Tuesday, May 26, 2015

ဘင်္ဂါလီအရေးသွေးအေးလို့မနေသင့်ပြီ


ယခုတလော နိုင်ငံတကာသတင်းဌာနတွေနဲ့ လူမှုကွန်ရက်Facebook စာမျက်နှာတွေမှာရေပန်း စားနေတဲ့ သတင်းက လူဦးရေ အဆမတန်တိုး ပွားမှုကိုမထိန်းချုပ်နိုင်တော့တာကြောင့် အလုပ် အကိုင်အခွင့်အလမ်းရှားပါးမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတွေကိုအသက် နဲ့ရင်းပြီး တရားမ၀င် ၀င်ရောက်အခြေချနေထိုင်ဖို့ ကြိုးစားတဲ့သတင်းများပါဝင်နေတာ တွေ့ရပါတယ်။ သက်ဆိုင်ရာနိုင်ငံများအနေနဲ့လည်းဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဘင်္ဂါလီလူမျိုးများ မိမိနိုင်ငံအတွင်း အတား အဆီးမဲ့ တရားမ၀င်ဝင်ရောက်နေထိုင်မှုမရှိစေရေး နည်းလမ်းမျိုးစုံနဲ့ အစွမ်းကုန်တားဆီးထိန်းချုပ်နေကြောင်းလည်း သိရပါတယ်။ ၂၀၁၅ ခုနှစ်၊ မေလ ၄ရက်က အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း အာချေ (Aceh) ပြည်နယ်မှာ သစ်သားလှေနှစ်စီးဖြင့် ထိုင်း နိုင်ငံသို့သွားရောက်ရန် ကြိုးစားနေစဉ် စက်သုံးဆီ ပြတ်လပ်ပြီး ရေစီးတွင်မျောလာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား၊ ဘင်္ဂါလီ ၆၀၀ဦးကို အင်ဒိုနီးရှားငါးဖမ်း လှေများကဆယ်ယူကယ်တင်ခဲ့ရတယ်လို့ သတင်း ဖော်ပြချက်များအရ သိရပါတယ်။အဲဒီ ဘင်္ဂါလီ ၆၀၀ဦးထဲမှာ အမျိုးသမီး ၁၀၀ဦး နဲ့ ကလေးငယ် ဒါဇင်ပေါင်းများစွာပါဝင်ကာ ၅၀ဦး ခန့်ဟာ ဆေးရုံတက်ရောက်ကုသနေရပြီး အများစု ဟာ အစာရေစာငတ်မွတ်မှု ခံစားနေရ ကြောင်း အင်ဒိုနီးရှားနိုင်ငံ အာချေ ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ အက်မန်ဒီ (Achmadi) က ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလူမှောင်ခိုကူးသူ တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနက်နဲ့ စစ်တကောင်းခရိုင်အတွင်း လူကုန်ကူး ခြင်း လုပ်ငန်းအား အဓိကစီးပွားရေးလုပ် ငန်းသဖွယ်ဆောင်ရွက်နေကြပါတယ်။

လူမှောင်ခိုကူးသူတွေဟာ အလုပ် အကိုင်ရှားပါးမှု၊ အစာရေစာ ငတ်မွတ် ခေါင်းပါးမှုဒဏ်ကိုမခံနိုင်တော့တဲ့ ဘင်္ဂါလီ များကို မြန်မာနိုင်ငံနဲ့ အခြားအိမ်နီးချင်း နိုင်ငံများသို့တရားမ၀င်ဝင်ရောက်အခြေ ချနိုင်ရေး အခကြေးငွေယူ၍ပို့ဆောင်ပေး ပြီး လူမှောင်ခိုကူးခြင်းကို အကြီးအကျယ် လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ အလား တူထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဘင်္ဂလား ပင်လယ်အော် ကတစ်ဆင့် တရားမ၀င် ရွှေ့ပြောင်း နေထိုင်မှုများရှိနေတာ ကြောင့်ထိုင်းအစိုးရဟာအိန်္ဒိယသမုဒ်္ဒရာ အတွင်း တရားမ၀င်ရွှေ့ပြောင်း ၀င်ရောက်နေထိုင်မှုဆိုင်ရာ အထူးအစည်းအဝေးကို မေလကုန်တွင် ဗန်ကောက် မြို့၌ကျင်းပသွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက မေလ ၁၂ရက်မှာ ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။

ကုလသမဂ်္ဂဒုက်္ခသည်များဆိုင်ရာမဟာမင်းကြီး ရုံး (UNHCR) ကလည်း ၂၀၁၅ ခုနှစ် ပထမ ၃လ ပတ်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီ လူမျိုး ၂၅,၀၀၀ ဦးအား အခြားနိုင်ငံများသို့ လူမှောင် ခိုကူးခြင်းခံရကြောင်းနှင့် ၂၀၁၄ ခုနှစ် ပထမ ၃လ ပတ်ကာလထက် လူကုန်ကူးမှုဟာ ၂ဆတိုးမြင့်ခဲ့ ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အပြည် ပြည်ဆိုင်ရာ အစ်္စလာမ်္မစ်ကောင်စီ (OIC) ကတော့ ဘာသတင်းထုတ်ပြန်ချက်မှ မပြုလုပ်ဘဲ နှာစေးနေ တာတွေ့ရပါတယ်။လက်ရှိအခြေအနေမှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအနေနဲ့ အလုပ်အကိုင် ရှားပါးမှု၊ လူဦးရေပေါက်ကွဲမှု၊ ငတ်မွတ်ခေါင်းပါးမှု ဒဏ်တွေ ခံစားရပြီး အိမ်နီးချင်းနိုင်ငံများအပြင် အခြားနိုင်ငံများသို့ နည်းလမ်းမျိုးစုံနဲ့ တရားမ၀င် ၀င်ရောက်အခြေချနေထိုင်ရန် ကြိုးစားမှုတွေ တစ်စ တစ်စ များပြားလာခဲ့တာပဲဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီတွေကို သူတို့ နဲ့ ကိုးကွယ်ရာဘာသာတူ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းလို အစ်္စလာမ်နိုင်ငံတွေကတောင် လက်ခံ နိုင်တဲ့အခြေအနေမျိုးမရှိတာ တွေ့ရပါတယ်။ ၎င်းင်း နိုင်ငံများအနေနဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီတွေကို လက်ခံလိုက်ပါက လူဦးရေပြဿနာ၊ လုံခြုံရေးပြဿနာနဲ့ လူမှုစီးပွားဆိုင်ရာ ပြဿနာ တွေဖြစ်လာမှာဆိုးတဲ့အတွက် လက်မခံနိုင်တဲ့အနေ အထားမျိုးဖြစ်ပါတယ်။ သို့သော်လည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေကိုမြန်မာ နိုင်ငံကလာတဲ့ ရိုဟင်ဂျာများအဖြစ် ပြည်ပမီဒီယာ များက ၀ါဒဖြန့်ပုံဖော်ပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

မြန်မာအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ တိုင်းရင်းသားဆိုတာ မရှိကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လူဦးရေပေါက်ကွဲမှုကြောင့်သာ မြန်မာနိုင်ငံ အတွင်း စိမ့်ဝင်ရောက်ရှိနေတဲ့ ဘင်္ဂါလီများသာ ဖြစ်ကြောင်း ကုလသမဂ်္ဂအပါအ၀င် နိုင်ငံတကာနဲ့ ပြည်ပအဖွဲ့အစည်းများကို ပြောကြားပြီဖြစ်ပါတယ်။ ဒါကိုမျက်ကွယ်ပြုပြီးပြည်ပမီဒီယာများနဲ့ မွတ်စလင် အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံက ရိုဟင်ဂျာများလို့ တွင်တွင်ပြောနေကြတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ပြောဆိုနေပါစေနိုင်ငံတော်အစိုးရအနေနဲ့ကတော့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်တာနဲ့အညီ ဘင်္ဂါလီပြဿနာကို မိမိနိုင်ငံရဲ့ တည်ဆဲဥပဒေများ နဲ့အညီဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။ ဒီအခြေ အနေမှာ အမျိုးသားရေးပြဿနာမှန်း သိပါလျက်နဲ့ ပြည်တွင်းက လူပုဂ်္ဂိုလ်အချို့နဲ့ သတင်းမီဒီယာအချို့ ဟာ မိမိရဲ့နိုင်ငံရေးရည်မှန်းချက်အောင်မြင်ရေးကို ရှေးရှုပြီး အစိုးရအကျပ်အတည်း ဖြစ်စေလိုတဲ့ ဆန်္ဒ သဘောထားတွေနဲ့ ဘင်္ဂါလီတွေ အပေါ် လူသား ချင်းစာနာသလို လူ့အခွင့်အရေးအလေးထားသလို ပုံစံမျိုးတွေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ မီဒီ ယာတွေအလိုကျ ဖော်ပြရေးသား မှတ်ချက်ပြုပြော ကြားနေတာတွေကို စိတ်မကောင်းစွာတွေ့မြင်နေရပါတယ်။

ဘင်္ဂါလီပြဿနာဟာ ကျွန်တော်တို့မြန်မာနိုင်ငံ အတွက် အမျိုးသားရေး ခြိမ်းခြောက်မှုပြဿနာ တစ်ရပ်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွားမပျက်စီးစေ ရေးအတွက်အမျိုးသားရေးအသိ၊ အမျိုးသားရေး စိတ်ဓာတ်တွေ မွေးမြူပြီး စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်နဲ့ ၀ိုင်းဝန်းကာကွယ်တားဆီးဖြေရှင်းကြရ မှာဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံတကာဖြစ်စဉ် ဖြစ်ရပ် တွေအရ ဒီမိုကရေစီအရေး၊ လူတစ်ဦးချင်းစီ ၏ အခွင့်အရေး၊ လူနည်းစုအခွင့်အရေးဆိုပြီး ဘယ် လိုပဲလူကြားကောင်းအောင် ပြောဆိုနေတာဖြစ်ပါ စေ အဲဒီအချက်တွေကို ကျော်လွန် လွှမ်းမိုးနေတာ ကတော့ အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသားရေး သာအရေးအကြီးဆုံးဖြစ်ကြောင်း တွေ့ရပါတယ်။ အတားအဆီးမဲ့ စိမ့်ဝင်ရန်ကြိုးစားနေတဲ့ ဘင်္ဂါလီ ပြဿနာကို အမျိုးသားရေးပြဿနာအဖြစ် သဘော မထားပါက ““မြေမျို၍လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုး ပျောက်မည်””ဆိုသည့်အတိုင်း လူမျိုးရော၊ ဘာသာ ရော ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

ဘင်္ဂါလီများ စိမ့်ဝင်မှုသမိုင်းကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနောက်တံခါးဖြစ်တဲ့ ရခိုင် ပြည်နယ်မှာလည်း ဘင်္ဂါလီလူမျိုးများဟာ ကိုလိုနီ ခေတ်မှစ၍ ရာသီအလိုက် လုပ်သားများအဖြစ် ခေါ် ယူစေခိုင်းခဲ့တဲ့ လယ်ကူလီများအဖြစ် ၀င်ရောက် ခဲ့ကြရာမှ တစ်စတစ်စ စိမ့်ဝင်ပျံ့နှံ့ကာ ရခိုင်ပြည် နယ်အတွင်း အင်အားများပြားလာခဲ့ပါတယ်။ ဒီလို တိုးတက်များပြားလာတဲ့ ဘင်္ဂါလီလူမျိုးများဟာ အစ်္စ လာမ်အယူဝါဒအတိုင်းရခိုင်ပြည်နယ်အတွင်းသီးခြား ပြည်နယ်အဖြစ် တည်ထောင်နိုင်ရေး နည်းမျိုးစုံနဲ့ လှုပ်ရှားကြိုးပမ်းလာကြပါတယ်။ အစ်္စလာမ်ဘာသာ ကို ကိုးကွယ်တဲ့ ဘင်္ဂါလီများဟာ ရခိုင်ပြည်နယ် အတွင်း မော်လ၀ီဆရာများဦးဆောင်တဲ့ ဘာသာ ရေးစည်းရုံးလှုပ်ရှားမှုများပြုလုပ်ခြင်း၊ လက်နက်ကိုင် အကြမ်းဖက်လှုပ်ရှားမှုများပြလုပ်ခြင်းနဲ့ နိုင်ငံရေး နည်းနဲ့ ကြိုးပမ်းလှုပ်ရှားမှုများ ဘက်ပေါင်းစုံပြုလုပ် လာခဲ့ကြပါတယ်။

ဒါကြောင့်လည်း ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည် နယ်အပါအ၀င် မိတ်္ထီလာ၊ လားရှိုးနဲ့မန်္တလေး မြို့များ အထိ ဘာသာရေး၊ လူမျိုးရေး ပဋိပက်္ခများ ဖြစ်ပွားခဲ့ ရပါတယ်။ ရခိုင်ပြည်နယ်အတွင်း နေထိုင် နေကြတဲ့ ဘင်္ဂါလီလူမျိုးများဟာ မိမိကိုယ်မိမိ ရိုဟင်ဂျာလူမျိုး များဖြစ်ကြောင်း၊ ၎င်းင်းတို့ဟာ အေဒီ ၈ရာစု အချိန်ခန့် ကပင် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေထိုင်ခဲ့ကြောင်း စသည်ဖြင့် သမိုင်းလိမ်ဖော်ပြ၀ါဒဖြန့်မှု များ ပြုလုပ် ကာ အခွင့်အရေးတောင်းဆိုလာခဲ့ကြပါတယ်။

ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာစာတတ်ပြီး အစ်္စလာမ်ကိုးကွယ်သူ မွတ်စလင်အချို့က ဘာသာ ရေးအခြေပြု လူမျိုးရေးဝါဒဖြစ်တဲ့ မွတ်စလင် လူမျိုး တစ်မျိုးတည်းဝါဒအဖြစ် ကြိုတင်စည်းရုံးလှုံ့ဆော် ခဲ့ကြပါတယ်။ ၎င်းင်းတို့၏ရည်မှန်းချက်မှာ သီးခြား လွတ်လပ်တဲ့ အစ်္စလာမ်ပြည်နယ်တစ်ခု ပိုင်ဆိုင် နိုင်ဖို့ ရိုဟင်ဂျာလူမျိုးစုရရှိရေးကို အဓိကထား ဆောင်ရွက်လာကြတာဖြစ်ပါတယ်။

အဆိုးရွားဆုံး ကတော့ ၂၀၁၄ ခုနှစ်အတွင်း ကောက်ခံခဲ့သော တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ခံချိန်မှာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီကျေးရွာ များမှာ လူမျိုးအမည်အဖြစ် ဘင်္ဂါလီအစား ရိုဟင်ဂျာ ဟု ပြောင်ပြောင်တင်းတင်း စာရင်းပေးခဲ့တဲ့အတွက် သန်းခေါင်စာရင်း ကောက်ခံရာမှာ အခက်အခဲ များစွာ ပေါ်ပေါက်ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂ၊ အနောက်နိုင်ငံကြီးများနှင့် OIC အဖွဲ့ ၀င်နိုင်ငံများက အစိုးရအပေါ် ဖိအားပေးတောင်း ဆိုမှုများကိုလည်း အချိန်ကိုက် ဆောင်ရွက်လာခဲ့ ပါတယ်။ ပြည်တွင်းပြည်ပက မည်သို့သောဖိအားများ ရှိပေမဲ့လည်းနိုင်ငံတော်အစိုးရ အနေနဲ့ကတော့ ဘင်္ဂါလီပြဿနာကို အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်ခုဖြစ်တာနဲ့အညီ တည်ဆဲဥပဒေများ အတိုင်း ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော် သမ်္မတ ကြီးကိုယ်တိုင် ဘင်္ဂါလီလူမျိုးများ ကို ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် လက်ခံ မှာ မဟုတ်ကြောင်း၊ ကမ်္ဘာက သိအောင် ပြောကြားထားပြီးလည်း ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ သတ် မှတ်ချက်နှင့် ကိုက်ညီပြည့်စုံ တဲ့ ရခိုင် ပြည် နယ်အတွင်းမှာရှိတဲ့ ဘင်္ဂါလီများကို နိုင်ငံအသားအဖြစ် သတ်မှတ်နိုင်ရေး အတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။

သို့သော်လည်း ပြည်ပအဖွဲ့အစည်း အချို့မှရခိုင် ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ များအား ရိုဟင်ဂျာအဖြစ် သတ်မှတ်ရေး ဖိအားပေးလျက်ရှိနေသလို ၂၀၁၅ခုနှစ် မေလ ၄ရက်က အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း အာ ချေပြည်နယ်တွင် အင်ဒိုနီးရှား ငါးဖမ်းသမားများ ကယ်တင်ခဲ့သော ဘင်္ဂါလီ ၆၀၀ဦးဟာလည်း မြန်မာ နိုင်ငံမှ ရိုဟင်ဂျာ ရွှေ့ပြောင်း ဒုက်္ခသည်များဖြစ် ကြောင်း ပြည်ပမီဒီယာများကလည်း စွပ်စွဲပြောဆို လျက်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံ အတွင်း ဘင်္ဂါလီတွေ ထပ်မံစိမ့်ဝင်ခြင်းမပြုနိုင်ရေး တားဆီးရန်နဲ့ ရိုဟင်ဂျာ တိုင်းရင်းသားဆိုသည်မှာ မြန်မာနိုင်ငံတွင် မရှိကြောင်း နိုင်ငံတကာကသိ အောင် ဆောင်ရွက်ရေးဟာ အစိုးရနဲ့ ရခိုင်ပြည် နယ်က ရခိုင်တိုင်းရင်းသားများရဲ့ တာဝန်သာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်း ရင်းသားအားလုံးရဲ့တာဝန် ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စတုတ်္ထမဏ္ဍိုင်အဖွဲ့ဝင်များဟာ လည်း ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ အရေးဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးထက် အရေးကြီး တဲ့အမျိုးသားရေးစိတ်ဓာတ် ရှင်သန်နိုးကြားနေကြ ဖို့လိုတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါကြောင့် အနောက်နိုင်ငံအချို့နှင့် မွတ်စလင်အစွန်း ရောက် အချို့ရဲ့ဘင်္ဂါလီအရေး မဟာဗျူဟာကျကျ စနစ် တကျ စီမံဆောင်ရွက်နေမှုများကို အမျိုးသားရေး အမြင်နဲ့ မျက်စိရှင်ရှင်ထားပြီး တိုင်းရင်းသား လူမျိုး အားလုံးနဲ့အတူစတုတ်္ထမဏ္ဍိုင်အဖွဲ့ဝင်များ ပူးပေါင်း ကာ ဘင်္ဂါလီအရေး သွေးအေးလို့ မနေသင့်ဘူး ဆိုတာကို ၀ိုင်းဝန်းစည်းရုံးလှုံ့ဆော်ထားကြဖို့ တိုက် တွန်းရေးသားလိုက်ရပါတယ်။

မျိုးချစ်မောင်(ဘူးသီးတောင်)
Hot News Journal

0 comments:

Post a Comment