Monday, May 25, 2015

အွန်လိုင်းမှာရောင်းချမယ့် ဖြူဖြူကျော်သိန်းရဲ့ ဘာသာပြန်သီချင်းတစ်ပုဒ်

ဓာတ်ပုံ− Kyaw Shwe Min (Dior)

အဆိုတော် ဖြူဖြူကျော် သိန်း၏ မတ်လက ပြုလုပ်ခဲ့ သော Dream of Musical ဖျော် ဖြေပွဲတွင်သီဆိုခဲ့သည့် ‘‘ငါ့ရဲ့ ရေဗက္ကာ’’သီချင်းကို ဇွန်လအ တွင်း အွန်လိုင်းမှ ဖြန့်ချိမည်ဖြစ် ကြောင်း သတင်းရရှိသည်။‘‘ဒီသီချင်းက လွန်ခဲ့တဲ့ ၁၉၇၀ လောက်ကတည်းကရှိခဲ့တဲ့ ဂျာမန် ဇာတ်ထုပ်ထဲမှာပါတဲ့သီချင်း။ကိုရီးယားတို့၊ ဂျပန်တို့မှာလည်း အရမ်းနာမည်ကြီးတယ်။ သူတို့ဘာသာ စကားနဲ့ ဂီတပြဇာတ်ကို ကော်ပီတိုက်ရိုက်ယူပြီး ပြန်ကကြတာ။ ကိုရီးယားမှာဆို အရမ်းနာမည်ကြီးတယ်။ ဒါက မြန်မာဘာသာပြန် ပြဇာတ်သီချင်းလေး’’ဟု ငါ့ရဲ့ ရေဗက္ကာသီချင်းနှင့်ပတ် သက်၍ ဖြူဖြူကျော်သိန်းက ပြော သည်။

ယင်းသီချင်းကို စိုးနိုင်ထွန်း (အီကြာကွေး)က မြန်မာဘာသာ ပြန်ပေးထားခြင်းဖြစ်ပြီး Plus 3 Band က တီးခတ်ပေးထားကာ Yoshio Entertainment က ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

‘‘ဇွန်လ ၁၂ ရက်မှာ Mya-nmar Music Store က စပြီးဖြန့် မယ်။ စီဒီချပ်နဲ့ ထွက်ဖြစ်၊ မထွက် ဖြစ်ကတော့ မပြောတတ်သေး ဘူး’’ဟု ၎င်းက ပြောသည်။

ယင်းသီချင်းသည် ရေဗက္ကာ ဆိုသည့် အမျိုးသမီးတစ်ယောက် အကြောင်းကို ရေးထားသည့် သီချင်းတစ်ပုဒ်ဖြစ်ပြီး မေလ ၂၄ ရက်က PTL စတူဒီယိုတွင် အသံ သွင်းခဲ့ကြောင်း ဖြူဖြူကျော်သိန်း က ပြောသည်။

‘‘ခါးနာနေတဲ့ကြားက တစ် ကြိမ်တည်းနဲ့ စိတ်ကြိုက်အသံနဲ့ ခံစားသက်ဝင်မှုကိုရခဲ့ပြီး ဖြူဖြူ အရင်က တစ်ခါမှ မရောက်ဖူး သေးတဲ့ အသံအမြင့်ကိုလည်း belly tone နဲ့ ဖွင့်ဆိုနိုင်ခဲ့ပါတယ်’’ ဟု အဆိုပါသီချင်းအသံသွင်းခဲ့ သည့် အမှတ်တရကို ဖြူဖြူကျော် သိန်းက ၎င်း၏ တရားဝင်ဖန်ပေ့ခ်ျ တွင် ရေးသားထားသည်။

7Day Daily

0 comments:

Post a Comment