့် သွေးနှင့် သွေးဥကင်ဆာရောဂါများ၊ အချို့သော ကိုယ်ခံအားနှင့်ဆိုင်သော ပြဿနာများနှင့် မွေးရာပါအင်ဇိုင်းချို့တဲ့ ရောဂါများဖြစ်ပွားပါက ကုသနိုင်ပြီး မိဘဆွေမျိုးများ၏ ရောဂါကုသရေးတွင် အသုံးပြုနိုင် ကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment