Saturday, May 23, 2015

မော်ဒယ်ပြိုင်ပွဲဝင်ဖို့ တောင်ကိုရီးယားကို ထွက်ခွာသွားတဲ့ အလှမယ် ဇွန်သံစဉ်


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်ပြုလုပ်မည့် Luxury Brand Model Awards Seoul 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် မော်ဒယ် ဇွန်သံစဉ်သွားရောက်ယှဉ်ပြိုင်ရန် မေလ ၂၃ ရက်၌ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။မော်ဒယ် ဇွန်သံစဉ်သည် မေလ ၂၃ ရက် နံနက် ၁ နာရီ ၁၀ မိနစ်လေယာဉ်ဖြင့် တောင်ကိုရီး ယားနိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်သည်။

‘‘ဒီပြိုင်ပွဲက အနုပညာကျောင်းဆင်းတွေပြိုင်တဲ့ ပြိုင်ပွဲလို့သိရပါတယ်။ နိုင်ငံပေါင်း ၃၀ ကျော်ပါဝင်ယှဉ်ပြိုင်မှာပါ’’ဟု ၎င်းက ပြောကြားသည်။ ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ၏ National Director ဒေါ်လှနုထွန်းက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားမော်ဒယ်နှစ်ဦးလည်းပါဝင်ကြောင်း၎င်းက ဆိုသည်။ Luxury Brand Model Awards Seoul 2015 ပြိုင်ပွဲသည် မော်ဒယ်ပိုင်းကို အဓိက ထားသည့် ပြိုင်ပွဲတစ်ခုဖြစ်သောကြောင့် Catwalk ပိုင်းကိုပြန်၍ လေ့ကျင့်ဖြစ်ခဲ့ပြီး ကိုယ်အလေးချိန် လည်း လျှော့ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

Luxury Brand Model Awards Seoul 2015 ပြိုင်ပွဲကို မေလ ၂၇ ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး အခြားအလှမယ်ပြိုင်ပွဲများကဲ့သို့ပင် Round လေးခုခွဲ၍ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

7Day Daily

0 comments:

Post a Comment