Sunday, May 24, 2015

လှေစီးဒုက္ခသည်အများစုသည် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်လုပ်သားများဖြစ်ဟု သြစတြေးလျ ပြောကြား

ဓာတ်ပုံ − အေအက်ဖ်ပ
ပင်လယ်တွင်းရှိ လှေပေါ်တွင်တွေ့ရသည့် ဒုက္ခသည်များ အနက် ၃၀ မှ ၄၀ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံမှလာသော ဘင်္ဂါလီ များဖြစ်ပြီး ကျန်ဒုက္ခသည်များ မှာ မလေးရှားနိုင်ငံသို့ အလုပ်လာရှာသည့် ဘင်္ဂလားဒေ့ရှ်အလုပ်သ မားများဖြစ်ကြောင်း သြစတြေး လျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ် ရှော့က ပြောကြားလိုက်သည်။ပင်လယ်ပြင်တွင် လှေဖြင့် မျောနေသော ဒုက္ခသည် ၇,၀၀၀ ခန့်ရှိသည့်အနက် ၃၀ မှ ၄၀ ရာခိုင် နှုန်းခန့်သာ မြန်မာပြည်မှ ဘင်္ဂါလီ များဖြစ်ပြီး ကျန်လူအားလုံးမှာ ဘင်္ဂလားဒေ့ရှ်မှလာသော တရားမဝင် အလုပ်သမားများဖြစ် ကြောင်း အင်ဒိုနီးရှားတာဝန်ရှိ သူများက သြစတြေးလျနိုင်ငံခြား ရေးဝန်ကြီး ဂျူလီဘစ်ရှော့အား ပြောကြားခဲ့သည်ဟု ဆိုသည်။

‘‘ပင်လယ်မှာ လူ ၇,၀၀၀ လောက်ရှိတယ်လို့ (အင်ဒိုနီးရှား)က ယုံကြည်တယ်။ ပြီးတော့ ၃၀ - ၄၀ ရာခိုင်နှုန်းလောက်က ဘင်္ဂါလီတွေလို့ သူတို့ထင်တယ်။ ကျန်တာတွေက ဘင်္ဂလားဒေ့ရှ် တွေ။ ပြီးတော့ အင်ဒိုနီးရှားနဲ့ စကားပြောရရင် သူတို့တွေက နိုင်ငံရေး ခိုလှုံခွင့် တောင်းသူတွေ မဟုတ်ဘူး။ သူတို့တွေက ဒုက္ခ သည်တွေမဟုတ်ဘူး။ သူတို့တွေက တရားမဝင် အလုပ်ကြမ်းသမားတွေ။ မလေးရှားမှာ အလုပ်ရမယ်လို့ သူတို့ကို အာမခံထားတာ (ဒါမှမဟုတ်) မလေးရှားမှာ အလုပ်ရှာနေကြတာ’’ ဟု မစ္စတာဘစ်ရှော့က သြစတြေးလျနိုင်ငံ၌ မေလ ၂၃ ရက်တွင် ပြောခဲ့သည်။ သြစတြေးလျ လွှတ်တော် အမတ် စကော့မော်ရစ်ဆင်သည် ဘင်္ဂါလီများနေသည့် စခန်းများ သို့ သွားရောက်ခဲ့သည်။ ၎င်းက အဆိုပါ ပြဿနာသည် ထင်ထားသည်ထက် ပိုရှုပ်ထွေးနေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ဘင်္ဂါလီဦးရေ တစ်သန်းခန့်ရှိနေပြီး ၎င်းတို့ကို ပြန်လည် နေရာချထားပေးရန်ဆိုခြင်းသည် တကယ့်အခြေအနေကို လုံးဝနားမလည်ဘဲ ပြောနေကြခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ကိုးကား−စကိုင်းနယူးစ်
7Day Daily

0 comments:

Post a Comment