Sunday, May 24, 2015

ဘင်္ဂါလီ ငါးဦးကို တရားမ၀င်ခေါ်ဆောင်လာသူများ ဖမ်းမိ

မွန်ပြည်နယ် သထုံမြို့ နယ်တွင် ဘင်္ဂါလီလူမျိုးငါးဦးနှင့် ခေါ်ဆောင်လာသူလင်မယားနှစ် ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထား ပြီး အသေးစိတ် စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။

သထုံမြို့အ၀င်ဂိတ်တွင်မေလ ၁၈ရက်က လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် ကားတစ်စီးအတွင်းမှ ဘင်္ဂါလီအမျိုးသားလေးဦး၊ အမျိုးသမီးတစ်ဦးကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကိုခေါ်ဆောင်လာသည့် ယာဉ်မောင်းနှင့် အခြားအမျိုးသမီးတစ်ဦးကိုပါ စစ်ဆေးနေကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။‘‘ဘင်္ဂါလီငါးယောက်ဖမ်း လိုက်တယ်။ ကားသမားလင်မ ယားနှစ်ယောက်ပါ ပါတယ်ပေါ့။ အသေးစိတ်ကတော့စစ်နေတုန်း ပဲ’’ဟု အဆိုပါရဲအရာရှိကပြော သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးမှုအရ ထိုဘင်္ဂါလီငါးဦးမှာမောင်တော မြို့ အလယ်သံကျော်ကျေးရွာမှ ဖြစ်ပြီး တောင်ကုတ်-ပြည်မှတစ် ဆင့် ရန်ကုန်မြို့ကိုဖြတ်ကာ သထုံ မြို့အရောက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများ ကို ရန်ကုန်နှင့် အခြားမြို့များသို့ လူပွဲစားများကအခကြေးငွေယူ၍ ပို့ပေးနေသည့် ဈေးကွက်သီးသန့် ရှိပြီး ပြီးခဲ့သည့်နှစ်ကလည်း အမ်းမြို့နယ်တွင် ဘင်္ဂါလီ ၁၉ဦးကို ခေါ်ဆောင်လာသည့်လူများနှင့် အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ဖူး သည်။


7Day Daily

0 comments:

Post a Comment