Tuesday, May 19, 2015

Boat People ပြဿနာ နှင့် မြန်မာ မီဒီယာများရဲ့ ၀ံသာနုစိတ်ဓာတ်


ယခုအချိန်Boat People တွေ ကိစ္စ အတော်လေး သောသောညံလာသည်။ဘာကြောင့်အသံကျယ်လာ ရသလဲဆိုသည့်အချက်တွင်ယခုတလော ဟိုးလေးတကျော်ကျော် ဖြစ်လာတာက (၁) လူသတ်ပြီး မြေမြုပ်ထားတဲ့ အလောင်းတွေ ထိုင်းနိုင်ငံမှာပေါ်လာတယ်၊ (၂) ကျွန်သဖွယ်ပြုမူခိုင်းစေနေတာတွေ အင်ဒိုနီးရှားမှာ ပေါ်လာတယ်၊ (၃) မလေးပင်လယ်ပြင်မှာ Boat People ရာနဲ့ချီပြီး မျောနေတာ တွေ့ရတယ်၊ ဒီ(၃)ချက်ကြောင့် အသံကျယ်လာတာ ဖြစ်ပါတယ်”စာရေးသူ မှူးဇော် ၎င်း၏ “Boat People”ဆောင်းပါးတွင် ထိုသို့ထည့်သွင်းသုံးသပ်ဖော်ပြထားသည်။ထို့သို့ဖြစ်လာသော Boat People ပြဿနာ အား မြန်မာနိုင်ငံတစ်နိုင်ငံတည်းကို လွှဲချရန် ကျန်နိုင်ငံ များက ကြိုးစားလာကြသည်။ဥပမာ ထိုင်းနိုင်ငံမှာ လူသတ်၊ အလောင်းမြုပ်နှံတဲ့ကိစ္စက ထိုင်းပြည်တွင်းက ရာဇ၀တ်မှုပဲ။ ဒါကို ထိုင်းနိုင်ငံတာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်၊ တာဝန်ရှိသူတွေ အရေးယူ၊ ဒီလူတွေ ခေါ်သွင်းလာတဲ့ လူမှောင်ခိုတွေ၊ လူပွဲစားတွေကို အရေးယူ။ မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင် ဆိုသလို မြန်မာနိုင်ငံနဲ့ သုံးနိုင်ငံ ဆွေးနွေးဖို့ ပြောလာတာက ကိုယ့်အပြစ်ကို လွှဲချဖို့ သက်သက်ပဲ လို့ မြင်မိတယ်။တစ်ချိန်တည်းဆိုသလို ကမ္ဘာ့ အင်အားကြီးမီဒီယာများ ဖြစ်တဲ့ Al Jazeera ၊ BBC ၊VOA ၊ RFAစတဲ့ သတင်းဌာနတွေက အစ သက်ဆိုင်ရာအထောက်အပံ့တွေကို ရယူပြီး Boat People များဖြစ်တဲ့ ရိုဟင်ဂျာ တွေဟာ မြန်မာနိုင်ငံက လာပါတယ်လို့ အကျယ်တ၀င့်ရေးသားဖော်ပြကြနေကြတယ်။ရိုဟင်ဂျာ
သည် မြန်မာ နိုင်ငံသားဖြစ်သယောင် ကမ္ဘာကို ၀ါဒဖြန့်လာကြသည်။

ဒီအချိန်မှာ ကျွန်တော် အကြောင်းအရာတစ်ခုကို သတိရမိသည်။ မီဒီယာစစ်ပွဲ ဟူသည့်စကားရပ်နှင့် ဆက်စပ်သည်။ထိုသည်မှာ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော မြန်မာ O7 တောင်းကုန်းတပ်စွဲ ထားတဲ့ တပ်စုတစ်စုကို ယိုးဒယား စစ်တပ်က ဆင်းသွားဖို့ အမိန့်ပေးရာမှ တစ်ဆင့်နယ်စပ်တင်းမာမှုအရေး ပေါက်ခွဲ
ခဲ့သည့် O-7 တောင်ကုန်းကိစ္စဖြစ်သည်။

ထိုစဉ်ကစ်ဖက်စစ်တပ်များအပြန်အလှန်တိုက်ခိုက်မှုတွေ
ရှိခဲ့သလို နိုင်ငံအလိုက် မီဒီယာချင်းလိုက် အပြိုင်အဆိုင်တိုက်ခိုက်ကြခဲ့သည်။ထိုအချိန် ယိုးဒယားထုတ်သတင်းစာများမှာမြန်မာမုန်းတီးရေး ဆောင်းပါးများနဲ့ ပြည့်နှက်နေခဲ့သလိုမြန်မာ့သတင်းစာများမှာ ဖော်ပြ
နေတဲ့ဒေါက်တာ မတင်ဝင်း ရဲ့`` ဗြနရာဇ် လူမဖြစ်ပါ ´´ ဆိုတဲ့ အခန်းဆက် ဆောင်းပါး ဟာဘုရင်ကို အထွဋ်အမြတ်ထားတဲ့ ယိုးဒယား တွေအဖို့တော့အတော်လေးကို ယမ်းပုံမီးကျ ဖြစ်စေခဲ့ပါတယ်။မကြာခင်ပဲ ယိုးဒယားရဲတပ်ဖွဲ့ဟာဒေါက်တာ မတင်ဝင်း အပါအဝင်မြန်မာ့အလင်း နဲ့ ကြေးမုံ သတင်းစာ အယ်ဒီတာများကိုBLACK LIST စာရင်းသွင်း ပြည်ဝင်ခွင့်ပိတ်ခဲ့သလိုမြန်မာဘက်ကလည်း …ဗန်ကောက် ပို့စ် နဲ့ နေးရှင်း အပါအဝင်ယိုးဒယား ဆောင်းပါးရှင် ၁၇ ဦးကို BLACK LIST စာရင်းသွင်းပြီး ပြည်ဝင်ခွင့် ပိတ်ခဲ့ပါတယ်။ စစ်သားက စစ်ပွဲအလျှောက် တိုက်သလို၊ မီဒီယာသမားက ကလောင်ဖြင့်တိုက်ခဲ့ကြသည်။ သေချာတွေးတတ်လျှင် မြန်မာတွေရဲ့ မျိုချစ်စိတ်၊ ၀ံသာနုစိတ်ဟာ ကြက်သီးထမတတ်ပင်ဖြစ်သည်။

ယခု Boat People ပြဿနာတွင် အစိုးရအနေဖြင့်တော့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံသား မဟုတ်ကြောင်း ၊ Boat People တွေဟာ မြန်မာနိုင်ငံက မဟုတ်ကြောင်းပြတ်ပြတ်သားသားငြင်းဆိုထားသည်။ဖိအား
သည့်လုပ်ရက်နှင့် အစည်းအဝေးကိုလဲ မတတ်နိုင်ကြောင်း အကြောင်းပြန်ထားသည်။ဒါကအစိုးရအနေအထားဖြင့် လုပ်နိုင်တာကိုလုပ်သည်။ထိုအချိန် မြန်မာမီဒီယာများအနေနဲ့ရောအင်အားကြီးမီဒီယာများ ဖြစ်တဲ့ Al Jazeera ၊ BBC ၊VOA ၊ RFA စတဲ့ သတင်းဌာနတွေက အစ သက်ဆိုင်ရာအထောက်အပံ့တွေကို ရယူပြီး Boat People များဖြစ်တဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံက လာပါတယ်လို့ အကျယ်တ၀င့်ရေးသားဖော်ပြနေမှုတွေကို ဘယ်လို တန်ပြန်ရေးသားမလဲဆိုသည်ကို စိတ်ဝင်စားစွာ စောင့်ကြည့်ဖတ်ရှုရန် ရှာဖွေမိသည်။မတွေ့။အဓိက ပြဿနာမှာ (ယခု)မြန်မာမီဒီယာများသည် အစိုးရနဲ့ နိုင်ငံတော်ကို ခွဲခြားမမြင်နိုင်ကြခြင်းဖြစ်
မည်ထင်သည်။အစိုးရ အကြပ်အတည်းဆိုက်လေ ၀မ်းသာလေဆိုတာမျိုးဖြစ်သည်။တစ်ခါတစ်ရံ သူတို့ကပင်“ရိုဟင်ဂျာ”ဆိုပြီး သတင်းရေးသားမှုများပင်ရှိနေသေးသည်။ခက်ချေပြီ နိုင်ငံတော်အပေါ်ထားရှိသည့် သစ္စာတရားနှင့် ၀ံသာနုစိတ်ဓာတ်ဆိုသည်မှာ မြန်မာမီဒီယာများတွင် အတော်ရှားပါးနေချေပြီလား မပြောတတ်
တော့ပါ။စိတ်ထဲမှာဖြင့် ၀ံသာမနုပဲ၊၀မ်းစာပဲလုနေသည့် မီဒီယာများအား ဗိုလ်ချုပ်အောင်ဆန်းနဲ့သာ ပေးတွေ့ချင်ပါတော့တယ်ဗျာ။

Credit-ဖိုးသောကြာ

0 comments:

Post a Comment