Wednesday, May 20, 2015

တောင်ကြီးတွင် တရားရုံးဒဏ်ငွေကို မလေးစားသော ဆိုင်ကယ်သမားများကို ဒေသန္တရအမိန့်ဖြင့် အရေးယူနေ

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ဆိုင်ကယ်မောင်းနှင်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

တောင်ကြီးမြို့တွင် စည်းကမ်းမဲ့ ဆိုင်ကယ် စီးနင်း မောင်းနှင်နေသူများသည်ပမာဏ နည်းပါးသည့် တရားရုံး ဒဏ်ငွေ ကို မလေးစားသည့်အတွက် ဒေ သန္တရ အမိန့်ဖြင့်ပါ အရေးယူနေ ကြောင်း အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကံသိန်းကပြောသည်။ဆိုင်ကယ်မောင်းနှင်နေစဉ် ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ လူနှစ်ဦးထက် ပိုတင်ဆောင်ခြင်း တို့ကို တွေ့ရှိပါက ဖမ်းဆီးအရေး ယူပြီး တရားရုံးဒဏ်ငွေ တစ် ထောင်ကျပ်အပြင် ဒေသန္တရအ မိန့်ဖြင့် ဒဏ်ငွေတစ်သောင်းကျပ် အပိုထပ်ဆောင်းပေးဆောင်စေ ကြောင်း ဒုရဲမှူးကံသိန်းကပြော ကြားသည်။

‘‘တရားရုံးဒဏ်ငွေနဲ့ဆို မ လေးစားဘူး။ ဒီတော့ စည်းကမ်း ဖောက်ဖျက်တဲ့ သူတွေကို ဆိုင် ကယ်ပါ နှစ်ပတ်သိမ်းဆည်းထား ပြီးတော့ ဒဏ်ငွေကျပ်တစ်သောင်း ဆောင်ခိုင်းတယ်’’ဟု ဒုရဲမှူး ကံ သိန်းက ဆိုသည်။

တောင်ကြီးမြို့တွင် ဆိုင် ကယ်မောင်းနှင်ကြသူများအနေ ဖြင့် တန်ဆောင်တိုင်ပွဲတော်ကာ လနှင့် သင်္ကြန်ပွဲတော်ကာလအ တွင်း စည်းကမ်းဖောက်ဖျက်မှုအ များဆုံးဖြစ်ပြီး ယာဉ်တိုက်မှုလည်း အများဆုံးဖြစ်ပွားကြောင်း ၎င်းက ပြောသည်။

‘‘ဖမ်းတာပဲရှိတယ်။ အသိပ ညာပေးတာတွေ၊ တခြားမြို့တွေ လို ဆိုင်ကယ်စီးဦးထုပ် အခမဲ့ဝေ တာတွေ တစ်ခါမှကျွန်တော်တို့ မြို့မှာလုပ်တာ မတွေ့ဖူးဘူး’’ ဟု တောင်ကြီးဒေသခံ အသက် (၂၀) ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တွင် ၂၀၁၄အ တွင်း မှုခင်းပေါင်း ၃,၁၄၅ မှုဖြစ် ပွားခဲ့ပြီး ယင်းမှုခင်းဖြစ်စဉ်များထဲ တွင် ယာဉ်တိုက်မှုသည်အများဆုံး ဖြစ်သည်ဟု ရှမ်းပြည်နယ် ရဲတပ် ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြ ထားသည်။

7Day Daily

0 comments:

Post a Comment